စစ္ေကာင္စီတပ္ရဲ႕ေမာက္မာတဲ့ဆက္ဆံမႈေတြေၾကာင့္ စာသင္ေက်ာင္းေတြမွာ လုံၿခဳံေရးေစာင့္ေပးေနတဲ့ စစ္ေကာင္စီခန္႔ ရပ္၊ေက်းအဖြဲ႕ဝင္ေတြစိတ္ပ်က္လာ
ဧရာဝတီတိုင္းမ္
ဇြန္လ ၆ ရက္
လက္ရွိ အာဏာသိမ္းစစ္ေကာင္စီအေနျဖင့္ စာသင္ ေက်ာင္းမ်ားကို ဖြင့္လွစ္ရာတြင္ လုံၿခဳံေရးအတြက္ ၎တို႔၏ တပ္ဖြဲ႕ဝင္မ်ားကို လုံေလာက္စြာ ခ်ထားမေပးႏိုင္သျဖင့္ ေဒသဆိုင္ရာ ရပ္ေက်းအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ စစ္မႈထမ္းေဟာင္းမ်ားက ပါဝင္ေဆာင္ ႐ြက္ရေပမယ့္ တင္းက်ပ္စြာ စစ္ေဆးျခင္း၊ မယုံသကၤာ သေဘာမ်ိဳး ေမာက္မာစြာ ဆက္ဆံျခင္းမ်ား ျပဳလုပ္ေနသည့္အတြက္ စိတ္ပ်က္လာၾကရေၾကာင္း ပါဝင္ေဆာင္ ႐ြက္ေပးေန သူ မ်ားထံက သိရသည္။
အာဏာသိမ္းစစ္တပ္သည္ ျပည္သူ႔လုံၿခဳံေရးစနစ္ကို အေကာင္အထည္ေဖာ္သည္ဟု ေၾကညာထားေသာ္လည္း တခ်ိဳ႕ေနရာမ်ားတြင္ ပါဝင္ေဆာင္႐ြက္သူမ်ားကိုပင္ မယုံၾကည္မႈမ်ားအျပင္ ေမာက္မာစြာ ဆက္ဆံျခင္းမ်ားေၾကာင့္ ပါဝင္ေဆာက္႐ြက္ၾကသူမ်ားကိုေစလႊတ္ရာတြင္ အခက္ေတြ႕လာရေၾကာင္း ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးတဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။
က်ေနာ္တို႔ရပ္ကြက္အတြင္းက ေက်ာင္းေတြအတြက္ ရပ္ ကြက္ေဒသခံေတြကိုေတာင္းတယ္။ က်ေနာ္ကိုယ္တိုင္ ခ်ိတ္ဆက္ၿပီး စီစဥ္ေပးလိုက္တယ္။ လႊတ္လိုက္တဲ့လူေတြကို ဟိုေရာက္ေတာ့ စစ္တပ္အရာရွိက ဘယ္သူလဲ၊ ဘာညာ ဆိုလာေတာ့ တရက္နဲ႔တရက္ လူလႊတ္ေပးရဖို႔ကို လိုက္စုေပးရတာကို ခက္လာတယ္။ လႊတ္ေပးမယ့္သူေတြကိုလည္း စာရင္းပို႔ၿပီးသားပဲ။ ဒါကိုေတာင္မွ မေခ်မငံဆက္ဆံတာ၊ မယုံမၾကည္နဲ႔ လုပ္ေနတာၾကေတာ့ သူတို႔ေျပာေနတဲ့ ျပည္သူ႔ လုံၿခဳံေရးစနစ္ကို ဘယ္သူက လုပ္ေပးခ်င္ေတာ့မလဲ” ဟု သူက ဆိုသည္။
ျမန္မာႏိုင္ငံတြင္ အာဏာသိမ္း စစ္တပ္သည္ အေျခခံပညာေက်ာင္းမ်ားကို ျပည္တြင္းစစ္ တိုက္ပြဲမ်ား ျဖစ္ေနသည့္ ေနရာမ်ားမွလြဲၿပီး ျမန္မာႏိုင္ငံအႏွံ႔ ဖြင့္လွစ္ေနၿပီး လုံၿခဳံေရးကို ၎တို႔အာဏာသိမ္း စစ္တပ္အင္ အား အလုံအေလာက္ ခ်ထားေပးႏိုင္ျခင္း မရွိေပ။
တခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ လုံၿခဳံေရးအရာရွိျဖစ္ေသာ ရဲတပ္ ဖြဲ႕ဝင္မ်ားႏွင့္ စစ္အရာရွိမ်ားက လုံၿခဳံေရးယူေပးေသာ အရပ္သားျပည္သူမ်ားအေပၚ ကိုယ္ထိလက္ေရာက္ ေစာ္ ကားျခင္းမ်ားကိုပင္ ျပဳလုပ္သည့္ အတြက္ စိတ္ပ်က္ရေၾကာင္း ေတာင္ဒဂုံၿမိဳ႕နယ္ရွိ ကိုယ္ေတြ႕ႀကဳံရေသာ ျပည္သူတဦးက ေျပာသည္။
”က်ေနာ့္ကို ဟိန္းေဟာက္တာ၊ ဆဲဆိုတာထက္ ကိုယ္ထိလက္ေရာက္ပါ လုပ္တာဗ်ာ။ သူ႔ၾကည့္ေတာ့ ကိုယ္ေမြးရင္ ကိုယ္သားအ႐ြယ္။ တကယ္လို႔ ဗုံးကြဲတယ္ဆို က်ေနာ္တို႔ပဲ အရင္ဆုံးခံရမွာ။ အဲ့ဒါကိုေတာင္ နားလည္မႈမရွိပဲ သူတို႔က အာဏာျပေနတာေတာ့ က်ေနာ္တို႔ ေနာက္တခါ လုပ္ေပးဖို႔ စိတ္ကူးမရွိေတာ့ဘူး။ လုပ္ခ်င္တဲ့သူလုပ္။ က်ေနာ္တို႔ သားသမီးေတြလည္း တကယ္ျဖစ္လာရင္ ခံစရာရွိ အမ်ားနဲ႔အတူ ခံရမွာပဲ။ စိတ္လဲပူမေနေတာ့ဘူး” ဟု သူက ဆိုသည္။
ယခုဇြန္လ ၂ ရက္ေန႔က စၿပီး ျမန္မာတႏိုင္ငံလုံး ေက်ာင္း သားေက်ာင္းသူ ၅ သန္းေက်ာ္အထိ ေက်ာင္းတက္ေနၿပီဟု အာဏာသိမ္းစစ္တပ္က ေၾကညာထားသည္။ ထို႔အျပင္ ယခင္က စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္ခဲ့သည့္ CDM ပညာေရးဝန္ထမ္းေပါင္း ၆ ေထာင္ေက်ာ္လည္း လုပ္ငန္းခြင္သို႔ ျပန္လည္ဝင္ေရာက္ေနၿပီဟု ဆိုခဲ့သည္။
စာသင္ေက်ာင္းပတ္ဝန္းက်င္မ်ားတြင္ လုံၿခဳံေရးအတြက္ သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕မွ အဓိက တာ ဝန္ယူရန္ ၫႊန္ၾကားထားၿပီး စစ္တပ္ႏွင့္ ရဲအရာရွိမ်ားက အခြင့္သင့္မွ လုံၿခဳံေရးကားတန္းျဖင့္သာလွည့္လည္သည့္ အေနအထားမ်ိဳးအမ်ားဆုံးျပဳလုပ္ေနေၾကာင္းစစ္ေကာင္ စီခန႔္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ တခ်ိဳ႕ထံမွ သိရသည္။
စစ်ကောင်စီတပ်ရဲ့မောက်မာတဲ့ဆက်ဆံမှုတွေကြောင့် စာသင်ကျောင်းတွေမှာ လုံခြုံရေးစောင့်ပေးနေတဲ့ စစ်ကောင်စီခန့် ရပ်၊ကျေးအဖွဲ့ဝင်တွေစိတ်ပျက်လာ
ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်
လက်ရှိ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စာသင် ကျောင်းများကို ဖွင့်လှစ်ရာတွင် လုံခြုံရေးအတွက် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို လုံလောက်စွာ ချထားမပေးနိုင်သဖြင့် ဒေသဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် စစ်မှုထမ်းဟောင်းများက ပါဝင်ဆောင် ရွက်ရပေမယ့် တင်းကျပ်စွာ စစ်ဆေးခြင်း၊ မယုံသင်္ကာ သဘောမျိုး မောက်မာစွာ ဆက်ဆံခြင်းများ ပြုလုပ်နေသည့်အတွက် စိတ်ပျက်လာကြရကြောင်း ပါဝင်ဆောင် ရွက်ပေးနေ သူ များထံက သိရသည်။
အာဏာသိမ်းစစ်တပ်သည် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်သည်ဟု ကြေညာထားသော်လည်း တချို့နေရာများတွင် ပါဝင်ဆောင်ရွက်သူများကိုပင် မယုံကြည်မှုများအပြင် မောက်မာစွာ ဆက်ဆံခြင်းများကြောင့် ပါဝင်ဆောက်ရွက်ကြသူများကိုစေလွှတ်ရာတွင် အခက်တွေ့လာရကြောင်း မြောက်ဒဂုံမြို့နယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျနော်တို့ရပ်ကွက်အတွင်းက ကျောင်းတွေအတွက် ရပ် ကွက်ဒေသခံတွေကိုတောင်းတယ်။ ကျနော်ကိုယ်တိုင် ချိတ်ဆက်ပြီး စီစဉ်ပေးလိုက်တယ်။ လွှတ်လိုက်တဲ့လူတွေကို ဟိုရောက်တော့ စစ်တပ်အရာရှိက ဘယ်သူလဲ၊ ဘာညာ ဆိုလာတော့ တရက်နဲ့တရက် လူလွှတ်ပေးရဖို့ကို လိုက်စုပေးရတာကို ခက်လာတယ်။ လွှတ်ပေးမယ့်သူတွေကိုလည်း စာရင်းပို့ပြီးသားပဲ။ ဒါကိုတောင်မှ မချေမငံဆက်ဆံတာ၊ မယုံမကြည်နဲ့ လုပ်နေတာကြတော့ သူတို့ပြောနေတဲ့ ပြည်သူ့ လုံခြုံရေးစနစ်ကို ဘယ်သူက လုပ်ပေးချင်တော့မလဲ” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်တပ်သည် အခြေခံပညာကျောင်းများကို ပြည်တွင်းစစ် တိုက်ပွဲများ ဖြစ်နေသည့် နေရာများမှလွဲပြီး မြန်မာနိုင်ငံအနှံ့ ဖွင့်လှစ်နေပြီး လုံခြုံရေးကို ၎င်းတို့အာဏာသိမ်း စစ်တပ်အင် အား အလုံအလောက် ချထားပေးနိုင်ခြင်း မရှိပေ။
တချို့မြို့နယ်များတွင် လုံခြုံရေးအရာရှိဖြစ်သော ရဲတပ် ဖွဲ့ဝင်များနှင့် စစ်အရာရှိများက လုံခြုံရေးယူပေးသော အရပ်သားပြည်သူများအပေါ် ကိုယ်ထိလက်ရောက် စော် ကားခြင်းများကိုပင် ပြုလုပ်သည့် အတွက် စိတ်ပျက်ရကြောင်း တောင်ဒဂုံမြို့နယ်ရှိ ကိုယ်တွေ့ကြုံရသော ပြည်သူတဦးက ပြောသည်။
”ကျနော့်ကို ဟိန်းဟောက်တာ၊ ဆဲဆိုတာထက် ကိုယ်ထိလက်ရောက်ပါ လုပ်တာဗျာ။ သူ့ကြည့်တော့ ကိုယ်မွေးရင် ကိုယ်သားအရွယ်။ တကယ်လို့ ဗုံးကွဲတယ်ဆို ကျနော်တို့ပဲ အရင်ဆုံးခံရမှာ။ အဲ့ဒါကိုတောင် နားလည်မှုမရှိပဲ သူတို့က အာဏာပြနေတာတော့ ကျနော်တို့ နောက်တခါ လုပ်ပေးဖို့ စိတ်ကူးမရှိတော့ဘူး။ လုပ်ချင်တဲ့သူလုပ်။ ကျနော်တို့ သားသမီးတွေလည်း တကယ်ဖြစ်လာရင် ခံစရာရှိ အများနဲ့အတူ ခံရမှာပဲ။ စိတ်လဲပူမနေတော့ဘူး” ဟု သူက ဆိုသည်။
ယခုဇွန်လ ၂ ရက်နေ့က စပြီး မြန်မာတနိုင်ငံလုံး ကျောင်း သားကျောင်းသူ ၅ သန်းကျော်အထိ ကျောင်းတက်နေပြီဟု အာဏာသိမ်းစစ်တပ်က ကြေညာထားသည်။ ထို့အပြင် ယခင်က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် CDM ပညာရေးဝန်ထမ်းပေါင်း ၆ ထောင်ကျော်လည်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နေပြီဟု ဆိုခဲ့သည်။
စာသင်ကျောင်းပတ်ဝန်းကျင်များတွင် လုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ အဓိက တာ ဝန်ယူရန် ညွှန်ကြားထားပြီး စစ်တပ်နှင့် ရဲအရာရှိများက အခွင့်သင့်မှ လုံခြုံရေးကားတန်းဖြင့်သာလှည့်လည်သည့် အနေအထားမျိုးအများဆုံးပြုလုပ်နေကြောင်းစစ်ကောင် စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တချို့ထံမှ သိရသည်။