ပြည်သူ့တော်လှန်ရေးရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ကြတဲ့ ပြည်သူချစ် ၈၈ မျိုးဆက် ကိုဂျင်မီ၊ ပြည်သူ့အချစ်တော်အနုပညာရှင်လည်းဖြစ်
တော်လှန်ရေးသမား ဇေယျာသော် နဲ့ အခြားတော်လှန်ရေးသမားတွေကို သေဒါဏ်ပေးဖို့ စစ်ကောင်စီက ကြိုးစားတဲ့သတင်းတွေ ပုံတွေ တက်လာတာတွေ့ရတယ်။
ပြည်သူတွေက လက်မခံနိုင်ဘဲ မီဒီယာတွေပေါ်မှာ၊ ကိုယ်ပိုင်အကောင့်တွေမှာ ပလူပျံအောင်တင်လာကြတာတွေ့ရတယ်။
ဒါကလည်းမှန်တာပေါ့ လက်ခံနိုင်စရာမှ မရှိတာ။ သေဒါဏ်အမိန့်ပေးဖို့ လက်မှတ်ထိုးဖို့ တရားဝင်သမ္မတမှမရှိတာ။ ဒါက အရပ်စကားနဲ့ပြောရရင် ဘောင်မဝင်ဘူးပေါ့။
ပြန်စဉ်းစားကြည့်ပြန်ရင်လည်း သူတို့က ဘောင်ဝင်ဝင် မဝင်ဝင်လုပ်ကြတဲ့ စည်းပျက်ကမ်းပျက်အဖွဲ့တွေဆိုတော့ ပြည်သူတွေ စိတ်ပူတာလည်း မမှားပါဘူး။
စာရေးသူအမြင်ပြောရရင်တော့ နိုင်ငံတကာစာမျက်နှာမှာ နာမည်ကောင်းရအောင် ကပြမယ့် ဇာတ်ညွှန်းရဲ့ အဖွင့်လို့ ထင်ပါတယ်။ သေဒါဏ်ပေးမယ့် အသံကို အားလုံးကြားအောင်လွှင့်မယ်။
နိုင်ငံတကာက ပြောလာရင် သေဒါဏ် ပေးမယ့်သူတွေကို သနားညှာတာ စာနာထောက်ထားပြီး ထောင်ဒါဏ်ပဲ ပေးလိုက်ပါတယ် ဆိုတဲ့ ဂရုဏာရှင် ဂိုက်စပေါက်အထာ ဖမ်းဖို့လုပ်တဲ့ အကွက်လို့မြင်ပါတယ်။
ကဲ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ အပေးအယူ သဘောလေးတွေကလည်း ရှိနေနိုင်ပါတယ်။
တော်လှန်ရေးရဲဘော်တွေ လက်ထဲမှာ စကစ ဒုချုပ်-စိုးဝင်းရဲ့ ချစ်လှစွာသော ရတနာ ရှိနေတယ်ဆိုရင် စိုးဝင်း ဘာလုပ်မလဲပေါ့။
နိုင်ငံခြားကားတွေထဲကလို ဂိုထောင်အဟောင်းကြီးထဲ ပစ္စည်းချင်းလဲသလို၊ အဆောက်အဦးပျက်တွေနား လူနဲ့ပစ္စည်းလဲသလို၊ သူ့လူ ကိုယ့်လူ လဲသလိုတွေများ လုပ်ကြရတော့မလားပဲ။
စိုးဝင်းကြီးရဲ့ အလိမ်အညာရုပ်ရှင်ထဲက တသက်လုံး ပုံစံပြောင်းသိုလ်ဝှက်ထားခဲ့တဲ့ ရတနာလေးက မဲဆောက်တဝိုက်က လုံခြုံတဲ့နေရာမှာ ရောက်နေတယ်။
အနည်းငယ် ပွင့်ပွင့်လင်းလင်း ပြောရရင်တော်လှန်ရေး ရဲဘော်တစ်ချ်ို့က သိမ်းထားပေးတယ်ဆိုပါတော့။ ဒီစာကို စကစ ဒုချုပ်စိုးဝင်း ဝင်ဖတ်မိစေချင်တယ်။
တစ်သက်လုံး တသသ နောင်တမရစေချင်ရင် ဒုချုပ်စိုးဝင်းအနေနဲ့ အသာလေးနောက်ဆုတ်နေစေချင်တယ်။
လိုအပ်ရင် တချိန်က အမိုက်အမှားတွေကလယ်ပြင်မှာဆင်သွားသလိုပေါ်လာနိုင်သလို ဒုချုပ်စိုးဝင်းအနေနဲ့ အိပ်မရတဲ့ညပေါင်းများစွာဖြစ်သွားအောင် ပြည်ပကတော်လှန်ရေးရဲဘော်တွေအနေနဲ့ လုပ်ရပါလိမ့်မယ်။
ဒီလောက်ဆို သဘောပေါက်မှာပါ ဒုချုပ်စိုးဝင်း။
အကိုကြီးညီ
ျပည္သူ႕ေတာ္လွန္ေရးရဲ႕ ေခါင္းေဆာင္ေတြထဲက တစ္ဦးျဖစ္ၾကတဲ့ ျပည္သူခ်စ္ ၈၈ မ်ိဳးဆက္ ကိုဂ်င္မီ၊ ျပည္သူ႕အခ်စ္ေတာ္အႏုပညာရွင္လည္းျဖစ္
ေတာ္လွန္ေရးသမား ေဇယ်ာေသာ္ နဲ႕ အျခားေတာ္လွန္ေရးသမားေတြကို ေသဒါဏ္ေပးဖို႔ စစ္ေကာင္စီက ႀကိဳးစားတဲ့သတင္းေတြ ပုံေတြ တက္လာတာေတြ႕ရတယ္။
ျပည္သူေတြက လက္မခံနိုင္ဘဲ မီဒီယာေတြေပၚမွာ၊ ကိုယ္ပိုင္အေကာင့္ေတြမွာ ပလူပ်ံေအာင္တင္လာၾကတာေတြ႕ရတယ္။
ဒါကလည္းမွန္တာေပါ့ လက္ခံနိုင္စရာမွ မရွိတာ။ ေသဒါဏ္အမိန႔္ေပးဖို႔ လက္မွတ္ထိုးဖို႔ တရားဝင္သမၼတမွမရွိတာ။ ဒါက အရပ္စကားနဲ႕ေျပာရရင္ ေဘာင္မဝင္ဘူးေပါ့။
ျပန္စဥ္းစားၾကည့္ျပန္ရင္လည္း သူတို႔က ေဘာင္ဝင္ဝင္ မဝင္ဝင္လုပ္ၾကတဲ့ စည္းပ်က္ကမ္းပ်က္အဖြဲ႕ေတြဆိုေတာ့ ျပည္သူေတြ စိတ္ပူတာလည္း မမွားပါဘူး။
စာေရးသူအျမင္ေျပာရရင္ေတာ့ နိုင္ငံတကာစာမ်က္ႏွာမွာ နာမည္ေကာင္းရေအာင္ ကျပမယ့္ ဇာတ္ၫႊန္းရဲ႕ အဖြင့္လို႔ ထင္ပါတယ္။ ေသဒါဏ္ေပးမယ့္ အသံကို အားလုံးၾကားေအာင္လႊင့္မယ္။
နိုင္ငံတကာက ေျပာလာရင္ ေသဒါဏ္ ေပးမယ့္သူေတြကို သနားညွာတာ စာနာေထာက္ထားၿပီး ေထာင္ဒါဏ္ပဲ ေပးလိုက္ပါတယ္ ဆိုတဲ့ ဂ႐ုဏာရွင္ ဂိုက္စေပါက္အထာ ဖမ္းဖို႔လုပ္တဲ့ အကြက္လို႔ျမင္ပါတယ္။
ကဲ ဘယ္လိုပဲျဖစ္ျဖစ္ေပါ့ေလ အေပးအယူ သေဘာေလးေတြကလည္း ရွိေနနိုင္ပါတယ္။
ေတာ္လွန္ေရးရဲေဘာ္ေတြ လက္ထဲမွာ စကစ ဒုခ်ဳပ္-စိုးဝင္းရဲ႕ ခ်စ္လွစြာေသာ ရတနာ ရွိေနတယ္ဆိုရင္ စိုးဝင္း ဘာလုပ္မလဲေပါ့။
နိုင္ငံျခားကားေတြထဲကလို ဂိုေထာင္အေဟာင္းႀကီးထဲ ပစၥည္းခ်င္းလဲသလို၊ အေဆာက္အဦးပ်က္ေတြနား လူနဲ႕ပစၥည္းလဲသလို၊ သူ႕လူ ကိုယ့္လူ လဲသလိုေတြမ်ား လုပ္ၾကရေတာ့မလားပဲ။
စိုးဝင္းႀကီးရဲ႕ အလိမ္အညာ႐ုပ္ရွင္ထဲက တသက္လုံး ပုံစံေျပာင္းသိုလ္ဝွက္ထားခဲ့တဲ့ ရတနာေလးက မဲေဆာက္တဝိုက္က လုံၿခဳံတဲ့ေနရာမွာ ေရာက္ေနတယ္။
အနည္းငယ္ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ္လွန္ေရး ရဲဘော်တစ်ချ်ို့က သိမ္းထားေပးတယ္ဆိုပါေတာ့။ ဒီစာကို စကစ ဒုခ်ဳပ္စိုးဝင္း ဝင္ဖတ္မိေစခ်င္တယ္။
တစ္သက္လုံး တသသ ေနာင္တမရေစခ်င္ရင္ ဒုခ်ဳပ္စိုးဝင္းအေနနဲ႕ အသာေလးေနာက္ဆုတ္ေနေစခ်င္တယ္။
လိုအပ္ရင္ တခ်ိန္က အမိုက္အမွားေတြကလယ္ျပင္မွာဆင္သြားသလိုေပၚလာနိုင္သလို ဒုခ်ဳပ္စိုးဝင္းအေနနဲ႕ အိပ္မရတဲ့ညေပါင္းမ်ားစြာျဖစ္သြားေအာင္ ျပည္ပကေတာ္လွန္ေရးရဲေဘာ္ေတြအေနနဲ႕ လုပ္ရပါလိမ့္မယ္။
ဒီေလာက္ဆို သေဘာေပါက္မွာပါ ဒုခ်ဳပ္စိုးဝင္း။
အကိုႀကီးညီ