Articles

နှစ်​ပေါင်းကြာ​အောင် ဂျင်းထည့်ပြီး ထင်း​ခွေ​နေတဲ့ သားအဖ ၃ ​ယောက် မီ-းရှို့ခံရ……..


မြစ်ကြီးနား၊ ဇွန် (၈)

လူငယ့်ခေတ်





Photo : KSCM

“လိမ်လည်အသုံးချတဲ့ ရုပ်တုကို အလိုမရှိ”ဟုဆိုကာ မြစ်ကြီးနားရှိ အဘိုးအိုနှင့်သားသုံးယောက်ရုပ်တုကို ယနေ့ညမီးရှို့ဆန္ဒပြ

မြစ်ကြီးနား၊ ဇွန် (၈)

လူငယ့်ခေတ်

နှစ်ပေါင်းများစွာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုသည့် အလိမ်အညာစကားလုံးအယောင်ဆောင်ရုပ်တုကို ယနေ့ညမီးရှို့လိုက်ကြောင်း KSCM သပိတ်ကော်မတီက ထုတ်ပြန်လိုက်သည်။

“တော်လှန်ရေးကြာရှည်လာသည်နှင့်အမျှ စည်းလုံးမှုအားနည်းလာသော ပြည်သူတွေအနေဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်ရန်၊ Boycott, social punishment များဆက်လက်ပြုလုပ်ရန်၊

CDM များအားဆက်လက်ကူညီရန်နှင့် CDM ဝင်ရောက်လာရန် ဓမ္မဘက်ရပ်တည်ကြရန်” ရည်ရွယ်သည်ဟု ထုတ်ပြန်ထားသည်။

“စည်းလုံးမှုသင်ခန်းစာကို နိုင်ငံရေးမှာ လိမ်လည်အသုံးချတဲ့ ရုပ်တုကို အလိုမရှိ”ဟုဆိုကာ “အဘိုးအိုနှင့်သားသုံးယောက် ရုပ်ထု”ကို မီးရှို့ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။