Local News

ေဒၚလာ ၂၀၄ သန္းတန္ ႐ုရွား SU-30SME တိုက္ေလယာဥ္ ၆ စီးကို ေနျပည္ ေတာ္တြင္ လုံၿခဳံေရး အျပည့္ျဖင့္ လွ်ိဳ႕ ဝွက္ ထားရွိ

ေဒၚလာ ၂၀၄ သန္းတန္ ႐ုရွား SU-30SME တိုက္ေလယာဥ္ ၆ စီးကို ေနျပည္ ေတာ္တြင္ လုံၿခဳံေရး အျပည့္ျဖင့္ လွ်ိဳ႕ ဝွက္ ထားရွိ ၊ တိုက္ေလယာဥ္ႏွင့္ရဟတ္ ယာဥ္မ်ားကို ယုံၾကည္စိတ္ခ်ရသူ စစ္အရာရွိမ်ားကိုသာ ေ႐ြးခ်ယ္ ေမာင္းႏွင္ခိုင္းေတာ့၊ မယုံၾကည္မႈမ်ားျဖင့္ ေလတပ္တြင္း တပ္ပ်က္ေန

By ရန္ကုန္ေခတ္သစ္

အၾကမ္းဖက္စစ္တပ္က ၂၀၁၈ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၀၄ သန္းျဖင့္ စာခ်ဳပ္ခ်ဳပ္ၿပီး ဝယ္ယူထားေသာ ႐ုရွားႏိုင္ငံလုပ္ SU-30SME စစ္တိုက္ေလ ယာဥ္ ၆ စီး ၂၀၂၂ ခုႏွစ္ မတ္လတြင္ ေနျပည္ေတာ္ေရာက္ရွိခဲ့ၿပီး အဆိုပါ ေလယာဥ္မ်ားကို လုံၿခဳံေရးတင္းက်ပ္စြာျဖင့္ လွ်ိဳ႕ဝွက္ထားရွိထားေၾကာင္း စစ္တပ္ သတင္းရင္းျမစ္မ်ားက ေျပာဆိုသည္။

မင္းေအာင္လႈိင္ဦးေဆာင္ေသာ အၾကမ္းဖက္စစ္တပ္က ႐ုရွားႏိုင္ငံလုပ္ Sukhoi SU-30SME အမ်ိဳးအစား စစ္တိုက္ေလယာဥ္ ၁ စီးလွ်င္ အေမရိကန္ေဒၚလာ ၃၄ သန္းျဖင့္ စုစုေပါင္း ၆ စီးအတြက္ ေဒၚလာ ၂၀၄ သန္း ျဖင့္ ၂၀၁၈ ခုႏွစ္တြင္ စာခ်ဳပ္ခ်ဳပ္ဆို ဝယ္ယူခဲ့ၿပီး ၅ ႏွစ္နီးပါး ၾကာျမင့္လာခ်ိန္တြင္ ေနျပည္ေတာ္ေရာက္ရွိခဲ့ျခင္းျဖစ္သည္။

႐ုရွားကုမၸဏီ Sukhoi က ထုတ္လုပ္သည့္ SU-30SME စစ္တိုက္ေလယာဥ္သည္ လက္နက္ခဲယမ္းႏွင့္ ဒုံးက်ည္မ်ားကို ပုံစံမ်ိဳးျဖင့္ တပ္ဆင္ႏိုင္ကာ ေလ ေၾကာင္းတိုက္ပြဲ၊ ေျမျပင္တိုက္ပြဲမ်ားကို အဓိက ေထာက္ကူ ေပးႏိုင္ေသာ စစ္တိုက္ေလယာဥ္မ်ားျဖစ္ေၾကာင္း၊ ေလယာဥ္မႉး ၂ ဦး လိုက္ပါ တိုက္ခိုက္ရေသာ စစ္ေလယာဥ္ျဖစ္ေၾကာင္း သိရွိရသည္။

လက္ရွိတြင္ စစ္တပ္က SU-30SME ေလယာဥ္မ်ားကို စစ္ေျမျပင္တြင္ အသုံးျပဳျခင္းမရွိေသးဘဲ ေလယာဥ္ကြၽမ္းက်င္စြာ ေမာင္းႏွင္ႏိုင္ေရးႏွင့္ စက္ျပင္ဆင္ေရးအတြက္ သင္တန္းေပးေနျခင္း၊ ႐ုရွားေလယာဥ္မႉးမ်ားႏွင့္အတူး ပူးတြဲေလ့က်င့္ျခင္းမ်ားကိုသာ လုပ္ေဆာင္ေနသည္ဟု သိရွိရသည္။

“တိုက္ေလယာဥ္ YAK 130 ေတြကေတာ့ တံတားဦးနဲ႔ ေမွာ္ဘီရွိတယ္။ SU 30 ေလယာဥ္ေတြအားလုံးက ေနျပည္ ေတာ္မွာ။ SU 30 ကို ေလတပ္အရာရွိတိုင္း ေမာင္းခြင့္မေပးဘူး။ SU 30 ေတြက စစ္ေျမျပင္ကို မပ်ံေသးဘူး။ ႐ုရွား တိုက္ ေလယာဥ္အတြက္ လူေ႐ြးေခၚတာ တံတားဦးက ဗိုလ္မႉး ခင္ေဇာ္ တစ္ ေယာက္တည္းပဲ ေနျပည္ေတာ္မွာ SU 30 ေမာင္းဖို႔ အေ႐ြးခ်ယ္ခံရတယ္။ အျခားအေ႐ြးခ်ယ္ခံရသူေတြကေတာ့ ဘယ္စခန္းကလဲ မသိရေသးဘူး” ဟု ေလတပ္သတင္းရင္းျမစ္က ေျပာဆိုသည္။

လတ္တေလာ ေလတပ္အတြင္းတြင္ စစ္တပ္က ရဟတ္ယာဥ္ႏွင့္ တိုက္ေလ ယာဥ္ မ်ား ေမာင္းႏွင္သည့္အရာရွိမ်ားကို အဖြဲ႕ျပန္လည္ ဖြဲ႕စည္း ေ႐ြးခ်ယ္ခဲ့ၿပီး ယုံၾကည္စိတ္ခ်ရသူ အရာရွိမ်ားကို ေ႐ြးခ်ယ္ ေမာင္းႏွင္ခိုင္းေတာ့ေၾကာင္း၊ ယခင္ကဲ့သို႔ ေလတပ္အတြင္းမွ ႀကဳံရာလူ တာဝန္ေပးၿပီး ေမာင္းႏွင္ခိုင္းမႈမ်ိဳးမရွိေတာ့ဟု ေလတပ္အတြင္းမွ သိရွိရသည္။

“စစ္ဆင္ေရးရွိလို႔ ေလယာဥ္တက္ရမယ္ဆိုရင္ အုပ္မႉး (ဒုတိယဗိုလ္မႉးႀကီး )အဆင့္ နဲ႔ သူတို႔ေ႐ြးခ်ယ္ထားၿပီးစိတ္ခ်ရတဲ့ ေလသူရယ္ တခ်ိဳ႕ရယ္ပဲ ေလယာဥ္ေတြ ရဟတ္ယာဥ္ေတြ ေမာင္းခြင့္ေပးတယ္။ အဓိကေျပာခ်င္တာ ေလတပ္ထဲ တပ္ပ်က္ေနတာပဲ။ အရင္ကေတာ့ တံတားဦးမွာ စက္လက္ေတြ ရဟတ္ယာဥ္ေတြ မထားဘူး။ အခု ေလတပ္စခန္း ​ေျပာင္းၿပီးမွ စက္လက္ေတြ ရဟတ္ယာဥ္ေတြေရာက္မယ္။

အခု စစ္ေျမျပင္ေတြမွာ ရဟတ္ယာဥ္ေတြနဲ႔ပစ္ေနတဲ့အဖြဲ႕ကို စက္လက္အဖြဲ႕လို႔ေခၚတယ္။ အဲဒါက ေနျပည္ေတာ္မွာ သပ္သပ္ဖြဲ႕ထားတယ္။ တံတားဦးေလတပ္မွာေတာ့ အုပ္မႉး ၂ေယာက္ရွိတဲ့ အထဲမွာမွ ၆၂ တိုက္ခိုက္ေရးအုပ္က အုပ္မႉး တစ္ေယာက္ကိုပဲ စစ္တပ္ေခါင္းေဆာင္ပိုင္းက စိတ္ခ်တယ္။ ၆၂ အုပ္မႉး အမည္ ဒုတိယဗိုလ္မႉးႀကီး ေဇာ္ျမင့္ထြန္း” ဟု ေလတပ္သတင္းရင္းျမစ္က ဆိုသည္။

ရန္ကုန္ရွိ ေမွာ္ဘီေလတပ္စခန္းသို႔ တံတားဦးေလတပ္မွ အရာရွိတခ်ိဳ႕ ၃ လတစ္ႀကိမ္ တစ္ဖြဲ႕စီ သြားေရာက္၍ တပ္ခ်ိန္း ေပးေနရေၾကာင္း၊ ေမွာ္ဘီေလတပ္စခန္းတြင္ သြားေရာက္တာဝန္ထမ္းေဆာင္ခ်ိန္ ေလယာဥ္ဆီခိုးေရာင္းခ်ျခင္းအပါအဝင္ အဖြဲ႕လိုက္ သိန္း ရာခ်ီ ဝင္ေငြရရွိေၾကာင္း သိရွိရသည္။

“တံတားဦးက ပိုင္းေလာ့ေတြရယ္ ေလယာဥ္ျပင္တာနဲ႔ ပတ္သက္တဲ့ တခ်ိဳ႕ အဖြဲ႕ေတြက စစ္ဆင္ေရးအေနနဲ႔ ေမွာ္ဘီေလတပ္စခန္းကို ၃လ တစ္ဖြဲ႕ သြားရတယ္။ ၃ လကို တစ္ခါခ်ိန္းရတယ္။ အဲဒီ အဖြဲ႕မွာမွ ယာယီအုပ္မႈး တာဝန္ယူရတဲ့ သူက (ဗမ အဆင့္)။

ေမွာ္ဘီ ကိုသြားရင္ ၃လအတြင္း သိန္း၅၀၀ ဝန္းက်င္ေလာက္ရတယ္။ အခုေမွာ္ဘီကို သြားတဲ့သူေတြထဲမွာ ဗိုလ္မႉး ရဲေဇာ္ႏိုင္ (ယာယီအုပ္မႉး )၊ ဗိုလ္မႉး ေနဝင္းေက်ာ္ ၊ ဗိုလ္မႉး သက္လင္းေမာင္တို႔ပါတယ္။ အဓိက စစ္ဆင္ ေရးေတြဆို သူတို႔က ေလယာဥ္ေမာင္းၾကရတယ္။

ဗိုလ္မႉး ေနဝင္းေက်ာ္ ဆိုတာ DSA အပတ္စဥ္ ၄၇ က။ သူ႔အမ်ိဳးသမီးက ေသာ္တာထြန္းက ေငြရလြန္းေတာ့ သူ႔အထက္လူႀကီးကို ပိုက္ဆံျပန္ေခ်းႏိုင္တယ္။ အခုအမႈျဖစ္ေနၾကတယ္။ ခိုးရတဲ့ေငြကို ရာထူးႀကီးတဲ့သူက ျပန္ေခ်းယူရင္း အမႈျဖစ္ၾကတာမ်ိဳးေတြပါ ျဖစ္ေနတာ” ဟု ေလတပ္သတင္းရင္းျမစ္က ေျပာဆိုသည္။

ဓာတ္ပုံ- ႐ုရွားလုပ္ SU 30 အမ်ိဳးအစား တိုက္ေလယာဥ္တစ္စီး။

ဒေါ်လာ ၂၀၄ သန်းတန် ရုရှား SU-30SME တိုက်လေယာဉ် ၆ စီးကို နေပြည် တော်တွင် လုံခြုံရေး အပြည့်ဖြင့် လျှို့ ဝှက် ထားရှိ ၊ တိုက်လေယာဉ်နှင့်ရဟတ် ယာဉ်များကို ယုံကြည်စိတ်ချရသူ စစ်အရာရှိများကိုသာ ရွေးချယ် မောင်းနှင်ခိုင်းတော့၊ မယုံကြည်မှုများဖြင့် လေတပ်တွင်း တပ်ပျက်နေ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME စစ်တိုက်လေ ယာဉ် ၆ စီး ၂၀၂၂ ခုနှစ် မတ်လတွင် နေပြည်တော်ရောက်ရှိခဲ့ပြီး အဆိုပါ လေယာဉ်များကို လုံခြုံရေးတင်းကျပ်စွာဖြင့် လျှို့ဝှက်ထားရှိထားကြောင်း စစ်တပ် သတင်းရင်းမြစ်များက ပြောဆိုသည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ပြီး ၅ နှစ်နီးပါး ကြာမြင့်လာချိန်တွင် နေပြည်တော်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့် SU-30SME စစ်တိုက်လေယာဉ်သည် လက်နက်ခဲယမ်းနှင့် ဒုံးကျည်များကို ပုံစံမျိုးဖြင့် တပ်ဆင်နိုင်ကာ လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ်တိုက်လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်က SU-30SME လေယာဉ်များကို စစ်မြေပြင်တွင် အသုံးပြုခြင်းမရှိသေးဘဲ လေယာဉ်ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရေးနှင့် စက်ပြင်ဆင်ရေးအတွက် သင်တန်းပေးနေခြင်း၊ ရုရှားလေယာဉ်မှူးများနှင့်အတူး ပူးတွဲလေ့ကျင့်ခြင်းများကိုသာ လုပ်ဆောင်နေသည်ဟု သိရှိရသည်။

“တိုက်လေယာဉ် YAK 130 တွေကတော့ တံတားဦးနဲ့ မှော်ဘီရှိတယ်။ SU 30 လေယာဉ်တွေအားလုံးက နေပြည် တော်မှာ။ SU 30 ကို လေတပ်အရာရှိတိုင်း မောင်းခွင့်မပေးဘူး။ SU 30 တွေက စစ်မြေပြင်ကို မပျံသေးဘူး။ ရုရှား တိုက် လေယာဉ်အတွက် လူရွေးခေါ်တာ တံတားဦးက ဗိုလ်မှူး ခင်ဇော် တစ် ယောက်တည်းပဲ နေပြည်တော်မှာ SU 30 မောင်းဖို့ အရွေးချယ်ခံရတယ်။ အခြားအရွေးချယ်ခံရသူတွေကတော့ ဘယ်စခန်းကလဲ မသိရသေးဘူး” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော လေတပ်အတွင်းတွင် စစ်တပ်က ရဟတ်ယာဉ်နှင့် တိုက်လေ ယာဉ် များ မောင်းနှင်သည့်အရာရှိများကို အဖွဲ့ပြန်လည် ဖွဲ့စည်း ရွေးချယ်ခဲ့ပြီး ယုံကြည်စိတ်ချရသူ အရာရှိများကို ရွေးချယ် မောင်းနှင်ခိုင်းတော့ကြောင်း၊ ယခင်ကဲ့သို့ လေတပ်အတွင်းမှ ကြုံရာလူ တာဝန်ပေးပြီး မောင်းနှင်ခိုင်းမှုမျိုးမရှိတော့ဟု လေတပ်အတွင်းမှ သိရှိရသည်။

“စစ်ဆင်ရေးရှိလို့ လေယာဉ်တက်ရမယ်ဆိုရင် အုပ်မှူး (ဒုတိယဗိုလ်မှူးကြီး )အဆင့် နဲ့ သူတို့ရွေးချယ်ထားပြီးစိတ်ချရတဲ့ လေသူရယ် တချို့ရယ်ပဲ လေယာဉ်တွေ ရဟတ်ယာဉ်တွေ မောင်းခွင့်ပေးတယ်။ အဓိကပြောချင်တာ လေတပ်ထဲ တပ်ပျက်နေတာပဲ။ အရင်ကတော့ တံတားဦးမှာ စက်လက်တွေ ရဟတ်ယာဉ်တွေ မထားဘူး။ အခု လေတပ်စခန်း ပြောင်းပြီးမှ စက်လက်တွေ ရဟတ်ယာဉ်တွေရောက်မယ်။

အခု စစ်မြေပြင်တွေမှာ ရဟတ်ယာဉ်တွေနဲ့ပစ်နေတဲ့အဖွဲ့ကို စက်လက်အဖွဲ့လို့ခေါ်တယ်။ အဲဒါက နေပြည်တော်မှာ သပ်သပ်ဖွဲ့ထားတယ်။ တံတားဦးလေတပ်မှာတော့ အုပ်မှူး ၂ယောက်ရှိတဲ့ အထဲမှာမှ ၆၂ တိုက်ခိုက်ရေးအုပ်က အုပ်မှူး တစ်ယောက်ကိုပဲ စစ်တပ်ခေါင်းဆောင်ပိုင်းက စိတ်ချတယ်။ ၆၂ အုပ်မှူး အမည် ဒုတိယဗိုလ်မှူးကြီး ဇော်မြင့်ထွန်း” ဟု လေတပ်သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ရှိ မှော်ဘီလေတပ်စခန်းသို့ တံတားဦးလေတပ်မှ အရာရှိတချို့ ၃ လတစ်ကြိမ် တစ်ဖွဲ့စီ သွားရောက်၍ တပ်ချိန်း ပေးနေရကြောင်း၊ မှော်ဘီလေတပ်စခန်းတွင် သွားရောက်တာဝန်ထမ်းဆောင်ချိန် လေယာဉ်ဆီခိုးရောင်းချခြင်းအပါအဝင် အဖွဲ့လိုက် သိန်း ရာချီ ဝင်ငွေရရှိကြောင်း သိရှိရသည်။

“တံတားဦးက ပိုင်းလော့တွေရယ် လေယာဉ်ပြင်တာနဲ့ ပတ်သက်တဲ့ တချို့ အဖွဲ့တွေက စစ်ဆင်ရေးအနေနဲ့ မှော်ဘီလေတပ်စခန်းကို ၃လ တစ်ဖွဲ့ သွားရတယ်။ ၃ လကို တစ်ခါချိန်းရတယ်။ အဲဒီ အဖွဲ့မှာမှ ယာယီအုပ်မှုး တာဝန်ယူရတဲ့ သူက (ဗမ အဆင့်)။

မှော်ဘီ ကိုသွားရင် ၃လအတွင်း သိန်း၅၀၀ ဝန်းကျင်လောက်ရတယ်။ အခုမှော်ဘီကို သွားတဲ့သူတွေထဲမှာ ဗိုလ်မှူး ရဲဇော်နိုင် (ယာယီအုပ်မှူး )၊ ဗိုလ်မှူး နေဝင်းကျော် ၊ ဗိုလ်မှူး သက်လင်းမောင်တို့ပါတယ်။ အဓိက စစ်ဆင် ရေးတွေဆို သူတို့က လေယာဉ်မောင်းကြရတယ်။

ဗိုလ်မှူး နေဝင်းကျော် ဆိုတာ DSA အပတ်စဉ် ၄၇ က။ သူ့အမျိုးသမီးက သော်တာထွန်းက ငွေရလွန်းတော့ သူ့အထက်လူကြီးကို ပိုက်ဆံပြန်ချေးနိုင်တယ်။ အခုအမှုဖြစ်နေကြတယ်။ ခိုးရတဲ့ငွေကို ရာထူးကြီးတဲ့သူက ပြန်ချေးယူရင်း အမှုဖြစ်ကြတာမျိုးတွေပါ ဖြစ်နေတာ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ရုရှားလုပ် SU 30 အမျိုးအစား တိုက်လေယာဉ်တစ်စီး။