ဟသၤာတမီးရထားဌာနက ဆီ႐ုံစာေရးက ေခ်ာဆီ ဂါလံ ၈၅၀ ေက်ာ္ကို ေရာင္းစားၿပီး ထြက္ေျပးသြား
ေႏြဦးေမာင္/ဧရာဝတီတိုင္းမ္
ဟသၤာတ၊ ဇြန္လ ၇ ရက္
ဧရာဝတီတိုင္း၊ ဟသၤာတၿမိဳ႕ အေျခစိုက္မီးရထားစက္ေခါင္း႐ုံက ဆီ႐ုံစာေရး ဦးထက္ေအာင္ဟာ ေခ်ာဆီ ဂါလံ ၈၅၀ ကိုေရာင္းစားၿပီး ထြက္ေျပးသြားတယ္လို႔ မီးရထား၀န္ထမ္းအခ်ိဳ႕ထံမွ သိရပါတယ္။
“တိုင္းကစာရင္းစစ္၀င္စစ္ေတာ့မွ ဂါလံ ၈၅၀ ေက်ာ္ေပ်ာက္ေနတယ္ဆိုတာကို သိရတာ။ၿပီးေတာ့ ဆီ႐ုံ ဂိုေထာင္ထဲက ပစၥည္းတခ်ိဳ႕လဲ ေပ်ာက္ေနတယ္လို႔ သိရတယ္။ ဆီ႐ုံစာေရးက စာရင္းစစ္ မလာခင္တည္းက ထြက္ေျပးသြားတယ္။ အမွန္ကေတာ့ ဆီ႐ုံကတာ၀န္ရွိသူေတြနဲ႔ ေပါင္းစားေနတာထင္တယ္။ ဟိုစာေရးကေတာ့ဓားစားခံျဖစ္သြားတဲ့သေဘာပဲ”လို႔ ဟသၤာတၿမိဳ႕ အေျခစိုက္မီးရထားဝန္ထမ္းတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။
အဆိုပါ မီးရထားစက္ေခါင္း႐ုံကို ဧရာဝတီတိုင္း စာရင္းစစ္ဌာနက ဇြန္လ ၁ရက္ေန႔က ဝင္ေရာက္စစ္ေဆးခဲ့တာျဖစ္ၿပီး ေခ်ာဆီဂါလံ ၈၅၀ေက်ာ္ေပ်ာက္ဆုံးေနတာကိုစစ္ေဆးေတြ႕ရွိခဲ့တာလို႔ မီးရထားဝန္ထမ္းအခ်ိဳ႕က ဆိုပါတယ္။
ေခ်ာဆီေတြေပ်ာက္ဆုံးေနတာ ၾကာၿပီျဖစ္ေပမယ့္တာ၀န္ရွိသူမ်ားျဖစ္တဲ့ ဟသၤာတမီးရထားကအင္ဂ်င္နီယာမႉး ဦးသိန္းေဆြ၊လက္ေထာက္အင္ဂ်င္နီယာ ဦးေအာင္ျမင့္ၾကည္နဲ႔ အလုပ္႐ုံစုမႉး ဦးေက်ာ္ႏိုင္ဦးဆိုသူမ်ားက သတင္းဖုံးဖိေပးထားတယ္လို႔ သိရပါတယ္။
ျမန္မာ့မီးရထား တိုင္း(၉)၊ ဟသၤာတၿမိဳ႕အေျခစိုက္မီးရထားစက္ေခါင္း႐ုံက ၀န္ထမ္းအမ်ားစုဟာစစ္အာဏာသိမ္းၿပီးေနာက္ပိုင္း CDM လႈပ္ရွားမႈမွာပါ၀င္ခဲ့ၾကၿပီး လက္ရွိမွာ
Non – CDM ဝန္ထမ္းအနည္းငယ္နဲ႔သာ လုပ္ငန္းလည္ပတ္ေနတယ္လို႔ မီးရထားဝန္ထမ္းမ်ားထံမွ သိရပါတယ္။
#Ayeyarwaddy_Times
ဟင်္သာတမီးရထားဌာနက ဆီရုံစာရေးက ချောဆီ ဂါလံ ၈၅၀ ကျော်ကို ရောင်းစားပြီး ထွက်ပြေးသွား
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဟင်္သာတ၊ ဇွန်လ ၇ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ အခြေစိုက်မီးရထားစက်ခေါင်းရုံက ဆီရုံစာရေး ဦးထက်အောင်ဟာ ချောဆီ ဂါလံ ၈၅၀ ကိုရောင်းစားပြီး ထွက်ပြေးသွားတယ်လို့ မီးရထားဝန်ထမ်းအချို့ထံမှ သိရပါတယ်။
“တိုင်းကစာရင်းစစ်ဝင်စစ်တော့မှ ဂါလံ ၈၅၀ ကျော်ပျောက်နေတယ်ဆိုတာကို သိရတာ။ပြီးတော့ ဆီရုံ ဂိုထောင်ထဲက ပစ္စည်းတချို့လဲ ပျောက်နေတယ်လို့ သိရတယ်။ ဆီရုံစာရေးက စာရင်းစစ် မလာခင်တည်းက ထွက်ပြေးသွားတယ်။ အမှန်ကတော့ ဆီရုံကတာဝန်ရှိသူတွေနဲ့ ပေါင်းစားနေတာထင်တယ်။ ဟိုစာရေးကတော့ဓားစားခံဖြစ်သွားတဲ့သဘောပဲ”လို့ ဟင်္သာတမြို့ အခြေစိုက်မီးရထားဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အဆိုပါ မီးရထားစက်ခေါင်းရုံကို ဧရာဝတီတိုင်း စာရင်းစစ်ဌာနက ဇွန်လ ၁ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ချောဆီဂါလံ ၈၅၀ကျော်ပျောက်ဆုံးနေတာကိုစစ်ဆေးတွေ့ရှိခဲ့တာလို့ မီးရထားဝန်ထမ်းအချို့က ဆိုပါတယ်။
ချောဆီတွေပျောက်ဆုံးနေတာ ကြာပြီဖြစ်ပေမယ့်တာဝန်ရှိသူများဖြစ်တဲ့ ဟင်္သာတမီးရထားကအင်ဂျင်နီယာမှူး ဦးသိန်းဆွေ၊လက်ထောက်အင်ဂျင်နီယာ ဦးအောင်မြင့်ကြည်နဲ့ အလုပ်ရုံစုမှူး ဦးကျော်နိုင်ဦးဆိုသူများက သတင်းဖုံးဖိပေးထားတယ်လို့ သိရပါတယ်။
မြန်မာ့မီးရထား တိုင်း(၉)၊ ဟင်္သာတမြို့အခြေစိုက်မီးရထားစက်ခေါင်းရုံက ဝန်ထမ်းအများစုဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြပြီး လက်ရှိမှာ
Non – CDM ဝန်ထမ်းအနည်းငယ်နဲ့သာ လုပ်ငန်းလည်ပတ်နေတယ်လို့ မီးရထားဝန်ထမ်းများထံမှ သိရပါတယ်။
#Ayeyarwaddy_Times