Local News

ဦးရဲထြဋ္ကေတာ႔ မအလကုိ သူတုိ႔ ကုိးကြယ္ေနတဲ႔ ၂၀၀၈ နဲ႔အညီ တခ်က္တည္း အရႈိက္ထုိးျပန္

ျပည္နယ္အသစ္နဲ႕ ၂၀၀၈

ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြနဲ႕ပတ္သက္ျပီး ေျပာဆိုုေဆြးေႏြးၾကတဲ့အခါ ၀ ျပည္နယ္ ဖြဲ႕စည္းေရး ကိစၥ အေၾကာင္းလည္း ပါလာတယ္။ တကယ္ေတာ့ ၀ တုုိင္းရင္းသားေတြသာမဟုုတ္ဘူး။ အနာဂတ္မွာ ျပည္နယ္ မရေသးတဲ့ အျခား တုုိင္းရင္းသားေတြကလည္း ျပည္နယ္အဆင့္ ေတာင္းဆိုု တာေတြလည္း ရိွလာႏုုိင္တာပဲ။
ျပည္နယ္အသစ္ဖြဲ႕စည္းေရးလိုု႕ ေျပာတဲ့အခါ ဘယ္တိုုင္းရင္းသားေတြက ျပည္နယ္ ရသင့္တယ္၊မရ သင့္ဘူးဆိုုတာ မေျပာခင္ လက္ရိွအခ်ိန္မွာ အတည္ျဖစ္ေနဆဲ ၂၀၀၈ အေျခခံဥပေဒမွာ ျပည္နယ္ အသစ္ ဖြဲ႕စည္း ေရးနဲ႕ ပတ္သက္ျပီး ဘယ္လိုု ျပ႒ာန္းခ်က္ေတြရိွသလဲ၊ဘယ္သူ ေတြက ျပည္နယ္ အသစ္ဖြဲ႕စည္းေရးကိုု ဆံုုးျဖတ္ခြင့္ရိွသလဲဆိုုတာ အရင္သိထားသင့္တယ္လိုု႕ ထင္ ပါတယ္။

၂၀၀၈ အေျခခံဥပေဒရဲ့ တုုိင္းေဒသၾကီး ၊ ျပည္နယ္ဖြဲ႕စည္းမႈက ၁၉ ၇၄ အေျခခံဥပေဒပါ သတ္မွတ္ ခ်က္အတုုိင္းပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၂၀၀၈ အေျခခံဥပေဒ ပုုဒ္မ ၉ မွာ ရိွရင္းစြဲတုုိင္း(၇) တိုုင္းကိုု တုုိင္း ေဒသၾကီး (၇) ခုု၊ ရိွရင္းစြဲ ျပည္နယ္(၇) ခုုကုုိ ျပည္နယ္ (၇) ခုုအျဖစ္ ဖြဲ႕စည္းမယ္၊ တုုိင္းေဒသ ၾကီး နဲ႕ ျပည္နယ္ေတြဟာ အဆင့္အတန္းတူညီတယ္၊ တုုိင္းေဒသၾကီးနဲ႕ ျပည္နယ္အမည္ေတြကိုု လက္ရိွအတိုုင္းထားမယ္ လိုု႕ ျပ႒ာန္းထားတယ္။ ပုုဒ္မ ၄၉ မွာေတာ့ ႏုုိင္ငံေတာ္ကိုု တုုိင္းေဒသၾကီး ၇ ခုု၊ ျပည္နယ္ ၇ ျပည္နယ္နဲ႕ ျပည္ေထာင္စုု နယ္ေျမတိုု႕ျဖင့္ ပိုုင္းျခားသတ္မွတ္မယ္လိုု႕ ေဖာ္ျပျပီး လက္ရိွ တုုိင္းေဒသၾကီးနဲ႕ ျပည္နယ္ ၁၄ ခုု အမည္ကိုု ေဖာ္ျပထားတယ္။

ပုုဒ္မ ၅၆ မွာေတာ့ ကိုုုုယ္ပိုုင္အုုပ္ခ်ဳပ္ခြင့္ရတုုိင္း နဲ႕ ကိုုယ္ပိုုင္အုုပ္ခ်ဳပ္ခြင့္ရေဒသ ေတြဖြဲ႕စည္းတာကိုု ေဖာ္ျပထားတယ္။ အဲဒီပုုဒ္မမွာ ၀ ေဒသကိုု ၀ ကိုုယ္ပိုုင္အုုပ္ခ်ဳပ္ခြင့္ရတုုိင္း အျဖစ္ဖြဲ႕စည္းျပီး နာဂ၊ ဓႏုု၊ ပအိုု၀္း၊ ပေလာင္ နဲ႕ ကိုုးကန္႕တိုု႕ကိုု ကိုုယ္ပိုုင္အုုပ္ခ်ဳပ္ခြင့္ရေဒသမ်ားအျဖစ္သတ္မွတ္ထား ပါတယ္။ အမ်ိဳးသားညီလာခံကိုု တက္ေရာက္ခဲ့တဲ့ ရွမ္းေျမာက္ အထူးေဒသ (၂) ၀ တုုိင္းရင္းသား လက္နက္ကိုုင္အဖြဲ႕ကိုုယ္စားလွယ္ေတြက ၀ျပည္နယ္ ရရိွေရးကိုု တင္ျပခဲ့ေပမယ့္ မရခဲ့ဘူး။ ကိုုယ္ပိုုင္အုုပ္ခ်ဳပ္ခြင့္ရ တုုိင္းအဆင့္ပဲရခဲ့တယ္။ တကယ္ေတာ့ ကိုုယ္ပိုုင္အုုပ္ခ်ဳပ္ခြင့္ရတုုိင္း နဲ႕ ကိုု္ယ္ပိုုင္အုုပ္ခ်ဳပ္ခြင့္ရေဒသ ဆိုုတာ နာမည္သာ ကြဲျပားတာပါ။ ဇယား(၃) မွာပါတဲ့ ဥပေဒျပဳေရး လုုပ္ပိုုင္ခြင့္က အတူတူပဲ။

အေျခခံဥပေဒ အခန္း ၂ ႏုုိင္ငံေတာ္ ဖြဲ႕စည္းတည္ေဆာက္ပံုု အခန္းမွာ ျပည္ေထာင္စုု နယ္ေျမ သတ္မွတ္တာနဲ႕ပတ္သက္ျပီး ေဖာ္ျပထားေပမယ့္ တုုိင္းေဒသၾကီး၊ ျပည္နယ္ အသစ္တစ္ခုုကိုု ဘယ္လိုု ဖြဲ႕စည္းရမယ္ဆိုုတာ သီးျခား ျပ႒ာန္းထား တာမရိွဘူး။ ဒါ့ေၾကာင့္ ကိုုယ္ပိုုင္အုုပ္ခ်ဳပ္ခြင့္ရ တုုိင္း သိုု႕မဟုုတ္ ေဒသတစ္ခုုကုုိ ျပည္နယ္အဆင့္တိုုးျမွင့္ ဖြဲ႕စည္း မယ္ဆိုုရင္ အေျခခံဥပေဒ ပုုဒ္မ ၉ ၊ ၄၉ နဲ႕ ၅၆ တိုု႕ကိုု ျပင္ဆင္ႏုုိင္ေရးကိုု အရင္ေဆာင္ရြက္ ရမယ္လိုု႕ပဲ နားလည္မိပါတယ္။
အဲဒီလိုု ျပင္ဆင္မယ္ဆိုုရင္ အေျခခံဥပေဒျပင္ဆင္ေရးနဲ႕ပတ္သက္ျပီး အခန္း (၁၂ ) ဖြဲ႕စည္းပံုု အေျခခံဥပေဒ ျပင္ဆင္ျခင္း အခန္းပါ ျပ႒ာန္းခ်က္ေတြကိုု သိဖိုု႕လိုုပါတယ္။

အခန္း ၁၂ ပုုဒ္မ ၄၃၆ မွာ ျပည္ေထာင္စုုလႊတ္ေတာ္ ကိုုယ္စားလွယ္အားလံုုးရဲ့ ၇၅% ေက်ာ္က ေထာက္ခံတဲ့ အျပင္ ျပည္လံုုးကၽြတ္ဆႏၵခံယူပြဲမွာ ဆႏၵမဲေပးခြင့္ရိွသူ အားလံုုးရဲ့ ထက္၀က္ ေက်ာ္က ေထာက္ခံမွ ျပင္ဆင္လိုု႕ရမယ့္ ပုုဒ္မေတြကိုုေဖာ္ျပထားတယ္။ အဲဒီပုုဒ္မေတြထဲမွာ ပုုဒ္မ ၄၊ ၄၉ ၊ နဲ႕ ၅၆ တိုု႕ ပါတယ္။ ဒါ့ေၾကာင့္ ျပည္နယ္အသစ္ ဖြဲ႕စည္းမႈ နဲ႕ပတ္သက္ျပီး အေျခခံဥပေဒပါ ပုုဒ္မ သံုုးခုုကိုု ျပင္ဆင္ မယ္ ဆိုရင္ ပထမအဆင့္ ျပည္ေထာင္ စုုလႊတ္ေတာ္ ကိုု္ယ္စားလွယ္အားလံုုးရဲ့ ၇၅% ေက်ာ္ ေထာက္ခံမႈကိုု အရင္ရဖိုု႕လိုုတယ္။ ျပီးရင္ ဒုုတိယအဆင့္ ျပည္လံုုးကၽြတ္ ဆႏၵခံယူပြဲမွာ မဲေပးခြင့္ရိွသူ ထက္၀က္ေက်ာ္ရဲ့ ေထာက္ခံမႈကိုု ရရိွဖိုု႕လိုုပါတယ္။ အဲဒီအဆင့္ ႏွစ္ဆင့္ကိုု ေက်ာ္ျဖတ္ႏုုိင္မွာ ျပည္နယ္အသစ္ ဖြဲ႕စည္းေရးက အတည္ျဖစ္မွာပါ။

ဒီေနရာမွာ ေနာက္ထပ္စဥ္းစားရမယ့္အခ်က္တစ္ခ်က္ရိွေသးတယ္။ အဲဒါကေတာ့ အသစ္ေပၚ ေပါက္လာမယ့္ ျပည္နယ္ရ့ဲ နယ္နမိတ္နဲ႕ အက်ယ္အ၀န္းျဖစ္ပါတယ္။ ျပည္နယ္အသစ္ဆိုုတာက လက္ရိွတုုိင္းေဒသၾကီး၊ ျပည္နယ္တစ္ခုုခုုရဲ့ နယ္မိတ္ထဲကေန ခြဲထုုတ္ျပီး ဖြဲ႕စည္းရမွာျဖစ္တဲ့ အတြက္ တုုိင္းေဒသၾကီး၊ျပည္နယ္တစ္ခုုခုုရဲ့ နယ္နမိတ္ကိုု ျပင္ဆင္ေရးဆြဲရမွာသာ ျပည္နယ္ အသစ္ကိုု ဖြဲ႕စည္းလိုု႕ရမွာျဖစ္ပါတယ္။ ဒါဆိုုရင္ တုုိင္းေဒသၾကီး သိုု႕မဟုုတ္ ျပည္နယ္ တစ္ခုု ရဲ့ နယ္နမိ္တ္ကိုု ျပင္ဆင္မယ္ဆိုုရင္ ဘယ္လိုုလုုပ္ရမလဲဆိုုတာကိုု ေလ့လာဖိုု႕လိုုပါတယ္

အေျခခံဥပေဒ ပုုဒ္မ ၅၃ မွာ တုုိင္းေဒသၾကီး သုုိ႕မဟုုတ္ ျပည္နယ္တစ္ခုု ရဲ့ နယ္နမိတ္ကိုု ျပင္ဆင္ တဲ့ အခါ ေဆာင္ရြက္ရမယ့္ အဆင့္ေတြကိုု ျပ႒ာန္းထားတယ္။ အက်ဥ္းခ်ဳပ္ေျပာရရင္

၁။ နယ္နမိတ္ ျပင္ဆင္တဲ့ေနရာမွာ အက်ံဳး၀င္တဲ့ ျမိဳ႕နယ္မွာရိွတဲ့ ဆႏၵမဲေပးခြင့္ရိွသူ ထက္၀က္ ေက်ာ္က ေထာက္ခံရမယ္။

၂။ ျမိဳ႕နယ္လူထုုက သေဘာတူရင္ သက္ဆုုိင္ရာ တုုိင္းေဒသၾကီး သိုု႕မဟုုတ္ ျပည္နယ္ လႊတ္ေတာ္ ကိုုယ္စားလွယ္ေတြရ့ဲ ဆႏၵကိုုရယူရမယ္။

၃။ တုုိင္းေဒသၾကီး သိုု႕မဟုုတ္ ျပည္နယ္လႊတ္ေတာ္ကိုုယ္စားလွယ္ စုုစုုေပါင္းရဲ့ ေလးပံုု သံုုးပံုုနဲ႕ အထက္ ေထာက္ခံမႈရရင္ သမၼတ က ျပည္ေထာင္စုုလႊတ္ေတာ္ကိုု တင္ျပျပီး နယ္နမိတ္ ျပင္ဆင္ ေပးရမယ္။

၄။ တိုုင္းေဒသၾကီး သိုု႕မဟုုတ္ ျပည္နယ္လႊတ္ေတာ္က သေဘာမတူေပမယ့္ ျပည္ေထာင္စုုလႊတ္ ေတာ္ကိုုယ္စားလွယ္စုုစုုေပါင္းရဲ့ ေလးပံုုသံုုးပံုု နဲ႕ အထက္က ျပင္ဆင္ဖိုု႕ သေဘာတူရင္ ျပင္လိုု႕ ရတယ္။

ဒ့ါေၾကာင့္ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ေတြကိုု မူတည္ျပီး သံုုးသပ္ရရင္ တုုိင္းေဒသၾကီး သိုု႕မဟုုတ္ ျပည္နယ္အသစ္ ဖြဲ႕စည္းေရးဟာ ျပည္ေထာင္ စုုလႊတ္ေတာ္ကိုုယ္စားလွယ္ေတြ၊ ျပည္လံုုးကၽြတ္ ဆႏၵခံယူပြဲမွာ မဲေပးမယ့္ ျပည္သူေတြ အျပင္ သက္ဆုုိင္ရာျမိဳ႕နယ္က ျပည္သူေတြ၊ တုုိင္း ေဒသ ၾကီး သိုု႕မဟုုတ္ ျပည္နယ္ လႊတ္ေတာ္ ကိုုယ္စားလွယ္ေတြ အားလံုုးရဲ့ လံုုေလာက္တဲ့ ေထာက္ခံမႈ ရရိွေအာင္ ပူးေပါင္း ညိွႏိႈင္း စည္းရံုုး ေဆာင္ရြက္မွ အေကာင္အထည္ ေဖာ္ႏုုိင္ မွာျဖစ္တယ္၊ ေစတစ္လံုုးပိုုင္ရွင္လိုု “ ဥံဳဖြ၊ ျဖစ္ေစ သတည္း” နဲ႕ လုုပ္လိုု႕ရတဲ့ ကိစၥမဟုုတ္ဘူး လိုု႕ပဲ ျမင္မိပါတယ္။

ဒါကေတာ့ တိုုင္းေဒသၾကီး/ ျပည္နယ္အသစ္ဖြဲ႕စည္းေရးနဲ႕ပတ္သက္ျပီး ပုုဂၢလိကသံုုးသပ္ခ်က္ကိုု တင္ျပတာပါ။ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ေတြအေပၚ အနက္ဖြင့္မႈအေပၚမူတည္ျပီး ကြဲျပား တဲ့အျမင္ေတြရိွႏုုိင္ေပမယ့္ တစ္ေယာက္၊ တစ္ဖြဲ႕တည္းသေဘာနဲ႕ လုုပ္လိုု႕မရဘူး၊ အဆင့္ဆင့္ ေဆာင္ရြက္ရမယ္ဆိုုတဲ့အခ်က္မွာေတာ့ အျမင္တူနုုိင္ၾကမယ္လိုု႕ထင္ပါတယ္။ source-U Ye Htut

ပြည်နယ်အသစ်နဲ့ ၂၀၀၈

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးကြတဲ့အခါ ၀ ပြည်နယ် ဖွဲ့စည်းရေး ကိစ္စ အကြောင်းလည်း ပါလာတယ်။ တကယ်တော့ ၀ တိုင်းရင်းသားတွေသာမဟုတ်ဘူး။ အနာဂတ်မှာ ပြည်နယ် မရသေးတဲ့ အခြား တိုင်းရင်းသားတွေကလည်း ပြည်နယ်အဆင့် တောင်းဆို တာတွေလည်း ရှိလာနိုင်တာပဲ။
ပြည်နယ်အသစ်ဖွဲ့စည်းရေးလို့ ပြောတဲ့အခါ ဘယ်တိုင်းရင်းသားတွေက ပြည်နယ် ရသင့်တယ်၊မရ သင့်ဘူးဆိုတာ မပြောခင် လက်ရှိအချိန်မှာ အတည်ဖြစ်နေဆဲ ၂၀၀၈ အခြေခံဥပဒေမှာ ပြည်နယ် အသစ် ဖွဲ့စည်း ရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြဋ္ဌာန်းချက်တွေရှိသလဲ၊ဘယ်သူ တွေက ပြည်နယ် အသစ်ဖွဲ့စည်းရေးကို ဆုံးဖြတ်ခွင့်ရှိသလဲဆိုတာ အရင်သိထားသင့်တယ်လို့ ထင် ပါတယ်။

၂၀၀၈ အခြေခံဥပဒေရဲ့ တိုင်းဒေသကြီး ၊ ပြည်နယ်ဖွဲ့စည်းမှုက ၁၉ ၇၄ အခြေခံဥပဒေပါ သတ်မှတ် ချက်အတိုင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၉ မှာ ရှိရင်းစွဲတိုင်း(၇) တိုင်းကို တိုင်း ဒေသကြီး (၇) ခု၊ ရှိရင်းစွဲ ပြည်နယ်(၇) ခုကို ပြည်နယ် (၇) ခုအဖြစ် ဖွဲ့စည်းမယ်၊ တိုင်းဒေသ ကြီး နဲ့ ပြည်နယ်တွေဟာ အဆင့်အတန်းတူညီတယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အမည်တွေကို လက်ရှိအတိုင်းထားမယ် လို့ ပြဋ္ဌာန်းထားတယ်။ ပုဒ်မ ၄၉ မှာတော့ နိုင်ငံတော်ကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ပြည်နယ်နဲ့ ပြည်ထောင်စု နယ်မြေတို့ဖြင့် ပိုင်းခြားသတ်မှတ်မယ်လို့ ဖော်ပြပြီး လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု အမည်ကို ဖော်ပြထားတယ်။

ပုဒ်မ ၅၆ မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေဖွဲ့စည်းတာကို ဖော်ပြထားတယ်။ အဲဒီပုဒ်မမှာ ၀ ဒေသကို ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ်ဖွဲ့စည်းပြီး နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင် နဲ့ ကိုးကန့်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ်သတ်မှတ်ထား ပါတယ်။ အမျိုးသားညီလာခံကို တက်ရောက်ခဲ့တဲ့ ရှမ်းမြောက် အထူးဒေသ (၂) ၀ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေက ဝပြည်နယ် ရရှိရေးကို တင်ပြခဲ့ပေမယ့် မရခဲ့ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်ပဲရခဲ့တယ်။ တကယ်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာ နာမည်သာ ကွဲပြားတာပါ။ ဇယား(၃) မှာပါတဲ့ ဥပဒေပြုရေး လုပ်ပိုင်ခွင့်က အတူတူပဲ။

အခြေခံဥပဒေ အခန်း ၂ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်းမှာ ပြည်ထောင်စု နယ်မြေ သတ်မှတ်တာနဲ့ပတ်သက်ပြီး ဖော်ပြထားပေမယ့် တိုင်းဒေသကြီး၊ ပြည်နယ် အသစ်တစ်ခုကို ဘယ်လို ဖွဲ့စည်းရမယ်ဆိုတာ သီးခြား ပြဋ္ဌာန်းထား တာမရှိဘူး။ ဒါ့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသတစ်ခုကို ပြည်နယ်အဆင့်တိုးမြှင့် ဖွဲ့စည်း မယ်ဆိုရင် အခြေခံဥပဒေ ပုဒ်မ ၉ ၊ ၄၉ နဲ့ ၅၆ တို့ကို ပြင်ဆင်နိုင်ရေးကို အရင်ဆောင်ရွက် ရမယ်လို့ပဲ နားလည်မိပါတယ်။
အဲဒီလို ပြင်ဆင်မယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အခန်း (၁၂ ) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပြဋ္ဌာန်းချက်တွေကို သိဖို့လိုပါတယ်။

အခန်း ၁၂ ပုဒ်မ ၄၃၆ မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော်က ထောက်ခံတဲ့ အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက် ကျော်က ထောက်ခံမှ ပြင်ဆင်လို့ရမယ့် ပုဒ်မတွေကိုဖော်ပြထားတယ်။ အဲဒီပုဒ်မတွေထဲမှာ ပုဒ်မ ၄၊ ၄၉ ၊ နဲ့ ၅၆ တို့ ပါတယ်။ ဒါ့ကြောင့် ပြည်နယ်အသစ် ဖွဲ့စည်းမှု နဲ့ပတ်သက်ပြီး အခြေခံဥပဒေပါ ပုဒ်မ သုံးခုကို ပြင်ဆင် မယ် ဆိုရင် ပထမအဆင့် ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော် ထောက်ခံမှုကို အရင်ရဖို့လိုတယ်။ ပြီးရင် ဒုတိယအဆင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ ထက်ဝက်ကျော်ရဲ့ ထောက်ခံမှုကို ရရှိဖို့လိုပါတယ်။ အဲဒီအဆင့် နှစ်ဆင့်ကို ကျော်ဖြတ်နိုင်မှာ ပြည်နယ်အသစ် ဖွဲ့စည်းရေးက အတည်ဖြစ်မှာပါ။

ဒီနေရာမှာ နောက်ထပ်စဉ်းစားရမယ့်အချက်တစ်ချက်ရှိသေးတယ်။ အဲဒါကတော့ အသစ်ပေါ် ပေါက်လာမယ့် ပြည်နယ်ရဲ့ နယ်နမိတ်နဲ့ အကျယ်အဝန်းဖြစ်ပါတယ်။ ပြည်နယ်အသစ်ဆိုတာက လက်ရှိတိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုခုရဲ့ နယ်မိတ်ထဲကနေ ခွဲထုတ်ပြီး ဖွဲ့စည်းရမှာဖြစ်တဲ့ အတွက် တိုင်းဒေသကြီး၊ပြည်နယ်တစ်ခုခုရဲ့ နယ်နမိတ်ကို ပြင်ဆင်ရေးဆွဲရမှာသာ ပြည်နယ် အသစ်ကို ဖွဲ့စည်းလို့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခု ရဲ့ နယ်နမိတ်ကို ပြင်ဆင်မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာဖို့လိုပါတယ်

အခြေခံဥပဒေ ပုဒ်မ ၅၃ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု ရဲ့ နယ်နမိတ်ကို ပြင်ဆင် တဲ့ အခါ ဆောင်ရွက်ရမယ့် အဆင့်တွေကို ပြဋ္ဌာန်းထားတယ်။ အကျဉ်းချုပ်ပြောရရင်

၁။ နယ်နမိတ် ပြင်ဆင်တဲ့နေရာမှာ အကျုံးဝင်တဲ့ မြို့နယ်မှာရှိတဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက် ကျော်က ထောက်ခံရမယ်။

၂။ မြို့နယ်လူထုက သဘောတူရင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကိုရယူရမယ်။

၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံ သုံးပုံနဲ့ အထက် ထောက်ခံမှုရရင် သမ္မတ က ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး နယ်နမိတ် ပြင်ဆင် ပေးရမယ်။

၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က သဘောမတူပေမယ့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံသုံးပုံ နဲ့ အထက်က ပြင်ဆင်ဖို့ သဘောတူရင် ပြင်လို့ ရတယ်။

ဒ့ါကြောင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မူတည်ပြီး သုံးသပ်ရရင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသစ် ဖွဲ့စည်းရေးဟာ ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးမယ့် ပြည်သူတွေ အပြင် သက်ဆိုင်ရာမြို့နယ်က ပြည်သူတွေ၊ တိုင်း ဒေသ ကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးရဲ့ လုံလောက်တဲ့ ထောက်ခံမှု ရရှိအောင် ပူးပေါင်း ညှိနှိုင်း စည်းရုံး ဆောင်ရွက်မှ အကောင်အထည် ဖော်နိုင် မှာဖြစ်တယ်၊ စေတစ်လုံးပိုင်ရှင်လို “ ဥုံဖွ၊ ဖြစ်စေ သတည်း” နဲ့ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး လို့ပဲ မြင်မိပါတယ်။

ဒါကတော့ တိုင်းဒေသကြီး/ ပြည်နယ်အသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ပုဂ္ဂလိကသုံးသပ်ချက်ကို တင်ပြတာပါ။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအပေါ် အနက်ဖွင့်မှုအပေါ်မူတည်ပြီး ကွဲပြား တဲ့အမြင်တွေရှိနိုင်ပေမယ့် တစ်ယောက်၊ တစ်ဖွဲ့တည်းသဘောနဲ့ လုပ်လို့မရဘူး၊ အဆင့်ဆင့် ဆောင်ရွက်ရမယ်ဆိုတဲ့အချက်မှာတော့ အမြင်တူနိုင်ကြမယ်လို့ထင်ပါတယ်။ source-U Ye Htut