Local News

မင္းေအာင္လႈိင္ ခိုင္းသမွ်လုပ္ခဲ့တဲ့ သန္းလႈိင္ရဲ႕နိဂုံး

မင္းေအာင္လႈိင္ ခိုင္းသမွ်လုပ္ခဲ့တဲ့ သန္းလႈိင္ရဲ႕နိဂုံး (သတင္းေဆာင္းပါး)

ဆလိုင္းသန႔္စင္/ဧရာဝတီတိုင္းမ္

ဇြန္လ ၆ ရက္

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဆိုသူက စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ အားကိုးယုံၾကည္ရသည့္ လက္႐ုံးတစ္ဆူျဖစ္သည္။

စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အရပ္သား NLD အစိုးရေခါင္းေဆာင္မ်ားကို ဖမ္းဆီးကာ တိုင္းျပည္အာဏာ သိမ္းယူၿပီးေနာက္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (နစက) ကို ဖြဲ႕စည္းကာ တိုင္းျပည္ကိုအုပ္ခ်ဳပ္ရန္ ၎ယုံၾကည္စိတ္ခ်ရသူမ်ားကို ရာထူးတာဝန္မ်ား အသီးသီး ေပးအပ္ခဲ့သည္။

ထိုသူမ်ားထဲတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) အမွတ္ ၆ စစ္ဆင္ေရးအထူးအဖြဲ႕မႉး (ကစထ – ၆) တာဝန္ထမ္းေနသည့္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္သည္ ျပည္ထဲေရးဌာန ဒုဝန္ႀကီးႏွင့္ ျမန္မာႏိုင္ငံရဲခ်ဳပ္စသည့္ အေရးႀကီးရာထူး တာဝန္မ်ား ေပးအပ္ျခင္း ခံခဲ့ရသည္။

ရာထူးႀကီးမ်ား ရခဲ့ေသာ ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္သည္ သူ၏အဘ (စစ္တပ္အေခၚအေဝၚ) စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ခိုင္းသမွ် မိုက္မိုက္ကန္းကန္း လုပ္ခဲ့သူဟု ႏိုင္ငံေရး၊ စစ္ေရးေလ့လာေစာင့္ၾကည့္သူမ်ားက ေျပာဆိုၾကသည္။

ျမန္မာႏိုင္ငံ ရဲခ်ဳပ္ျဖစ္သူ သန္းလႈိင္သည္ စစ္တပ္အာဏာသိမ္းမႈအား အၾကမ္းမဖက္ဘဲ ၿငိမ္းခ်မ္းစြာ ဆႏၵျပသည့္ ျပည္သူမ်ားကို အင္အားသုံး၍ အၾကမ္းဖက္ ၿဖိဳခြင္းခဲ့သည္။ ၎လက္ေအာက္ရွိ ရဲတပ္ဖြဲ႕က ျပည္သူလူထု၏ေဈးဆိုင္၊ ေနအိမ္အေဆာက္အဦး၊ ကား၊ ဆိုင္ကယ္ယာဥ္အသုံးအေဆာင္မ်ားကို ႐ိုက္ခ်ိဳးဖ်က္ဆီးခဲ့သည္။

အဓိက႐ုဏ္းႏွိမ္နင္းေရး လုပ္ငန္းစဥ္အဆင့္ဆင့္ အတိုင္း ေဆာင္႐ြက္ရမည့္အစား က်ည္အစစ္ျဖင့္ ျပည္သူမ်ားကို ပစ္ခတ္သတ္ျဖတ္ခဲ့သည္။ စစ္ေကာင္စီကို ဆန႔္က်င္သူ ေထာင္ႏွင့္ခ်ီ ဖမ္းဆီး၍ စစ္ေၾကာေရးတြင္ ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္ျခင္းႏွင့္ ေထာင္ခ်ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

“သန္းလႈိင္က မင္းေအာင္လႈိင္ခိုင္းသမွ် မိုက္မိုက္ကန္းကန္း အကုန္လုပ္တာ။ သူရဲခ်ဳပ္ျဖစ္ခ်ိန္မွာ သူ႔ညီအရင္းကိုေတာင္ ျပန္ဖမ္းတယ္။ ၿပီးေတာ့ စစ္ေၾကာေရးမွာ ညႇဥ္းပန္းႏွိပ္စက္ၿပီး သတ္ပစ္တာ။ အဲ့လိုလူစား”ဟု စစ္ေခါင္းေဆာင္မ်ား၏လႈပ္ရွားမႈကို သုေတသနျပဳေနသည့္ လုပ္သက္ရင့္ သတင္းေထာက္တစ္ဦးက ေျပာသည္။

ရဲခ်ဳပ္ သန္းလႈိင္၏ ညီျဖစ္သူ ကိုစိုးမိုးလႈိင္(ခ) မဲႀကီးမွာ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းတစ္ဦးျဖစ္ၿပီး ေက်ာင္းသားတပ္မေတာ္ ABSDF ရဲေဘာ္ေဟာင္းတစ္ဦးလည္း ျဖစ္သည္။

စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပသည့္ ေတာ္လွန္ေရးသမား ကိုစိုးမိုးလႈိင္(ခ) မဲႀကီးကို သန္းလႈိင္ လက္ေအာက္ရွိ ရဲတပ္ဖြဲ႕က ၂ဝ၂၁ ခုႏွစ္ ေမလတြင္ ပဲခူးၿမိဳ႕နယ္၌ ဖမ္းဆီးခဲ့ၿပီး စစ္ေၾကာေရးစခန္းတြင္ အျပင္းအထန္ ညႇဥ္းပန္းႏွိပ္စက္မႈမ်ားေၾကာင့္ က်ဆုံးခဲ့ရသည္။

ညီအရင္းျဖစ္သူတေယာက္လုံး သူတာဝန္ယူထားသည့္ ရဲတပ္ဖြဲ႕လက္ခ်က္ေၾကာင့္ ေသဆုံးခဲ့ေသာ္လည္း သန္းလႈိင္တေယာက္ ဂ႐ုမစိုက္ဘဲ ရာထူးႀကီး ၃ ခုျဖင့္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္လက္ေအာက္တြင္ အဘခိုင္းသမွ်လုပ္ရင္း ဆက္လက္ အမႈထမ္းခဲ့သည္။

၂၀၂၁ ေမလတြင္ စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းရွိ ေယာနယ္ (ေဆာ၊ ထီးလင္း၊ ေက်ာက္ထု၊ ဂန႔္ေဂါ) ေဒသမ်ား၌ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – PDF မ်ားက စစ္ေကာင္စီတပ္မ်ားကို အျပင္းအထန္ ခုခံေတာ္လွန္ခဲ့ၾကသည္။

စစ္ကိုင္းတိုင္း၌ ၿမိဳ႕နယ္ေပါင္း ၃၄ ခုရွိသည့္အနက္ အနည္းဆုံး ၿမိဳ႕နယ္ ၂၅ ခုမွ အေရအတြက္ ေသာင္းႏွင့္ခ်ီေသာ PDF တပ္သားမ်ားက စစ္ေကာင္စီကို ကုန္းေၾကာင္းႏွင့္ ေရေၾကာင္းကပါ ေပ်ာက္ၾကားစနစ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ မိုင္းဆြဲတိုက္ခိုက္ၿပီး ခုခံေတာ္လွန္ခဲ့ၾကသည္။

စစ္ကိုင္းတိုင္းရွိ စစ္တပ္၏စီးပြားေရးလုပ္ငန္းျဖစ္သည့္ Mytel ဖုန္းတာဝါတိုင္ ၃၆၀ ေက်ာ္ကို PDF မ်ားက မိုင္းခြဲဖ်က္ဆီးခဲ့ၿပီး စစ္ေကာင္စီယာဥ္တန္းမ်ားကိုလည္း မိုင္းဆြဲတိုက္ခိုက္ျခင္းမ်ားေၾကာင့္ ၂၀၂၁ ခုႏွစ္၊ ႏွစ္လယ္ပိုင္းတြင္ စစ္ေကာင္စီ တပ္သားမ်ား ေသေၾကဒဏ္ရာရမႈ တစထက္တစ မ်ားျပားလာခဲ့သည္။

မုံ႐ြာၿမိဳ႕အေျခစိုက္ စစ္ေကာင္စီ၏အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ (နမခ) သည္ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၏ေယာေဒသႏွင့္ ခ်င္းျပည္နယ္ကို ကြပ္ကဲရသည့္စစ္တိုင္းတစ္ခု ျဖစ္သည္။ ထိုစဥ္က နမခတိုင္းမႉးမွာ ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန႔္ ျဖစ္သည္။

တိုင္းမႉး ၿဖိဳးသန႔္သည္ ၿမိဳ႕နယ္အလိုက္ ေတာ္လွန္တိုက္ခိုက္ေနသည့္ PDF မ်ားကို ထိေရာက္စြာ တိုက္ခိုက္ႏွိမ္နင္းႏိုင္ျခင္းမရွိဘဲ အက်အဆုံးမ်ားေနသျဖင့္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က သူ၏လက္ရင္းတပည့္ သန္းလႈိင္ကို ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလတြင္ နမခသို႔ ေစလႊတ္ခဲ့ၿပီး စစ္တိုင္းမႉး ၿဖိဳးသန႔္ကို သန္းလႈိင္လက္ေအာက္တြင္ထားကာ ကြပ္ကဲမႈမ်ား ေဆာင္႐ြက္ေစခဲ့သည္။

ဒု-ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္သည္ နမခသို႔ ေရာက္ရွိၿပီးေနာက္ စစ္ကိုင္းၿမိဳ႕ အေျခစိုက္ တပ္မ ၃၃၊ ပဲခူးၿမိဳ႕ အေျခစိုက္ တပ္မ ၇၇ ၊ ပခုကၠဴၿမိဳ႕အေျခစိုက္ တပ္မ ၁၀၁ ႏွင့္ေရေၾကာင္း၊ ေလေၾကာင္းတပ္မ်ားကို အသုံးျပဳ၍ အေလာင္းမင္းတရားစစ္ဆင္ေရးျဖင့္ စစ္ကိုင္းတိုင္းႏွင့္ ေယာေဒသရွိ PDF မ်ားကို အျပင္းအထန္ ထိုးစစ္ဆင္ခဲ့သည္။ ခ်င္းျပည္နယ္သို႔လည္း အေနာ္ရထာစစ္ဆင္ေရးျဖင့္ ေျခလ်င္တပ္မ်ား၊ သံခ်ပ္ကာယာဥ္မ်ား အသုံးျပဳ၍ တိုက္ခိုက္ခဲ့သည္။

အေလာင္းမင္းတရား စစ္ဆင္ေရးအတြင္း သန္းလႈိင္ကြပ္ကဲခဲ့ေသာတပ္မ်ားသည္ ေက်း႐ြာမ်ားကို မီးရႈိ႕ျခင္း၊ ျပည္သူတို႔၏ ေနအိမ္မ်ား၊ ဘုရားေက်ာင္းကန္ ဘုန္းႀကီးေက်ာင္းမ်ားကို ဖ်က္ဆီးလုယက္ျခင္း၊ အရပ္သား ျပည္သူမ်ားကို အရွင္လတ္လတ္ မီးရႈိ႕သတ္ျဖတ္ျခင္း၊ အေၾကာင္းမဲ့ ဖမ္းဆီးသတ္ျဖတ္ျခင္း၊ လက္နက္ႀကီးျဖင့္ ေက်း႐ြာမ်ားကို ပစ္ခတ္ျခင္း၊ ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ျခင္းစသည့္ စစ္ရာဇဝတ္မႈမ်ားကို က်ဴးလြန္ခဲ့ၾကသည္။

သန္းလႈိင္၏ၫႊန္ၾကားခ်က္ေအာက္တြင္ စစ္တပ္သည္ ကမ္းကုန္ေအာင္ ရက္စက္ၾကမ္းၾကဳတ္ျပခဲ့ေသာ္လည္း စစ္ကိုင္းႏွင့္ေယာနယ္သားတို႔သည္ ရွိသည့္လက္နက္မ်ားျဖင့္ စစ္ေကာင္စီတပ္မ်ားကို ရဲရဲဝံ့ဝံ့ ျပန္လည္ တိုက္ခိုက္ခဲ့ၾကသျဖင့္ စစ္ေကာင္စီတပ္ အထိနာၿမဲျဖစ္ခဲ့ၿပီး ယင္းနယ္မ်ားကို ထိမ္းခ်ဳပ္မရ ျဖစ္ခဲ့သည္။

“အစြမ္းကုန္ ၾကမ္းျပလိုက္ရင္ စစ္ကိုင္းနဲ႔ေယာနယ္က ၿငိမ္သြားလိမ့္မယ္ ထင္ခဲ့တာ။ အဲ့လိုသြားၾကမ္းေတာ့မွ ေပးဆပ္မႈေတြႀကီးမားၿပီး စစ္ကိုင္းနဲ႔ ေယာနယ္က ပိုၿပီးအုံႂကြေတာ့တာ”ဟု ႏိုင္ငံေရးႏွင့္စစ္ေရး ေလ့လာေစာင့္ၾကည့္သူ ဦးတင္လင္းေအာင္က ေျပာသည္။

အေလာင္းမင္းတရား စစ္ဆင္ေရး ကြပ္ကဲေနခ်ိန္တြင္ ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္၏ လူမဆန္သည့္ ရက္စက္ၾကမ္းၾကဳတ္ေသာလုပ္ရပ္မ်ားအေပၚ သူ၏မိသားစုဝင္မ်ားက ဆန႔္က်င္ရႈတ္ခ်မႈမ်ား ေပၚေပါက္ခဲ့သည္။

“သန္းလႈိင္က သူ႔ညီအရင္းကို ျပန္သတ္တာ၊ စစ္ကိုင္းမွာလုပ္တဲ့ အေလာင္းမင္းတရားစစ္ဆင္ေရးမွာ ႐ြာေတြမီးရႈိ႕၊ အၾကမ္းဖက္လုယက္၊ ဗုံးႀကဲ လူသတ္တာေတြလုပ္ေတာ့ သူ႔မိသားစုဝင္ေတြက လုံး၀ မႀကိဳက္ဘူး။ အဲ့လိုလုပ္တာေတြကို ကန႔္ကြက္တာေတြ၊ မလုပ္ဖို႔ တားျမစ္တာေတြ လုပ္တယ္။ မိသားစုက သူ႔ကို အလုပ္ကေန ထြက္ဖို႔အထိပါ ေျပာတာေတြ ရွိတယ္။ သူ႔ကို လူသတ္သမားဆိုၿပီး စကားမေျပာ၊ အဆက္အသြယ္ မလုပ္တာေတြ၊ ဖယ္က်ဥ္တာေတြလုပ္ခဲ့တယ္။ အဲဒီကတည္းက သန္းလႈိင္မွာ စိတ္ဓာတ္ေတြက်ေနတာ”ဟု ေနျပည္ေတာ္ စစ္ေခါင္းေဆာင္မိသားစုမ်ားႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္က ေျပာသည္။

အေလာင္းမင္းတရားစစ္ဆင္ေရးျဖင့္ စစ္ကိုင္းတိုင္းႏွင့္ ေယာနယ္ကို ၃ လတိုင္ ထိုးစစ္ဆင္ခဲ့ေသာ္လည္း PDF တပ္မ်ားကို မႏွိမ္နင္းႏိုင္သည့္အတြက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က သန္းလႈိင္ကို ေနျပည္ေတာ္သို႔ ျပန္ေခၚခဲ့သည္။

ထို႔ေနာက္ ေဖေဖာ္ဝါရီလတြင္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က သန္းလႈိင္ကို ကစထ – ၆ မႉးရာထူး ထိုင္ခုံေပၚမွ ကန္ခ်ခဲ့ၿပီး သူ႔ေနရာတြင္ ဒု ဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦးျဖင့္ အစားထိုးခဲ့သည္။

ကစထမႉးရာထူးမွာ စစ္တပ္၏ အထြဋ္အထိပ္ျဖစ္သည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရာထူး ရရွိႏိုင္ေသာ ေနရာျဖစ္သည္။ လက္ရွိကာခ်ဳပ္ မင္းေအာင္လႈိင္သည္ပင္ ကစထမႉးဘဝမွ ကာခ်ဳပ္ျဖစ္လာသူ ျဖစ္သည္။

ထိုသို႔ တက္လမ္းရွိေသာ ႀကီးမားသည့္ စစ္ဘက္ရာထူးမွ အျဖဳတ္ခံရသျဖင့္ သန္းလႈိင္တေယာက္ အႀကီးအက်ယ္ စိတ္ဓာတ္က်ခဲ့ၿပီး အရက္ေတြသာ ဖိေသာက္ေနခဲ့သည္ဟု ေနျပည္ေတာ္ရွိ စစ္ဘက္ဆိုင္ရာ သတင္းရင္းျမစ္မ်ားက ေျပာသည္။

“သန္းလႈိင္က ကစထမႉးရာထူးက အျဖဳတ္ခံရတာမွာ ပိုၿပီး တင္းသြားတယ္။ သူ႔ညီအရင္းကိုလည္း ရင္းခဲ့တယ္။ မိသားစုရဲ႕ ဆန႔္က်င္မႈၾကားက သူအလုပ္လုပ္ခဲ့တာကို အသိအမွတ္မျပဳဘဲ ရာထူးက ျဖဳတ္လိုက္ေတာ့ သူေတာ္ေတာ္ စိတ္ဓာတ္က်ၿပီး အရက္ေတြပဲ ဖိေသာက္ေတာ့တာ”ဟု ေနျပည္ေတာ္ရွိ စစ္ေခါင္းေဆာင္ မိသားစုမ်ားႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္က ဆိုသည္။

ဒု ဗိုလ္ခ်ဳပ္ႀကီးသန္းလႈိင္သည္ စိတ္ညစ္သည့္အခါတိုင္း ပုဂံၿမိဳ႕သို႔သြား၍ ဟိုတယ္တစ္ခုတြင္ အရက္ ေသာက္ေလ့ရွိၿပီး မူးလာသည့္အခါ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ႏွင့္ မဘသ၊ ပ်ဴေစာထီးမ်ားကို ေအာ္ဟစ္ ဆဲဆိုေလ့ရွိသည္ဟု ပုဂံၿမိဳ႕ရွိ ဟိုတယ္လုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရွိရသည္။

“သူမူးလာရင္ မေက်နပ္သူေတြကို ေအာ္ဟစ္ဆဲဆိုတာေတြ လုပ္တယ္။ ဆဲတဲ့အထဲမွာ မအလ (ကာခ်ဳပ္ မင္းေအာင္လႈိင္)လည္း ပါတယ္။ သူဒီေလာက္လုပ္ေပးခဲ့တာကို သူ႔ကို ကစထမႉးကေန ျဖဳတ္ရသလားဆိုၿပီး တင္းတာ။ ၿပီးေတာ့ မဘသတို႔၊ ပ်ဴေစာထီးတို႔ေတြက စစ္တပ္ကို ဗန္းျပ၊ စစ္တပ္ကို အသုံးခ်ၿပီး ကိုယ္က်ိဳးရွာေနတာ၊ သူတို႔လုပ္ခ်င္တာလုပ္ၿပီး အျပစ္ေတြအကုန္လုံး စစ္တပ္ကို ထိုးခ်ေနတာ စသျဖင့္ ေျပာေလ့ရွိတယ္”ဟု ပုဂံၿမိဳ႕ရွိ ဟိုတယ္လုပ္ငန္းရွင္မ်ားႏွင့္ နီးစပ္သူတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလတြင္ သန္းလႈိင္၏ စစ္ဘက္ရာထူးကို ျဖဳတ္ခဲ့ေသာ္လည္း ျပည္ထဲေရး ဒုဝန္ႀကီး ရာထူးႏွင့္ ျမန္မာႏိုင္ငံ ရဲခ်ဳပ္ရာထူးကို ဆက္လက္ထားရွိခဲ့သည္။ သို႔ေသာ္ သန္းလႈိင္အေနျဖင့္ အဆိုပါ ရာထူးမ်ား တြင္လည္း ၂ လခန႔္သာ ဆက္လက္တည္ၿမဲခဲ့ၿပီး ေမလဆန္းတြင္ ယင္းရာထူး ၂ ခုစလုံးမွ ထပ္မံ ျဖဳတ္ခ်ခံလိုက္ရျပန္သည္။

အာဏာသိမ္း စစ္ေကာင္စီေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက သန္းလႈိင္ကို စစ္ဘက္ရာထူး ျပန္လည္ထမ္းေဆာင္ရန္အတြက္ အရပ္ဘက္ရာထူး ၂ ခုကေန အနားေပးတာဟု ဆိုသည္။ ထိုသို႔ေျပာဆိုၿပီး ၁ လအၾကာ ဇြန္လဆန္းတြင္ သန္းလႈိင္လက္ဝယ္ ေနာက္ဆုံးက်န္ရွိေနေသာ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာထူးကို စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ျဖဳတ္သိမ္းခဲ့ၿပီး တာဝန္မွအနားေပးခဲ့သည္။

ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ေျပာဆိုခ်က္က စစ္တပ္ မၿပိဳကြဲေစရန္ႏွင့္ သန္းလႈိင္၏ရာထူးမ်ား ျဖဳတ္သိမ္းမႈကို ႐ုပ္မပ်က္ေစရန္ လိမ္ညာဖုံးကြယ္ျခင္းသာ ျဖစ္ခဲ့သည္။
“သန္းလႈိင္ကို စစ္ဘက္ရာထူး ျပန္ထမ္းခိုင္းမယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာေနကတည္းက ဒါက လိမ္ညာ ဖုံးကြယ္ေနတယ္ဆိုတာ က်ေနာ္တို႔က သိၿပီးသား။ သန္းလႈိင္ရဲ႕ ကစထ ၆ မႉးေနရာက လူစားထိုးၿပီးသား။ ဘယ္ေနရာ ျပန္ေပးမွာလဲ။ သူ႔ကိုေပးမယ္ဆို ေဇာ္မ်ိဳးတင့္ လုပ္ခဲ့တဲ့ ေလ့က်င့္ေရးအရာရွိခ်ဳပ္ေနရာတစ္ခုပဲ ရွိတယ္။ နဂိုကတည္းကမွ မင္းေအာင္လႈိင္က သူ႔ကို မသုံးခ်င္ေတာ့လို႔ မယုံေတာ့လို႔ ကစထမႉးက ထုတ္ထားတဲ့သူကို စစ္ဘက္ရာထူး ျပန္ေပးမယ္ဆိုတာ လုံး၀ မျဖစ္ႏိုင္မွန္း က်ေနာ္တို႔ သိၿပီးသား”ဟု မေကြးတိုင္းအတြင္းမွ တပ္မေတာ္သားေဟာင္းတစ္ဦးက ေျပာသည္။

သန္းလႈိင္သည္ စစ္တကၠသိုလ္ အပတ္စဥ္ ၂၉ ေက်ာင္းဆင္းတစ္ဦးျဖစ္ၿပီး စစ္မႈထမ္းသက္ ၃၅ ႏွစ္ေက်ာ္ရွိကာ လက္ရွိတြင္ အသက္ ၅၇ ႏွစ္ ရွိၿပီျဖစ္သည္။ အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ခိုင္းသမွ် လုပ္ခဲ့ေသာ သန္းလႈိင္သည္ လက္ရွိတြင္ ရာထူးလက္မဲ့ျဖင့္ ဆုံးရႈံးမႈမ်ားစြာ ရင္မွာပိုက္ခဲ့ရၿပီျဖစ္သည္။
ကစထမႉးဘဝ၊ ျမန္မာႏိုင္ငံ ရဲခ်ဳပ္ဘဝ၊ ျပည္ထဲေရး ဒု-ဝန္ႀကီးဘဝက လုပ္ခဲ့ေသာ အၾကမ္းဖက္မႈေတြေၾကာင့္ ၿဗိတိန္၊ အေမရိကန္ႏွင့္ ဥေရာပသမဂၢတို႔က သန္းလႈိင္ကို အေရးယူပိတ္ဆို႔မႈမ်ား ျပဳလုပ္ထားၿပီး ျဖစ္သည္။

သန္းလႈိင္လက္ဝယ္ ရာထူးတစ္ခုမွ မရွိေတာ့ေသာ္လည္း ကစထ – ၆ မႉး၊ ျပည္ထဲေရး ဒုဝန္ႀကီး၊ ရဲခ်ဳပ္စသည့္ အေရးႀကီးရာထူးမ်ားႏွင့္ အေလာင္းမင္းတရား စစ္ဆင္ေရး ကဲ့သို႔ အေရးႀကီးမစ္ရွင္မ်ား ထမ္းခဲ့သူမို႔ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ၎အား လြတ္လပ္စြာ သြားလာေနထိုင္ခြင့္ ေပးအပ္ဖြယ္မရွိေၾကာင္း လုပ္သက္ရင့္သတင္းစာဆရာတစ္ဦးက သုံးသပ္ေျပာဆိုသည္။

“သန္းလႈိင္က လက္ရွိမွာ ရာထူးအားလုံး မရွိေတာ့တာ မွန္တယ္။ ဒါေပမယ့္ သူထမ္းေဆာင္ခဲ့တဲ့ ရာထူး တာဝန္ေတြ၊ စစ္ဆင္ေရးေတြနဲ႔ စစ္တပ္ထိပ္ပိုင္းအတြင္းေရးေတြ သိေနသူျဖစ္ေနလို႔ မင္းေအာင္လႈိင္က သူ႔ကို ဒီတိုင္း လႊတ္ထားမွာ မဟုတ္ဘူး။ ေနအိမ္အက်ယ္ခ်ဳပ္ မဟုတ္ရင္ေတာင္ အၿမဲတေစ ေစာင့္ၾကည့္ခံေနရမွာ ေသခ်ာတယ္”ဟု သူက ေျပာသည္။

ကိုယ့္ရာထူးအာဏာအတြက္ ညီအရင္းကို သတ္ခဲ့သူ၊ ဆႏၵျပ ျပည္သူမ်ားကို ရက္စက္စြာ အၾကမ္းဖက္ၿဖိဳခြင္း သတ္ျဖတ္ခဲ့သူ၊ စစ္ကိုင္းတိုင္းႏွင့္ ေယာနယ္ကို မီးေလာင္တိုက္သြင္း ဖ်က္ဆီးခဲ့သူ သန္းလႈိင္သည္ စစ္ရာဇဝတ္ေကာင္တစ္ဦးအျဖစ္ ျပည္သူလူထု၏ မုန္းတီး႐ြံရွာမႈမ်ားျဖင့္ သူ႔ဘဝ၏ လက္က်န္အခ်ိန္မ်ားကို ျဖတ္သန္းရေတာ့မည္ ျဖစ္သည္။

(ဆလိုင္းသန႔္စင္သည္ Ayeyarwaddy Times သတင္းဌာန တည္ေထာင္သူႏွင့္ အယ္ဒီတာခ်ဳပ္ ျဖစ္သည္။)

မင်းအောင်လှိုင် ခိုင်းသမျှလုပ်ခဲ့တဲ့ သန်းလှိုင်ရဲ့နိဂုံး (သတင်းဆောင်းပါး)

ဆလိုင်းသန့်စင်/ဧရာဝတီတိုင်းမ်

ဇွန်လ ၆ ရက်

ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ဆိုသူက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အားကိုးယုံကြည်ရသည့် လက်ရုံးတစ်ဆူဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်သား NLD အစိုးရခေါင်းဆောင်များကို ဖမ်းဆီးကာ တိုင်းပြည်အာဏာ သိမ်းယူပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖွဲ့စည်းကာ တိုင်းပြည်ကိုအုပ်ချုပ်ရန် ၎င်းယုံကြည်စိတ်ချရသူများကို ရာထူးတာဝန်များ အသီးသီး ပေးအပ်ခဲ့သည်။

ထိုသူများထဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ – ၆) တာဝန်ထမ်းနေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် ပြည်ထဲရေးဌာန ဒုဝန်ကြီးနှင့် မြန်မာနိုင်ငံရဲချုပ်စသည့် အရေးကြီးရာထူး တာဝန်များ ပေးအပ်ခြင်း ခံခဲ့ရသည်။

ရာထူးကြီးများ ရခဲ့သော ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်သည် သူ၏အဘ (စစ်တပ်အခေါ်အဝေါ်) စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခိုင်းသမျှ မိုက်မိုက်ကန်းကန်း လုပ်ခဲ့သူဟု နိုင်ငံရေး၊ စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

မြန်မာနိုင်ငံ ရဲချုပ်ဖြစ်သူ သန်းလှိုင်သည် စစ်တပ်အာဏာသိမ်းမှုအား အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူများကို အင်အားသုံး၍ အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ ၎င်းလက်အောက်ရှိ ရဲတပ်ဖွဲ့က ပြည်သူလူထု၏ဈေးဆိုင်၊ နေအိမ်အဆောက်အဦး၊ ကား၊ ဆိုင်ကယ်ယာဉ်အသုံးအဆောင်များကို ရိုက်ချိုးဖျက်ဆီးခဲ့သည်။

အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်အဆင့်ဆင့် အတိုင်း ဆောင်ရွက်ရမည့်အစား ကျည်အစစ်ဖြင့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ စစ်ကောင်စီကို ဆန့်ကျင်သူ ထောင်နှင့်ချီ ဖမ်းဆီး၍ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းနှင့် ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။

“သန်းလှိုင်က မင်းအောင်လှိုင်ခိုင်းသမျှ မိုက်မိုက်ကန်းကန်း အကုန်လုပ်တာ။ သူရဲချုပ်ဖြစ်ချိန်မှာ သူ့ညီအရင်းကိုတောင် ပြန်ဖမ်းတယ်။ ပြီးတော့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်တာ။ အဲ့လိုလူစား”ဟု စစ်ခေါင်းဆောင်များ၏လှုပ်ရှားမှုကို သုတေသနပြုနေသည့် လုပ်သက်ရင့် သတင်းထောက်တစ်ဦးက ပြောသည်။

ရဲချုပ် သန်းလှိုင်၏ ညီဖြစ်သူ ကိုစိုးမိုးလှိုင်(ခ) မဲကြီးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ကျောင်းသားတပ်မတော် ABSDF ရဲဘော်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် တော်လှန်ရေးသမား ကိုစိုးမိုးလှိုင်(ခ) မဲကြီးကို သန်းလှိုင် လက်အောက်ရှိ ရဲတပ်ဖွဲ့က ၂ဝ၂၁ ခုနှစ် မေလတွင် ပဲခူးမြို့နယ်၌ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးစခန်းတွင် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးခဲ့ရသည်။

ညီအရင်းဖြစ်သူတယောက်လုံး သူတာဝန်ယူထားသည့် ရဲတပ်ဖွဲ့လက်ချက်ကြောင့် သေဆုံးခဲ့သော်လည်း သန်းလှိုင်တယောက် ဂရုမစိုက်ဘဲ ရာထူးကြီး ၃ ခုဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်တွင် အဘခိုင်းသမျှလုပ်ရင်း ဆက်လက် အမှုထမ်းခဲ့သည်။

၂၀၂၁ မေလတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ယောနယ် (ဆော၊ ထီးလင်း၊ ကျောက်ထု၊ ဂန့်ဂေါ) ဒေသများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များက စစ်ကောင်စီတပ်များကို အပြင်းအထန် ခုခံတော်လှန်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၌ မြို့နယ်ပေါင်း ၃၄ ခုရှိသည့်အနက် အနည်းဆုံး မြို့နယ် ၂၅ ခုမှ အရေအတွက် သောင်းနှင့်ချီသော PDF တပ်သားများက စစ်ကောင်စီကို ကုန်းကြောင်းနှင့် ရေကြောင်းကပါ ပျောက်ကြားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီး ခုခံတော်လှန်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းရှိ စစ်တပ်၏စီးပွားရေးလုပ်ငန်းဖြစ်သည့် Mytel ဖုန်းတာဝါတိုင် ၃၆၀ ကျော်ကို PDF များက မိုင်းခွဲဖျက်ဆီးခဲ့ပြီး စစ်ကောင်စီယာဉ်တန်းများကိုလည်း မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် စစ်ကောင်စီ တပ်သားများ သေကြေဒဏ်ရာရမှု တစထက်တစ များပြားလာခဲ့သည်။

မုံရွာမြို့အခြေစိုက် စစ်ကောင်စီ၏အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၏ယောဒေသနှင့် ချင်းပြည်နယ်ကို ကွပ်ကဲရသည့်စစ်တိုင်းတစ်ခု ဖြစ်သည်။ ထိုစဉ်က နမခတိုင်းမှူးမှာ ဗိုလ်မှူးချုပ် ဖြိုးသန့် ဖြစ်သည်။

တိုင်းမှူး ဖြိုးသန့်သည် မြို့နယ်အလိုက် တော်လှန်တိုက်ခိုက်နေသည့် PDF များကို ထိရောက်စွာ တိုက်ခိုက်နှိမ်နင်းနိုင်ခြင်းမရှိဘဲ အကျအဆုံးများနေသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏လက်ရင်းတပည့် သန်းလှိုင်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် နမခသို့ စေလွှတ်ခဲ့ပြီး စစ်တိုင်းမှူး ဖြိုးသန့်ကို သန်းလှိုင်လက်အောက်တွင်ထားကာ ကွပ်ကဲမှုများ ဆောင်ရွက်စေခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် နမခသို့ ရောက်ရှိပြီးနောက် စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃၊ ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ ၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ နှင့်ရေကြောင်း၊ လေကြောင်းတပ်များကို အသုံးပြု၍ အလောင်းမင်းတရားစစ်ဆင်ရေးဖြင့် စစ်ကိုင်းတိုင်းနှင့် ယောဒေသရှိ PDF များကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။ ချင်းပြည်နယ်သို့လည်း အနော်ရထာစစ်ဆင်ရေးဖြင့် ခြေလျင်တပ်များ၊ သံချပ်ကာယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။

အလောင်းမင်းတရား စစ်ဆင်ရေးအတွင်း သန်းလှိုင်ကွပ်ကဲခဲ့သောတပ်များသည် ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူတို့၏ နေအိမ်များ၊ ဘုရားကျောင်းကန် ဘုန်းကြီးကျောင်းများကို ဖျက်ဆီးလုယက်ခြင်း၊ အရပ်သား ပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။

သန်းလှိုင်၏ညွှန်ကြားချက်အောက်တွင် စစ်တပ်သည် ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်ပြခဲ့သော်လည်း စစ်ကိုင်းနှင့်ယောနယ်သားတို့သည် ရှိသည့်လက်နက်များဖြင့် စစ်ကောင်စီတပ်များကို ရဲရဲဝံ့ဝံ့ ပြန်လည် တိုက်ခိုက်ခဲ့ကြသဖြင့် စစ်ကောင်စီတပ် အထိနာမြဲဖြစ်ခဲ့ပြီး ယင်းနယ်များကို ထိမ်းချုပ်မရ ဖြစ်ခဲ့သည်။

“အစွမ်းကုန် ကြမ်းပြလိုက်ရင် စစ်ကိုင်းနဲ့ယောနယ်က ငြိမ်သွားလိမ့်မယ် ထင်ခဲ့တာ။ အဲ့လိုသွားကြမ်းတော့မှ ပေးဆပ်မှုတွေကြီးမားပြီး စစ်ကိုင်းနဲ့ ယောနယ်က ပိုပြီးအုံကြွတော့တာ”ဟု နိုင်ငံရေးနှင့်စစ်ရေး လေ့လာစောင့်ကြည့်သူ ဦးတင်လင်းအောင်က ပြောသည်။

အလောင်းမင်းတရား စစ်ဆင်ရေး ကွပ်ကဲနေချိန်တွင် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်၏ လူမဆန်သည့် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များအပေါ် သူ၏မိသားစုဝင်များက ဆန့်ကျင်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့သည်။

“သန်းလှိုင်က သူ့ညီအရင်းကို ပြန်သတ်တာ၊ စစ်ကိုင်းမှာလုပ်တဲ့ အလောင်းမင်းတရားစစ်ဆင်ရေးမှာ ရွာတွေမီးရှို့၊ အကြမ်းဖက်လုယက်၊ ဗုံးကြဲ လူသတ်တာတွေလုပ်တော့ သူ့မိသားစုဝင်တွေက လုံး၀ မကြိုက်ဘူး။ အဲ့လိုလုပ်တာတွေကို ကန့်ကွက်တာတွေ၊ မလုပ်ဖို့ တားမြစ်တာတွေ လုပ်တယ်။ မိသားစုက သူ့ကို အလုပ်ကနေ ထွက်ဖို့အထိပါ ပြောတာတွေ ရှိတယ်။ သူ့ကို လူသတ်သမားဆိုပြီး စကားမပြော၊ အဆက်အသွယ် မလုပ်တာတွေ၊ ဖယ်ကျဉ်တာတွေလုပ်ခဲ့တယ်။ အဲဒီကတည်းက သန်းလှိုင်မှာ စိတ်ဓာတ်တွေကျနေတာ”ဟု နေပြည်တော် စစ်ခေါင်းဆောင်မိသားစုများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

အလောင်းမင်းတရားစစ်ဆင်ရေးဖြင့် စစ်ကိုင်းတိုင်းနှင့် ယောနယ်ကို ၃ လတိုင် ထိုးစစ်ဆင်ခဲ့သော်လည်း PDF တပ်များကို မနှိမ်နင်းနိုင်သည့်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်းလှိုင်ကို နေပြည်တော်သို့ ပြန်ခေါ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်းလှိုင်ကို ကစထ – ၆ မှူးရာထူး ထိုင်ခုံပေါ်မှ ကန်ချခဲ့ပြီး သူ့နေရာတွင် ဒု ဗိုလ်ချုပ်ကြီး သန်းထွန်းဦးဖြင့် အစားထိုးခဲ့သည်။

ကစထမှူးရာထူးမှာ စစ်တပ်၏ အထွဋ်အထိပ်ဖြစ်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိနိုင်သော နေရာဖြစ်သည်။ လက်ရှိကာချုပ် မင်းအောင်လှိုင်သည်ပင် ကစထမှူးဘဝမှ ကာချုပ်ဖြစ်လာသူ ဖြစ်သည်။

ထိုသို့ တက်လမ်းရှိသော ကြီးမားသည့် စစ်ဘက်ရာထူးမှ အဖြုတ်ခံရသဖြင့် သန်းလှိုင်တယောက် အကြီးအကျယ် စိတ်ဓာတ်ကျခဲ့ပြီး အရက်တွေသာ ဖိသောက်နေခဲ့သည်ဟု နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။

“သန်းလှိုင်က ကစထမှူးရာထူးက အဖြုတ်ခံရတာမှာ ပိုပြီး တင်းသွားတယ်။ သူ့ညီအရင်းကိုလည်း ရင်းခဲ့တယ်။ မိသားစုရဲ့ ဆန့်ကျင်မှုကြားက သူအလုပ်လုပ်ခဲ့တာကို အသိအမှတ်မပြုဘဲ ရာထူးက ဖြုတ်လိုက်တော့ သူတော်တော် စိတ်ဓာတ်ကျပြီး အရက်တွေပဲ ဖိသောက်တော့တာ”ဟု နေပြည်တော်ရှိ စစ်ခေါင်းဆောင် မိသားစုများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ဒု ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် စိတ်ညစ်သည့်အခါတိုင်း ပုဂံမြို့သို့သွား၍ ဟိုတယ်တစ်ခုတွင် အရက် သောက်လေ့ရှိပြီး မူးလာသည့်အခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မဘသ၊ ပျူစောထီးများကို အော်ဟစ် ဆဲဆိုလေ့ရှိသည်ဟု ပုဂံမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

“သူမူးလာရင် မကျေနပ်သူတွေကို အော်ဟစ်ဆဲဆိုတာတွေ လုပ်တယ်။ ဆဲတဲ့အထဲမှာ မအလ (ကာချုပ် မင်းအောင်လှိုင်)လည်း ပါတယ်။ သူဒီလောက်လုပ်ပေးခဲ့တာကို သူ့ကို ကစထမှူးကနေ ဖြုတ်ရသလားဆိုပြီး တင်းတာ။ ပြီးတော့ မဘသတို့၊ ပျူစောထီးတို့တွေက စစ်တပ်ကို ဗန်းပြ၊ စစ်တပ်ကို အသုံးချပြီး ကိုယ်ကျိုးရှာနေတာ၊ သူတို့လုပ်ချင်တာလုပ်ပြီး အပြစ်တွေအကုန်လုံး စစ်တပ်ကို ထိုးချနေတာ စသဖြင့် ပြောလေ့ရှိတယ်”ဟု ပုဂံမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် သန်းလှိုင်၏ စစ်ဘက်ရာထူးကို ဖြုတ်ခဲ့သော်လည်း ပြည်ထဲရေး ဒုဝန်ကြီး ရာထူးနှင့် မြန်မာနိုင်ငံ ရဲချုပ်ရာထူးကို ဆက်လက်ထားရှိခဲ့သည်။ သို့သော် သန်းလှိုင်အနေဖြင့် အဆိုပါ ရာထူးများ တွင်လည်း ၂ လခန့်သာ ဆက်လက်တည်မြဲခဲ့ပြီး မေလဆန်းတွင် ယင်းရာထူး ၂ ခုစလုံးမှ ထပ်မံ ဖြုတ်ချခံလိုက်ရပြန်သည်။

အာဏာသိမ်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက သန်းလှိုင်ကို စစ်ဘက်ရာထူး ပြန်လည်ထမ်းဆောင်ရန်အတွက် အရပ်ဘက်ရာထူး ၂ ခုကနေ အနားပေးတာဟု ဆိုသည်။ ထိုသို့ပြောဆိုပြီး ၁ လအကြာ ဇွန်လဆန်းတွင် သန်းလှိုင်လက်ဝယ် နောက်ဆုံးကျန်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြုတ်သိမ်းခဲ့ပြီး တာဝန်မှအနားပေးခဲ့သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောဆိုချက်က စစ်တပ် မပြိုကွဲစေရန်နှင့် သန်းလှိုင်၏ရာထူးများ ဖြုတ်သိမ်းမှုကို ရုပ်မပျက်စေရန် လိမ်ညာဖုံးကွယ်ခြင်းသာ ဖြစ်ခဲ့သည်။
“သန်းလှိုင်ကို စစ်ဘက်ရာထူး ပြန်ထမ်းခိုင်းမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောနေကတည်းက ဒါက လိမ်ညာ ဖုံးကွယ်နေတယ်ဆိုတာ ကျနော်တို့က သိပြီးသား။ သန်းလှိုင်ရဲ့ ကစထ ၆ မှူးနေရာက လူစားထိုးပြီးသား။ ဘယ်နေရာ ပြန်ပေးမှာလဲ။ သူ့ကိုပေးမယ်ဆို ဇော်မျိုးတင့် လုပ်ခဲ့တဲ့ လေ့ကျင့်ရေးအရာရှိချုပ်နေရာတစ်ခုပဲ ရှိတယ်။ နဂိုကတည်းကမှ မင်းအောင်လှိုင်က သူ့ကို မသုံးချင်တော့လို့ မယုံတော့လို့ ကစထမှူးက ထုတ်ထားတဲ့သူကို စစ်ဘက်ရာထူး ပြန်ပေးမယ်ဆိုတာ လုံး၀ မဖြစ်နိုင်မှန်း ကျနော်တို့ သိပြီးသား”ဟု မကွေးတိုင်းအတွင်းမှ တပ်မတော်သားဟောင်းတစ်ဦးက ပြောသည်။

သန်းလှိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၉ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး စစ်မှုထမ်းသက် ၃၅ နှစ်ကျော်ရှိကာ လက်ရှိတွင် အသက် ၅၇ နှစ် ရှိပြီဖြစ်သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခိုင်းသမျှ လုပ်ခဲ့သော သန်းလှိုင်သည် လက်ရှိတွင် ရာထူးလက်မဲ့ဖြင့် ဆုံးရှုံးမှုများစွာ ရင်မှာပိုက်ခဲ့ရပြီဖြစ်သည်။
ကစထမှူးဘဝ၊ မြန်မာနိုင်ငံ ရဲချုပ်ဘဝ၊ ပြည်ထဲရေး ဒု-ဝန်ကြီးဘဝက လုပ်ခဲ့သော အကြမ်းဖက်မှုတွေကြောင့် ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သန်းလှိုင်ကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

သန်းလှိုင်လက်ဝယ် ရာထူးတစ်ခုမှ မရှိတော့သော်လည်း ကစထ – ၆ မှူး၊ ပြည်ထဲရေး ဒုဝန်ကြီး၊ ရဲချုပ်စသည့် အရေးကြီးရာထူးများနှင့် အလောင်းမင်းတရား စစ်ဆင်ရေး ကဲ့သို့ အရေးကြီးမစ်ရှင်များ ထမ်းခဲ့သူမို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအား လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ပေးအပ်ဖွယ်မရှိကြောင်း လုပ်သက်ရင့်သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

“သန်းလှိုင်က လက်ရှိမှာ ရာထူးအားလုံး မရှိတော့တာ မှန်တယ်။ ဒါပေမယ့် သူထမ်းဆောင်ခဲ့တဲ့ ရာထူး တာဝန်တွေ၊ စစ်ဆင်ရေးတွေနဲ့ စစ်တပ်ထိပ်ပိုင်းအတွင်းရေးတွေ သိနေသူဖြစ်နေလို့ မင်းအောင်လှိုင်က သူ့ကို ဒီတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ နေအိမ်အကျယ်ချုပ် မဟုတ်ရင်တောင် အမြဲတစေ စောင့်ကြည့်ခံနေရမှာ သေချာတယ်”ဟု သူက ပြောသည်။

ကိုယ့်ရာထူးအာဏာအတွက် ညီအရင်းကို သတ်ခဲ့သူ၊ ဆန္ဒပြ ပြည်သူများကို ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့သူ၊ စစ်ကိုင်းတိုင်းနှင့် ယောနယ်ကို မီးလောင်တိုက်သွင်း ဖျက်ဆီးခဲ့သူ သန်းလှိုင်သည် စစ်ရာဇဝတ်ကောင်တစ်ဦးအဖြစ် ပြည်သူလူထု၏ မုန်းတီးရွံရှာမှုများဖြင့် သူ့ဘဝ၏ လက်ကျန်အချိန်များကို ဖြတ်သန်းရတော့မည် ဖြစ်သည်။

(ဆလိုင်းသန့်စင်သည် Ayeyarwaddy Times သတင်းဌာန တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)