“ဆြမ္းခံႂကြလာရင္း ဆိုင္က အ႐ုပ္ေလးေတြကို ေငးၾကည့္ေနတဲ့ ကိုရင္ေလးကို ေမးၾကည့္လိုက္တဲ့အခါ”
ဒီေန႔ ေပ်ာ္သည္မိမိဆိုင္ေရွ႕မွာခ်ိတ္ထားတဲ့အ႐ုပ္ေလးေတြကိုရပ္ၾကည့္ေနတဲ့ကိုရင္ေလးကို …
ကိုရင္ေလးဘုရားဆြမ္း၊ဆြမ္းဟင္းျပည့္စုံပါလားဘုရား လို႔ ေမးလိုက္ေတာ့ျပည့္စုံပါတယ္ ဒကာမႀကီး။
ကိုရင္ေလးစာဝါလိုက္ေနပါလားဘုရားဆိုေတာ့၁ တန္းပါ တဲ့ .ကိုရင္ဘုရားအ႐ုပ္လိုခ်င္လို႔လား ဘုရားလို႔ေမးလိုက္ေတာ့…
မိမိကို ျပဳံးစိစိနဲ႔ၾကည့္ၿပီးေခါင္းေလးၿငိမ့္ျပတယ္။ကိုရင္ေလးလိုခ်င္တဲ့ကားအ႐ုပ္ေလးေတြကိုလႉေပးခဲ့တယ္။
မိမိလႉေပးတာေတြ႕ေတာ့ေဘးကလူတစ္ခ်ိဳ႕က …ကိုရင္ဆိုတာစာသင္ရမွာေလ ကစားရမွာ မဟုတ္ဘူးတဲ့…
အလြန္ဆုံးရွိ၆ – ၇ ႏွစ္ အရြယ္မိဘ နဲ႔ ေဝးၿပီးခုလို အလြန္ေအးတဲ့မႏၲေလး ေဆာင္းနံနက္ခင္း၆ – ၇ နာရီမိမိတို႔အမ်ားစုကုတင္ေပၚ ေစာင္ျခဳံလို႔ေကြးေကာင္းတုန္း အခ်ိန္…
အေႏြးထည္ ဦးထုပ္မပါေျခဗလာ ႏွင့္ဆြမ္းခံႂကြေနတဲ့ဘုရားသားေတာ္ကိုရင္ေလးေနရာဝင္ၾကည့္ပါ🙏
ကေလးဘဝအရြယ္မွာ သူလည္းအေဖ့အိမ္မွာ ေပ်ာ္ခ်င္မွာပဲအေမ့ရင္ခြင္မွာ ေႏြးေထြးမႈေတြလိုခ်င္မိမွာပဲေလ …
ေမာင္ႏွမ သူငယ္ခ်င္းေတြနဲ႔ေပ်ာ္ေပ်ာ္ပါးပါးေဆာ့ကစားခ်င္မိမွာေပါ့ …ကိုရင္ေလးကိုအ႐ုပ္ေပးလႉခဲ့တာအျပစ္ျဖစ္တယ္တဲ့လား?
သူတို႔ေလးေတြစာဝါလိုက္ခ်ိန္ လိုက္ကစားခ်ိန္ကစားနားခ်ိန္နားၿပီး သာသနာေတာ္မွာေပ်ာ္မွျမတ္စြာဘုရား သာသနာေတာ္ႀကီးေရရွည္တည္တံ့ခိုင္ျမဲမွာမဟုတ္လား?
ကိုရင္ေလးေတြဆိုတာအနာဂါတ္ရဲ့စာခ်ဆရာေတာ္ေလာင္းတရားေဟာဆရာေတာ္ေလာင္းအရိယာေလာင္း ေတြလို႔ပဲျမင္မိပါတယ္ 🙏
သူတို႔ေလးေတြသာသနာေတာ္မွာေပ်ာ္ၾကပါေစ 🙏သာသနာေတာ္ႀကီးကိုေစာင့္ေရွာက္နိုင္ၾကပါေစ 🙏
ကိုရင္ေလးကိုေနာက္ေနာင္ဆြမ္းဟင္းမျပည့္စုံရင္ပဲျဖစ္ျဖစ္လိုအပ္တာရွိရင္ပဲျဖစ္ျဖစ္တပည့္ေတာ္ဆိုင္ကိုႂကြခဲ့ပါဘုရား ဆိုေတာ့
ကိုရင္ေလး ျပဳံးျပခဲ့တဲ့ အျပဳံးကမိမိတစ္ဘဝလုံးအတြက္အျမဲ အမွတ္ရေစမွာျဖစ္သလို မိမိတစ္ဘဝလုံးအတြက္အားေတြလည္းျဖစ္ေစပါတယ္…။😊😊😊
🙏ဗုဒၶ သာသနံ စိရံ တိ႒တု🙏
Credit
Unicode Version
“ဆွမ်းခံကြွလာရင်း ဆိုင်က အရုပ်လေးတွေကို ငေးကြည့်နေတဲ့ ကိုရင်လေးကို မေးကြည့်လိုက်တဲ့အခါ”
ဒီနေ့ ပျော်သည်မိမိဆိုင်ရှေ့မှာချိတ်ထားတဲ့အရုပ်လေးတွေကိုရပ်ကြည့်နေတဲ့ကိုရင်လေးကို …
ကိုရင်လေးဘုရားဆွမ်း၊ဆွမ်းဟင်းပြည့်စုံပါလားဘုရား လို့ မေးလိုက်တော့ပြည့်စုံပါတယ် ဒကာမကြီး။
ကိုရင်လေးစာဝါလိုက်နေပါလားဘုရားဆိုတော့၁ တန်းပါ တဲ့ .ကိုရင်ဘုရားအရုပ်လိုချင်လို့လား ဘုရားလို့မေးလိုက်တော့…
မိမိကို ပြုံးစိစိနဲ့ကြည့်ပြီးခေါင်းလေးငြိမ့်ပြတယ်။ကိုရင်လေးလိုချင်တဲ့ကားအရုပ်လေးတွေကိုလှူပေးခဲ့တယ်။
မိမိလှူပေးတာတွေ့တော့ဘေးကလူတစ်ချို့က …ကိုရင်ဆိုတာစာသင်ရမှာလေ ကစားရမှာ မဟုတ်ဘူးတဲ့…
အလွန်ဆုံးရှိ၆ – ၇ နှစ် အရွယ်မိဘ နဲ့ ဝေးပြီးခုလို အလွန်အေးတဲ့မန္တလေး ဆောင်းနံနက်ခင်း၆ – ၇ နာရီမိမိတို့အများစုကုတင်ပေါ် စောင်ခြုံလို့ကွေးကောင်းတုန်း အချိန်…
အနွေးထည် ဦးထုပ်မပါခြေဗလာ နှင့်ဆွမ်းခံကြွနေတဲ့ဘုရားသားတော်ကိုရင်လေးနေရာဝင်ကြည့်ပါ🙏
ကလေးဘဝအရွယ်မှာ သူလည်းအဖေ့အိမ်မှာ ပျော်ချင်မှာပဲအမေ့ရင်ခွင်မှာ နွေးထွေးမှုတွေလိုချင်မိမှာပဲလေ …
မောင်နှမ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးဆော့ကစားချင်မိမှာပေါ့ …ကိုရင်လေးကိုအရုပ်ပေးလှူခဲ့တာအပြစ်ဖြစ်တယ်တဲ့လား?
သူတို့လေးတွေစာဝါလိုက်ချိန် လိုက်ကစားချိန်ကစားနားချိန်နားပြီး သာသနာတော်မှာပျော်မှမြတ်စွာဘုရား သာသနာတော်ကြီးရေရှည်တည်တံ့ခိုင်မြဲမှာမဟုတ်လား?
ကိုရင်လေးတွေဆိုတာအနာဂါတ်ရဲ့စာချဆရာတော်လောင်းတရားဟောဆရာတော်လောင်းအရိယာလောင်း တွေလို့ပဲမြင်မိပါတယ် 🙏
သူတို့လေးတွေသာသနာတော်မှာပျော်ကြပါစေ 🙏သာသနာတော်ကြီးကိုစောင့်ရှောက်နိုင်ကြပါစေ 🙏
ကိုရင်လေးကိုနောက်နောင်ဆွမ်းဟင်းမပြည့်စုံရင်ပဲဖြစ်ဖြစ်လိုအပ်တာရှိရင်ပဲဖြစ်ဖြစ်တပည့်တော်ဆိုင်ကိုကြွခဲ့ပါဘုရား ဆိုတော့
ကိုရင်လေး ပြုံးပြခဲ့တဲ့ အပြုံးကမိမိတစ်ဘဝလုံးအတွက်အမြဲ အမှတ်ရစေမှာဖြစ်သလို မိမိတစ်ဘဝလုံးအတွက်အားတွေလည်းဖြစ်စေပါတယ်…။😊😊😊
🙏ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု🙏
Credit