Knowledge

ေျမေတြကို အကြက္ရိုက္ေရာင္းေနသူေတြက ဝယ္သူေတြအေပၚ ဂ်င္းထည့္ၾကတဲ့ နည္းလမ္းမ်ား

တရားမဝင္ ေျမကြက္ရိုက္ေရာင္းတဲ့ လုပ္ငန္းဟာ ဥပေဒနဲ႔ မလြတ္ဘူးဆိုေပမယ့္ အျမတ္ အရမ္းက်န္ပါတယ္။

ကိုယ္ေရာင္းလိုက္တဲ့ ေျမကြက္ဟာေဈးသက္သာလြန္းရင္လည္း ဝယ္သူ မယုံၾကည္မွာစိုးတာေၾကာင့္ ဝယ္သူယုံၾကည္ေလာက္တဲ့ ေဈးအထိေဈးတင္ၿပီး ေရာင္းၾကရပါတယ္။

အဲ့ဒါကလည္း တရားမဝင္အကြက္ရိုက္ေရာင္းတဲ့ ေဈးကြက္အတြက္ အျမတ္အစြန္းမ်ားစြာကို ရေစပါတယ္။

တစ္ကယ္ေတာ့ တစ္ဧက သိန္း ခုႏွစ္ဆယ္ ရွစ္ဆယ္ တစ္ရာ ေလာက္နဲ႔ ေပးဝယ္ရတဲ့ေျမဟာ အိမ္ဝိုင္းကြက္ရိုက္ၿပီး ျပန္ေရာင္းရင္ ေျမအေနအထားနဲ႔ လမ္းအေနအထားေပၚမူတည္ၿပီး

၁၄ ဝိုင္းကေန ၁၆ ဝိုင္းအထိရတာဆိုေတာ့ တြက္လိုက္ရင္ အိမ္ဝိုင္းတစ္ဝိုင္းစာအတြက္ ေျမတန္ဖိုးဟာ ေျခာက္သိန္းခြဲ ခုႏွစ္သိန္းေလာက္ပဲ ရွိတာပါ။

အဲ့ဒါကို တစ္ဝိုင္း ဆယ္သိန္းေလာက္နဲ႔ ျပန္ေရာင္းတယ္ဆိုရင္ ဝယ္သူေတြအတြက္ ေဈးခ်ိဳလြန္းတယ္ ဟုတ္မွ ဟုတ္ပမလားဆိုၿပီးေတာ့ သံသယဝင္စရာ ျဖစ္လာပါမယ္။ မယုံၾကည္ေတာ့ပါဘူး။

အဲ့ဒိေတာ့ ဝယ္တဲ့သူေတြ ယုံၾကည္ေအာင္ သိန္း ႏွစ္ဆယ္ အစိတ္ သုံးဆယ္ ေလးဆယ္ စသျဖင့္ ေဈးတင္ေရာင္းၾကတာပါ။

အဲ့ဒိလိုေရာင္းတဲ့အတြက္ အျမတ္လည္း အရမ္းရပါတယ္။ အဲ့လိုအျမတ္မ်ားေတာ့ တစ္ခ်ိဳ႕ စီးပြားေရးသမားေတြက ကိုုယ္တိုင္ မလုပ္ေတာ့ပါဘူး။

ဥပေဒနဲ႔မလြတ္လို႔ ျပႆနာအရႈပ္အရွင္းျဖစ္ရင္ ေရွာင္ထြက္လို႔ ရေအာင္လို႔ပါ။ အဲ့ဒိေတာ့ ပြဲစားေတြကို ပါးပါးနပ္နပ္ အသုံးခ်လာၾကပါတယ္။

ဘယ္လိုအသုံးခ်သလဲဆိုရင္ အဲ့ဒါမ်ိဳးလုပ္ဖို႔ လူေလးငါးေယာက္ေလာက္ စုၿပီးအဖြဲ႕ဖြဲ႕ လိုက္ပါတယ္။ ေခါင္းေဆာင္မပါပါဘူး။ ေျမကို စုဝယ္လိုက္ပါတယ္။ အမည္ေပါက္ မေျပာင္းပါဘူး။ ျပႆနာျဖစ္ရင္ ေရွာင္ထြက္လို႔ ရေအာင္လို႔ပါ။

အျခားသုံး ေလၽွာက္ျပပါတယ္။ခြင့္ျပဳမိန႔္ က်စရာမလိုပါဘူး။ သက္ဆိုင္ရာလူေတြသိရင္ ရပါၿပီ။ ဒါမွ မေက်နပ္တဲ့သူေတြကတိုင္ရင္ အျခားသုံးေလၽွာက္ထားတာလို႔ ဆင္ေျခေပးလို႔ရေအာင္လို႔ပါ။ ေရာင္းေတာ့လည္း ေျပာအားရွိပါတယ္။

ခြင့္ျပဳမိန႔္သာ မပါတာ။ အျခားသုံးေလၽွာက္ထားပါတယ္ ဆိုၿပီးေတာ့ေလ။အဲ့ဒိလို လုပ္ၿပီးၿပီဆိုရင္ ေျမထိုးတဲ့စက္သမားကိုခၚ ခင္ဗ်ား ေျမထိုးေပးမလား တစ္ဧက တစ္သိန္းႏႈန္းေပးမယ္။

ပြဲစားလုပ္တဲ့သူေတြကိုလည္း ခင္ဗ်ားေရာင္းေပးမလား တစ္ဝိုင္းေရာင္းထြက္ရင္ တစ္သိန္းေပးမယ္။လူရွာေပးတဲ့သူေတြကိုလည္း ခင္ဗ်ားလူရွာေပးမလား တစ္ဝိုင္းေရာင္းထြက္ရင္ တစ္သိန္းေပးမယ္။ စသျဖင့္ လူရွာၿပီးေရာင္းပါတယ္။

အဲ့ဒါေၾကာင့္ အဲ့လိုအကြက္ရိုက္ေရာင္းတဲ့ ေနရာသြားလိုက္တာနဲ႔ ဘယ္ကေနထြက္လာမွန္း မသိတဲ့သူေတြ online ကေန လူရွာေပးတဲ့သူေတြ ပြစိတက္လာတာပါ။

အဲ့လိုလူေတြကလည္း သူတို႔နဲ႔ရင္းႏွီးတဲ့သူေတြ ခင္မင္တဲ့သူေတြကို စပ္ေပးၿပီး ေျမကြက္ေတြဘယ္နားမွာ ရွိတယ္ ငါကဘယ္အကြက္ယူထားတာ နင္လည္းယူအုံးမလား တန္တယ္ေနာ္။

ေနာက္ဆို အဲ့ေဈးနဲ႔ရမွာ မဟုတ္ဘူး စတဲ့စကားေတြနဲ႔ သူ႔လူေတြကို ဝယ္ခ်င္လာေအာင္ စည္း႐ုံးပါေတာ့တယ္။ တစ္ဝိုင္းေရာင္းထြက္ရင္ တစ္သိန္းရတာဆိုေတာ့ မနည္းဘူးေလ။

အဲ့ဒိလို႔ စည္း႐ုံးလို႔ ရၿပီဆိုတာနဲ႔ ပိုင္ရွင္အမည္ခံၿပီး ေရာင္းေပးမယ့္သူဆီကို ပိုင္ရွင္ဆိုၿပီး ေခၚသြားေတာ့တာပါပဲ။ဟိုကလည္း ပိုက္ဆံရေတာ့ ပိုင္ရွင္ေယာင္ေဆာင္ၿပီး စာခ်ဳပ္ခ်ဳပ္ေပးလိုက္ေရာ။

တစ္ခ်ိဳ႕ပြဲစားေတြဆို စာခ်ဳပ္မွာ ပိုင္ရွင္ကိုယ္စားဆိုၿပီး လက္မွတ္ထိုး ေရာင္းေပးလိုက္ တာေတြလည္းရွိပါေသးတယ္။ လတ္တေလာ ပိုက္ဆံရလို႔ လုပ္ေပးလိုက္တာပါ။

တစ္ခ်ိဳ႕က မွတ္ပုံတင္အတု အိမ္ေထာင္စုဇဟားအတုေတြနဲ႔ လုပ္ေပးတာေတြလည္း ရွိပါေသးတယ္။ နာရီပိုင္းအတြင္း ပိုက္ဆံ သိန္းနဲ႔ခ်ီရတာကို။

တစ္ခ်ိဳ႕ၾကေတာ့လည္း ပြဲစားေတြကို ခင္ဗ်ားက ဒီအကြက္ေတြ ေရာင္းေပး။ ခင္ဗ်ားကသင့္သလိုေဈးေခၚ သိန္း အစိတ္ဝန္းက်င္နဲ႔ေဈးညႇိေရာင္း ေဈးအရမ္းမတင္နဲ႔ ေရရွည္လုပ္လို႔ရေအာင္လို႔။

က်ဳပ္တို႔အဖြဲ႕ကို တစ္ဝိုင္းေရာင္းထြက္ရင္ ၂၃ သိန္းသြင္းဆိုၿပီး အဲ့ဒိလို လုပ္ေရာင္းတာေတြလည္းရွိပါတယ္။ ျပႆနာအရႈပ္အရွင္း ျဖစ္လာရင္ အကြက္ရိုက္သူက လြတ္ေအာင္လုပ္တဲ့သေဘာမ်ိဳးပါ။ ၿပီးမွ ပိုက္ဆံခြဲယူၾကတာပါ။

ဝယ္သူေတြက အဲ့ဒါေတြကို မသိၾကပါဘူး။ဝယ္သူအမ်ားစုက သူတို႔ဝယ္တဲ့ ေျမနဲ႔ပတ္သက္ၿပီး မူရင္းအမည္ေပါက္က ဘယ္သူလဲ။ ေရာင္းတဲ့သူက ဘယ္သူလဲ။ ဒီပစၥည္းက ေရာင္းသူလက္ထဲ ဘယ္လိုနည္းနဲ႔ ေရာက္ရွိ ပိုင္ဆိုင္လာတာလဲ။

သူ႔ပိုင္ဆိုင္မႈက တရားဝင္ပိုင္ဆိုင္မႈ႔လား။ ေျမေရာင္းတဲ့ ေတာင္သူနဲ႔ အေရာင္းအဝယ္သေဘာအရ အရပ္စာခ်ဳပ္ခ်ဳပ္ထားလို႔ ပိုင္ဆိုင္မႈ ရေနတာလားဆိုတာ နားလည္တာ မဟုတ္ပါဘူး။

အဲ့ဒါေၾကာင့္ ဂ်င္းထည့္ေရာင္းၾကတာပါ။ တတ္သိနားလည္တဲ့သူနဲ႔ သြားဝယ္ရင္ အေရာင္းအဝယ္ ပ်က္တာမ်ားပါတယ္။ မဟုတ္တာ လုပ္ေရာင္းတာဆိုေတာ့ နားလည္တဲ့သူၾက လိမ္ေရာင္းလို႔မရလို႔ပါ။

နားမလည္တဲ့သူေတြကေတာ့ မ်က္ကန္းတေစၧ မေၾကာက္မို႔ ဝယ္ပါတယ္။တစ္ခ်ိဳ႕အကြက္ရိုက္ေရာင္းတဲ့သူေတြဆို ေတာင္သူေတြဆီက ဝယ္တုန္းက စာခ်ဳပ္ထဲမွာက ေဈးတစ္မ်ိဳး။

အကြက္ရိုက္ၿပီး ျပန္ေရာင္းတဲ့စာခ်ဳပ္ထဲ မိတၱဴဆြဲထည့္ေပးဖို႔ လုပ္ထားတဲ့ စာခ်ဳပ္အတုက ေဈးတစ္မ်ိဳး။ အဲ့ဒိလိုဂ်င္းထည့္တာေတြလည္း ရွိပါေသးတယ္။ ဒီေျမယာဟာ ဘယ္ေလာက္ပဲတန္တယ္ဆိုတာ ဝယ္သူအမ်ားစုက မသိၾကပါဘူး။

အဲ့ဒိေတာ့ လိမ္ေရာင္းလို႔ ရပါတယ္။ၿပီးေတာ့တရားမဝင္ အကြက္ရိုက္ၿပီး ျပန္ေရာင္းတဲ့သူေတြက စာခ်ဳပ္ထဲမွာ ဘယ္လိုပဲ တာဝန္ယူေပးတယ္ေျပာေျပာ တစ္ကယ္ျပႆနာ ျဖစ္လာရင္ စာခ်ဳပ္မွာ အမည္ခံၿပီးေရာင္းတဲ့သူရယ္

သက္ေသအေနနဲ႔ လက္မွတ္ထိုးတဲ့သူရယ္ ဝယ္သူရယ္ အမည္ေပါက္ပိုင္ရွင္ရယ္ပဲ ရွင္းရတာပါ။ မေရႊ႕ေျပာင္းနိုင္တဲ့ ပစၥည္းဆိုတာ အရပ္စာခ်ဳပ္နဲ႔ အေရာင္းအဝယ္လုပ္ရင္ တရား႐ုံးမွာ သက္ေသခံ မဝင္ေတာ့ ေျမကိုအဖြဲ႕ဖြဲ႕ၿပီး ဝယ္တာက သူတို႔အတြက္ ဂ်င္းထည့္ဖို႔ ဂြင္ျဖစ္ေနပါတယ္။

ျပႆနာျဖစ္လာရင္ သူတို႔ကိုဆြဲထည့္လို႔ မရေတာ့ဘူးေလ။ သူတို႔ကိုဆြဲထည့္ရင္ေတာင္ ျငင္းမယ္ ေရွာင္မယ္ ေဝလည္ေခ်ာင္ပတ္လုပ္မယ္ ေရွ႕ေနကို ပိုက္ဆံေပးၿပီး ဥပေဒနဲ႔အညီ လြတ္ေအာင္လုပ္မယ္ေလ။ ဘယ္ေလာက္ေကာင္းလဲ။

စာခ်ဳပ္ထဲမွာ အမည္ပါတဲ့သူေတြ လက္မွတ္ထိုးတဲ့သူေတြ လက္ေဗြႏွိပ္တဲ့သူေတြ ရွင္းၾကေပါ့။ အဲ့ဒိလို လုပ္ၾကတာပါ။အျမတ္ၾကေတာ့လည္း တြက္ၾကည္ဦး။

တစ္ဝိုင္းကို သိန္းအစိတ္နဲ႔ ေရာင္းရင္ေတာင္မွ ေရာင္းေပးတဲ့သူ တစ္သိန္း လူရွာေပးတဲ့သူ တစ္သိန္း လက္မွတ္ထိုး သက္ေသလုပ္ေပးတဲ့သူ တစ္ေသာင္းစီ

သက္ဆိုင္ရာ ဘာညာသာရကာက ၅ ေသာင္း ေျမကြက္အတြက္ အရင္းက ခုႏွစ္သိန္း စုစုေပါင္း ၁၀ သိန္း ႏႈတ္လိုက္ရင္ ေျမကြက္တစ္ကြက္ကို ၁၅ သိန္း အသားတင္ အျမတ္က်န္ပါတယ္။

ေပ ၂၀ လမ္းနဲ႔ ၁၆ ဝိုင္း ရိုက္ထားတဲ့ တစ္ဧကဆို တြက္ၾကည့္လိုက္ပါ။ သိန္း ၂၅၀ အသာေလး ျမတ္သြားတာပါ။ ငါးေယာက္ေလာက္စုၿပီး တစ္ေယာက္ ႏွစ္ဧက ေလာက္ပဲ လုပ္ဦး။

အနည္းဆုံး တစ္ေယာက္ သိန္း ၅၀၀ ေလာက္ျမတ္သြားပါတယ္။ ဒါေတာင္ တစ္ဝိုင္း သိန္း အစိတ္နဲ႔ပဲ တြက္ျပေသးတာပါ။ တစ္ဝိုင္း သိန္း သုံးဆယ္ ေလးဆယ္ဆို ဘယ္ေလာက္ျမတ္မလဲ စဥ္းစားသာၾကည့္လို႔ရပါတယ္။

အဲ့ဒါေၾကာင့္ အခုခ်ိန္မွာ တရားမဝင္ အိမ္ဝိုင္ကြက္ေတြကို ပိုင္ရွင္အမည္ခံေရာင္းသူေတြ ပြဲစားေတြနဲ႔ ဂ်င္းထဲေရာင္းၾကတာပါ။ တစ္ခ်ိဳ႕ဆို နိုင္ငံေတာ္ကပဲ တရားဝင္ခြင့္ျပဳထားလို႔ မီးရေတာ့မွာလိုလို ဓာတ္တိုင္ေတြဟန္ျပစိုက္ ႀကိဳးေတြသြယ္ၿပီး ဂ်င္းထည့္တာေတြလည္းရွိပါတယ္။ မီတာသြားေလၽွာက္မွ ဓာတ္တိုင္ေတြက ဂ်င္းထည့္ထားမွန္းသိရတာာေတြလည္း ရွိပါတယ္။

တရားမဝင္ အကြက္ရိုက္ေရာင္းသူေတြက သူတို႔ အဲ့ဒိလို ဂ်င္းထည့္ထားတာေတြ ေပၚမွာစိုးလို႔ သူတို႔ဆီကေရာင္းတဲ့ေျမကြက္ေတြကိုဝယ္ရင္ တရား႐ုံးမွာ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ရင္ မခ်ဳပ္ေစခ်င္ပါဘူး။

တရား႐ုံးမွာ စာခ်ဳပ္ခ်ဳပ္ မွတ္ပုံတင္ရင္ ကိုယ့္ဟာကိုယ္ ကုန္က်စားရိတ္ခံရမယ္ ရပ္ကြက္႐ုံးမွာ စာခ်ဳပ္ခ်ဳပ္လဲ တရားဝင္တာပဲ စသျဖင့္ မဟုတ္မမွန္တဲ့စကားေတြနဲ႔ ဝယ္သူက အပိုအလုပ္ေတြလုပ္သလို ဂ်င္းထည့္တာပါ။

တစ္ခ်ိဳ႕ဝယ္သူေတြၾကေတာ့လည္း ဘာမွနားမလည္ၾကပါဘူး။ သူတို႔လုပ္ေပးတာေတြကို အမွန္ထင္ေနၾကတဲ့ သူေတြလည္း ရွိပါတယ္။

အမွန္တစ္ကယ္ဥပေဒအရ တစ္သိန္းႏွင့္အထက္ တန္ဖိုးရွိတဲ့ မေရႊ႕ေျပာင္းနိုင္တဲ့ ပစၥည္းမွန္သမၽွ ဝယ္ရင္ စာခ်ဳပ္ခ်ဳပ္ၿပီး တရား႐ုံမွာ မွတ္ပုံတင္မွ တရားဝင္တာပါ။

အဲ့ဒါမွ ေနာင္တစ္ခ်ိန္ ျပႆနာျဖစ္လာရင္လည္း စာခ်ဳပ္ကိုမွတ္ပုံတင္ထားတာဆိုေတာ့ ရွင္းလို႔လြယ္တာပါ။

တရားမဝင္အိမ္ဝိုင္းကြက္ ရိုက္ေရာင္းတဲ့လူေတြက သူတို႔ေရာင္းတဲ့ ေျမကြက္ေတြကို တရားဝင္မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဝယ္ရင္ သူတို႔ လိမ္ထားတာေတြ ဂ်င္းထည့္ထားတာေတြ ေပၚမွာေၾကာက္လို႔ အဲ့လိုအလုပ္မခံၾကပါဘူး။

မသိနားမလည္တဲ့သူေတြကို မိတၱဴကူးထားတဲ့ စာရြက္ေတြသာပါတဲ့ အရပ္စာခ်ဳပ္ေတြနဲ႔ ဂ်င္းထည့္ လိမ္ေရာင္းၾကတာပါ။ ပြဲစားေတြ ပိုင္ရွင္အမည္ခံေရာင္းေပးတဲ့သူေတြက ဘာမွမဟုတ္တဲ့ ေငြေလးနဲ႔

ျပႆနာျဖစ္လာရင္ ေခါင္းခံေျဖရွင္းရမွာ သူတို႔ကိုယ္သူတို႔ မသိၾကပါဘူး။ တရားမဝင္အိမ္ၿခံေျမက႑မွာ နားမလည္တဲ့သူေတြကို အဲ့ဒိလိုအသုံးခ် ဖားရိုက္ေနၾကလို႔ မသိေသးတဲ့သူေတြ မခံရေအာင္လို႔ တင္ေပးလိုက္တာပါ။

#original uploader

တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့် အမြတ် အရမ်းကျန်ပါတယ်။

ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာဈေးသက်သာလွန်းရင်လည်း ဝယ်သူ မယုံကြည်မှာစိုးတာကြောင့် ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိဈေးတင်ပြီး ရောင်းကြရပါတယ်။

အဲ့ဒါကလည်း တရားမဝင်အကွက်ရိုက်ရောင်းတဲ့ ဈေးကွက်အတွက် အမြတ်အစွန်းများစွာကို ရစေပါတယ်။

တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင် မြေအနေအထားနဲ့ လမ်းအနေအထားပေါ်မူတည်ပြီး

၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိရတာဆိုတော့ တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက် မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။

အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့ ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက် ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလားဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။ မယုံကြည်တော့ပါဘူး။

အဲ့ဒိတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင် သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင်ရောင်းကြတာပါ။

အဲ့ဒိလိုရောင်းတဲ့အတွက် အမြတ်လည်း အရမ်းရပါတယ်။ အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။

ဥပဒေနဲ့မလွတ်လို့ ပြဿနာအရှုပ်အရှင်းဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။ အဲ့ဒိတော့ ပွဲစားတွေကို ပါးပါးနပ်နပ် အသုံးချလာကြပါတယ်။

ဘယ်လိုအသုံးချသလဲဆိုရင် အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက် စုပြီးအဖွဲ့ဖွဲ့ လိုက်ပါတယ်။ ခေါင်းဆောင်မပါပါဘူး။ မြေကို စုဝယ်လိုက်ပါတယ်။ အမည်ပေါက် မပြောင်းပါဘူး။ ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။

အခြားသုံး လျှောက်ပြပါတယ်။ခွင့်ပြုမိန့် ကျစရာမလိုပါဘူး။ သက်ဆိုင်ရာလူတွေသိရင် ရပါပြီ။ ဒါမှ မကျေနပ်တဲ့သူတွေကတိုင်ရင် အခြားသုံးလျှောက်ထားတာလို့ ဆင်ခြေပေးလို့ရအောင်လို့ပါ။ ရောင်းတော့လည်း ပြောအားရှိပါတယ်။

ခွင့်ပြုမိန့်သာ မပါတာ။ အခြားသုံးလျှောက်ထားပါတယ် ဆိုပြီးတော့လေ။အဲ့ဒိလို လုပ်ပြီးပြီဆိုရင် မြေထိုးတဲ့စက်သမားကိုခါ် ခင်ဗျား မြေထိုးပေးမလား တစ်ဧက တစ်သိန်းနှုန်းပေးမယ်။

ပွဲစားလုပ်တဲ့သူတွေကိုလည်း ခင်ဗျားရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။လူရှာပေးတဲ့သူတွေကိုလည်း ခင်ဗျားလူရှာပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။ စသဖြင့် လူရှာပြီးရောင်းပါတယ်။

အဲ့ဒါကြောင့် အဲ့လိုအကွက်ရိုက်ရောင်းတဲ့ နေရာသွားလိုက်တာနဲ့ ဘယ်ကနေထွက်လာမှန်း မသိတဲ့သူတွေ online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်လာတာပါ။

အဲ့လိုလူတွေကလည်း သူတို့နဲ့ရင်းနှီးတဲ့သူတွေ ခင်မင်တဲ့သူတွေကို စပ်ပေးပြီး မြေကွက်တွေဘယ်နားမှာ ရှိတယ် ငါကဘယ်အကွက်ယူထားတာ နင်လည်းယူအုံးမလား တန်တယ်နော်။

နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ်။ တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းရတာဆိုတော့ မနည်းဘူးလေ။

အဲ့ဒိလို့ စည်းရုံးလို့ ရပြီဆိုတာနဲ့ ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ။ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင်ယောင်ဆောင်ပြီး စာချုပ်ချုပ်ပေးလိုက်ရော။

တစ်ချို့ပွဲစားတွေဆို စာချုပ်မှာ ပိုင်ရှင်ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်းရှိပါသေးတယ်။ လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ။

တစ်ချို့က မှတ်ပုံတင်အတု အိမ်ထောင်စုဇဟားအတုတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။ နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကို။

တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး။ ခင်ဗျားကသင့်သလိုဈေးခေါ် သိန်း အစိတ်ဝန်းကျင်နဲ့ဈေးညှိရောင်း ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ရအောင်လို့။

ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်းရောင်းထွက်ရင် ၂၃ သိန်းသွင်းဆိုပြီး အဲ့ဒိလို လုပ်ရောင်းတာတွေလည်းရှိပါတယ်။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင်လုပ်တဲ့သဘောမျိုးပါ။ ပြီးမှ ပိုက်ဆံခွဲယူကြတာပါ။

ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ။ ရောင်းတဲ့သူက ဘယ်သူလဲ။ ဒီပစ္စည်းက ရောင်းသူလက်ထဲ ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ။

သူ့ပိုင်ဆိုင်မှုက တရားဝင်ပိုင်ဆိုင်မှု့လား။ မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ်သဘောအရ အရပ်စာချုပ်ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။

အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။ တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင် အရောင်းအဝယ် ပျက်တာများပါတယ်။ မဟုတ်တာ လုပ်ရောင်းတာဆိုတော့ နားလည်တဲ့သူကြ လိမ်ရောင်းလို့မရလို့ပါ။

နားမလည်တဲ့သူတွေကတော့ မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။တစ်ချို့အကွက်ရိုက်ရောင်းတဲ့သူတွေဆို တောင်သူတွေဆီက ဝယ်တုန်းက စာချုပ်ထဲမှာက ဈေးတစ်မျိုး။

အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့စာချုပ်ထဲ မိတ္တူဆွဲထည့်ပေးဖို့ လုပ်ထားတဲ့ စာချုပ်အတုက ဈေးတစ်မျိုး။ အဲ့ဒိလိုဂျင်းထည့်တာတွေလည်း ရှိပါသေးတယ်။ ဒီမြေယာဟာ ဘယ်လောက်ပဲတန်တယ်ဆိုတာ ဝယ်သူအများစုက မသိကြပါဘူး။

အဲ့ဒိတော့ လိမ်ရောင်းလို့ ရပါတယ်။ပြီးတော့တရားမဝင် အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ ဘယ်လိုပဲ တာဝန်ယူပေးတယ်ပြောပြော တစ်ကယ်ပြဿနာ ဖြစ်လာရင် စာချုပ်မှာ အမည်ခံပြီးရောင်းတဲ့သူရယ်

သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့သူရယ် ဝယ်သူရယ် အမည်ပေါက်ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ အရပ်စာချုပ်နဲ့ အရောင်းအဝယ်လုပ်ရင် တရားရုံးမှာ သက်သေခံ မဝင်တော့ မြေကိုအဖွဲ့ဖွဲ့ပြီး ဝယ်တာက သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ်။

ပြဿနာဖြစ်လာရင် သူတို့ကိုဆွဲထည့်လို့ မရတော့ဘူးလေ။ သူတို့ကိုဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ် ဝေလည်ချောင်ပတ်လုပ်မယ် ရှေ့နေကို ပိုက်ဆံပေးပြီး ဥပဒေနဲ့အညီ လွတ်အောင်လုပ်မယ်လေ။ ဘယ်လောက်ကောင်းလဲ။

စာချုပ်ထဲမှာ အမည်ပါတဲ့သူတွေ လက်မှတ်ထိုးတဲ့သူတွေ လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့။ အဲ့ဒိလို လုပ်ကြတာပါ။အမြတ်ကြတော့လည်း တွက်ကြည်ဦး။

တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ ရောင်းပေးတဲ့သူ တစ်သိန်း လူရှာပေးတဲ့သူ တစ်သိန်း လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ

သက်ဆိုင်ရာ ဘာညာသာရကာက ၅ သောင်း မြေကွက်အတွက် အရင်းက ခုနှစ်သိန်း စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင် မြေကွက်တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။

ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။ သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ။ ငါးယောက်လောက်စုပြီး တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။

အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်မြတ်သွားပါတယ်။ ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ တွက်ပြသေးတာပါ။ တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို ဘယ်လောက်မြတ်မလဲ စဉ်းစားသာကြည့်လို့ရပါတယ်။

အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင် အိမ်ဝိုင်ကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထဲရောင်းကြတာပါ။ တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့ မီးရတော့မှာလိုလို ဓာတ်တိုင်တွေဟန်ပြစိုက် ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်းရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက ဂျင်းထည့်ထားမှန်းသိရတာာတွေလည်း ရှိပါတယ်။

တရားမဝင် အကွက်ရိုက်ရောင်းသူတွေက သူတို့ အဲ့ဒိလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့ သူတို့ဆီကရောင်းတဲ့မြေကွက်တွေကိုဝယ်ရင် တရားရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရင် မချုပ်စေချင်ပါဘူး။

တရားရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင် ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ်ခံရမယ် ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့ ဝယ်သူက အပိုအလုပ်တွေလုပ်သလို ဂျင်းထည့်တာပါ။

တစ်ချို့ဝယ်သူတွေကြတော့လည်း ဘာမှနားမလည်ကြပါဘူး။ သူတို့လုပ်ပေးတာတွေကို အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။

အမှန်တစ်ကယ်ဥပဒေအရ တစ်သိန်းနှင့်အထက် တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ ဝယ်ရင် စာချုပ်ချုပ်ပြီး တရားရုံမှာ မှတ်ပုံတင်မှ တရားဝင်တာပါ။

အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကိုမှတ်ပုံတင်ထားတာဆိုတော့ ရှင်းလို့လွယ်တာပါ။

တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက သူတို့ရောင်းတဲ့ မြေကွက်တွေကို တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဝယ်ရင် သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ ပေါ်မှာကြောက်လို့ အဲ့လိုအလုပ်မခံကြပါဘူး။

မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့ စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။ ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက ဘာမှမဟုတ်တဲ့ ငွေလေးနဲ့

ပြဿနာဖြစ်လာရင် ခေါင်းခံဖြေရှင်းရမှာ သူတို့ကိုယ်သူတို့ မသိကြပါဘူး။ တရားမဝင်အိမ်ခြံမြေကဏ္ဍမှာ နားမလည်တဲ့သူတွေကို အဲ့ဒိလိုအသုံးချ ဖားရိုက်နေကြလို့ မသိသေးတဲ့သူတွေ မခံရအောင်လို့ တင်ပေးလိုက်တာပါ။

#original uploader