Local News

စစ္ကိုင္း – မုံ႐ြာလမ္းမွာ မိုင္းျဖဳတ္သိမ္းၿပီး ဓာတ္ပုံ႐ိုက္တဲ့ စကစတခ်ိဳ႕ မိုင္းထကြဲလို႔ ပြဲခ်င္းၿပီး စမံုတံုး

စစ္ကိုင္း – မုံ႐ြာလမ္းမွာ မိုင္းျဖဳတ္သိမ္းၿပီး ဓာတ္ပုံ႐ိုက္တဲ့ စကစတခ်ိဳ႕ မိုင္းထကြဲလို႔ ပြဲခ်င္းၿပီး ေ-သဟုဆို၊

MFP ၊ ဇြန္ – ၅

စစ္ကိုင္း – မုံ႐ြာကားလမ္း၊ စစ္ကိုင္းၿမိဳ႕နယ္ ခ်ိဳင္ႀကီး႐ြာအနီးမွာ ဒီကေန႔ ဇြန္(၅)ရက္ မနက္ပိုင္းက ကားလမ္းေဘး ေထာင္ထားတဲ့ မိုင္းကို ျဖဳတ္သိမ္းၿပီးေနာက္ ဓာတ္ပုံ႐ိုက္တဲ့ စစ္ေကာင္စီ အၾကမ္းဖက္သမား တခ်ိဳ႕ မိုင္းေပါက္ကြဲလို႔ ပြဲခ်င္းၿပီး ေသတယ္လို႔ နယ္စည္းမျခား စစ္ကိုင္းသား ေျပာက္က်ားတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

“မနက္ (၈)နာရီ အခ်ိန္မွာ နယ္စည္းမျခား စစ္ကိုင္းသား ေထာင္ထားတဲ့ မိုင္ႏွစ္လုံးကို စခေတြ ျဖဳတ္သိမ္းခဲ့ၿပီး ခ်ိဳင္းႀကီး ဘုန္းႀကီးေက်ာင္းေဘးမွာ မိုင္းနဲ႔အတူ ဓာတ္ပုံ႐ိုက္ရင္း မိုင္းထကြဲ။ ငါးေကာင္ဒြမ္” လို႔ နယ္စည္းမျခား စစ္ကိုင္းသား ေျပာက္က်ားတပ္ဖြဲ႕က ေဖာ္ျပပါတယ္။

အဲ့ဒီ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး MFP အေနနဲ႔ သီးျခား အတည္ျပဳႏိုင္တာေတာ့ မရွိေသးပါဘူး။ နယ္စည္းမျခား စစ္ကိုင္းသား ေျပာက္က်ားတပ္ဖြဲ႕ဟာ မိုင္းေထာင္ေဖာက္ခြဲ တိုက္ခိုက္တာေတြ အျပင္ အၾကမ္းဖက္ စစ္အုပ္စုကို လက္နက္ကိုင္ ေတာ္လွန္ေနတဲ့ ေဒသကာကြယ္ေရး တပ္ဖြဲ႕တစ္ဖြဲ႕ ျဖစ္ပါတယ္။

စစ္ကိုင္း – မုံ႐ြာ ကားလမ္းနဲ႔ စစ္ကိုင္း – ေ႐ႊဘိုလမ္းေတြမွာ စစ္ေကာင္စီ အၾကမ္းဖက္သမားေတြက စစ္ကားေတြ၊ သံခ်ပ္ကာကားေတြနဲ႔ ျဖတ္သန္းသြားလာတာ ရွိသလို ပရဟိတကား၊ ခရီးသည္တင္ကား၊

အရပ္သားကားေတြနဲ႔ အသြင္ယူ သြားလာေနၿပီး ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြကလည္း စစ္ေကာင္စီ အၾကမ္းဖက္သမားေတြ စီးနင္းလာတဲ့ ကားေတြကို မိုင္းေထာက္ေဖာက္ခြဲ တိုက္ခိုက္တာေတြ မၾကာခဏ လုပ္ေဆာင္ေနပါတယ္။

စစ်ကိုင်း – မုံရွာလမ်းမှာ မိုင်းဖြုတ်သိမ်းပြီး ဓာတ်ပုံရိုက်တဲ့ စကစတချို့ မိုင်းထကွဲလို့ ပွဲချင်းပြီး ေ-သဟုဆို၊

MFP ၊ ဇွန် – ၅

စစ်ကိုင်း – မုံရွာကားလမ်း၊ စစ်ကိုင်းမြို့နယ် ချိုင်ကြီးရွာအနီးမှာ ဒီကနေ့ ဇွန်(၅)ရက် မနက်ပိုင်းက ကားလမ်းဘေး ထောင်ထားတဲ့ မိုင်းကို ဖြုတ်သိမ်းပြီးနောက် ဓာတ်ပုံရိုက်တဲ့ စစ်ကောင်စီ အကြမ်းဖက်သမား တချို့ မိုင်းပေါက်ကွဲလို့ ပွဲချင်းပြီး သေတယ်လို့ နယ်စည်းမခြား စစ်ကိုင်းသား ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

“မနက် (၈)နာရီ အချိန်မှာ နယ်စည်းမခြား စစ်ကိုင်းသား ထောင်ထားတဲ့ မိုင်နှစ်လုံးကို စခတွေ ဖြုတ်သိမ်းခဲ့ပြီး ချိုင်းကြီး ဘုန်းကြီးကျောင်းဘေးမှာ မိုင်းနဲ့အတူ ဓာတ်ပုံရိုက်ရင်း မိုင်းထကွဲ။ ငါးကောင်ဒွမ်” လို့ နယ်စည်းမခြား စစ်ကိုင်းသား ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ နယ်စည်းမခြား စစ်ကိုင်းသား ပြောက်ကျားတပ်ဖွဲ့ဟာ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်တာတွေ အပြင် အကြမ်းဖက် စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

စစ်ကိုင်း – မုံရွာ ကားလမ်းနဲ့ စစ်ကိုင်း – ရွှေဘိုလမ်းတွေမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေက စစ်ကားတွေ၊ သံချပ်ကာကားတွေနဲ့ ဖြတ်သန်းသွားလာတာ ရှိသလို ပရဟိတကား၊ ခရီးသည်တင်ကား၊

အရပ်သားကားတွေနဲ့ အသွင်ယူ သွားလာနေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်ကောင်စီ အကြမ်းဖက်သမားတွေ စီးနင်းလာတဲ့ ကားတွေကို မိုင်းထောက်ဖောက်ခွဲ တိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေပါတယ်။