Local News

ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္မ်ား လက္ဖက္ရည္ဆိုင္ပင္ မထိုင္ရဲဘဲ အကုန္ေပ်ာက္ကုန္ၿပီဟု ဘူးလက္လွေဆြေျပာၾကား

ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္မ်ား လက္ဖက္ရည္ဆိုင္ပင္ မထိုင္ရဲဘဲ အကုန္ေပ်ာက္ကုန္ၿပီဟု ဘူးလက္လွေဆြေျပာၾကား

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဝင္ကိုယ္စားလွယ္မ်ားမွာ လက္ရွိအခ်ိန္တြင္ လက္ဖက္ရည္ ဆိုင္ပင္ မထိုင္ရဲဘဲ အကုန္ေပ်ာက္ကုန္ၿပီဟု ႀကံ့ခိုင္ေရးအမတ္ေဟာင္း ဘူးလက္လွေဆြကေျပာသည္။

စစ္ေကာင္စီသတင္းမ်ား အသားေပးေဖာ္ျပေနသည့္ People Media ၏ Youtube Channel တြင္ ဘူးလက္ လွေဆြႏွင့္ အင္တာဗ်ဴးကို ယမန္ေန႔ ဇြန္လ ၇ ရက္ ညပိုင္းက ထုတ္လႊင့္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ အင္တာဗ်ဴး တြင္ ဦးလွေဆြက အထက္ပါအတိုင္း ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။

“ကြၽန္ေတာ္က ဘာတာဝန္မွမရွိဘူး။ မရွိေပမယ့္ ဝင္လုပ္ေပးတယ္။ မေနတတ္ေတာ့ အဲ့ဒီလိုေတာ့ရွိတယ္။ ခုနက ခင္ဗ်ားေျပာသလို ကိုယ္စားလွယ္ေတြဘယ္ေပ်ာက္ကုန္လဲ။ အကုန္လုံး ေပ်ာက္ကုန္ၿပီ။ ဒီအခ်ိန္မွာ ခင္ဗ်ား လက္ဖက္ရည္ဆိုင္ေတာင္ထြက္မထိုင္ရဲဘူး။ ထြက္ထိုင္ရင္ လာပစ္မွာစိုးလို႔”ဟု ၎ကေျပာသည္။

ႀကံ့ခိုင္ေရးပါတီေျပာေရးဆိုခြင့္ရွိသူမ်ား၏ မီဒီယာမ်ားတြင္ေျပာၾကားခ်က္မ်ားအရ စစ္အာဏာသိမ္းၿပီး ေနာက္ ေမလတတိယအပတ္အထိ ႏိုင္ငံႏွင့္အဝွမ္း ႀကံ့ခိုင္ေရးပါတီဝင္ ၁၆၀၀ ေက်ာ္ သတ္ျဖတ္ခံခဲ့ရ ေၾကာင္း သိရသည္။

အာဏာသိမ္းမႈတစ္ႏွစ္ေက်ာ္လာၿပီးခ်ိန္တြင္ လူဦးေရတစ္ေထာင္ေက်ာ္သတ္ျဖတ္ခံခဲ့ရသည့္ ႀကံ့ခိုင္ေရး ပါတီဝင္မ်ားသည္ ေနရာအခ်ိဳ႕တြင္ စစ္ေကာင္စီထံ ေနထိုင္ခြင့္ေတာင္းခံေနရသည္ဟု ၎တို႔ႏွင့္နီးစပ္ သည့္ အသိုင္းအဝိုင္းမ်ားမွသိရသည္။

ေတာ္လွန္ေရးအဖြဲ႕တစ္ခုမွ တာဝန္ရွိသူတစ္ဦးက “ စစ္မႈထမ္းေဟာင္းတိုင္း ႀကံ့ခိုင္ေရးတိုင္းကို လုပ္တာ မ်ိဳးမဟုတ္ဘူးေလ။ ဒလန္ကိုလုပ္ႀကံတာသာျဖစ္တယ္။ ဒလန္ေတြဟာ ယူနီေဖာင္းမဝတ္တဲ့ စစ္ေရး ပစ္မွတ္ေတြျဖစ္တယ္။ ဒါေပမယ့္ အမ်ားစုကေတာ့ သူတို႔ပဲျဖစ္ေနတယ္” ဟု ဒလန္ရွင္းသည့္ ကိစၥမ်ားႏွင့္ ပတ္သက္ၿပီး မွတ္ခ်က္ျပဳသည္။

ျပည္ခိုင္ၿဖိဳးပါတီ၏ ဥကၠဌျဖစ္သည့္ ဦးသန္းေဌးကလည္း ေမလအတြင္းက မီဒီယာအင္တာဗ်ဴးတစ္ခုတြင္ ၎ကိုယ္တိုင္ပင္ လုံၿခဳံေရးသီးသန႔္မရွိေၾကာင္း၊ အားလုံးႏွင့္အတူ မလုံၿခဳံမႈကို ခံစားေနရေၾကာင္း‌ေျပာဆို ထားသည္။

ျမန္မာႏိုင္ငံတြင္ စစ္အာဏာသိမ္းမႈ၏ အေၾကာင္းျပခ်က္မွာ မဲမသမာမႈျဖစ္ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ အျငင္းပြားဖြယ္ရာမ်ားရွိေၾကာင္း ေျပာၾကားခဲ့သူမ်ားထဲတြင္ ျပည္ခိုင္ၿဖိဳးပါတီလည္း ပါဝင္သည္။

အာဏာသိမ္းစစ္တပ္ကျပဳလုပ္ေပးမည္ဆိုသည့္ ၂၀၂၃ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ၎တို႔ ဝင္ေရာက္ယွဥ္ ၿပိဳင္မည္ျဖစ္ေသာ္လည္း လုံၿခဳံမႈမရွိသည့္အတြက္ မဲဆြယ္စည္း႐ုံးရာတြင္ ႏိုင္ငံပိုင္မီဒီယာမ်ားကို ပိုမို အသုံးျပဳရန္လိုေၾကာင္း ဦးသန္းေဌးက မီဒီယာတစ္ခုက ေမလအတြင္းကေျဖၾကားခဲ့သည္။

“အခုခ်ိန္ထိ ပါတီေတြဟာ လြတ္လြတ္လပ္လပ္သြားလာေျပာဆိုႏိုင္တဲ့ အေျခအေနမရွိေသးပါဘူး။ လုပ္ ႏိုင္တာတစ္နည္းပဲရွိတယ္ ႏိုင္ေတာ္ပိုင္မီဒီယာေတြ သုံးစြဲခြင့္ေပးဖို႔လိုမယ္” ဟု ေမလအတြင္းက NP NEWS သတင္းဌာနကိုေျပာၾကားခဲ့သည္။

ႏိုင္ငံေရးပါတီတစ္ခုျဖစ္သည့္ ႀကံ့ခိုင္ေရးပါတီသည္ စစ္တပ္ေက်ာေထာက္ေနာက္ခံျပဳထားေသာ ပါတီျဖစ္ ၿပီး အာဏာသိမ္းၿပီခ်ိန္တြင္ စစ္တပ္သတင္းေပးျပဳလုပ္ျခင္း၊ ပ်ဴေစာထီးအဖြဲ႕မ်ားႏွင့္ ေသြးေသာက္ အဖြဲ႕ မ်ားတြင္ပါဝင္ျခင္းႏွင့္ စစ္ေကာင္စီႏွင့္ပူးေပါင္းျခင္းမ်ားေၾကာင့္ သတ္ျဖတ္ခံရမႈမ်ားေနေသာ္လည္း ၎တို႔ ကို ဦးတည္တိုက္ခိုက္ျခင္းမရွိေၾကာင္း ေတာ္လွန္ေရးအဖြဲ႕မ်ားက ဆိုထားသည္။

တပ္မေတာ္အရာရွိေဟာင္း ဘူးလက္လွေဆြသည္ ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့ၿပီး ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းတြင္ ႀကံ့ခိုင္ေရးပါတီ၏ ဂန႔္ေဂါၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

၎သည္ NLD အစိုးရလက္ထက္က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၁၂၄(က)ျဖင့္ တရားစြဲခံခဲ့ရၿပီး တစ္ႏွစ္ေက်ာ္ ဝရမ္းေျပးဘဝျဖင့္တိမ္းေရွာင္ေနကာ စစ္တပ္က အာဏာမသိမ္းမီ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ကုန္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး အေနာက္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးတြင္ ကိုယ္တိုင္လာေရာက္ အဖမ္း ခံခဲ့သည္။

Mizzima

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များ လက်ဖက်ရည်ဆိုင်ပင် မထိုင်ရဲဘဲ အကုန်ပျောက်ကုန်ပြီဟု ဘူးလက်လှဆွေပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ကိုယ်စားလှယ်များမှာ လက်ရှိအချိန်တွင် လက်ဖက်ရည် ဆိုင်ပင် မထိုင်ရဲဘဲ အကုန်ပျောက်ကုန်ပြီဟု ကြံ့ခိုင်ရေးအမတ်ဟောင်း ဘူးလက်လှဆွေကပြောသည်။

စစ်ကောင်စီသတင်းများ အသားပေးဖော်ပြနေသည့် People Media ၏ Youtube Channel တွင် ဘူးလက် လှဆွေနှင့် အင်တာဗျူးကို ယမန်နေ့ ဇွန်လ ၇ ရက် ညပိုင်းက ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အင်တာဗျူး တွင် ဦးလှဆွေက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

“ကျွန်တော်က ဘာတာဝန်မှမရှိဘူး။ မရှိပေမယ့် ဝင်လုပ်ပေးတယ်။ မနေတတ်တော့ အဲ့ဒီလိုတော့ရှိတယ်။ ခုနက ခင်ဗျားပြောသလို ကိုယ်စားလှယ်တွေဘယ်ပျောက်ကုန်လဲ။ အကုန်လုံး ပျောက်ကုန်ပြီ။ ဒီအချိန်မှာ ခင်ဗျား လက်ဖက်ရည်ဆိုင်တောင်ထွက်မထိုင်ရဲဘူး။ ထွက်ထိုင်ရင် လာပစ်မှာစိုးလို့”ဟု ၎င်းကပြောသည်။

ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူများ၏ မီဒီယာများတွင်ပြောကြားချက်များအရ စစ်အာဏာသိမ်းပြီး နောက် မေလတတိယအပတ်အထိ နိုင်ငံနှင့်အဝှမ်း ကြံ့ခိုင်ရေးပါတီဝင် ၁၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ရ ကြောင်း သိရသည်။

အာဏာသိမ်းမှုတစ်နှစ်ကျော်လာပြီးချိန်တွင် လူဦးရေတစ်ထောင်ကျော်သတ်ဖြတ်ခံခဲ့ရသည့် ကြံ့ခိုင်ရေး ပါတီဝင်များသည် နေရာအချို့တွင် စစ်ကောင်စီထံ နေထိုင်ခွင့်တောင်းခံနေရသည်ဟု ၎င်းတို့နှင့်နီးစပ် သည့် အသိုင်းအဝိုင်းများမှသိရသည်။

တော်လှန်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ စစ်မှုထမ်းဟောင်းတိုင်း ကြံ့ခိုင်ရေးတိုင်းကို လုပ်တာ မျိုးမဟုတ်ဘူးလေ။ ဒလန်ကိုလုပ်ကြံတာသာဖြစ်တယ်။ ဒလန်တွေဟာ ယူနီဖောင်းမဝတ်တဲ့ စစ်ရေး ပစ်မှတ်တွေဖြစ်တယ်။ ဒါပေမယ့် အများစုကတော့ သူတို့ပဲဖြစ်နေတယ်” ဟု ဒလန်ရှင်းသည့် ကိစ္စများနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌဖြစ်သည့် ဦးသန်းဌေးကလည်း မေလအတွင်းက မီဒီယာအင်တာဗျူးတစ်ခုတွင် ၎င်းကိုယ်တိုင်ပင် လုံခြုံရေးသီးသန့်မရှိကြောင်း၊ အားလုံးနှင့်အတူ မလုံခြုံမှုကို ခံစားနေရကြောင်း‌ပြောဆို ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု၏ အကြောင်းပြချက်မှာ မဲမသမာမှုဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာများရှိကြောင်း ပြောကြားခဲ့သူများထဲတွင် ပြည်ခိုင်ဖြိုးပါတီလည်း ပါဝင်သည်။

အာဏာသိမ်းစစ်တပ်ကပြုလုပ်ပေးမည်ဆိုသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သော်လည်း လုံခြုံမှုမရှိသည့်အတွက် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံပိုင်မီဒီယာများကို ပိုမို အသုံးပြုရန်လိုကြောင်း ဦးသန်းဌေးက မီဒီယာတစ်ခုက မေလအတွင်းကဖြေကြားခဲ့သည်။

“အခုချိန်ထိ ပါတီတွေဟာ လွတ်လွတ်လပ်လပ်သွားလာပြောဆိုနိုင်တဲ့ အခြေအနေမရှိသေးပါဘူး။ လုပ် နိုင်တာတစ်နည်းပဲရှိတယ် နိုင်တော်ပိုင်မီဒီယာတွေ သုံးစွဲခွင့်ပေးဖို့လိုမယ်” ဟု မေလအတွင်းက NP NEWS သတင်းဌာနကိုပြောကြားခဲ့သည်။

နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ကြံ့ခိုင်ရေးပါတီသည် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ပါတီဖြစ် ပြီး အာဏာသိမ်းပြီချိန်တွင် စစ်တပ်သတင်းပေးပြုလုပ်ခြင်း၊ ပျူစောထီးအဖွဲ့များနှင့် သွေးသောက် အဖွဲ့ များတွင်ပါဝင်ခြင်းနှင့် စစ်ကောင်စီနှင့်ပူးပေါင်းခြင်းများကြောင့် သတ်ဖြတ်ခံရမှုများနေသော်လည်း ၎င်းတို့ ကို ဦးတည်တိုက်ခိုက်ခြင်းမရှိကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုထားသည်။

တပ်မတော်အရာရှိဟောင်း ဘူးလက်လှဆွေသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ကြံ့ခိုင်ရေးပါတီ၏ ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် NLD အစိုးရလက်ထက်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံခဲ့ရပြီး တစ်နှစ်ကျော် ဝရမ်းပြေးဘဝဖြင့်တိမ်းရှောင်နေကာ စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကိုယ်တိုင်လာရောက် အဖမ်း ခံခဲ့သည်။

Mizzima