Local News




ရန်ကုန်၊ ဇွန် ၈






ပုလဲ-ဂန့်ဂေါလမ်းတွင် ခလရ ၅၅၃ မှ စစ်သား ထက်မြတ်စိုးက သင်္ကန်းဝတ်ပြီး ဘုန်းကြီးယောင်ဆောင်၍

မိုင်းကွင်းများကို လိုက်လံ စစ်ဆေးစဉ် ဖမ်းမိ(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၈

မကွေးတိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းတွင် ခလရ ၅၅၃ မှ စစ်သား ထက်မြတ်စိုးကို သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးယောင်ဆောင်ပြီး

မိုင်းကွင်းများ လိုက်လံ ကြည့်စစ်ဆေးနေစဉ် ဖမ်းမိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်PRA က သတင်းထုတ်ပြန်သည်။

ပုလဲ-ဂန့်ဂေါလမ်းတွင် PRA ထောင်ထားသည့် မိုင်းကွင်းများကို ဆိုင်ကယ် ၁ စီးဖြင့် ဘုန်းကြီး ၂ ပါးက လိုက်လံ လှည့်လည် ကြည့်ရှုနေသည်ကို တွေ့ရှိရ၍ မသင်္ကာမှုဖြင့် စစ်ဆေးသောအခါ

ခလရ ၅၅၃ မှ တပ်သား ထက်မြတ်စိုးက ဘုန်းကြီးယောင်ဆောင် သင်္ကန်းဝတ်ထားခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊

ကျန် သင်္ကန်ဝတ်တစ်ဦးကိုလည်း ဆက်လက် စစ်ဆေးနေကြောင်း PRA မှ ဗိုလ်ဂျပန်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။