ကိုင္းလယ္ရဲစခန္းသိမ္းတိုက္ပြဲမွာ အရွင္ဖမ္းမိတဲ့ရဲတပ္သား ထြက္ေျပးရာက တိုက္မိုင္းထိၿပီးေသဆုံး
ေပါက္ ၊ ဇြန္ ၈ ၊ ၂၀၂၂။
ေပါက္ၿမိဳ႕နယ္ ကိုင္းလယ္ရဲစခန္းသိမ္းတိုက္ပြဲတြင္ အရွင္ဖမ္းမိေသာရဲတပ္သား ထြက္ေျပးရာမွာ PDF စခန္းတြင္ေထာင္ထားေသာ တိုက္မိုင္းတိုက္မိၿပီးေသဆုံးသြားေၾကာင္း ဇြန္လ ၈ ရက္ေန႔တြင္ Young Revolution Front YRF ဗိုလ္နေပါက္က ေျမလတ္အသံကိုေျပာပါတယ္။
ယမန္ေန႔တိုက္ပြဲမွာ မဟာမိတ္ ၉ ဖြဲ႕ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့တာျဖစ္ၿပီး တိုက္ပြဲအတြင္း ေသဆုံးတဲ့ ရဲ ၃ ဦးနဲ႔ ဖမ္းဆီးေခၚေဆာင္ကာ စခန္းတြင္ထားစဥ္ ထြက္ေျပးရာကာ ေထာင္ထားတဲ့ တိုက္မိုင္းထိ ေသဆုံးခဲ့တာလို႔ ဆိုပါတယ္။
“မေန႔ကတိုက္ပြဲမွာ ကိုင္းလယ္ရဲစခန္းက ရဲ ၃ ေယာက္က်တယ္၊၁ ေယာက္ကေတာ့အရွင္ဖမ္းမိတဲ့ေကာင္နဲ႔ဆို ၄ ေယာက္ပါ၊အရွင္ဖမ္းမိတဲ့ေကာင္ကၾကေတာ့ က်ေနာ္တို႔စခန္းေရာက္ေတာ့ ေဆြးေႏြးေနတုန္းထြက္ေျပးသြားတာ၊
ထြက္ေျပးသြားရင္း က်ေနာ္တို႔နယ္ေျမထဲက မိုင္းတိုက္မိတာ၊မိုင္းတိုက္မိလို႔ အရွင္မိတဲ့ေကာင္ပါေရွာသြားတယ္၊၄ ေယာက္ေသသြားတာေပါ့၊” လို႔ ဗိုလ္နေပါက္ကေျပာပါတယ္။
က်န္ရဲတပ္သားမ်ားလည္း အမ်ားအျပား ဒဏ္ရာရလို႔ ေဆး႐ုံတင္ထားရသူမ်ားၿပီး ေသနတ္မွန္လို႔ ေျခေထာက္ျဖတ္ရသူလည္း ရွိခဲ့ၿပီး စခန္းမႉးကေတာ့ လြတ္သြားတယ္လို႔ ဆိုပါတယ္။
စခန္းသိမ္းတိုက္ပြဲမွာ စခန္းတခုလုံးကို သိမ္းမိၿပီး မီးရႈိ႕ႏိုင္ခဲ့ေပမယ့္ မဟာမိတ္အဖြဲ႕ေတြဘက္က ရဲေဘာ္ ၂ ဦး က်ဆုံးၿပီး ၃ ဦးကေတာ့ဒဏ္ရာရရွိခဲ့ပါတယ္။
#ေျမလတ္အသံ
ကိုင်းလယ်ရဲစခန်းသိမ်းတိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ရဲတပ်သား ထွက်ပြေးရာက တိုက်မိုင်းထိပြီးသေဆုံး
ပေါက် ၊ ဇွန် ၈ ၊ ၂၀၂၂။
ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိသောရဲတပ်သား ထွက်ပြေးရာမှာ PDF စခန်းတွင်ထောင်ထားသော တိုက်မိုင်းတိုက်မိပြီးသေဆုံးသွားကြောင်း ဇွန်လ ၈ ရက်နေ့တွင် Young Revolution Front YRF ဗိုလ်နပေါက်က မြေလတ်အသံကိုပြောပါတယ်။
ယမန်နေ့တိုက်ပွဲမှာ မဟာမိတ် ၉ ဖွဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း သေဆုံးတဲ့ ရဲ ၃ ဦးနဲ့ ဖမ်းဆီးခေါ်ဆောင်ကာ စခန်းတွင်ထားစဉ် ထွက်ပြေးရာကာ ထောင်ထားတဲ့ တိုက်မိုင်းထိ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“မနေ့ကတိုက်ပွဲမှာ ကိုင်းလယ်ရဲစခန်းက ရဲ ၃ ယောက်ကျတယ်၊၁ ယောက်ကတော့အရှင်ဖမ်းမိတဲ့ကောင်နဲ့ဆို ၄ ယောက်ပါ၊အရှင်ဖမ်းမိတဲ့ကောင်ကကြတော့ ကျနော်တို့စခန်းရောက်တော့ ဆွေးနွေးနေတုန်းထွက်ပြေးသွားတာ၊
ထွက်ပြေးသွားရင်း ကျနော်တို့နယ်မြေထဲက မိုင်းတိုက်မိတာ၊မိုင်းတိုက်မိလို့ အရှင်မိတဲ့ကောင်ပါရှောသွားတယ်၊၄ ယောက်သေသွားတာပေါ့၊” လို့ ဗိုလ်နပေါက်ကပြောပါတယ်။
ကျန်ရဲတပ်သားများလည်း အများအပြား ဒဏ်ရာရလို့ ဆေးရုံတင်ထားရသူများပြီး သေနတ်မှန်လို့ ခြေထောက်ဖြတ်ရသူလည်း ရှိခဲ့ပြီး စခန်းမှူးကတော့ လွတ်သွားတယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စခန်းတခုလုံးကို သိမ်းမိပြီး မီးရှို့နိုင်ခဲ့ပေမယ့် မဟာမိတ်အဖွဲ့တွေဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦးကတော့ဒဏ်ရာရရှိခဲ့ပါတယ်။
#မြေလတ်အသံ