Local News

ကိုင္းလယ္ ရဲစခန္းသိမ္းတိုက္ပြဲတြင္ PDF ရဲေဘာ္ ၂ ဦး က်ဆုံး (႐ုပ္/သံ)

ကိုင္းလယ္ ရဲစခန္းသိမ္းတိုက္ပြဲတြင္ PDF ရဲေဘာ္ ၂ ဦး က်ဆုံး (႐ုပ္/သံ)

ေပါက္ ၊ ဇြန္ ၇ ၊ ၂၀၂၂။

ေပါက္ၿမိဳ႕နယ္ ကိုင္းလယ္ရဲစခန္းသိမ္းတိုက္ပြဲမွာ အသက္ ၁၆ ႏွစ္ ရဲေဘာ္တဦးႏွင့္ အသက္ ၂၂ ႏွစ္ ရဲေဘာ္ တဦး က်ဆုံးခဲ့ေၾကာင္း Caf-Spupdf ေျမလတ္ေဒသဆိပ္ျဖဴၿမိဳ႕နယ္ကာကြယ္ေရးအဖြဲ႕ တပ္ခြဲမႉးက ေျမလတ္အသံကို ေျပာပါတယ္။

ကာကြယ္ေရးတပ္ေတြ ပူးေပါင္းၿပီး ဒီမနက္ေစာေစာပိုင္းက ကိုင္းလယ္ရဲစခန္းကို တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီး တိုက္ပြဲအတြင္း ရဲေဘာ္ ၂ ဦး က်ဆုံးခဲ့တာ ျဖစ္ပါတယ္။
စခန္းသိမ္းခ်ိန္အတြင္း ကိုင္းလယ္ရဲစခန္းမွာ ရဲအင္အား ၂၀ ဝန္းက်င္က စခန္းမႉးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ၁၅ ဦးေက်ာ္ ထြက္ေျပးၾကၿပီး ရဲတပ္သားတဦးကို အရွင္ဖမ္းမိခဲ့တယ္လို သိရပါတယ္။က်ဆုံးရဲေဘာ္ ၂ ဦးကို ဒီေန႔ညေနမွာပဲ မီးသၿဂႋဳလ္ခဲ့တာ ျဖစ္ပါတယ္။

” သူတို႔မိသားစုေတြကို လွမ္းအေၾကာင္းၾကားၿပီးေတာ့ သူတို႔ မိဘေတြနဲ႔သၿဂႋဳလ္ခဲ့တာပါ၊ တ‌ေယာက္က ၁၀ တန္းတက္ရမယ္ ေျပာတယ္၊ အာဏာသိမ္းတာကို မႀကိဳက္လို႔ ေတာ္လွန္ေရးထဲကို ဝင္လာခဲ့တာ၊ သူရဲ႕အသက္က အခု ၁၆ ႏွစ္လို႔ေျပာတယ္၊ ေနာက္တေယာက္က အသက္ ၂၂ ႏွစ္ပဲရွိအုံးမယ္၊

က်ေနာ္တို႔က်ဆုံးသြားတဲ့ ေတာ္လွန္ေရးရဲေဘာ္ေတြအတြက္ သူ႔မိသားစုနဲ႔ထပ္တူ အကုန္လုံးက ဝမ္းနည္းေနရပါတယ္”လို႔ Caf-Spupdf ေျမလတ္ေဒသဆိပ္ျဖဴၿမိဳ႕နယ္ ကာကြယ္ေရးအဖြဲ႕ တပ္ခြဲမႉးကေျပာပါတယ္။

#ေျမလတ္အသံ

ကိုင်းလယ် ရဲစခန်းသိမ်းတိုက်ပွဲတွင် PDF ရဲဘော် ၂ ဦး ကျဆုံး (ရုပ်/သံ)

ပေါက် ၊ ဇွန် ၇ ၊ ၂၀၂၂။

ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်းသိမ်းတိုက်ပွဲမှာ အသက် ၁၆ နှစ် ရဲဘော်တဦးနှင့် အသက် ၂၂ နှစ် ရဲဘော် တဦး ကျဆုံးခဲ့ကြောင်း Caf-Spupdf မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့ တပ်ခွဲမှူးက မြေလတ်အသံကို ပြောပါတယ်။

ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ဒီမနက်စောစောပိုင်းက ကိုင်းလယ်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် ၂ ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။
စခန်းသိမ်းချိန်အတွင်း ကိုင်းလယ်ရဲစခန်းမှာ ရဲအင်အား ၂၀ ဝန်းကျင်က စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးကျော် ထွက်ပြေးကြပြီး ရဲတပ်သားတဦးကို အရှင်ဖမ်းမိခဲ့တယ်လို သိရပါတယ်။ကျဆုံးရဲဘော် ၂ ဦးကို ဒီနေ့ညနေမှာပဲ မီးသင်္ဂြိုလ်ခဲ့တာ ဖြစ်ပါတယ်။

” သူတို့မိသားစုတွေကို လှမ်းအကြောင်းကြားပြီးတော့ သူတို့ မိဘတွေနဲ့သင်္ဂြိုလ်ခဲ့တာပါ၊ တ‌ယောက်က ၁၀ တန်းတက်ရမယ် ပြောတယ်၊ အာဏာသိမ်းတာကို မကြိုက်လို့ တော်လှန်ရေးထဲကို ဝင်လာခဲ့တာ၊ သူရဲ့အသက်က အခု ၁၆ နှစ်လို့ပြောတယ်၊ နောက်တယောက်က အသက် ၂၂ နှစ်ပဲရှိအုံးမယ်၊

ကျနော်တို့ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် သူ့မိသားစုနဲ့ထပ်တူ အကုန်လုံးက ဝမ်းနည်းနေရပါတယ်”လို့ Caf-Spupdf မြေလတ်ဒေသဆိပ်ဖြူမြို့နယ် ကာကွယ်ရေးအဖွဲ့ တပ်ခွဲမှူးကပြောပါတယ်။

#မြေလတ်အသံ