Local News


MFP ၊ ဇွန် – ၈






မန္တလေးက သူရိယဆေးခန်းပိုင်ရှင် စစ်ကြောရေးမှာ သေဆုံးဟု သတင်းထွက်

MFP ၊ ဇွန် – ၈

စစ်အုပ်စုက ဖမ်းဆီးထားတဲ့ မန္တလေးက သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းဟာ စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် (၂၈)နှစ်အရွယ် ဒေါက်တာအောင်အောင်ထွန်းကို ပြီးခဲ့တဲ့ ဧပြီလ (၂၆)ရက်နေ့မှာ စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး မိသားစုဝင်တွေကိုပါ ခေါ်ဆောင်တဲ့အပြင် မြို့ပေါ်က ဆေးခန်း (၃)ခုလုံးကို ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

CDM ဆရာဝန်တွေကို လက်ခံအလုပ်ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာလို့ သိရပြီး စစ်အုပ်စုဘက်ကတော့ ဖမ်းဆီးကတည်းက သတင်းထုတ်ပြန်တာမျိုးမရှိဘဲ သတင်းအမှောင်ချထားပါတယ်။

လက်ရှိမှာ ဒေါက်တာအောင်အောင်ထွန်းရဲ့ မိသားစုဝင်အများစုလည်း ဖမ်းဆီးခံထားရပြီး ပြန်မလွတ်သေးဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ဒေါက်တာအောင်အောင်ထွန်း သေဆုံးတာလို့ သတင်းတွေ ထွက်နေပေမယ့် MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။