Local News

စစ္အုပ္စု ကင္းပတ္ေနတဲ့ၾကားက တစ္ကိုယ္ေတာ္ အမ်ိဳးသမီးက အိမ္တစ္အိမ္ထဲဝင္ၿပီး က်ပ္သိန္း(၂၀၀၀)ဖိုးခန႔္ ေ႐ႊႏွင့္ ေငြေတြ

စစ္အုပ္စု ကင္းပတ္ေနတဲ့ၾကားက တစ္ကိုယ္ေတာ္ အမ်ိဳးသမီးက အိမ္တစ္အိမ္ထဲဝင္ၿပီး က်ပ္သိန္း(၂၀၀၀)ဖိုးခန႔္ ေ႐ႊႏွင့္ ေငြေတြ အႏုၾကမ္း စီးလုယက္၊

MFP ၊ ဇြန္ – ၇

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕မွာ အၾကမ္းဖက္ စစ္အုပ္စု ကင္းပတ္ လွည့္လည္ေနတဲ့ၾကား တစ္ကိုယ္ေတာ္ အမ်ိဳးသမီးတစ္ဦးက အိမ္တစ္အိမ္ကို ဝင္စီးၿပီး က်ပ္သိန္း(၂၀၀၀)ဝန္းက်င္ တန္ဘိုးရွိတဲ့ ေ႐ႊႏွင့္ေငြေတြ အႏုၾကမ္းစီး လုယက္သြားမႈ ဇြန္(၆)ရက္ မေန႔ မနက္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဇြန္(၆)ရက္ မေန႔ မနက္(၈)နာရီက မုံ႐ြာၿမိဳ၊ ရတနာပုံရပ္ကြက္၊ (၃)လမ္းက အိမ္တစ္အိမ္မွာ အသက္(၆၈)ႏွစ္အ႐ြယ္ အမ်ိဳးသမီးႏွင့္ အသက္(၂)ႏွစ္အ႐ြယ္ ေျမးျဖစ္သူတို႔ ရွိေနခ်ိန္ အသက္(၃၀)ဝန္းက်င္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး အိမ္ထဲဝင္လာၿပီး ေ႐ႊႏွင့္ေငြေတြ လုယက္သြားတာလို႔ ဆိုပါတယ္။

အိမ္ရွင္အမ်ိဳးသမီးကို ေနာက္ကေန သိုင္းဖက္ကာ မ်က္ႏွာကို ႂကြပ္ႂကြပ္အိတ္နဲ႔စြပ္၊ အိမ္သာခန္းအတြင္း ထည့္ပိတ္ထားခဲ့ၿပီးေနာက္ ခရီးေဆာင္အိတ္ထဲက ေငြက်ပ္ သိန္း(၇၀၀)ခန႔္၊ ေက်ာပိုးအိတ္ထဲက ေငြက်ပ္ သိန္း(၃၀၀)ခန႔္၊ ပလတ္စတစ္အိတ္နဲ႔ ထည့္ထားတဲ့ ေငြက်ပ္ သိန္း(၅၀)ခန႔္၊ လက္ဆြဲအိတ္ထဲက ေငြက်ပ္ သိန္း(၇၀၀)ခန႔္၊ စုစုေပါင္း ေငြက်ပ္ သိန္း(၁၇၅၀)ခန႔္ႏွင့္ ဝိန႔္စိန္တံဆိပ္ပါ ေ႐ႊ(၁၀)သားတုံး တစ္တုံးႏွင့္ MI အမ်ိဳးအစား ဖုန္းတစ္လုံးကို ယူေဆာင္သြားတာလို႔ ဆိုပါတယ္။

အဲ့ဒီ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး စစ္အုပ္စု အေနနဲ႔ က်ဴးလြန္သူကို ဖမ္းဆီးႏိုင္တာ မရွိေသးဘူးလို႔ သတင္းၾကားေၾကာင္း ေဒသခံေတြက ဆိုပါတယ္။

လက္ရွိမွာ စစ္ေကာင္စီ အၾကမ္းဖက္သမားေတြက မုံ႐ြာၿမိဳ႕အႏွံ႔ မိန္းလမ္းမေတြေပၚမွာ ဂိတ္ေတြဖြင့္ၿပီး လမ္းသြားလမ္းလာေတြကို ဖမ္းဆီးစစ္ေဆးေငြညႇစ္တာေတြ လုပ္ေဆာင္ေနသလို ၿမိဳ႕အႏွံ႔ လွည့္ကင္း၊ ပတ္ကင္းေတြ၊ ကင္းပုန္းေတြနဲ႔ ေဒသခံျပည္သူေတြကို ထင္တိုင္းက်ဲ ဖမ္းဆီးစစ္ေဆး၊ ေငြညႇစ္တာေတြ လုပ္ေနတယ္လို႔ ၿမိဳ႕ခံေတြက ဆိုပါတယ္။

စစ္အုပ္စုဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံတဝန္းရွိ အက်ဥ္းေထာင္ေတြထဲက ခိုး၊ ဆိုး၊ လု၊ ႏႈိက္၊ လူသတ္၊ လုယက္၊ မဒိန္း စတဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္လို႔ ႏွစ္ရွည္ေထာင္ဒဏ္ေတြ က်ခံေနရတဲ့ ေထာင္ေသာင္းခ်ီတဲ့ ရာဇဝတ္ အက်ဥ္းသားေတြ အားလုံးကို လႊတ္ၿငိမ္းခြင့္ေပးၿပီး ေထာင္ကေန ျပန္လႊတ္ေပးခဲ့ပါတယ္။

မုံရွာမှာ စစ်အုပ်စု ကင်းပတ်နေတဲ့ကြားက တစ်ကိုယ်တော် အမျိုးသမီးက အိမ်တစ်အိမ်ထဲဝင်ပြီး ကျပ်သိန်း(၂၀၀၀)ဖိုးခန့် ရွှေနှင့် ငွေတွေ အနုကြမ်း စီးလုယက်၊

MFP ၊ ဇွန် – ၇

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အကြမ်းဖက် စစ်အုပ်စု ကင်းပတ် လှည့်လည်နေတဲ့ကြား တစ်ကိုယ်တော် အမျိုးသမီးတစ်ဦးက အိမ်တစ်အိမ်ကို ဝင်စီးပြီး ကျပ်သိန်း(၂၀၀၀)ဝန်းကျင် တန်ဘိုးရှိတဲ့ ရွှေနှင့်ငွေတွေ အနုကြမ်းစီး လုယက်သွားမှု ဇွန်(၆)ရက် မနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်(၆)ရက် မနေ့ မနက်(၈)နာရီက မုံရွာမြို၊ ရတနာပုံရပ်ကွက်၊ (၃)လမ်းက အိမ်တစ်အိမ်မှာ အသက်(၆၈)နှစ်အရွယ် အမျိုးသမီးနှင့် အသက်(၂)နှစ်အရွယ် မြေးဖြစ်သူတို့ ရှိနေချိန် အသက်(၃၀)ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး အိမ်ထဲဝင်လာပြီး ရွှေနှင့်ငွေတွေ လုယက်သွားတာလို့ ဆိုပါတယ်။

အိမ်ရှင်အမျိုးသမီးကို နောက်ကနေ သိုင်းဖက်ကာ မျက်နှာကို ကြွပ်ကြွပ်အိတ်နဲ့စွပ်၊ အိမ်သာခန်းအတွင်း ထည့်ပိတ်ထားခဲ့ပြီးနောက် ခရီးဆောင်အိတ်ထဲက ငွေကျပ် သိန်း(၇၀၀)ခန့်၊ ကျောပိုးအိတ်ထဲက ငွေကျပ် သိန်း(၃၀၀)ခန့်၊ ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ငွေကျပ် သိန်း(၅၀)ခန့်၊ လက်ဆွဲအိတ်ထဲက ငွေကျပ် သိန်း(၇၀၀)ခန့်၊ စုစုပေါင်း ငွေကျပ် သိန်း(၁၇၅၀)ခန့်နှင့် ဝိန့်စိန်တံဆိပ်ပါ ရွှေ(၁၀)သားတုံး တစ်တုံးနှင့် MI အမျိုးအစား ဖုန်းတစ်လုံးကို ယူဆောင်သွားတာလို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စု အနေနဲ့ ကျူးလွန်သူကို ဖမ်းဆီးနိုင်တာ မရှိသေးဘူးလို့ သတင်းကြားကြောင်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေက မုံရွာမြို့အနှံ့ မိန်းလမ်းမတွေပေါ်မှာ ဂိတ်တွေဖွင့်ပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေးငွေညှစ်တာတွေ လုပ်ဆောင်နေသလို မြို့အနှံ့ လှည့်ကင်း၊ ပတ်ကင်းတွေ၊ ကင်းပုန်းတွေနဲ့ ဒေသခံပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီးစစ်ဆေး၊ ငွေညှစ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ ဆိုး၊ လု၊ နှိုက်၊ လူသတ်၊ လုယက်၊ မဒိန်း စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ ထောင်သောင်းချီတဲ့ ရာဇဝတ် အကျဉ်းသားတွေ အားလုံးကို လွှတ်ငြိမ်းခွင့်ပေးပြီး ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။