Local News

စစ္​ေကာင္စီတပ္စခန္း ရိကၡာျပတ္ေတာက္ေသာေၾကာင့္ တပ္​စခန္း​ေ႐ႊ႕

ပန္ခြန္ယန္ေက်း႐ြာမွ စစ္​ေကာင္စီတပ္စခန္း ရိကၡာျပတ္ေတာက္ေသာေၾကာင့္ တပ္​စခန္း​ေ႐ႊ႕

ေ႐ႊကူ – ဇြန္ ၇၊ ၂၀၂၂။

ကခ်င္ျပည္နယ္ ေ႐ႊကူၿမိဳ႕ ဧရာဝတီျမစ္တစ္ဖက္ကမ္းရွိ ပန္ခြန္ယန္ေက်း႐ြာ(ပိန္းခြန္ေက်း႐ြာ)တြင္ တပ္စခန္းခ်ထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ရိကၡာျပတ္ေတာက္ေသာေၾကာင့္ ဇြန္လ ၅ရက္ေန႔ နံနက္ပိုင္းက တပ္ေ႐ႊ႕ေျပာင္းသြားေၾကာင္း သိရသည္။

စစ္သည္အင္အား ၆၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ပိန္းခြန္ေက်း႐ြာမွ ေျခလ်င္သြားလ်င္ တစ္နာရီခြဲခန႔္​သြားရသည့္ ေ႐ႊၿငိမ္းခ်မ္းေက်း႐ြာသို႔ တပ္ေ႐ႊ႕ေျပာင္းသြားၾကျခင္းျဖစ္​​ေၾကာင္း ခိုင္လုံသည့္ ေျမျပင္သတင္းရင္းျမစ္တစ္ဦးက The 74 Media ကိုေျပာသည္။

“စခန္းသိမ္းတာ မဟုတ္ပါဘူး။ သူတို႔က ပိန္းခြန္က တပ္ကို ရိကၡာမပို႔ႏိုင္ေတာ့လို႔ ပိန္းခြန္တပ္က ဆုတ္ခဲ့တာ။ ပိန္းခြန္ပို႔မယ့္ ရိကၡာလိုက္ပို႔တဲ့ သူေတြနဲ႔ ကြၽန္ေတာ္တို႔ တိုက္ပြဲျဖစ္တယ္ေလ၊ ၾကားထဲမွာ တိုက္ပြဲခဏခဏျဖစ္ေတာ့ ရိကၡာက ပိန္းခြန္ကို မေရာက္ႏိုင္ေတာ့ဘူး။ အဲလိုနဲ႔ ပိန္းခြန္ကတပ္ကို ေခၚဆင္းခဲ့တာ” ဟုေျပာသည္။

​တပ္​စခန္းေ႐ႊ႕စဥ္ ေအအိုင္​ေအပူး​ေပါင္းအဖြဲ႕က တိုက္ခိုက္ခဲ့​ေသာ္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ျခင္းမရွိဘဲ ဆုတ္ခြာသြားသည္ဟု အမည္မေဖာ္လိုသည့္ အျခားသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“သူတို႔က မဟန္မွန္းသိေတာ့ ဆုတ္သြားတယ္။ ဆုတ္မွာကို ကြၽန္ေတာ္တို႔ဆီက သတင္းၾကားေတာ့ ျပန္ဝိုက္တာေပါ့။ ႏွစ္ဖက္အက်အဆုံးက အခု ပန္ေခါန္ယာန္ တိုက္ပြဲမွာေတာ့ မက်ဘူး။ သူတို႔က ခံမတိုက္ဘူးေလ” ဟုေျပာသည္။

အဆိုပါပိန္းခြန္တပ္စခန္းႏွင့္ ေ႐ႊၿငိမ္းခ်မ္းတပ္စခန္းကို ေက်ာက္ႀကီးေက်း႐ြာမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ရိကၡာပို႔ေဆာင္လ်က္ရွိၿပီး ေကအိုင္ေအပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားက ေ႐ႊၿငိမ္းခ်မ္းေက်း႐ြာႏွင့္ ပိန္းခြန္ေက်း႐ြာအၾကားတြင္ မၾကာခဏတိုက္ခိုက္​ေန​ေၾကာင္းသိရသည္။

ပိန္းခြန္ေက်း႐ြာတြင္ ပိတ္မိေနသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ကယ္ထုတ္ရန္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ ၁၄ ရက္ေန႔က စစ္ကူလာသည့္ စစ္ေကာင္စီစစ္ေၾကာင္းကို ေကအိုင္ေအ ပူးေပါင္းတပ္မွ ေ႐ႊၿငိမ္းခ်မ္းေက်း႐ြာအနီးတြင္ တိုက္ခိုက္ခဲ့သည္။

​​ေ႐ႊကူၿမိဳ႕နယ္ ေ႐ႊၿငိမ္းခ်မ္း​ေက်း႐ြာအနီးတြင္ ေအာက္တိုဘာ ၁၂ ရက္ေန႔ကလည္း စစ္ေကာင္စီယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရၿပီး ၄၀ဦးခန႔္ ဒဏ္ရာရရွိကာ ကားျဖင့္ ျပန္သယ္သြားၾကသည္ဟု ​ေျမျပင္သတင္းရင္းျမစ္မ်ားထံမွသိရသည္။

The 74 Media

ပန်ခွန်ယန်ကျေးရွာမှ စစ်ကောင်စီတပ်စခန်း ရိက္ခာပြတ်တောက်သောကြောင့် တပ်စခန်းရွှေ့

ရွှေကူ – ဇွန် ၇၊ ၂၀၂၂။

ကချင်ပြည်နယ် ရွှေကူမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ပန်ခွန်ယန်ကျေးရွာ(ပိန်းခွန်ကျေးရွာ)တွင် တပ်စခန်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရိက္ခာပြတ်တောက်သောကြောင့် ဇွန်လ ၅ရက်နေ့ နံနက်ပိုင်းက တပ်ရွှေ့ပြောင်းသွားကြောင်း သိရသည်။

စစ်သည်အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပိန်းခွန်ကျေးရွာမှ ခြေလျင်သွားလျင် တစ်နာရီခွဲခန့်သွားရသည့် ရွှေငြိမ်းချမ်းကျေးရွာသို့ တပ်ရွှေ့ပြောင်းသွားကြခြင်းဖြစ်ကြောင်း ခိုင်လုံသည့် မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းသိမ်းတာ မဟုတ်ပါဘူး။ သူတို့က ပိန်းခွန်က တပ်ကို ရိက္ခာမပို့နိုင်တော့လို့ ပိန်းခွန်တပ်က ဆုတ်ခဲ့တာ။ ပိန်းခွန်ပို့မယ့် ရိက္ခာလိုက်ပို့တဲ့ သူတွေနဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်တယ်လေ၊ ကြားထဲမှာ တိုက်ပွဲခဏခဏဖြစ်တော့ ရိက္ခာက ပိန်းခွန်ကို မရောက်နိုင်တော့ဘူး။ အဲလိုနဲ့ ပိန်းခွန်ကတပ်ကို ခေါ်ဆင်းခဲ့တာ” ဟုပြောသည်။

တပ်စခန်းရွှေ့စဉ် အေအိုင်အေပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခြင်းမရှိဘဲ ဆုတ်ခွာသွားသည်ဟု အမည်မဖော်လိုသည့် အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူတို့က မဟန်မှန်းသိတော့ ဆုတ်သွားတယ်။ ဆုတ်မှာကို ကျွန်တော်တို့ဆီက သတင်းကြားတော့ ပြန်ဝိုက်တာပေါ့။ နှစ်ဖက်အကျအဆုံးက အခု ပန်ခေါန်ယာန် တိုက်ပွဲမှာတော့ မကျဘူး။ သူတို့က ခံမတိုက်ဘူးလေ” ဟုပြောသည်။

အဆိုပါပိန်းခွန်တပ်စခန်းနှင့် ရွှေငြိမ်းချမ်းတပ်စခန်းကို ကျောက်ကြီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိက္ခာပို့ဆောင်လျက်ရှိပြီး ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ဝင်များက ရွှေငြိမ်းချမ်းကျေးရွာနှင့် ပိန်းခွန်ကျေးရွာအကြားတွင် မကြာခဏတိုက်ခိုက်နေကြောင်းသိရသည်။

ပိန်းခွန်ကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေ ပူးပေါင်းတပ်မှ ရွှေငြိမ်းချမ်းကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့သည်။

ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းကျေးရွာအနီးတွင် အောက်တိုဘာ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၄၀ဦးခန့် ဒဏ်ရာရရှိကာ ကားဖြင့် ပြန်သယ်သွားကြသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှသိရသည်။

The 74 Media