Local News

တိမ္းေရွာင္ေနသည့္ တပ္ေထာက္ခံသူ ပ-စ္သ-တ္ခံရ

ေထာက္ႀကံ့တြင္ လာေရာက္တိမ္းေရွာင္ေနသည့္ တပ္ေထာက္ခံသူ ပ-စ္သ-တ္ခံရ

မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္မွ ရန္ကုန္တိုင္း ေထာက္ႀကံ့သို႔ လာေရာက္တိမ္းေရွာင္ေနေသာ စစ္တပ္ေထာက္ခံ သူ အမ်ိဳးသားတစ္ဦးကို အမည္မသိေသနတ္သမားမ်ားက ယေန႔ (ဇြန္ ၈ ) မြန္းလြဲပိုင္းတြင္ ပစ္ခတ္လုပ္ႀကံ သြားေၾကာင္း သိရွိသည္။

ေသနတ္ျဖင့္ လုပ္ႀကံခံရသူမွာ အသက္ ၃၅ ႏွစ္အ႐ြယ္ ကိုေကာင္းျမင့္ဝင္းဆိုသူျဖစ္ေၾကာင္း၊ ၿမိဳင္ၿမိဳ႕နယ္ ထန္းဘုန္းေတာ႐ြာမွျဖစ္ေၾကာင္း၊ စစ္တပ္ေထာက္ခံပြဲပြဲမ်ားတြင္ ပါဝင္ဖူးေသာေၾကာင့္ ေထာက္ႀကံ့အနီး ဂူႀကီးကုန္း႐ြာ လာေရာက္တိမ္းေရွာင္ေနသူျဖစ္ေၾကာင္း သိရသည္။

ယေန႔ မြန္းလြဲပိုင္းက ဂူႀကီးကုန္း႐ြာ ဘုန္းႀကီးေက်ာင္းအေနာက္ဘက္ ကြမ္းယာဆိုင္တြင္ ရွိေနစဥ္ မည္သူမ ည္ဝါမွန္းမသိရေသာ ေသနတ္သမားက ပစ္ခတ္သျဖင့္ ေသဆုံးသြားေၾကာင္း သိရွိရသည္။

တပ္ေထာက္ခံပြဲမ်ားတြင္ ပါဝင္ဖူးသျဖင့္ လာေရာက္ပုန္းခိုေနသူျဖစ္ေသာ ကိုေကာင္းျမင့္ဝင္း၏ မူလဇာတိ နယ္ျဖစ္ေသာ ႏိုင္ငံအလယ္ပိုင္း ခ်င္းတြင္းျမစ္အေနာက္ဘက္ရွိ ၿမိဳင္ၿမိဳ႕နယ္မွာ ေဒသခံ ေတာ္လွန္ေရး အင္ အားစုမ်ား အားေကာင္းၿပီး စစ္တပ္ႏွင့္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ေနေသာ ေဒသျဖစ္သည္။

အာဏာသိမ္းစစ္ေကာင္စီ၏ ရက္ရက္စက္စက္ ပစ္ခတ္သတ္ျဖတ္မႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံအႏွံ႔တြင္ ျပည္သူအမ်ားအျပားသည္ ရရာလက္နက္ကိုစြဲကိုင္ကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ၎တို႔ကို အုပ္ခ်ဳပ္ပိုင္းဆိုင္ရာတြင္ ပံ့ပိုးကူညီေနသူမ်ားကို တန္ျပန္တိုက္ခိုက္မႈမ်ားျပဳလုပ္ေနသည္။

ထိုသို႔ တန္ျပန္တိုက္ခိုက္မႈမ်ားေၾကာင့္ လူဦးေရ ၂၃၀ မွာ ေနျပည္ေတာ္ရွိ ႀကံ့ခိုင္ေရးပါတီဌာနခ်ဳပ္႐ုံးတြင္ လာေရာက္ခိုလႈံေနေၾကာင္း ဘူးလက္လွေဆြဟု လူသိမ်ားသည့္ စစ္တပ္အရာရွိေဟာင္း ဦးလွေဆြက ဇြန္ ၁ ရက္ေန႔က စစ္ေကာင္စီ၏ ေနျပည္ေတာ္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ ျမန္မာေနာင္း

ထောက်ကြံ့တွင် လာရောက်တိမ်းရှောင်နေသည့် တပ်ထောက်ခံသူ ပ-စ်သ-တ်ခံရ

မကွေးတိုင်း မြိုင်မြို့နယ်မှ ရန်ကုန်တိုင်း ထောက်ကြံ့သို့ လာရောက်တိမ်းရှောင်နေသော စစ်တပ်ထောက်ခံ သူ အမျိုးသားတစ်ဦးကို အမည်မသိသေနတ်သမားများက ယနေ့ (ဇွန် ၈ ) မွန်းလွဲပိုင်းတွင် ပစ်ခတ်လုပ်ကြံ သွားကြောင်း သိရှိသည်။

သေနတ်ဖြင့် လုပ်ကြံခံရသူမှာ အသက် ၃၅ နှစ်အရွယ် ကိုကောင်းမြင့်ဝင်းဆိုသူဖြစ်ကြောင်း၊ မြိုင်မြို့နယ် ထန်းဘုန်းတောရွာမှဖြစ်ကြောင်း၊ စစ်တပ်ထောက်ခံပွဲပွဲများတွင် ပါဝင်ဖူးသောကြောင့် ထောက်ကြံ့အနီး ဂူကြီးကုန်းရွာ လာရောက်တိမ်းရှောင်နေသူဖြစ်ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းက ဂူကြီးကုန်းရွာ ဘုန်းကြီးကျောင်းအနောက်ဘက် ကွမ်းယာဆိုင်တွင် ရှိနေစဉ် မည်သူမ ည်ဝါမှန်းမသိရသော သေနတ်သမားက ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

တပ်ထောက်ခံပွဲများတွင် ပါဝင်ဖူးသဖြင့် လာရောက်ပုန်းခိုနေသူဖြစ်သော ကိုကောင်းမြင့်ဝင်း၏ မူလဇာတိ နယ်ဖြစ်သော နိုင်ငံအလယ်ပိုင်း ချင်းတွင်းမြစ်အနောက်ဘက်ရှိ မြိုင်မြို့နယ်မှာ ဒေသခံ တော်လှန်ရေး အင် အားစုများ အားကောင်းပြီး စစ်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသော ဒေသဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် မြန်မာနိုင်ငံအနှံ့တွင် ပြည်သူအများအပြားသည် ရရာလက်နက်ကိုစွဲကိုင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ကို အုပ်ချုပ်ပိုင်းဆိုင်ရာတွင် ပံ့ပိုးကူညီနေသူများကို တန်ပြန်တိုက်ခိုက်မှုများပြုလုပ်နေသည်။

ထိုသို့ တန်ပြန်တိုက်ခိုက်မှုများကြောင့် လူဦးရေ ၂၃၀ မှာ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်ရုံးတွင် လာရောက်ခိုလှုံနေကြောင်း ဘူးလက်လှဆွေဟု လူသိများသည့် စစ်တပ်အရာရှိဟောင်း ဦးလှဆွေက ဇွန် ၁ ရက်နေ့က စစ်ကောင်စီ၏ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနောင်း