Video credit: Sai Kyaw Thein
အုပ်စုဖွဲ့ကားလုယက်မှုဖြစ်ရာ လုယက်ခံရသူက ပြန်လည် ပစ်ခတ်
6 June 2022 – Kachinwaves
ယနေ့ နံနက် ၆နာရီခွဲခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကားတစ်စီး လုယက်ခံရကြောင်း သိရသည်။
CCTV မှတ်တမ်းအရ လုယက်သူများသည် အိမ်ရှေ့တွင် ရပ်ထားသည့် ကားတစ်စီးရှေ့၌ ကားတစ်စီးဖြင့် ကြိုတင်စောင့်ဆိုင်းနေကာ ကားပိုင်ရှင်ဟု ယူဆရသူက အိမ်ဝင်းထဲမှ ထွက်လာ၍ ကားတံခါးဖွင့်ပြီးကားထဲဝင်ရောက်ချိန် ကားကိုလုယက် မောင်းနှင် သွားခဲ့သည်။
ကားလုယက်ခံရသူသည် ၎င်း၏နောက်ဘက် ဘောင်းဘီခါးကြားထဲက ပစ္စတိုသေနတ်ကို ထုတ်ယူပြီး ကားလုယက်သူများကို လိုက်ပစ်ခဲ့သည်ကိုလည်း ဗီဒီယိုမှတ်တမ်းအရ တွေ့မြင်ရသည်။
လုယက်သူများထဲမှ ကားပိုင်ရှင်က ပစ္စတိုသေနတ်ဖြင့် လိုက်ပစ်ရာတွင် ထိမှန်သွားသူတစ်ဦး၏ အသက် အန္တရာယ် စိုးရိမ်ရဖွယ်ရှိသည်ဟုဒေသသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။