တမူးတြင္ ဆဲသံေတာင္ၾကားရေသာ အနီးကပ္တိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိၿပီး စစ္ေကာင္စီဘက္က အနည္းဆုံး ၁ ဦးေသ
ေဝယံမိုး
ကေလးၿမိဳ႕မွ တမူးသို႔ စစ္ကူလာသည့္စစ္ေကာင္စီတပ္မ်ားႏွင့္ ၿမိဳ႕ခံကာကြယ္ေရးတပ္မဟာမိတ္မ်ားအၾကား ေနရာသုံးခုတြင္ ျပင္းထန္ေသာ အနီးကပ္တိုက္ပြဲမ်ား ယေန႔ (ဇြန္လ ၇ ရက္ေန႔)နံနက္ကစတင္ကာျဖစ္ပြားေနခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္က အနည္းဆုံး တစ္ဦးေသဆုံးေၾကာင္း ကာကြယ္ေရးတပ္ဘက္က ေျပာသည္။
မဇၩိမက ဆက္သြယ္ေမးျမန္းသည့္ ည ၇ နာရီအခ်ိန္အထိျဖစ္ပြားေသာတိုက္ပြဲမ်ားတြင္ တမူးၿမိဳ႕ခံေတာ္လွန္ေရးအဖြဲ႕ေပါင္းစုံပါဝင္သည္ကိုေတြ႕ရၿပီး “ သူတို႔ (စစ္ေကာင္စီတပ္)ဘက္ကလည္း လက္နက္ႀကီး အလုံး ၆၀ ေလာက္ရွိမယ္ပစ္တာ။
လက္နက္ငယ္ေတြနဲ႔ေရာ ” ဟု တမူးျပည္သူ႔ကာကြယ္ေရးတပ္ တပ္ရင္း (၄) မွ တာဝန္ရွိသူကေျပာသည္။
နံနက္ ၁၀ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ရွစ္စီးပါစစ္ေကာင္စီကားတန္းကို တမူးၿမိဳ႕နယ္ ခမ္းပါတ္ၿမိဳ႕ႏွင့္ ဝိသုတ္႐ြာၾကားတြင္ ျပည္သူ႔ကာကြယ္ေရးတပ္ရင္း (၃)၊ တပ္ရင္း (၂) ႏွင့္ Special Attack Force တို႔က ျဖတ္တိုက္ရာ စစ္ေကာင္စီတပ္ဘက္က တစ္ဦးေသကာ စက္ေသနတ္တစ္လက္ပ်က္စီးသြားသည္ဟု ဆိုသည္။
အဆိုပါတိုက္ခိုက္မႈမွလြတ္သြားေသာ အၾကမ္းဖက္တပ္၏ကားတန္းသည္ တမူး ေလးမိုင္ဂိတ္သို႔ေရာက္စဥ္တြင္ စစ္သည္မ်ားယာဥ္ေပၚမွဆင္းကာ ၿမိဳ႕ထဲလမ္းေလွ်ာက္ဝင္ၾကရာ ေစာ္ဘြား (၅) ရပ္ကြက္ႏွင့္ (၃) မိုင္ၾကားတြင္ တမူးတပ္ရင္း (၄) ၊BSO ေက်ာင္းသားတပ္ဖြဲ႕၊ ABSDF ေက်ာင္းသားတပ္မေတာ္၊ တမူးပကဖႏွင့္ Free Ranger Tamu ပူးေပါင္းတပ္ဖြဲ႕တို႔၏ တိုက္ခိုက္ျခင္းကိုခံရျပန္သည္။
တတိယတိုက္ပြဲကေတာ့ တမူးၿမိဳ႕အထက္ပိုင္း ကြမ္းေတာင္းေက်း႐ြာအနီးတြင္ စစ္ေကာင္စီစစ္ေၾကာင္းအားလာႀကိဳသည့္ တမူးၿမိဳ႕ခံတပ္ႏွင့္ တိုက္ခိုက္မႈျဖစ္သည္။
ဝါးႏွစ္ျပန္စာ ေလာက္မွ အျပန္အလွန္ပစ္ခတ္သည့္ တိုက္ပြဲႏွင့္ပတ္သက္၍ “နီးနီးေလး သူ႔ဆဲသံ ကိုယ့္ဆဲသံေတာင္ၾကားရတဲ့ေနရာမ်ိဳး”ဟု တပ္ရင္း (၄) တာဝန္ရွိသူက ေျပာသည္။
တမူးၿမိဳ႕အတြင္းယခုအႀကိမ္တိုက္ပြဲတြင္ တမူးေဒသရွိ ေတာ္လွန္ေရးတပ္ဖြဲ႕ေပါင္းစုံအင္အားအျပည့္ျဖင့္ ပူးေပါင္းတိုက္ခိုက္ျခင္းျဖစ္ကာ ထိုသို႔စည္းလုံးမႈမ်ိဳးအား ဆက္လက္ထိန္းသိမ္းကာ ပူးေပါင္းဆင္ႏႊဲလိုေၾကာင္း တမူးျပည္သူ႔ကာကြယ္ေရးတပ္ တပ္ရင္း( ၄) မွ တာဝန္ရွိသူကေျပာသည္။
တိုက္ပြဲဗီဒီယိုကို ပူးတြဲေဖာ္ျပသည္။
တမူးတွင် ဆဲသံတောင်ကြားရသော အနီးကပ်တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁ ဦးသေ
ဝေယံမိုး
ကလေးမြို့မှ တမူးသို့ စစ်ကူလာသည့်စစ်ကောင်စီတပ်များနှင့် မြို့ခံကာကွယ်ရေးတပ်မဟာမိတ်များအကြား နေရာသုံးခုတွင် ပြင်းထန်သော အနီးကပ်တိုက်ပွဲများ ယနေ့ (ဇွန်လ ၇ ရက်နေ့)နံနက်ကစတင်ကာဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အနည်းဆုံး တစ်ဦးသေဆုံးကြောင်း ကာကွယ်ရေးတပ်ဘက်က ပြောသည်။
မဇ္ဈိမက ဆက်သွယ်မေးမြန်းသည့် ည ၇ နာရီအချိန်အထိဖြစ်ပွားသောတိုက်ပွဲများတွင် တမူးမြို့ခံတော်လှန်ရေးအဖွဲ့ပေါင်းစုံပါဝင်သည်ကိုတွေ့ရပြီး “ သူတို့ (စစ်ကောင်စီတပ်)ဘက်ကလည်း လက်နက်ကြီး အလုံး ၆၀ လောက်ရှိမယ်ပစ်တာ။
လက်နက်ငယ်တွေနဲ့ရော ” ဟု တမူးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၄) မှ တာဝန်ရှိသူကပြောသည်။
နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ရှစ်စီးပါစစ်ကောင်စီကားတန်းကို တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် ဝိသုတ်ရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃)၊ တပ်ရင်း (၂) နှင့် Special Attack Force တို့က ဖြတ်တိုက်ရာ စစ်ကောင်စီတပ်ဘက်က တစ်ဦးသေကာ စက်သေနတ်တစ်လက်ပျက်စီးသွားသည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုမှလွတ်သွားသော အကြမ်းဖက်တပ်၏ကားတန်းသည် တမူး လေးမိုင်ဂိတ်သို့ရောက်စဉ်တွင် စစ်သည်များယာဉ်ပေါ်မှဆင်းကာ မြို့ထဲလမ်းလျှောက်ဝင်ကြရာ စော်ဘွား (၅) ရပ်ကွက်နှင့် (၃) မိုင်ကြားတွင် တမူးတပ်ရင်း (၄) ၊BSO ကျောင်းသားတပ်ဖွဲ့၊ ABSDF ကျောင်းသားတပ်မတော်၊ တမူးပကဖနှင့် Free Ranger Tamu ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်ခြင်းကိုခံရပြန်သည်။
တတိယတိုက်ပွဲကတော့ တမူးမြို့အထက်ပိုင်း ကွမ်းတောင်းကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းအားလာကြိုသည့် တမူးမြို့ခံတပ်နှင့် တိုက်ခိုက်မှုဖြစ်သည်။
ဝါးနှစ်ပြန်စာ လောက်မှ အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲနှင့်ပတ်သက်၍ “နီးနီးလေး သူ့ဆဲသံ ကိုယ့်ဆဲသံတောင်ကြားရတဲ့နေရာမျိုး”ဟု တပ်ရင်း (၄) တာဝန်ရှိသူက ပြောသည်။
တမူးမြို့အတွင်းယခုအကြိမ်တိုက်ပွဲတွင် တမူးဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံအင်အားအပြည့်ဖြင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကာ ထိုသို့စည်းလုံးမှုမျိုးအား ဆက်လက်ထိန်းသိမ်းကာ ပူးပေါင်းဆင်နွှဲလိုကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း( ၄) မှ တာဝန်ရှိသူကပြောသည်။
တိုက်ပွဲဗီဒီယိုကို ပူးတွဲဖော်ပြသည်။