Lifestyle

စိတ္အားငယ္တတ္တဲ့ ေသာၾကာသမီးေလးအေၾကာင္း …

စိတ္အားငယ္တတ္တဲ့ ေသာၾကာသမီးေလးအေၾကာင္း …

စကားေတြ အမ်ားႀကီးေျပာတတ္တဲ့ ေကာင္မေလးကေလ သိပ္ကို အားငယ္တတ္တာလို႔ေျပာရင္ ခင္ဗ်ား ယုံမွာမဟုတ္ဘူး သူကေလ … ၀မ္းနည္းသြားတဲ့အခါလဲ စကားေတြအမ်ားႀကီးေျပာတတ္သလို သူ ​အားငယ္ေနတဲ့အခါလဲ စကားေတြ အမ်ားႀကီစေျပာတတ္တဲ့ ေကာင္မေလးေလ ။ ေပ်ာ္ေနလား ေမးရင္ ​ေပ်ာ္ေနတယ္ေပါ့ ဒါေပမယ့္ အဆင္မေျပမႈေတြ အမ်ားႀကီးနဲ႔ေလ။

သူ႔အနားမွာေလ … အနည္းဆုံးေတာ့ သူ႔ကို ထိန္းေက်ာင္းေပးမယ့္ လူတစ္ေယာက္လိုပါတယ္ ။ စကားေတြ အမ်ားႀကီးေျပာတတ္သေလာက္ တစ္ခုခုလိုခ်င္တာရွိရင္ စိတ္ျမန္လက္ျမန္တတ္တယ္ ထိန္းေပးမယ့္ လူတစ္ေယာက္မွမရွိရင္ အဆင္မေျပတတ္ဘူး ။ ထိန္းေပးတယ္ဆိုတာပဲ ရွိတာပါ သူလုပ္ခ်င္တာ လုပ္တတ္တာဟာ သူ႔အက်င့္ သူ႔ ဗီဇလိုပါပဲ ။ ပိုက္ဆံ ရွိလို႔မရတဲ့ လူစားမ်ိဳးပဲ ထားပါေတာ့ ။ လက္ အရမ္းဖြာတတ္သလို တစ္ေနရာရာေရာက္ရင္ သူ ရွင္းရမွ ေက်နပ္တတ္တဲ့ လူမ်ိဳးေပါ့ ။

တစ္ပါးသူကို ေက်းဇူးတင္ရမွာ ​မလိုလားတဲ့ လူတစ္မ်ိဳးပဲထားပါေတာ့ … ဘယ္ေနရာမွာမဆို အားနာတတ္သလို စကားေျပာေတာ့ သိပ္ၿပီးေတာ့ မတတ္တဲ့ သူေပါ့ ။ ေျပာခ်င္တာေတြရင္ ဒိုးဒိုးေဒါက္ေဒါက္ ဘုနဲ႔ေပါက္ ေျပာတတ္ေတာ့ တခ်ိဳ႕လူေတြက သူနဲ႔ စကားေျပာရမွာေၾကာက္တတ္ၾကတယ္ ။ အမွန္တရားေတြ အမ်ားႀကီး သယ္ထားတတ္သလို အဆင္မေျပမႈေတြ အမ်ားႀကီးကို ၿမိဳသိပ္ထားတတ္တဲ့ လူတစ္ေယာက္ေပါ့ ။

အေဖာ္မက္တယ္ … အားငယ္တတ္တယ္ ၿပီးေတာ့ ဘယ္ေနရာမွာမဆို ေရွ႕ဆုံးက ဦးေဆာင္တတ္သလို စိတ္ပင္ပန္းတဲ့ ဒဏ္ကို အရမ္းေၾကာက္တဲ့သူပါပဲ ။ သူ ပင္ပန္းလာၿပီဆို တအားသိသာတယ္ စကားေတြ အမ်ားႀကီးေျပာတတ္သလို ရင္ဖြင့္ရမယ့္လူေတြကို သိပ္ရွာတတ္တာ ။ တစ္ခုပဲ သူကေလ အယုံမလြယ္တတ္ဘူး ခဏခဏ အလိမ္ခံခဲ့ရတာလဲ ပါမွာေပါ့ ခဏခဏ အထိနာခဲ့တာလဲပါမွာေပါ့ လူတစ္ေယာက္ အနားနားေရာက္လာရင္ အဆင္ေျပပါ့မလား ယုံၾကည္ရမလား အရင္ဆုံးေတြးတယ္ အခ်ိန္ေတြ အၾကာႀကီးေတြးတယ္ ။

ဒီေသာၾကာသမီးေလးကေလ သိပ္ေတြေဝတတ္တာ ။ တစ္ခုခုဆို လုပ္ရေကာင္းလား မလုပ္ရေကာင္းလားနဲ႔ …စဥ္းစားေနတာ အၾကာႀကီးပဲ တခ်ိဳ႕အရာေတြဆို ဘယ္လိုလုပ္ခ်င္တယ္ဆိုတဲ့ စိတ္ကူးေတြ အမ်ားႀကီး ရွိေနတဲ့ၾကားက… ဘယ္လိုစလုပ္ရမယ္မွန္းမသိလို႔ ထိုင္ခ်င္ထိုင္ေနတတ္တာမ်ိဳးေလ ။အထီးက်န္မွာကို သိပ္ေၾကာက္တတ္သလို တစ္ေယာက္တည္းအဆင္ေျပပါတယ္ဆိုတဲ့ စကားကို ခဏခဏ သုံးတတ္တယ္ ။ သူမရွိလို႔လဲ ဘာမွ မျဖစ္ဘူးဆိုတဲ့ စကားေတြ ခဏခဏသုံးၿပီး သူမရွိေတာ့ရင္ဆိုၿပီး ေတြးၿပီးေၾကာက္ေနတတ္တဲ့ လူမ်ိဳးေပါ့။

အစားအေသာက္ေတြ ဂ်ီးမမ်ားတတ္ဘူး ရွိတဲ့ဟင္းတစ္ခြက္နဲ႔ အဆင္ေျပေျပစားတတ္သလို သူ႔ကိုယ္သူေတာ့ သိပ္ခ်စ္တတ္တာ ။ တျခားသူေၾကာင့္ နာက်င္ရရင္ မွတ္ထားတတ္တယ္ ။ တစ္ျခားတစ္ခုေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္ မလုပ္တတ္သလို နာက်င္ေနရဲ႕နဲ႔ေတာင္ အစားမပ်က္ အေသာက္မပ်က္ အရာရာဟာ ပုံမွန္လွည္ပတ္ေနသလိုမ်ိဳးေနတတ္တာ ။

အားနည္းခ်က္ကေတာ့ … သိပ္အားနာတတ္တာရယ္ စကားေတြ အမ်ားႀကီး ေျပာတတ္တာေပါ့ ။ ကူညီစရာရွိတဲ့အခါ ၀န္မေလးတတ္သလို ေျပာစရာရွိတဲ့အခါ အားမနာတတ္တဲ့ ေကာင္မေလးမ်ိဳးေလ ။ ေပးလဲေပးတယ္ ေကြၽးလဲေကြၽးတယ္ ၿပီးရင္ ေျပာလဲေျပာတယ္ေပါ့ ။ စိတ္ထဲပါပါမပါ စကားေတြ အမ်ားႀကီးေျပာၿပီး လူမုန္းခံရတာကလြဲရင္ စိတ္ရင္းေစတနာေတာ့ တကယ္ေကာင္းတတ္တဲ့လူမ်ိဳးေပါ့ ။ လွ်ိဳ႕၀ွက္ခ်က္ေတြမထားတတ္ဘူး ေတာ္႐ုံတန္႐ုံနဲ႔ အၿပဳံးမပ်က္ဘူး။

ဟင္းခ်က္စားရမွာပ်င္းတတ္သလို အလုပ္တစ္ခုခု စလုပ္ၿပီးရင္ အဆုံးသတ္ဖို႔ ခက္တယ္အေတြးတအားမ်ားတယ္ ေတြေဝတတ္တယ္ မျဖစ္ျဖစ္ေအာင္ လုပ္တတ္တဲ့အက်င့္ေလးေၾကာင့္ သူတစ္ပါးထက္ ႏွာတစ္ဖ်ားသာတတ္တဲ့ လူမ်ိဳးေပါ့ ။ သူကေလ မိသားစုအေပၚ သိပ္ကိ အႏြံတာခံတတ္သလို တစ္ခုခု စိတ္အခန္႔မသင့္ရင္ စိတ္နာသြားဖို႔လဲ ၀န္မေလးတတ္ၾကဘူး ခ်စ္လြယ္တယ္ ၿပီးေတာ့ မုန္းလြယ္တယ္ေပါ့ ။ ခ်စ္မိသြားရင္ ဘာမဆို လုပ္ေပးဖို႔ ၀န္မေလးတတ္သေလာက္ စိတ္ထဲ မရွိေတာ့ရင္ အရာရာကို မ်က္ကြယ္ျပဳလိုက္ဖို႔ ၀န္မေလးတတ္ၾကဘူး ။

တစ္ခုပဲဗ် … သူက သိပ္အားငယ္တတ္တာ အဆင္မေျပျခင္းေတြအမ်ားႀကီးကို သိပ္ထားတတ္သလို ေျပာရမယ့္လူတစ္ေယာက္ကို ေမွ်ာ္ေနတတ္တယ္ ။ လြယ္လြယ္ကူကူေလး မယုံတတ္ေတာ့ သူက တစ္ေယာက္တည္းလည္းျဖစ္တယ္ဆိုတဲ့ စကားကို အၿမဲတမ္းသုံးတယ္ ။ ၿပီးရင္ မ်က္ရည္ေတြ အမ်ားႀကီး က်မျပတတ္ေပမယ့္ သူပင္ပန္းလာတဲ့အခါ အရာရာကို လႊတ္ခ်လိုက္ဖို႔ပဲ စၿပီးေတြးတယ္ စိတ္ပင္ပန္းတဲ့ ဒဏ္ကို တကယ္တမ္းက်ေတာ့ ခံႏိုင္ရည္မရွိဘူးရယ္ ။

တကယ္လို႔ေပါ့ … ေသာၾကာသမီးေလးသာ အနားနားရွိရင္ေလ နားေတြပူဖို႔ပဲျပင္ပါ … စကားေတြ အမ်ားႀကီးေျပာတဲ့အခါ ေသခ်ာဂ႐ုစိုက္နားေထာင္ေပးပါ ။ တစ္ခါတစ္ေလ ဘယ္သူ႔ကိုမွ မေျပာျဖစ္တဲ့ အမွန္တရားေတြပါပါလာတတ္သလို သူအားငယ္တတ္တဲ့ အေၾကာင္းကို မသိမသာေလး ေဖာ္ျပတတ္ၾကတယ္ ။ အရာရာကို သူကိုယ္တိုင္ လုပ္ရမွေက်နပ္တတ္တာကလြဲရင္ ဆရာေလးနည္းနည္းလုပ္တတ္တာကလြဲရင္ ဘုကလန္႔ေလးနဲနဲေျပာတတ္တာကလြဲရင္ ေပါင္းတတ္သင္းတတ္ရင္ အစစအဆင္ေျပမယ့္ သူတစ္ေယာက္လို႔ပဲ သိထားေပးပါ ။

မင္းကို ယုံၾကည္သြားရင္ အရမ္းအားကိုးတတ္သလို ဘယ္အရာမဆို ဖြင့္ဟၿပီး တိုင္ပင္တတ္တဲ့ လူတစ္ေယာက္ေပါ့ ယုံၾကည္မႈကို အလြဲသုံးစားလုပ္ၿပီးသြားရင္ေတာ့ ဘယ္ေတာ့အခါမွ ျပန္ေတာင္းပန္ဖို႔ မႀကိဳးစားတာ ေကာင္းတယ္ ။ ႀကိဳးစားလဲ မထူးဘူးေလ … စိတ္ေတြဟာ သိပ္နာလြယ္တာ သိပ္အားနာတတ္တာ သိပ္အားကိုးတတ္တာ သိပ္အားငယ္တတ္တာ ဒါေတြကို သိထားရင္ ေသာၾကာသမီးေလးနဲ႔အဆင္ေျပေအာင္ေနလို႔ရပါၿပီ ။

#ေက်းကို

စိတ်အားငယ်တတ်တဲ့ သောကြာသမီးလေးအကြောင်း …

စကားတွေ အများကြီးပြောတတ်တဲ့ ကောင်မလေးကလေ သိပ်ကို အားငယ်တတ်တာလို့ပြောရင် ခင်ဗျား ယုံမှာမဟုတ်ဘူး သူကလေ … ဝမ်းနည်းသွားတဲ့အခါလဲ စကားတွေအများကြီးပြောတတ်သလို သူ အားငယ်နေတဲ့အခါလဲ စကားတွေ အများကြီစပြောတတ်တဲ့ ကောင်မလေးလေ ။ ပျော်နေလား မေးရင် ပျော်နေတယ်ပေါ့ ဒါပေမယ့် အဆင်မပြေမှုတွေ အများကြီးနဲ့လေ။

သူ့အနားမှာလေ … အနည်းဆုံးတော့ သူ့ကို ထိန်းကျောင်းပေးမယ့် လူတစ်ယောက်လိုပါတယ် ။ စကားတွေ အများကြီးပြောတတ်သလောက် တစ်ခုခုလိုချင်တာရှိရင် စိတ်မြန်လက်မြန်တတ်တယ် ထိန်းပေးမယ့် လူတစ်ယောက်မှမရှိရင် အဆင်မပြေတတ်ဘူး ။ ထိန်းပေးတယ်ဆိုတာပဲ ရှိတာပါ သူလုပ်ချင်တာ လုပ်တတ်တာဟာ သူ့အကျင့် သူ့ ဗီဇလိုပါပဲ ။ ပိုက်ဆံ ရှိလို့မရတဲ့ လူစားမျိုးပဲ ထားပါတော့ ။ လက် အရမ်းဖွာတတ်သလို တစ်နေရာရာရောက်ရင် သူ ရှင်းရမှ ကျေနပ်တတ်တဲ့ လူမျိုးပေါ့ ။

တစ်ပါးသူကို ကျေးဇူးတင်ရမှာ မလိုလားတဲ့ လူတစ်မျိုးပဲထားပါတော့ … ဘယ်နေရာမှာမဆို အားနာတတ်သလို စကားပြောတော့ သိပ်ပြီးတော့ မတတ်တဲ့ သူပေါ့ ။ ပြောချင်တာတွေရင် ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ပေါက် ပြောတတ်တော့ တချို့လူတွေက သူနဲ့ စကားပြောရမှာကြောက်တတ်ကြတယ် ။ အမှန်တရားတွေ အများကြီး သယ်ထားတတ်သလို အဆင်မပြေမှုတွေ အများကြီးကို မြိုသိပ်ထားတတ်တဲ့ လူတစ်ယောက်ပေါ့ ။

အဖော်မက်တယ် … အားငယ်တတ်တယ် ပြီးတော့ ဘယ်နေရာမှာမဆို ရှေ့ဆုံးက ဦးဆောင်တတ်သလို စိတ်ပင်ပန်းတဲ့ ဒဏ်ကို အရမ်းကြောက်တဲ့သူပါပဲ ။ သူ ပင်ပန်းလာပြီဆို တအားသိသာတယ် စကားတွေ အများကြီးပြောတတ်သလို ရင်ဖွင့်ရမယ့်လူတွေကို သိပ်ရှာတတ်တာ ။ တစ်ခုပဲ သူကလေ အယုံမလွယ်တတ်ဘူး ခဏခဏ အလိမ်ခံခဲ့ရတာလဲ ပါမှာပေါ့ ခဏခဏ အထိနာခဲ့တာလဲပါမှာပေါ့ လူတစ်ယောက် အနားနားရောက်လာရင် အဆင်ပြေပါ့မလား ယုံကြည်ရမလား အရင်ဆုံးတွေးတယ် အချိန်တွေ အကြာကြီးတွေးတယ် ။

ဒီသောကြာသမီးလေးကလေ သိပ်တွေဝေတတ်တာ ။ တစ်ခုခုဆို လုပ်ရကောင်းလား မလုပ်ရကောင်းလားနဲ့ …စဉ်းစားနေတာ အကြာကြီးပဲ တချို့အရာတွေဆို ဘယ်လိုလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးတွေ အများကြီး ရှိနေတဲ့ကြားက… ဘယ်လိုစလုပ်ရမယ်မှန်းမသိလို့ ထိုင်ချင်ထိုင်နေတတ်တာမျိုးလေ ။အထီးကျန်မှာကို သိပ်ကြောက်တတ်သလို တစ်ယောက်တည်းအဆင်ပြေပါတယ်ဆိုတဲ့ စကားကို ခဏခဏ သုံးတတ်တယ် ။ သူမရှိလို့လဲ ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားတွေ ခဏခဏသုံးပြီး သူမရှိတော့ရင်ဆိုပြီး တွေးပြီးကြောက်နေတတ်တဲ့ လူမျိုးပေါ့။

အစားအသောက်တွေ ဂျီးမများတတ်ဘူး ရှိတဲ့ဟင်းတစ်ခွက်နဲ့ အဆင်ပြေပြေစားတတ်သလို သူ့ကိုယ်သူတော့ သိပ်ချစ်တတ်တာ ။ တခြားသူကြောင့် နာကျင်ရရင် မှတ်ထားတတ်တယ် ။ တစ်ခြားတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် မလုပ်တတ်သလို နာကျင်နေရဲ့နဲ့တောင် အစားမပျက် အသောက်မပျက် အရာရာဟာ ပုံမှန်လှည်ပတ်နေသလိုမျိုးနေတတ်တာ ။

အားနည်းချက်ကတော့ … သိပ်အားနာတတ်တာရယ် စကားတွေ အများကြီး ပြောတတ်တာပေါ့ ။ ကူညီစရာရှိတဲ့အခါ ဝန်မလေးတတ်သလို ပြောစရာရှိတဲ့အခါ အားမနာတတ်တဲ့ ကောင်မလေးမျိုးလေ ။ ပေးလဲပေးတယ် ကျွေးလဲကျွေးတယ် ပြီးရင် ပြောလဲပြောတယ်ပေါ့ ။ စိတ်ထဲပါပါမပါ စကားတွေ အများကြီးပြောပြီး လူမုန်းခံရတာကလွဲရင် စိတ်ရင်းစေတနာတော့ တကယ်ကောင်းတတ်တဲ့လူမျိုးပေါ့ ။ လျှို့ဝှက်ချက်တွေမထားတတ်ဘူး တော်ရုံတန်ရုံနဲ့ အပြုံးမပျက်ဘူး။

ဟင်းချက်စားရမှာပျင်းတတ်သလို အလုပ်တစ်ခုခု စလုပ်ပြီးရင် အဆုံးသတ်ဖို့ ခက်တယ်အတွေးတအားများတယ် တွေဝေတတ်တယ် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့အကျင့်လေးကြောင့် သူတစ်ပါးထက် နှာတစ်ဖျားသာတတ်တဲ့ လူမျိုးပေါ့ ။ သူကလေ မိသားစုအပေါ် သိပ်ကိ အနွံတာခံတတ်သလို တစ်ခုခု စိတ်အခန့်မသင့်ရင် စိတ်နာသွားဖို့လဲ ဝန်မလေးတတ်ကြဘူး ချစ်လွယ်တယ် ပြီးတော့ မုန်းလွယ်တယ်ပေါ့ ။ ချစ်မိသွားရင် ဘာမဆို လုပ်ပေးဖို့ ဝန်မလေးတတ်သလောက် စိတ်ထဲ မရှိတော့ရင် အရာရာကို မျက်ကွယ်ပြုလိုက်ဖို့ ဝန်မလေးတတ်ကြဘူး ။

တစ်ခုပဲဗျ … သူက သိပ်အားငယ်တတ်တာ အဆင်မပြေခြင်းတွေအများကြီးကို သိပ်ထားတတ်သလို ပြောရမယ့်လူတစ်ယောက်ကို မျှော်နေတတ်တယ် ။ လွယ်လွယ်ကူကူလေး မယုံတတ်တော့ သူက တစ်ယောက်တည်းလည်းဖြစ်တယ်ဆိုတဲ့ စကားကို အမြဲတမ်းသုံးတယ် ။ ပြီးရင် မျက်ရည်တွေ အများကြီး ကျမပြတတ်ပေမယ့် သူပင်ပန်းလာတဲ့အခါ အရာရာကို လွှတ်ချလိုက်ဖို့ပဲ စပြီးတွေးတယ် စိတ်ပင်ပန်းတဲ့ ဒဏ်ကို တကယ်တမ်းကျတော့ ခံနိုင်ရည်မရှိဘူးရယ် ။

တကယ်လို့ပေါ့ … သောကြာသမီးလေးသာ အနားနားရှိရင်လေ နားတွေပူဖို့ပဲပြင်ပါ … စကားတွေ အများကြီးပြောတဲ့အခါ သေချာဂရုစိုက်နားထောင်ပေးပါ ။ တစ်ခါတစ်လေ ဘယ်သူ့ကိုမှ မပြောဖြစ်တဲ့ အမှန်တရားတွေပါပါလာတတ်သလို သူအားငယ်တတ်တဲ့ အကြောင်းကို မသိမသာလေး ဖော်ပြတတ်ကြတယ် ။ အရာရာကို သူကိုယ်တိုင် လုပ်ရမှကျေနပ်တတ်တာကလွဲရင် ဆရာလေးနည်းနည်းလုပ်တတ်တာကလွဲရင် ဘုကလန့်လေးနဲနဲပြောတတ်တာကလွဲရင် ပေါင်းတတ်သင်းတတ်ရင် အစစအဆင်ပြေမယ့် သူတစ်ယောက်လို့ပဲ သိထားပေးပါ ။

မင်းကို ယုံကြည်သွားရင် အရမ်းအားကိုးတတ်သလို ဘယ်အရာမဆို ဖွင့်ဟပြီး တိုင်ပင်တတ်တဲ့ လူတစ်ယောက်ပေါ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီးသွားရင်တော့ ဘယ်တော့အခါမှ ပြန်တောင်းပန်ဖို့ မကြိုးစားတာ ကောင်းတယ် ။ ကြိုးစားလဲ မထူးဘူးလေ … စိတ်တွေဟာ သိပ်နာလွယ်တာ သိပ်အားနာတတ်တာ သိပ်အားကိုးတတ်တာ သိပ်အားငယ်တတ်တာ ဒါတွေကို သိထားရင် သောကြာသမီးလေးနဲ့အဆင်ပြေအောင်နေလို့ရပါပြီ ။

#ကျေးကို