စစ္ေကာင္စီ တပ္စခန္းတစ္ခုကို KIA တိုက္ခိုက္သိမ္းပိုက္
June 6, 2022/Kachin News Group
ကခ်င္ျပည္နယ္ ေ႐ႊကူၿမိဳ႕နယ္ ေဂၚေဂြပါ (Gau Gwi Pa) အထက္ ပန္ေခါန္ယာန္(Pan Hkaw Yang) တဝိုက္ရွိ စစ္ေကာင္စီ တပ္စခန္းတစ္ခုကို ဇြန္လ ၅ ရက္ေန႔ နံနက္အေစာပိုင္းအခ်ိန္ခန႔္တြင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က သိမ္းပိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။
ပန္ေခါန္ယာန္ (Pan Hkaw Yang) တြင္ရွိေသာ စစ္ေကာင္စီတပ္ စစ္အင္အား ၃၀ ဝန္းက်င္ခန႔္ရွိေသာ စခန္းကို KIA တပ္မဟာ ၈ လက္ေအာက္ တပ္ရင္း ၅ အဖြဲ႕က သြားေရာက္တိုက္ခိုက္ကာ သိမ္းပိုက္ႏိုင္းခဲ့ျခင္းျဖစ္ေၾကာင္း ထိုေဒသႏွင့္ အခ်ိတ္အဆက္ရွိေသာ မိုးညႇင္းေဒသ KIA အရာရွိတစ္ဦးထံမွ သိရသည္။
“စစ္ေကာင္စီရဲ႕တပ္စခန္းကို သိမ္းလိုက္တယ္ဆိုတာမွန္ပါတယ္။ သိမ္းလိုက္ေၾကာင္း က်ေနာ္တို႔ဆီကို စာပို႔လာတယ္။ သူတို႔ ပို႔လာတဲ့စာထဲမွာက မနက္ပိုင္း သိမ္းလိုက္တယ္လို႔ဘဲသိရတာ။
အခုသိမ္းတဲ့ စခန္းမွာက စစ္သားေတြ ၃၀ ဝန္းက်င္ေလာက္ဘဲရွိတယ္လို႔ သိရတယ္။ အဆက္အသြယ္ခက္ေတာ့ အေသးစိတ္အခ်က္အလက္ရဖို႔က နည္းနည္းခက္ခဲတယ္” ဟု ေျပာဆိုသည္။
အဆိုပါ တပ္စခန္းသည္ ၂၀၁၄ ခုႏွစ္ခန႔္က KIA ထံမွ စစ္ေကာင္စီတပ္ဖြဲ႕ သိမ္းပိုက္လိုက္ေသာ KIA တပ္ရင္း ၅ ေနရာေဟာင္းျဖစ္ၿပီး Ga Hkyeng Bum ေဒသတြင္ ပါဝင္သည္ဟု သိရသည္။
ဆက္သြယ္မႈခက္ခဲေသာ ေနရာျဖစ္ေသာေၾကာင့္ အဆိုပါ စခန္းသိမ္းတိုက္ပြဲႏွင့္ ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္မ်ားကို စုံစမ္းေနဆဲျဖစ္သည္။
ရွှေကူစစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်
June 6, 2022/Kachin News Group
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဂေါ်ဂွေပါ (Gau Gwi Pa) အထက် ပန်ခေါန်ယာန်(Pan Hkaw Yang) တဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဇွန်လ ၅ ရက်နေ့ နံနက်အစောပိုင်းအချိန်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ပန်ခေါန်ယာန် (Pan Hkaw Yang) တွင်ရှိသော စစ်ကောင်စီတပ် စစ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိသော စခန်းကို KIA တပ်မဟာ ၈ လက်အောက် တပ်ရင်း ၅ အဖွဲ့က သွားရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်းခဲ့ခြင်းဖြစ်ကြောင်း ထိုဒေသနှင့် အချိတ်အဆက်ရှိသော မိုးညှင်းဒေသ KIA အရာရှိတစ်ဦးထံမှ သိရသည်။
“စစ်ကောင်စီရဲ့တပ်စခန်းကို သိမ်းလိုက်တယ်ဆိုတာမှန်ပါတယ်။ သိမ်းလိုက်ကြောင်း ကျနော်တို့ဆီကို စာပို့လာတယ်။ သူတို့ ပို့လာတဲ့စာထဲမှာက မနက်ပိုင်း သိမ်းလိုက်တယ်လို့ဘဲသိရတာ။
အခုသိမ်းတဲ့ စခန်းမှာက စစ်သားတွေ ၃၀ ဝန်းကျင်လောက်ဘဲရှိတယ်လို့ သိရတယ်။ အဆက်အသွယ်ခက်တော့ အသေးစိတ်အချက်အလက်ရဖို့က နည်းနည်းခက်ခဲတယ်” ဟု ပြောဆိုသည်။
အဆိုပါ တပ်စခန်းသည် ၂၀၁၄ ခုနှစ်ခန့်က KIA ထံမှ စစ်ကောင်စီတပ်ဖွဲ့ သိမ်းပိုက်လိုက်သော KIA တပ်ရင်း ၅ နေရာဟောင်းဖြစ်ပြီး Ga Hkyeng Bum ဒေသတွင် ပါဝင်သည်ဟု သိရသည်။
ဆက်သွယ်မှုခက်ခဲသော နေရာဖြစ်သောကြောင့် အဆိုပါ စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။
ေ႐ႊကူစစ္ေကာင္စီ တပ္စခန္းတစ္ခုကို KIA တိုက္ခိုက္သိမ္းပိုက္