Local News


MFP ၊ ဇွန် – ၇

စစ်ကိုင်းတိုင်း ရွှေဘိုမြို့လယ်မှာ ရှိတဲ့ ရွှေဘိုမြို့မရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲပတွေက ဒီကနေ့ ဇွန်(၇)ရက် မနက်ပိုင်းမှာ (၄၀မမ)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BLACK WOLF – PDF က သတင်း ထုတ်ပြန်ပါတယ်။





မြို့မရဲစခန်းကို ဒေသကာကွယ်ရေး အဖွဲတွေက ပစ်ခတ်တိုက်ခိုက်၊

MFP ၊ ဇွန် – ၇

စစ်ကိုင်းတိုင်း ရွှေဘိုမြို့လယ်မှာ ရှိတဲ့ ရွှေဘိူမြို့မရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲပတွေက ဒီကနေ့ ဇွန်(၇)ရက် မနက်ပိုင်းမှာ (၄၀မမ)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BLACK WOLF – PDF က သတင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ရွှေဘိုမြို့မရဲစခန်းထဲ အထိုင်ချပြီး ဒေသခံပြည်သူတွေကို အနိုင်ကျင့် ရမ်းကားရန်ပြုတာ၊ ခိုးဆိုး လုနှိုက်မှုတွေ ကိုယ်တိုင်ပါဝင် ကျူးလွန်နေတာကြောင့် ပစ်ခတ် တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

“ရွှေဘိုမြို့မ ရဲစခန်းသည် ရခများ စခန်းချ နေထိုင်လျက်ရှိရာ ခိုး ဆိုး လု နှိုက် အမှုများကို ကျူးလွန်ကာ ပြည်သူများအား ခြိမ်းခြောက်လျက်ရှိသောကြောင့် ကျွန်တော်တို့ BLACK WOLF – PDF အထူးတပ်သားများ နှင့် ရွှေဘိုခရိုင် တပ်ရင်း ( ၅ ) တပ်ခွဲ (၁)တို့မှ (၄၀ မမ) ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

ခွေးအရေအတွက် အတည်မပြုနိုင်ပါ။ ပူးပေါင်းအဖွဲ့သား အားလုံး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ BLACK WOLF – PDF က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ရွှေဘိုမြို့ပေါ် အပါအဝင် ရွှေဘိုနယ်ထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။