Local News

အိန္ဒိယက ဝက်ဏမောင်လွင် မျက်နှာကို အိုးမဲနှင့်သုတ်လိုက်ပြန်ပီ


ဇွန်လ ၈






အိန္ဒိယ − အာဆီယံ နိုင်ငံရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီကိုမဖိတ်ဖို့ အိန္ဒိယ ဆုံးဖြတ်

ဇွန်လ ၈

အိန္ဒိယ-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခြင်းမပြု ရန် အိန္ဒိယက ဆုံးဖြတ်လိုက်ပြီလို့ The Economic Times ကဖော်ပြ ထားပါတယ်။

လာမည့် ရက်သတ္တပတ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင် များ ၏ဆန္ဒအရ မြန်မာနိုင်ငံကို ဖိတ်ကြားခြင်းမပြုရန် အိန္ဒိယကဆုံးဖြတ်လိုက် တာ ဖြစ်ပါ တယ်လို့ ဆိုပါတယ်။

ယင်းအစည်းအဝေးကို နိုင်ငံရေး နယ်ပယ်က မဟုတ်တဲ့ ကိုယ်စားလှယ်ကိုပဲ ဖိတ်ကြားဖို့ ရှိတယ်လို့ ဖော်ပြထားသလို အဆိုပါ အစည်းအဝေးကို အိန္ဒိယဆိုင်ရာ မြန်မာသံအမတ် အစည်းအဝေး တက်မတက် နဲ့ အစည်းအဝေးမှာ မြန်မာအတွက် ထိုင်ခုံအလွတ် ထား နိုင်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

လာမည့် ဇွန် ၁၅ ရက်မှာတော့အိန္ဒိယ-အာဆီယံ အဆင့်မြင့် အရာရှိများ အစည်းအဝေး (SOM) နှင့် ဇွန်လ ၁၆ ရက်မှ ၁၇ ရက်အထိ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယသည် ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပြန်လည် ထူ ထောင်ရေး၊ နိုင်ငံရေးခေါင်းဆောင်အားလုံးကို လွှတ်ပေးရန်နှင့် အာဆီယံ၏ သဘောတူ ညီချက်ငါးရပ်ကို လိုက်နာရန် လိုအပ်ကြောင်း အလေးပေးပြော ကြားထားတယ် လို့ဆိုပါတယ်။