Local News




ရန်ကုန်၊ ဇွန် ၆





ရန်ကုန်တွင် “အခြောက်ဆိုပြီး သွေးတိုးမစမ်းနဲ့ ခွေးမျိုးပါကန်းမယ်” စစ်အာဏာရှင်ဆန့်ကျင်ရေးပိုစတာချိတ်ဆွဲမှု

စစ်တပ်နှင့်ရဲက ဖြုတ်သိမ်းရာတွင် ဗုံးထောင်ထားမည်စိုးရိမ်၍ မဝံ့မရဲ ဖြုတ်ကြရ

ရန်ကုန်၊ ဇွန် ၆

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရေတာရှည်လမ်းဟောင်းထိပ်တွင် စစ်အာဏာရှင် ဆန့် ကျင်ရေး ပိုစတာ ချိတ်ဆွဲထားမှုကို

ယနေ့ နံနက် ၇ နာရီခွဲတွင် စစ်တပ်နှင့်ရဲက လာရောက်ဖြုတ်သိမ်းခဲ့ပြီး ဖြုတ်သိမ်းရာတွင် ဗုံးထောင်ထားမည်ကို စိုးရိမ်၍ မဝံ့မရဲ ဖြုတ်ကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အခြောက်ဆိုပြီး သွေးတိုးမစမ်းနဲ့ ခွေးမျိုးပါကန်းမယ်” စစ်အာဏာရှင်ဆန့်ကျင်ရေးပိုစတာ ချိတ်ဆွဲမှုကို

LGBT Community Yangon, SC (Strike), Labor Alliance အဖွဲ့ဝင် CTUM တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။