Crd
Unicode Version
ထိုင်နေတုန်း အသက် ၈၅ နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်တဲ့အခါမှာ
အရမ်းကိုအံသြသွားတဲ့ လူတစ်ယောက်ရဲ့အဖြစ်ပဲဖြစ်ပါတယ်။
လူတွေဟာအသက်အရွယ်ကြီးမြင့်လာတဲ့အခါမှာရုန်းကန်လှုပ်ရှားဖို့တော်တော်လေးကိုခက်ခဲပါတယ်။
စားရေးသောက်ရေးနေရေးထိုင်ရေးအတွက် တစ်ကိုယ် တည်းရှာဖွေဖို့ဆိုတာ ပိုခက်ခဲပါတယ်။
ယခုလိုခက်ခဲတဲ့ကြားက အသက် ၈၅ နှစ်အရွယ်အဖွားအိုတစ်ယောက်က ကားငှားခြင်းကိုခံခဲ့ရတဲ့ လူတစ်ယောက်ဟာ လူမှုကွန်ယက်မှာ ယခုကဲ့သို့မျှဝေခဲ့ပါတယ်။
ကျောက်ဆည် Alpha ဘိလပ်မြေစက်ရုံရှေ့ထိုင်နေတုန်း မန္တလေးဘက်က သနပ်ခါးတုံးရောင်းပြီးပြန်လာတဲ့ အသက် ၈၀ ကျော်အဖွားအိုတစ်ယောက်
သူ့အိမ်ကိုပြန်ဖို့ ကားကြုံစီးပါရစေ ပိုက်ဆံ ၅၀၀ ပေးပါ့မယ်ဆိုလို့ အိမ်အရောက်လိုက်ပို့ပေးလိုက်တယ်။
၈၅ နှစ်အရွယ်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အလုပ် လုပ်နေတဲ့အဖွားကို လေးစားသောအားဖြင့်
ပိုက်ဆံနဲ့ကန်တော့ပါရစေဆိုတော့ဝမ်းသာလွန်းလို့ ဆုတွေတရစပ်ပေးနေတော့တာပဲ။
၅၀၀၀ တန် ၅ ရွက်ကို မယုံနိုင်တဲ့မျက်လုံးနဲ့ကြည့်ရင်း ဆုတွေတရစပ်ပေးနေတော့တယ်။
ဝမ်းသာဝမ်းနဲတဲ့မျက်ဝန်းတွေနဲ့ ငေးကျန်ခဲ့တဲ့အဖွား ကျန်းမာပါစေ။
ပရိတ်သတ်ကြီးရေ Myozayar Lwin ရဲ့ စိတ်ဓါတ်လေးကိုချီးကျူးမိပါတယ်။အဖွားအိုလည်းကျန်းမာပါစေနော်။
မိတ်ဆွေတို့လဲသက်ကြီးရွယ်အိုအဖိုးအဖွားများခက်ခဲရုန်းကန်နေတာတွေ့ရင် ယခုအချိန်မှ တတ်နိုင်သလောက်ကူညီစောင်မပေးကြဖို့မေတ္တာထားပြီး တိုက်တွန်းဆော်အပ်ပါတယ်။
Crd