Local News

လူလုံးမလွ ျဖစ္လာၾကသူမ်ား ႏွင့္ ႐ုပ္လုံးႂကြလာေနသည့္ NUG

လူလုံးမလွ ျဖစ္လာၾကသူမ်ား ႏွင့္ ႐ုပ္လုံးႂကြလာေနသည့္ NUG

ဝါရွင္တန္ ပို႔စ္ သတင္းစာ ႀကီး၏ အယ္ဒီဝာာ အာေဘာ္မွ ျပည့္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ကိုၿဖိဳးေဇယ်ာေသာ္ ႏွင့္ ၈၈ မ်ိဳးဆက္ ေက်ာင္းသား အဖြဲ႕ အား ဦးေဆာင္သူ တဦး ျဖစ္သူ ကိုဂ်င္မီ တို႔အား ႀကိဳးစင္သို႔ ပို႔မည္ ဆိုလွ်င္ ျမန္မာသည္ ဒီမိုကေရစီ လမ္းေၾကာင္းသို႔ ျပန္လည္ သြားႏိုင္ေကာင္းသည္ ဆိုေသာ ေနာက္ဆုံးလက္က်န္ အလားအလာမ်ားကို အသူရာ နက္သည့္ ေခ်ာက္ႀကီးထဲသို႔ ျပစ္ခ်လိုက္ျခင္းသာ ျဖစ္လိမ့္မည္ဟု သတိေပး လာခဲ့သည္။

ထိုသို႔ ကြပ္မ်က္ရန္ ႀကံစည္ေနမႈ ကဲ့သို႔ မတရား အႏိုင္က်င့္ ဥပေဒမဲ့ လုပ္ရပ္မ်ားကို “တရားမဝင္ အစိုးရ” ဟု ေခၚေဝၚ ကာ ရႈတ္ခ်လာသည့္ ျပင္သစ္ သံ႐ုံးအားလည္း ႏွစ္ႏိုင္ငံ ဆက္ဆံေရး ထိခိုက္ႏိုင္သည္ဆိုကာ ၎တို႔ႏွင့္ မဆက္ဆံက ျပင္သစ္ အတြက္ပင္ အက်ိဳးယုတ္ဖြယ္ ရွိသည့္ ပုံစံျဖင့္ ကန႔္ကြက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ လာခဲ့ျပန္သည္။ အလားတူ အေမရိကန္ ႏွင့္ ကုလသမဂၢအားလည္း “မစဥ္းစား မဆင္ျခင္ လက္လြတ္စပယ္ ေျပာဆိုသူမ်ား” ဟု ကင္ပြန္းတပ္လိုက္ ျပန္သည္။

ဤသည္ကို တုန႔္ျပန္သည့္ အေနျဖင့္ ျပင္သစ္ အစိုးရ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန က သံ႐ုံး ေၾကညာခ်က္အတိုင္း ပင္ ထပ္မံ၍ ျမန္မာႏိုင္ငံရွိ တရားမဝင္ အစိုးရ အေကာင္အထည္ ေဖၚေနသည့္ အေၾကာက္တရားကို ရဲရဲဝံ့ဝံ့ ခုခံ ရင္ဆိုင္ေနၾကေသာ ျမန္မာ ျပည္သူမ်ား၏ သတၱိကို ေလးစား ဂုဏ္ျပဳၿပီး မိမိတို႔၏ သေဘာထား မည္သို႔မွ် ေျပာင္း လဲမႈ ရွိမည္မဟုတ္ဟု ပါရွိလာခဲ့သည္။

အာဆီယံ ပါလီမန္ အမတ္မ်ားက လည္း ထိုသို႔ လူမဆန္သည့္ လုပ္ရပ္အေပၚ တုန္လႈပ္မိေၾကာင္း ထုတ္ေဖၚေျပာ ဆိုလာၾကသည္။ အမ်ိဳးသား ညီၫြတ္ေရး အတိုင္ပင္ခံ ေကာင္စီ (NUCC) ႏွင့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ (CRPH) တို႔က ေၾကညာခ်က္ ထုတ္ျပန္ကာ တရားဥပေဒမဲ့ လုပ္ရပ္အျဖစ္ ရႈတ္ခ်ခဲ့ၾကသည္။

စစ္အုပ္ခ်ဳပ္ေရး သမားမ်ားသည္ တေျဖးေျဖး ႏွင့္ ကမာၻအလယ္တြင္ လူ႐ုပ္မေပၚ၊ လူလုံးမလွ ျဖစ္လာေနသည္။မင္းေအာင္လႈိင္သည္ တိုင္းျပည္ကို rule of law ဟုဆိုေသာ တရားဥပေဒ စိုးမိုးေရး ျဖင့္ အုပ္ခ်ဳပ္သြားေရးကို လုံးဝ အယုံအၾကည္ ရွိသူ မဟုတ္၊ ၎ သည္ rule of men ဆိုသည့္ မည္သူက လူထုကို မလွန္ရဲေအာင္ အုပ္ခ်ဳပ္ႏိုင္သလဲ ဆိုသည္ကိုသာ ယုံၾကည္ အားထားသူ ျဖစ္ေနသည္။ ဤသည္ကို သိထား၍လည္း သူ၏လက္ ေအာက္ရွိ စစ္ဗိုလ္ခ်ဳပ္မ်ားက သူ႔ထက္ငွာ လက္စြမ္းျပေနၾကျခင္းလည္း ျဖစ္သည္။

သူသည္သာ အႂကြင္းမဲ့ အာဏာကို ဆုတ္ကိုင္ထားလိုသူ ျဖစ္လာၿပီး ႏိုင္ငံ၏ တရားစီရင္ေရး စနစ္ကို မည္သူမွ် အယုံအၾကည္ မရွိ ၾကေတာ့သည့္ အထိ ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္ေအာင္ ဖန္တီးလာခဲ့သည္။ ၎၏ ကေပါက္တိ ကေပါက္ခ်ာ စိတ္ကူးမ်ားသည္ ခ်က္ခ်င္း ဆိုသလို ဝန္ႀကီးဌာန အသီးသီး၏ အမိန႔္ ေၾကညာစာမ်ား တြင္ လိုက္နာရမည့္ စည္းမ်ဥ္း စည္းကမ္း မ်ား အျဖစ္ ပါရွိလာစၿမဲ ျဖစ္သည္။ ဤသို႔ျဖင့္ မင္းေအာင္လႈိင္သည္ ယခုအခါ ဗိုလ္သန္းေ႐ႊ ကိုပင္ ေက်ာ္လြန္ကာ ေနဝင္း စတိုင္ ျဖင့္ အားလုံးက သူ႔အား ေၾကာက္႐ြံ႕ရၿပီး တေသြးတသံတမိန႔္ ျဖင့္ ၁၉၈၈ အုပ္ခ်ဳပ္‌ေရး ပုံစံမ်ိဳး ျပန္သြားရန္ ရည္႐ြယ္ေနသည္။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္အားလည္း ညီျဖစ္သူကို ၎တို႔ဖက္မွ သတ္ျဖတ္ခဲ့မႈ ေၾကာင့္ သူ႔အေပၚ ရင္ထဲက ႀကိတ္၍ ညႇိဳးေနမည္ဟု ယုံၾကည္ကာ တေျဖးေျဖး ႏွင့္ ပါးနပ္စြာ ရာထူး တခုၿပီး တခု ျဖဳတ္ခ်ခဲ့ရာ ယခုဆို အရပ္သား လုံးလုံး ျဖစ္သြားခဲ့ေခ်ၿပီ။

ထိုသို႔ မင္းေအာင္လႈိင္ ၏ တကိုယ္ေတာ္ ထင္တိုင္းႀကဲေနမႈမ်ားေၾကာင့္ ၎တို႔ အေနအထားသည္ ျပည္တြင္း ျပည္ပ တြင္ ဆုတ္ယုတ္လာခ်ိန္၌ အမ်ိဳးသား ညီၫြတ္‌ေရး အစိုးရ က ၎တို႔ ထိန္းခ်ဳပ္နယ္ေျမမ်ား တြင္ ျပည္သူ႔ရဲတပ္ဖြဲ႕ ကို ဖြဲ႕စည္းသြားမည္ ျဖစ္သည္ဟု ေၾကညာခ်က္ ထုတ္ျပန္လာခဲ့သည္။ ဤသည္ကပင္ လြန္စြာ အေရးပါေသာ ေျခလွမ္းႀကီး ျဖစ္ၿပီး ေတာ္လွန္‌ေရး ႀကီး ေအာင္ျမင္သြားသည္ႏွင့္ လစ္ဟာသြားႏိုင္သည့္ တရားဥပေဒ စိုးမိုးေရး ကို အလွ်င္အျမန္ တာဝန္ယူႏိုင္မည္။ ထိုသို႔ အရံသင့္ ရွိေနျခင္းကပင္ ျမန္မာတို႔၏ ေတာ္လွန္‌ေရး ကို ေထာက္ခံေနၾကသည့္ ျပည္ပ ႏိုင္ငံႀကီးမ်ား၏ စိုးရိမ္မကင္း ျဖစ္ေနမႈမ်ားကို ေျပေလ်ာ့ သြားေစႏိုင္မည္ ျဖစ္သည္။

ထိုမွ် မကေသး အမ်ိဳးသား ညီၫြတ္ေရး အစိုးရသည္ အာဏာရွင္အား တြန္းလွန္လိုေသာ စိတ္သက္သက္ျဖင့္ ဖြဲ႕စည္းထားသည့္ firebrand ေသြးႂကြေနသူမ်ား မဟုတ္ဘဲ တိုင္းျပည္အား ႏိုင္နင္းစြာ အုပ္ခ်ဳပ္ႏိုင္ရန္ စနစ္တက် ျပင္ဆင္ထားသည့္ အစိုးရ ျဖစ္ေၾကာင္း ကို ထိန္းခ်ဳပ္နယ္ေျမမ်ား ျဖစ္ေသာ စစ္ကိုင္း၊ မေကြး ေဒသႀကီးမ်ား၊ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ကယား ႏွင့္ ကရင္ျပည္နယ္မ်ား အတြင္း CDM ပညာေရး ဝန္ထမ္းမ်ား ပါဝင္သည့္ ပညာေရး ကြန္ယက္မ်ားျဖင့္ ေက်ာင္းမ်ားကို ျပန္လည္ ဖြင့္လွစ္ သင္ၾကားေပးႏိုင္ျခင္းျဖင့္ သက္ေသျပ လာခဲ့သည္။

အမ်ိဳးသား ညီၫြတ္ေရး အစိုးရသည္ ေတာ္လွန္ေရးကိုသာ ေဇာက္ခ်လုပ္သင့္ၿပီး လက္ေတြ႕ႏွင့္ ကင္းကြာသည့္ လုပ္ရပ္မ်ား ကို အာ႐ုံမစိုက္သင့္ဟု ေဝဖန္မႈမ်ား ရွိေနေသာ္လည္း မိမိတို႔သည္ တိုင္းျပည္ကို ႏိုင္နင္းစြာ အုပ္ခ်ဳပ္ ႏိုင္သူမ်ား ျဖစ္သည္။ ထိုသို႔ အုပ္ခ်ဳပ္သြားႏိုင္ရန္လည္း ယာယီ ဖြဲ႕စည္းပုံ အပါအဝင္ လိုအပ္ေသာ အေျခခံ အေဆာက္အအုံမ်ား အဆင္သင့္ ျပင္ဆင္ထားၿပီး ျဖစ္သည္ကို ႏိုင္ငံတကာအား ျပသႏိုင္ဖို႔ လိုအပ္ေနသည္။

သို႔မဟုတ္ပါက စစ္တပ္အား အာဏာမွ ဖယ္ရွားၿပီးေနာက္ ျဖစ္ေပၚလာေသာ အာဏာ ေလဟာနယ္ႀကီး အတြင္း တိုင္းျပည္သည္ ကေသာင္းကနင္း ထိန္းမႏိုင္ သိမ္းမရ ျဖစ္သြားမည္ကို အေနာက္ႏိုင္ငံႀကီး အခ်ိဳ႕က စိုးရိမ္ေန သည္။ ၎တို႔အား လက္ညႇိဳးထိုးခံရမည့္ အေရးေၾကာင့္ ထဲထဲဝင္ဝင္ ကူညီရမည္ကို လက္တြန႔္ေနၾကသည္။

ထို႔ေၾကာင့္လည္း အမ်ိဳးသား ညီၫြတ္ေရး အစိုးရ အဖြဲ႕ဝင္မ်ား ႏွင့္ အခါအားေလွ်ာ္စြာ ေတြ႕ဆုံၿပီး တီးေခါက္ ေနၾကျခင္း ျဖစ္သည္။ သို႔ေသာ္ အေျပာႏွင့္ မလုံေလာက္၊ လက္ေတြ႕ လုပ္ျပႏိုင္မွလည္း ျဖစ္မည္ ဆိုသည္ကို သေဘာေပါက္ထားၾကရန္ လိုအပ္ေပသည္။ယခုပင္ အေရွ႕ေတာင္အာရွ သို႔ ခရီးလွည့္လည္ေနေသာ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၏ အႀကံေပး ဒဲရက္ ရႈိလက္မွ အာဆီယံ အဖြဲ႕ဝင္ ႏိုင္ငံမ်ား အား အမ်ိဳးသား ညီၫြတ္ေရး အစိုးရႏွင့္ လူသိရွင္ၾကား ဆက္သြယ္ ေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းသြားခဲ့ၿပီ ျဖစ္သည္။

တနဂၤေႏြ႕ေန႔တြင္ အာဆီယံသည္ လူသားခ်င္း စာနာေထာက္ထားေသာ အကူအညီမ်ားကို အၾကမ္းဖက္ စစ္အုပ္ ခ်ဳပ္ေရး အဖြဲ႕မွ တဆင့္ ပဋိပကၡျဖစ္ပြားေနေသာ မေကြး၊ စစ္ကိုင္း၊ ပဲခူး ေဒသႀကီးမ်ား ႏွင့္ ကယား ႏွင့္ ကရင္ျပည္နယ္မ်ားသို႔ ေပးအပ္သြားမည္ဟု ေၾကညာခဲ့ၿပီး ေနရပ္စြန႔္ခြာ ထြက္ေျပးေနရသူ တသိန္းခန္႔ရွိသည့္ ခ်င္းျပည္နယ္အား ခ်န္လွပ္ထားခဲ့မႈ အေပၚ ေမးခြန္းထုတ္လာၾကသည္။

ဤသည္ကပင္ အၾကမ္းဖက္ စစ္အုပ္စုသည္ အကူအညီေပးေရး အေပၚ စစ္ေရးစီမံခ်က္မ်ား ေရာယွက္ထားၿပီး ၎တို႔အတြက္ မဟာဗ်ဴဟာက်ေသာ နယ္ေျမမ်ား အတြင္းကိုသာ ထိုး‌ေဖာက္လိုေနသည္မွာ ထင္ရွားေန ေပသည္။

ျပည္သူတို႔၏ တရားေသာစစ္ မုခ်ေအာင္ရမည္!!!credit-Hla Soewai

လူလုံးမလှ ဖြစ်လာကြသူများ နှင့် ရုပ်လုံးကြွလာနေသည့် NUG

ဝါရှင်တန် ပို့စ် သတင်းစာ ကြီး၏ အယ်ဒီဝာာ အာဘော်မှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် နှင့် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ အား ဦးဆောင်သူ တဦး ဖြစ်သူ ကိုဂျင်မီ တို့အား ကြိုးစင်သို့ ပို့မည် ဆိုလျှင် မြန်မာသည် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်လည် သွားနိုင်ကောင်းသည် ဆိုသော နောက်ဆုံးလက်ကျန် အလားအလာများကို အသူရာ နက်သည့် ချောက်ကြီးထဲသို့ ပြစ်ချလိုက်ခြင်းသာ ဖြစ်လိမ့်မည်ဟု သတိပေး လာခဲ့သည်။

ထိုသို့ ကွပ်မျက်ရန် ကြံစည်နေမှု ကဲ့သို့ မတရား အနိုင်ကျင့် ဥပဒေမဲ့ လုပ်ရပ်များကို “တရားမဝင် အစိုးရ” ဟု ခေါ်ဝေါ် ကာ ရှုတ်ချလာသည့် ပြင်သစ် သံရုံးအားလည်း နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်သည်ဆိုကာ ၎င်းတို့နှင့် မဆက်ဆံက ပြင်သစ် အတွက်ပင် အကျိုးယုတ်ဖွယ် ရှိသည့် ပုံစံဖြင့် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန် လာခဲ့ပြန်သည်။ အလားတူ အမေရိကန် နှင့် ကုလသမဂ္ဂအားလည်း “မစဉ်းစား မဆင်ခြင် လက်လွတ်စပယ် ပြောဆိုသူများ” ဟု ကင်ပွန်းတပ်လိုက် ပြန်သည်။

ဤသည်ကို တုန့်ပြန်သည့် အနေဖြင့် ပြင်သစ် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန က သံရုံး ကြေညာချက်အတိုင်း ပင် ထပ်မံ၍ မြန်မာနိုင်ငံရှိ တရားမဝင် အစိုးရ အကောင်အထည် ဖေါ်နေသည့် အကြောက်တရားကို ရဲရဲဝံ့ဝံ့ ခုခံ ရင်ဆိုင်နေကြသော မြန်မာ ပြည်သူများ၏ သတ္တိကို လေးစား ဂုဏ်ပြုပြီး မိမိတို့၏ သဘောထား မည်သို့မျှ ပြောင်း လဲမှု ရှိမည်မဟုတ်ဟု ပါရှိလာခဲ့သည်။

အာဆီယံ ပါလီမန် အမတ်များက လည်း ထိုသို့ လူမဆန်သည့် လုပ်ရပ်အပေါ် တုန်လှုပ်မိကြောင်း ထုတ်ဖေါ်ပြော ဆိုလာကြသည်။ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) တို့က ကြေညာချက် ထုတ်ပြန်ကာ တရားဥပဒေမဲ့ လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ကြသည်။

စစ်အုပ်ချုပ်ရေး သမားများသည် တဖြေးဖြေး နှင့် ကမ္ဘာအလယ်တွင် လူရုပ်မပေါ်၊ လူလုံးမလှ ဖြစ်လာနေသည်။မင်းအောင်လှိုင်သည် တိုင်းပြည်ကို rule of law ဟုဆိုသော တရားဥပဒေ စိုးမိုးရေး ဖြင့် အုပ်ချုပ်သွားရေးကို လုံးဝ အယုံအကြည် ရှိသူ မဟုတ်၊ ၎င်း သည် rule of men ဆိုသည့် မည်သူက လူထုကို မလှန်ရဲအောင် အုပ်ချုပ်နိုင်သလဲ ဆိုသည်ကိုသာ ယုံကြည် အားထားသူ ဖြစ်နေသည်။ ဤသည်ကို သိထား၍လည်း သူ၏လက် အောက်ရှိ စစ်ဗိုလ်ချုပ်များက သူ့ထက်ငှာ လက်စွမ်းပြနေကြခြင်းလည်း ဖြစ်သည်။

သူသည်သာ အကြွင်းမဲ့ အာဏာကို ဆုတ်ကိုင်ထားလိုသူ ဖြစ်လာပြီး နိုင်ငံ၏ တရားစီရင်ရေး စနစ်ကို မည်သူမျှ အယုံအကြည် မရှိ ကြတော့သည့် အထိ ဇောက်ထိုးမိုးမျှော် ဖြစ်အောင် ဖန်တီးလာခဲ့သည်။ ၎င်း၏ ကပေါက်တိ ကပေါက်ချာ စိတ်ကူးများသည် ချက်ချင်း ဆိုသလို ဝန်ကြီးဌာန အသီးသီး၏ အမိန့် ကြေညာစာများ တွင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း များ အဖြစ် ပါရှိလာစမြဲ ဖြစ်သည်။ ဤသို့ဖြင့် မင်းအောင်လှိုင်သည် ယခုအခါ ဗိုလ်သန်းရွှေ ကိုပင် ကျော်လွန်ကာ နေဝင်း စတိုင် ဖြင့် အားလုံးက သူ့အား ကြောက်ရွံ့ရပြီး တသွေးတသံတမိန့် ဖြင့် ၁၉၈၈ အုပ်ချုပ်‌ရေး ပုံစံမျိုး ပြန်သွားရန် ရည်ရွယ်နေသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်အားလည်း ညီဖြစ်သူကို ၎င်းတို့ဖက်မှ သတ်ဖြတ်ခဲ့မှု ကြောင့် သူ့အပေါ် ရင်ထဲက ကြိတ်၍ ညှိုးနေမည်ဟု ယုံကြည်ကာ တဖြေးဖြေး နှင့် ပါးနပ်စွာ ရာထူး တခုပြီး တခု ဖြုတ်ချခဲ့ရာ ယခုဆို အရပ်သား လုံးလုံး ဖြစ်သွားခဲ့ချေပြီ။

ထိုသို့ မင်းအောင်လှိုင် ၏ တကိုယ်တော် ထင်တိုင်းကြဲနေမှုများကြောင့် ၎င်းတို့ အနေအထားသည် ပြည်တွင်း ပြည်ပ တွင် ဆုတ်ယုတ်လာချိန်၌ အမျိုးသား ညီညွတ်‌ရေး အစိုးရ က ၎င်းတို့ ထိန်းချုပ်နယ်မြေများ တွင် ပြည်သူ့ရဲတပ်ဖွဲ့ ကို ဖွဲ့စည်းသွားမည် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ဤသည်ကပင် လွန်စွာ အရေးပါသော ခြေလှမ်းကြီး ဖြစ်ပြီး တော်လှန်‌ရေး ကြီး အောင်မြင်သွားသည်နှင့် လစ်ဟာသွားနိုင်သည့် တရားဥပဒေ စိုးမိုးရေး ကို အလျှင်အမြန် တာဝန်ယူနိုင်မည်။ ထိုသို့ အရံသင့် ရှိနေခြင်းကပင် မြန်မာတို့၏ တော်လှန်‌ရေး ကို ထောက်ခံနေကြသည့် ပြည်ပ နိုင်ငံကြီးများ၏ စိုးရိမ်မကင်း ဖြစ်နေမှုများကို ပြေလျော့ သွားစေနိုင်မည် ဖြစ်သည်။

ထိုမျှ မကသေး အမျိုးသား ညီညွတ်ရေး အစိုးရသည် အာဏာရှင်အား တွန်းလှန်လိုသော စိတ်သက်သက်ဖြင့် ဖွဲ့စည်းထားသည့် firebrand သွေးကြွနေသူများ မဟုတ်ဘဲ တိုင်းပြည်အား နိုင်နင်းစွာ အုပ်ချုပ်နိုင်ရန် စနစ်တကျ ပြင်ဆင်ထားသည့် အစိုးရ ဖြစ်ကြောင်း ကို ထိန်းချုပ်နယ်မြေများ ဖြစ်သော စစ်ကိုင်း၊ မကွေး ဒေသကြီးများ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယား နှင့် ကရင်ပြည်နယ်များ အတွင်း CDM ပညာရေး ဝန်ထမ်းများ ပါဝင်သည့် ပညာရေး ကွန်ယက်များဖြင့် ကျောင်းများကို ပြန်လည် ဖွင့်လှစ် သင်ကြားပေးနိုင်ခြင်းဖြင့် သက်သေပြ လာခဲ့သည်။

အမျိုးသား ညီညွတ်ရေး အစိုးရသည် တော်လှန်ရေးကိုသာ ဇောက်ချလုပ်သင့်ပြီး လက်တွေ့နှင့် ကင်းကွာသည့် လုပ်ရပ်များ ကို အာရုံမစိုက်သင့်ဟု ဝေဖန်မှုများ ရှိနေသော်လည်း မိမိတို့သည် တိုင်းပြည်ကို နိုင်နင်းစွာ အုပ်ချုပ် နိုင်သူများ ဖြစ်သည်။ ထိုသို့ အုပ်ချုပ်သွားနိုင်ရန်လည်း ယာယီ ဖွဲ့စည်းပုံ အပါအဝင် လိုအပ်သော အခြေခံ အဆောက်အအုံများ အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်ကို နိုင်ငံတကာအား ပြသနိုင်ဖို့ လိုအပ်နေသည်။

သို့မဟုတ်ပါက စစ်တပ်အား အာဏာမှ ဖယ်ရှားပြီးနောက် ဖြစ်ပေါ်လာသော အာဏာ လေဟာနယ်ကြီး အတွင်း တိုင်းပြည်သည် ကသောင်းကနင်း ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမည်ကို အနောက်နိုင်ငံကြီး အချို့က စိုးရိမ်နေ သည်။ ၎င်းတို့အား လက်ညှိုးထိုးခံရမည့် အရေးကြောင့် ထဲထဲဝင်ဝင် ကူညီရမည်ကို လက်တွန့်နေကြသည်။

ထို့ကြောင့်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်များ နှင့် အခါအားလျှော်စွာ တွေ့ဆုံပြီး တီးခေါက် နေကြခြင်း ဖြစ်သည်။ သို့သော် အပြောနှင့် မလုံလောက်၊ လက်တွေ့ လုပ်ပြနိုင်မှလည်း ဖြစ်မည် ဆိုသည်ကို သဘောပေါက်ထားကြရန် လိုအပ်ပေသည်။ယခုပင် အရှေ့တောင်အာရှ သို့ ခရီးလှည့်လည်နေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြံပေး ဒဲရက် ရှိုလက်မှ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အား အမျိုးသား ညီညွတ်ရေး အစိုးရနှင့် လူသိရှင်ကြား ဆက်သွယ် ဆောင်ရွက်သွားကြရန် တိုက်တွန်းသွားခဲ့ပြီ ဖြစ်သည်။

တနင်္ဂနွေ့နေ့တွင် အာဆီယံသည် လူသားချင်း စာနာထောက်ထားသော အကူအညီများကို အကြမ်းဖက် စစ်အုပ် ချုပ်ရေး အဖွဲ့မှ တဆင့် ပဋိပက္ခဖြစ်ပွားနေသော မကွေး၊ စစ်ကိုင်း၊ ပဲခူး ဒေသကြီးများ နှင့် ကယား နှင့် ကရင်ပြည်နယ်များသို့ ပေးအပ်သွားမည်ဟု ကြေညာခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တသိန်းခန့်ရှိသည့် ချင်းပြည်နယ်အား ချန်လှပ်ထားခဲ့မှု အပေါ် မေးခွန်းထုတ်လာကြသည်။

ဤသည်ကပင် အကြမ်းဖက် စစ်အုပ်စုသည် အကူအညီပေးရေး အပေါ် စစ်ရေးစီမံချက်များ ရောယှက်ထားပြီး ၎င်းတို့အတွက် မဟာဗျူဟာကျသော နယ်မြေများ အတွင်းကိုသာ ထိုး‌ဖောက်လိုနေသည်မှာ ထင်ရှားနေ ပေသည်။

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!credit-Hla Soewai