ပေါက်၊ ဇွန်၈၊ ၂၀၂၂။
#မြေလတ်အသံ
ကိုင်းလယ်ရဲစခန်းကို PDF တွေ တိုက်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲ ( ရုပ်/သံ)
ပေါက်၊ ဇွန်၈၊ ၂၀၂၂။
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကိုင်းလယ်ရဲစခန်းကို မနေ့က မနက်ပိုင်းမှာ PDF မဟာမိတ် ၉ဖွဲ့လောက်က စခန်းသိမ်းတိုက်ပွဲအဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
အဲ့ဒီတိုက်ပွဲမှာ မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့ က PDF ရဲဘော် ၂ဦးကျဆုံးခဲ့သလို ဘာမထီပျောက်ကြားတပ်ဖွဲ့က ရဲဘော်တဦး သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဘာမထီပျောက်ကြားတပ်ဖွဲ့က ရဲဘော်တဦးက ပြောပါတယ်။
” ပစ်ရင်းလေကြောင်းရောက်လာတာ၊သူတို့ဘက်ကထိတာတော့သိတယ်၊တိုက်ပွဲဖြစ်နေတဲ့အချိန်မှာသူတို့ဘက်ကလည်းသူတို့အလောင်းသူတို့ပြန်ဆွဲတာပေါ့၊ဘယ်နှစ်ယောက်ကျတုန်းတော့ကျနော်တို့မတွေ့ခဲ့ရဘူး၊
ကျနော်တို့စခန်းထဲကိုဝင်ပြီးခါမှစခန်းကိုဝင်ဖျက်ဆီးတဲ့အချိန်ရောက်ခါမှ ကျနော်ပစ်လိုက်တဲ့သူတို့နေရာတွေမှာ သွေးအိုင်တွေ လူတရွတ်တိုက်ဆွဲတဲ့ခြေရာတွေတွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ကိုင်းလယ်ရဲခစန်းက ရဲတပ်သားတးဦးကို အရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင် စခန်းမှူးအပါအဝင် ရဲတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ