Local News

သက္ညႇာမႈ မရႏိုင္ေၾကာင္း စစ္ေကာင္စီေျပာ

ကြပ္မ်က္မိန႔္အတြက္ သက္ညႇာမႈ မရႏိုင္ေၾကာင္း စစ္ေကာင္စီေျပာ

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးဂ်င္မီနဲ႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးၿဖိဳးေဇယ်ာေသာ္ အပါအဝင္ ေလးဦးကို ကြပ္မ်က္ဖို႔ စစ္ေကာင္စီက အတည္ျပဳလိုက္တဲ့အေပၚ ကုလသမဂၢအပါအဝင္ ျပည္တြင္းျပည္ပက ကန႔္ကြက္ရႈတ္ခ်ေနၾကပါတယ္။ဒီလိုကန႔္ကြက္မႈေတြေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ကြပ္မ်က္မခံရခင္ ေသဒဏ္ကို သက္ညႇာကင္းလြတ္ေပးႏိုင္မလားလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဒီေန႔ေမးတဲ့အခါ ကြပ္မ်က္ဖို႔ကိစၥက ေသခ်ာၿပီး သက္ညႇာမႈမရွိႏိုင္ဘူးလို႔ တုံ႔ျပန္ပါတယ္။

“ေပးမွာကေတာ့ ေသခ်ာတယ္။ ဒါပဲ။ (သက္ညႇာမႈ) မေပးႏိုင္ပါဘူး။ အသနားခံစာအဆင့္ထိ ၿပီးသြားၿပီ”သူတို႔ေလးဦးစလုံးကို အက်ဥ္းဦးစီးဌာနကို လႊဲအပ္ၿပီး ျဖစ္တာေၾကာင့္ အဲဒီဘက္က ဆက္လုပ္ေနတယ္လို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။သူတို႔ကို အမွန္တကယ္သာ ကြပ္မ်က္ခဲ့ရင္ စစ္ေကာင္စီဟာ ျပည္တြင္းနဲ႔ ႏိုင္ငံတကာက ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီရဲ႕ ဗဟိုလုပ္ငန္းေကာ္မတီဝင္ ဦးေက်ာ္ေထြးက RFA ကို ေျပာပါတယ္။

“စစ္ေကာင္စီဘက္က ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္ အပါအဝင္ လူေလးဦးကို စစ္ခုံ႐ုံးက ေသဒဏ္ခ်မွတ္ထားတဲ့ အမႈကိစၥကို လက္နက္သဖြယ္ အသုံးခ်ၿပီးေတာ့ ေတာ္လွန္ေရးသမားေတြနဲ႔ ျပည္သူလူထုကို စိတ္ဓာတ္စစ္ဆင္ေရး လုပ္ေဆာင္ေနတာလို႔ ျမင္ပါတယ္။ ဒါကတကယ္ေတာ့ ေသြးတိုးစမ္းေနတာပါ။ တကယ္ဆိုရင္ ရွိထားတဲ့ လုပ္ထုံးလုပ္နည္းေတြအရ အယူခံ အဆင့္ဆင့္တင္တဲ့ ကိစၥမွာလည္း တိုင္းျပည္ရဲ႕ အႀကီးအကဲျဖစ္တဲ့ ႏိုင္ငံေတာ္ သမၼတကသာ ဆုံးျဖတ္ရမယ့္ကိစၥကို ဝင္ဆုံးျဖတ္ေပးထားတာ ျဖစ္ပါတယ္။ မိုက္မိုက္မဲမဲနဲ႔ တကယ္ေပးပစ္မယ္ဆိုရင္ ျပည္တြင္းေရာ၊ ႏိုင္ငံတကာကပါ ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္”

စစ္ေကာင္စီရဲ႕ ကြပ္မ်က္မိန႔္အတည္ျပဳခ်က္နဲ႔ ပတ္သက္လို႔ ဘာေတြ တုံ႔ျပန္ဖို႔ ရွိသလဲဆိုတဲ့ ေမးခြန္းကိုေတာ့ ဦးေက်ာ္ေထြးက ရွင္းရွင္းလင္းလင္း မေျပာပါဘူး။
စစ္ေကာင္စီက သူကိုယ္တိုင္ ျပ႒ာန္းခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ကိုယ္တိုင္ခ်ိဳးေဖာက္ၿပီး အာဏာကို ဥပေဒမဲ့ က်င့္သုံးေနတာျဖစ္လို႔ သူတို႔‌ေဆာင္႐ြက္ေနတဲ့ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးကိစၥေတြ အားလုံးဟာ တရားမဝင္ဘူးလို႔ ဦးေက်ာ္ေထြးက ေျပာပါတယ္။

ဦးၿဖိဳးေဇယ်ာေသာ္နဲ႔ ဦးဂ်င္မီတို႔ ႏွစ္ဦးဟာ CRPH၊ NUG စတဲ့ အဖြဲ႕အစည္းေတြနဲ႔ ဆက္သြယ္ၿပီး အၾကမ္းဖက္မႈေတြ ေဆာင္႐ြက္ခဲ့တယ္၊ သူတို႔ကို လက္နက္ခဲယမ္းေတြနဲ႔ ဖမ္းဆီးရရွိခဲ့တယ္ဆိုၿပီး စစ္ေကာင္စီက ထုတ္ျပန္ခဲ့တာပါ။ဒီလုပ္ေဆာင္ခ်က္ေတြေၾကာင့္ သူတို႔ႏွစ္ဦးကို အၾကမ္းဖက္တိုက္ဖ်က္မႈ ဥပေဒပုဒ္မ-၄၉ (က)၊ ၅၀ (ဈ)၊ ၅၀ (ည) နဲ႔ တရားစြဲတင္ခဲ့ၿပီး ဒီျပစ္မႈေတြကို က်ဴးလြန္ခဲ့တယ္လို႔ စစ္ခုံ႐ုံးက ဆုံးျဖတ္ခဲ့ပါတယ္။

ေသဒဏ္အတည္ျပဳခံရတဲ့ က်န္ႏွစ္ဦးကေတာ့ လႈိင္သာယာၿမိဳ႕နယ္မွာ လူသတ္မႈ က်ဴးလြန္ခဲ့တယ္ ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ကိုလွမ်ိဳးေအာင္နဲ႔ ကိုေအာင္သူရေဇာ္တို႔ ျဖစ္ပါတယ္။အခုလို စစ္ေကာင္စီက ႏိုင္ငံေရးအက်ဥ္းသားေလးဦးကို ေသဒဏ္စီရင္မယ္ဆိုတဲ့အေပၚမွာ ကုလသမဂၢ၊ အာဆီယံ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ျပင္းျပင္းထန္ထန္ တားျမစ္ေပးဖို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က မေန႔က ဇြန္လ ၆ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ၿပီး ေတာင္းဆိုထားပါတယ္။

စစ္ေကာင္စီရဲ႕ ဒီဆုံးျဖတ္ခ်က္ကို ကမာၻ႔ကုလသမဂၢ အပါအဝင္ အေမရိကန္၊ ကေနဒါ၊ ျပင္သစ္ႏိုင္ငံတို႔ကလည္း ျပင္းျပင္းထန္ထန္ ဆန႔္က်င္ကန႔္ကြက္ခဲ့ေၾကာင္း ေၾကညာခ်က္ေတြ ထုတ္ျပန္ထားၾကပါတယ္။ အာဆီယံအသင္းကေတာ့ တစ္စုံတစ္ရာ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။စစ္ေကာင္စီရဲ႕ဆုံးျဖတ္ခ်က္အေပၚ ကုလသမဂၢနဲ႔ ႏိုင္ငံတကာရဲ႕ ေဝဖန္ကန႔္ကြက္မႈေတြဟာ “အၾကမ္းဖက္မႈကို အားေပးရာ ေရာက္တယ္”လို႔ မေန႔က စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ၿပီး တုံ႔ျပန္ခဲ့ပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ Stephane Dujarric ကေတာ့ စစ္ေကာင္စီရဲ႕ ဒီဆုံးျဖတ္ခ်က္ဟာ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရး ေၾကညာစာတမ္း အပိုဒ္ ၃ အရ လူတစ္ဦးရဲ႕ အသက္ရွင္ခြင့္၊ လြတ္လပ္မႈနဲ႔ လုံၿခဳံမႈကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္မႈျဖစ္တယ္လို႔ ဇြန္လ ၄ ရက္ေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

အမ်ိဳးသား ညီၫြတ္ေရး အစိုးရ (NUG) ရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကေတာ့ စစ္တပ္မွာ အခုလို တရားစီရင္ပိုင္ခြင့္ မရွိဘူးလို႔ ေျပာပါတယ္။
“စစ္ေကာင္စီရဲ႕ ခုံ႐ုံးေတြ၊ တရား႐ုံးေတြ၊ စီရင္ခ်က္ေတြ က်ေနာ္တို႔ လုံးဝယုံလို႔မရဘူး။ ဒီမိုကေရစီ ေတာင္းဆိုတဲ့သူ မွန္သမွ် ရန္သူလို႔ သတ္မွတ္၊ အျပစ္မဲ့ျပည္သူေတာင္ သတ္ျဖတ္ေနတဲ့ကာလမွာ သူတို႔ဆီက ခ်မွတ္တဲ့ တရားဥပေဒဆိုတာ က်ေနာ္တို႔ ယုံၾကည္စရာလည္း မရွိဘူး။ သူတို႔အေနနဲ႔ တရားစီရင္ပိုင္ခြင့္လည္း မရွိဘူး။ စစ္တပ္က စစ္တပ္ပါပဲ။ ဘယ္လိုမွ တရားစီရင္ေရးမွာ ပါဝင္ၿပီး လုပ္ေဆာင္စရာ မရွိတဲ့အတြက္ ဒါက တရားေရးအရေရာ၊ လူ႔အခြင့္အေရးအရေရာ က်ေနာ္တို႔ မွားယြင္းတဲ့ ကိစၥတစ္ခုျဖစ္ပါတယ္”

လူတစ္ေယာက္ကို ေသဒဏ္အမိန႔္ေပးတယ္ဆိုတာ လြယ္လြယ္ကူကူနဲ႔ ဆုံးျဖတ္လို႔ရတဲ့ ကိစၥမဟုတ္ဘဲ အျပစ္မရွိဘဲ ေဆာင္႐ြက္မိခဲ့ရင္ အစားထိုးလို႔ မရတဲ့ အသက္အျပင္ တစ္ခ်ိန္တည္းမွာ ကာယကံရွင္ရဲ႕ ဂုဏ္သိကၡာကိုပါ ထိခိုက္ေစတယ္လို႔ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕က လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ၿမိဳ႕ျပေျပာက္က်ား လူငယ္တစ္ဦးကေတာ့ စစ္တပ္က သူတို႔ကို ေတာ္လွန္မယ့္သူေတြကို အေၾကာက္တရားသြင္းလိုက္တဲ့ လုပ္ရပ္တစ္ခု ျဖစ္တယ္လို႔ ေျပာပါတယ္။

“အခုလို လုပ္ျပလိုက္တယ္ဆိုတာကဗ်ာ တကယ္တမ္းက်ေတာ့ ေနာက္လူေတြ ဆက္မလုပ္ရဲေအာင္ ေတာ္လွန္သူေတြကို အဲဒီလိုမ်ိဳး လုပ္ျပလိုက္တယ္လို႔ ထင္တယ္”စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္ေတြအရ အာဏာသိမ္းၿပီးေနာက္ပိုင္း ေသဒဏ္ခ်မွတ္ခံထားရတဲ့သူဟာ ေမလအထိ ၁၁၄ ဦးအထိ ရွိေနတာပါ။ သူတို႔အားလုံးဟာ ဥပေဒအရ ခုခံကာကြယ္ခြင့္မရဘဲ ေထာင္တြင္းစစ္ခုံ႐ုံးကေန တိုက္႐ိုက္အမိန႔္ခ်ခံထားရတာလည္း ျဖစ္ပါတယ္။ႏိုင္ငံတကာ ဥပေဒေတြနဲ႔ ဆန႔္က်င္ၿပီးေတာ့ စစ္ေကာင္စီက ႀကိဳးေပးကြပ္မ်က္တာကို တကယ္လုပ္ခဲ့ရင္ ဆိုးဝါးတဲ့ အက်ိဳးဆက္ေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ရန္ကုန္ၿမိဳ႕က ေရွ႕ေနတစ္ဦးက ေျပာပါတယ္။

“ဒီအေပၚမွာ အကုန္ၿခဳံငုံၿပီး သုံးသပ္ရရင္ေတာ့ ခုနက ေျပာဆိုေနတာေတြက တကယ္လက္ေတြ႕ ျဖစ္လာႏိုင္ဖို႔ အင္မတန္ ခဲယဥ္းတဲ့ အေနအထားျဖစ္တယ္။ ႏိုင္ငံေရး ရည္႐ြယ္ခ်က္ တစ္ရပ္ရပ္အရ ခုနကလို ႏိုင္ငံေရး ကစားကြက္တစ္ခုေ႐ႊ႕ျခင္းပဲ ျဖစ္ေကာင္းျဖစ္လိမ့္မယ္။ အကယ္၍ ဒီထဲကေနမွ တကယ္ကို ကမာၻက ကန႔္ကြက္ေနတယ္၊ ႏိုင္ငံတကာ ဥပေဒေတြနဲ႔ ဆန႔္က်င္ေနတယ္၊ ျပည္တြင္း ဥပေဒေတြအရလည္း သံသယျဖစ္ဖြယ္ အေျခအေနေတြ ျဖစ္ေနတဲ့အခ်ိန္မွာ တကယ္သာ ႀကိဳးေပး ကြပ္မ်က္ခဲ့မယ္ေဟ့ဆိုရင္ အင္မတန္ ဆိုးဝါးတဲ့ အက်ိဳးဆက္ေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ပဲ ဒီလိုပဲ သုံးသပ္လို႔ ရပါတယ္”

အခု ကြပ္မ်က္မိန႔္အတည္ျပဳခံရသူေတြကို အက်ဥ္းနည္းနဲ႔ စီရင္တဲ့ စစ္ခုံ႐ုံးကေန ဆုံးျဖတ္တာျဖစ္ၿပီး အျပန္အလွန္ေလွ်ာက္လဲခြင့္နဲ႔ ေခ်ပခြင့္ေတြမရခဲ့တာေၾကာင့္ လုံးဝ တရားမွ်တမႈ မရွိဘူးလို႔ သူက ေထာက္ျပပါတယ္။စစ္ေကာင္စီလိုပဲ ျမန္မာႏိုင္ငံမွာ စစ္အစိုးရအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ နဝတ၊ နအဖေတြ လက္ထက္မွာ ႏိုင္ငံေရး အက်ဥ္းသားေတြကို ေသဒဏ္ေတြ ခ်ခဲ့ေပမယ့္ တကယ္စီရင္ျခင္း မရွိဘဲ ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ခဲ့တယ္လို႔ ေလ့လာသူေတြက ေထာက္ျပၾကပါတယ္။

ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးသန္းစိုးႏိုင္ကေတာ့ ႏိုင္ငံတကာက ဂ႐ုစိုက္မႈနဲ႔ အသနားခံမႈေတြရွိလာရင္ စစ္ေခါင္းေဆာင္ဘက္က သူတို႔ဆုံးျဖတ္ခ်က္ကို ျပန္စဥ္းစားလာႏိုင္တယ္လို႔ သုံးသပ္ပါတယ္။“သူမလုပ္ရဲတာ ဘာမွ မရွိဘူး။ အကုန္လုပ္ရဲတယ္ဆိုတဲ့ သေဘာထားေတြ စုၿပဳံေဖာ္ျပထားတယ္ဆိုတဲ့ အေနအထားမွာ သူ႔အေနနဲ႔ ႏိုင္ငံတကာက သူ႔ကို ဂ႐ုစိုက္မႈနဲ႔ အသနားခံမႈေတြအထိ လုပ္ကိုင္ ေဆာင္႐ြက္လာရင္ေတာ့ တစ္မ်ိဳး စဥ္းစားပါလိမ့္မယ္။ အဲလိုမွ မဟုတ္ရင္ေတာ့ လူမိုက္ပီပီ၊ လူရမ္းကားပီပီ ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို ႀကိဳးဒဏ္ေပးဖို႔ လုပ္ေကာင္းလုပ္ႏိုင္တယ္လို႔ က်ေနာ္ကေတာ့ မွန္းဆၾကည့္ပါတယ္ခင္ဗ်”အဲဒီအမိန႔္အတိုင္း အမွန္တကယ္ကြပ္မ်က္ခဲ့ရင္ စစ္ေကာင္စီအေပၚ ျပည္သူေတြရဲ႕ နာၾကည္းမႈေတြဟာ အထြတ္အထိပ္ကိုေရာက္လာႏိုင္တယ္လို႔လည္း ဦးသန္းစိုးႏိုင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေသဒဏ္ေပး ကြပ္မ်က္မႈကို လက္ေတြ႕လုပ္မယ္ဆိုရင္ ႏိုင္ငံေတာ္အႀကီးအကဲရဲ႕ အတည္ျပဳခ်က္ လိုအပ္ၿပီး ဗိုလ္ခ်ဳပ္ႀကီးေနဝင္းရဲ႕ ျမန္မာ့ ဆိုရွယ္လစ္ လမ္းစဥ္ပါတီေခတ္က ေက်ာင္းသားေခါင္းေဆာင္ ဆလိုင္းတင္ေမာင္ဦးကို ႀကိဳးေပးကြပ္မ်က္ၿပီးေနာက္ပိုင္း ေသဒဏ္ကို လက္ေတြ႕က်င့္သုံးတာမ်ိဳး မရွိခဲ့ပါဘူး။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္မႈနဲ႔ ေထာင္ဒဏ္ခ်မွတ္ခံထားရသူ ၁၂၀၀ ေက်ာ္ထဲမွာ အျမင့္ဆုံး ျပစ္ဒဏ္ေတြျဖစ္တဲ့ ေသဒဏ္နဲ႔ ေထာင္ဒဏ္တစ္သက္ ခ်မွတ္ခံထားရသူေပါင္း ၂၀၉ ဦးထိ ရွိေနတယ္လို႔ သုေတသနအဖြဲ႕တစ္ခုျဖစ္တဲ့ ျမန္မာ့ မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဳ (ISP-Myanmar) က မေန႔က သတင္းထုတ္ျပန္ထားပါတယ္။source-RFA

ကွပ်မျက်မိန့်အတွက် သက်ညှာမှု မရနိုင်ကြောင်း စစ်ကောင်စီပြော

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ကွပ်မျက်ဖို့ စစ်ကောင်စီက အတည်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပက ကန့်ကွက်ရှုတ်ချနေကြပါတယ်။ဒီလိုကန့်ကွက်မှုတွေကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကွပ်မျက်မခံရခင် သေဒဏ်ကို သက်ညှာကင်းလွတ်ပေးနိုင်မလားလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့မေးတဲ့အခါ ကွပ်မျက်ဖို့ကိစ္စက သေချာပြီး သက်ညှာမှုမရှိနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

“ပေးမှာကတော့ သေချာတယ်။ ဒါပဲ။ (သက်ညှာမှု) မပေးနိုင်ပါဘူး။ အသနားခံစာအဆင့်ထိ ပြီးသွားပြီ”သူတို့လေးဦးစလုံးကို အကျဉ်းဦးစီးဌာနကို လွှဲအပ်ပြီး ဖြစ်တာကြောင့် အဲဒီဘက်က ဆက်လုပ်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။သူတို့ကို အမှန်တကယ်သာ ကွပ်မျက်ခဲ့ရင် စစ်ကောင်စီဟာ ပြည်တွင်းနဲ့ နိုင်ငံတကာက ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုလုပ်ငန်းကော်မတီဝင် ဦးကျော်ထွေးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်ထားတဲ့ အမှုကိစ္စကို လက်နက်သဖွယ် အသုံးချပြီးတော့ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာလို့ မြင်ပါတယ်။ ဒါကတကယ်တော့ သွေးတိုးစမ်းနေတာပါ။ တကယ်ဆိုရင် ရှိထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ အယူခံ အဆင့်ဆင့်တင်တဲ့ ကိစ္စမှာလည်း တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်တဲ့ နိုင်ငံတော် သမ္မတကသာ ဆုံးဖြတ်ရမယ့်ကိစ္စကို ဝင်ဆုံးဖြတ်ပေးထားတာ ဖြစ်ပါတယ်။ မိုက်မိုက်မဲမဲနဲ့ တကယ်ပေးပစ်မယ်ဆိုရင် ပြည်တွင်းရော၊ နိုင်ငံတကာကပါ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်”

စစ်ကောင်စီရဲ့ ကွပ်မျက်မိန့်အတည်ပြုချက်နဲ့ ပတ်သက်လို့ ဘာတွေ တုံ့ပြန်ဖို့ ရှိသလဲဆိုတဲ့ မေးခွန်းကိုတော့ ဦးကျော်ထွေးက ရှင်းရှင်းလင်းလင်း မပြောပါဘူး။
စစ်ကောင်စီက သူကိုယ်တိုင် ပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ပြီး အာဏာကို ဥပဒေမဲ့ ကျင့်သုံးနေတာဖြစ်လို့ သူတို့‌ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကိစ္စတွေ အားလုံးဟာ တရားမဝင်ဘူးလို့ ဦးကျော်ထွေးက ပြောပါတယ်။

ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ နှစ်ဦးဟာ CRPH၊ NUG စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး အကြမ်းဖက်မှုတွေ ဆောင်ရွက်ခဲ့တယ်၊ သူတို့ကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရရှိခဲ့တယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။ဒီလုပ်ဆောင်ချက်တွေကြောင့် သူတို့နှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ-၄၉ (က)၊ ၅၀ (ဈ)၊ ၅၀ (ည) နဲ့ တရားစွဲတင်ခဲ့ပြီး ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ စစ်ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

သေဒဏ်အတည်ပြုခံရတဲ့ ကျန်နှစ်ဦးကတော့ လှိုင်သာယာမြို့နယ်မှာ လူသတ်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ဖြစ်ပါတယ်။အခုလို စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်မယ်ဆိုတဲ့အပေါ်မှာ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် တားမြစ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ဇွန်လ ၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်နိုင်ငံတို့ကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားကြပါတယ်။ အာဆီယံအသင်းကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဝေဖန်ကန့်ကွက်မှုတွေဟာ “အကြမ်းဖက်မှုကို အားပေးရာ ရောက်တယ်”လို့ မနေ့က စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ကတော့ စစ်ကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ အရ လူတစ်ဦးရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ဇွန်လ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ စစ်တပ်မှာ အခုလို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။
“စစ်ကောင်စီရဲ့ ခုံရုံးတွေ၊ တရားရုံးတွေ၊ စီရင်ချက်တွေ ကျနော်တို့ လုံးဝယုံလို့မရဘူး။ ဒီမိုကရေစီ တောင်းဆိုတဲ့သူ မှန်သမျှ ရန်သူလို့ သတ်မှတ်၊ အပြစ်မဲ့ပြည်သူတောင် သတ်ဖြတ်နေတဲ့ကာလမှာ သူတို့ဆီက ချမှတ်တဲ့ တရားဥပဒေဆိုတာ ကျနော်တို့ ယုံကြည်စရာလည်း မရှိဘူး။ သူတို့အနေနဲ့ တရားစီရင်ပိုင်ခွင့်လည်း မရှိဘူး။ စစ်တပ်က စစ်တပ်ပါပဲ။ ဘယ်လိုမှ တရားစီရင်ရေးမှာ ပါဝင်ပြီး လုပ်ဆောင်စရာ မရှိတဲ့အတွက် ဒါက တရားရေးအရရော၊ လူ့အခွင့်အရေးအရရော ကျနော်တို့ မှားယွင်းတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်”

လူတစ်ယောက်ကို သေဒဏ်အမိန့်ပေးတယ်ဆိုတာ လွယ်လွယ်ကူကူနဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘဲ အပြစ်မရှိဘဲ ဆောင်ရွက်မိခဲ့ရင် အစားထိုးလို့ မရတဲ့ အသက်အပြင် တစ်ချိန်တည်းမှာ ကာယကံရှင်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ပြပြောက်ကျား လူငယ်တစ်ဦးကတော့ စစ်တပ်က သူတို့ကို တော်လှန်မယ့်သူတွေကို အကြောက်တရားသွင်းလိုက်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

“အခုလို လုပ်ပြလိုက်တယ်ဆိုတာကဗျာ တကယ်တမ်းကျတော့ နောက်လူတွေ ဆက်မလုပ်ရဲအောင် တော်လှန်သူတွေကို အဲဒီလိုမျိုး လုပ်ပြလိုက်တယ်လို့ ထင်တယ်”စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်ချမှတ်ခံထားရတဲ့သူဟာ မေလအထိ ၁၁၄ ဦးအထိ ရှိနေတာပါ။ သူတို့အားလုံးဟာ ဥပဒေအရ ခုခံကာကွယ်ခွင့်မရဘဲ ထောင်တွင်းစစ်ခုံရုံးကနေ တိုက်ရိုက်အမိန့်ချခံထားရတာလည်း ဖြစ်ပါတယ်။နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်ပြီးတော့ စစ်ကောင်စီက ကြိုးပေးကွပ်မျက်တာကို တကယ်လုပ်ခဲ့ရင် ဆိုးဝါးတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရှေ့နေတစ်ဦးက ပြောပါတယ်။

“ဒီအပေါ်မှာ အကုန်ခြုံငုံပြီး သုံးသပ်ရရင်တော့ ခုနက ပြောဆိုနေတာတွေက တကယ်လက်တွေ့ ဖြစ်လာနိုင်ဖို့ အင်မတန် ခဲယဉ်းတဲ့ အနေအထားဖြစ်တယ်။ နိုင်ငံရေး ရည်ရွယ်ချက် တစ်ရပ်ရပ်အရ ခုနကလို နိုင်ငံရေး ကစားကွက်တစ်ခုရွှေ့ခြင်းပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အကယ်၍ ဒီထဲကနေမှ တကယ်ကို ကမ္ဘာက ကန့်ကွက်နေတယ်၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်၊ ပြည်တွင်း ဥပဒေတွေအရလည်း သံသယဖြစ်ဖွယ် အခြေအနေတွေ ဖြစ်နေတဲ့အချိန်မှာ တကယ်သာ ကြိုးပေး ကွပ်မျက်ခဲ့မယ်ဟေ့ဆိုရင် အင်မတန် ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ပဲ ဒီလိုပဲ သုံးသပ်လို့ ရပါတယ်”

အခု ကွပ်မျက်မိန့်အတည်ပြုခံရသူတွေကို အကျဉ်းနည်းနဲ့ စီရင်တဲ့ စစ်ခုံရုံးကနေ ဆုံးဖြတ်တာဖြစ်ပြီး အပြန်အလှန်လျှောက်လဲခွင့်နဲ့ ချေပခွင့်တွေမရခဲ့တာကြောင့် လုံးဝ တရားမျှတမှု မရှိဘူးလို့ သူက ထောက်ပြပါတယ်။စစ်ကောင်စီလိုပဲ မြန်မာနိုင်ငံမှာ စစ်အစိုးရအဖြစ် ဆောင်ရွက်ခဲ့တဲ့ နဝတ၊ နအဖတွေ လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို သေဒဏ်တွေ ချခဲ့ပေမယ့် တကယ်စီရင်ခြင်း မရှိဘဲ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နိုင်ငံတကာက ဂရုစိုက်မှုနဲ့ အသနားခံမှုတွေရှိလာရင် စစ်ခေါင်းဆောင်ဘက်က သူတို့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားလာနိုင်တယ်လို့ သုံးသပ်ပါတယ်။“သူမလုပ်ရဲတာ ဘာမှ မရှိဘူး။ အကုန်လုပ်ရဲတယ်ဆိုတဲ့ သဘောထားတွေ စုပြုံဖော်ပြထားတယ်ဆိုတဲ့ အနေအထားမှာ သူ့အနေနဲ့ နိုင်ငံတကာက သူ့ကို ဂရုစိုက်မှုနဲ့ အသနားခံမှုတွေအထိ လုပ်ကိုင် ဆောင်ရွက်လာရင်တော့ တစ်မျိုး စဉ်းစားပါလိမ့်မယ်။ အဲလိုမှ မဟုတ်ရင်တော့ လူမိုက်ပီပီ၊ လူရမ်းကားပီပီ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးဒဏ်ပေးဖို့ လုပ်ကောင်းလုပ်နိုင်တယ်လို့ ကျနော်ကတော့ မှန်းဆကြည့်ပါတယ်ခင်ဗျ”အဲဒီအမိန့်အတိုင်း အမှန်တကယ်ကွပ်မျက်ခဲ့ရင် စစ်ကောင်စီအပေါ် ပြည်သူတွေရဲ့ နာကြည်းမှုတွေဟာ အထွတ်အထိပ်ကိုရောက်လာနိုင်တယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ပေး ကွပ်မျက်မှုကို လက်တွေ့လုပ်မယ်ဆိုရင် နိုင်ငံတော်အကြီးအကဲရဲ့ အတည်ပြုချက် လိုအပ်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ပြီးနောက်ပိုင်း သေဒဏ်ကို လက်တွေ့ကျင့်သုံးတာမျိုး မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၂၀၀ ကျော်ထဲမှာ အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူပေါင်း ၂၀၉ ဦးထိ ရှိနေတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။source-RFA