PDF ၃၀၀ ေလာက္ကို နစက တပ္ ၁၅ ေယာက္က လိုက္တိုက္လို႔ PDF ေတြ ထြက္ေျပးၿပီး ၇ ေယာက္က်ဆုံးတယ္လို႔ ဘူးလက္လွဆြ ေျပာျပန္
ရန္ကုန္၊ ဇြန္ ၅
ဂန႔္ေဂါနယ္ထဲမွာ ေဒသခံကာကြယ္ေရးတပ္ PDF ၃၀၀ ေလာက္ကို နစက တပ္ ၁၅ ေယာက္ေလာက္က လိုက္တိုက္လို႔ PDF ေတြ ထြက္ေျပးၿပီး ၇ ေယာက္က်ဆုံးတယ္လို႔ ဘူးလက္လွေဆြက ေျပာပါတယ္။
နစက အာေဘာ္ကို ျဖန႔္ခ်ိေနတဲ့ မီဒီယာတစ္ခုနဲ႔ အင္တာဗ်ဴးမွာ သူက အခုလို ေျပာသြားတာပါ။
“ဟိုတေလာကဆို သူတို႔ PDF ၃၀၀ ေလာက္ရွိတာကို တပ္က ၁၅ ေယာက္ပဲသြားတာ။
ေျပးတာ။ ေျပးတာ။ ဒီက ၁၅ ေယာက္ပဲသြားတာေနာ္။ အဲဒါကို တိုက္ပြဲျဖစ္ေတာ့ သူတို႔ ၇ ေယာက္ေလာက္က်တယ္။ တပ္က ပြန္းပဲ့တာပဲရွိတယ္”ဆိုၿပီး အင္တာဗ်ဴးမွာ သူက ေျပာပါတယ္။
ဒါေပမယ့္လည္း PDF ေတြနဲ႔ သူကိုယ္တိုင္ေတြ႕တဲ့အခါမွာေတာ့ ရဲရဲဝံ့ဝံ့နဲ႔ ႀကံ့ခိုင္ေရးေထာက္ခံသူ ဘူးလက္လွေဆြဆိုၿပီး ထုတ္မေျပာခဲ့ဘဲ CDM ေက်ာင္းအုပ္ဆိုၿပီး လိမ္လည္ေရွာင္တိမ္းခဲ့ရတယ္လို႔ သူက ဝန္ခံသြားပါတယ္။
ဘူးလက္လွေဆြဆိုတာ ဂန႔္ေဂါနယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းျဖစ္ၿပီး တပ္ကေန အၿငိမ္းစားယူထားတဲ့ ႀကံ့ခိုင္ေရးပါတီဝင္ျဖစ္ပါတယ္။
ဘူးလက္လွေဆြဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြကို ၿငိမ္းခ်မ္းေရးဖိတ္ေခၚတဲ့အခါ ေ႐ႊလက္နဲ႔ကမ္းလို႔မလာရင္ က်ည္ဆံ( Bullet – ဘူးလက္)ေပးမယ္ဆိုၿပီး လႊတ္ေတာ္ထဲမွာေျပာခဲ့လို႔ သူရဲ႕ရန္လိုတဲ့အေျပာအဆိုေတြေၾကာင့္ ျပည္သူေတြက ဘူးလက္လွေဆြ ဆိုၿပီး နာမည္ေျပာင္ေပးခဲ့တာျဖစ္ပါတယ္။
#Mercury_Media
PDF ၃၀၀ လောက်ကို နစက တပ် ၁၅ ယောက်က လိုက်တိုက်လို့ PDF တွေ ထွက်ပြေးပြီး ၇ ယောက်ကျဆုံးတယ်လို့ ဘူးလက်လှဆွ ပြောပြန်
ရန်ကုန်၊ ဇွန် ၅
ဂန့်ဂေါနယ်ထဲမှာ ဒေသခံကာကွယ်ရေးတပ် PDF ၃၀၀ လောက်ကို နစက တပ် ၁၅ ယောက်လောက်က လိုက်တိုက်လို့ PDF တွေ ထွက်ပြေးပြီး ၇ ယောက်ကျဆုံးတယ်လို့ ဘူးလက်လှဆွေက ပြောပါတယ်။
နစက အာဘော်ကို ဖြန့်ချိနေတဲ့ မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ သူက အခုလို ပြောသွားတာပါ။
“ဟိုတလောကဆို သူတို့ PDF ၃၀၀ လောက်ရှိတာကို တပ်က ၁၅ ယောက်ပဲသွားတာ။
ပြေးတာ။ ပြေးတာ။ ဒီက ၁၅ ယောက်ပဲသွားတာနော်။ အဲဒါကို တိုက်ပွဲဖြစ်တော့ သူတို့ ၇ ယောက်လောက်ကျတယ်။ တပ်က ပွန်းပဲ့တာပဲရှိတယ်”ဆိုပြီး အင်တာဗျူးမှာ သူက ပြောပါတယ်။
ဒါပေမယ့်လည်း PDF တွေနဲ့ သူကိုယ်တိုင်တွေ့တဲ့အခါမှာတော့ ရဲရဲဝံ့ဝံ့နဲ့ ကြံ့ခိုင်ရေးထောက်ခံသူ ဘူးလက်လှဆွေဆိုပြီး ထုတ်မပြောခဲ့ဘဲ CDM ကျောင်းအုပ်ဆိုပြီး လိမ်လည်ရှောင်တိမ်းခဲ့ရတယ်လို့ သူက ဝန်ခံသွားပါတယ်။
ဘူးလက်လှဆွေဆိုတာ ဂန့်ဂေါနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး တပ်ကနေ အငြိမ်းစားယူထားတဲ့ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပါတယ်။
ဘူးလက်လှဆွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အခါ ရွှေလက်နဲ့ကမ်းလို့မလာရင် ကျည်ဆံ( Bullet – ဘူးလက်)ပေးမယ်ဆိုပြီး လွှတ်တော်ထဲမှာပြောခဲ့လို့ သူရဲ့ရန်လိုတဲ့အပြောအဆိုတွေကြောင့် ပြည်သူတွေက ဘူးလက်လှဆွေ ဆိုပြီး နာမည်ပြောင်ပေးခဲ့တာဖြစ်ပါတယ်။
#Mercury_Media