Local News



ရန်ကုန်၊ ဇွန် ၉






စစ်တပ်အတွင်း အရာရှိမှစ၍ တပ်သားများအထိ မူးယစ်ဆေးဝါးသုံးစွဲပြီး ပြည်သူပိုင် ကျေးရွာနေအိမ်များကို မီးရှို့ခြင်းနှင့် လူသတ်ခြင်းများ ကျူးလွန်နေဟု ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းတပ်သား ဝေမိုးသူ ဝန်ခံ (ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၉

စစ်တပ်အတွင်း အရာရှိမှစ၍ တပ်သားများအထိ မူးယစ်ဆေးဝါးသုံးစွဲပြီး ပြည် သူပိုင် ကျေးရွာနေအိမ်များကို မီးရှို့ခြင်းနှင့် လူသတ်ခြင်းများ ကျူးလွန်နေဟု ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းတပ်သား ဝေမိုးသူ ဝန်ခံပြောဆိုလိုကသည်။

မုံရွာတွင် မူးယစ်ဆေး သွားရောက်ဝယ်ယူစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော စစ်ကောင်စီ တပ်သား ဝေမိုးသူက တပ်တွင်း၌ ရှိနေစဉ် ဘိန်းဖြူသုံးစွဲခဲ့ပြီး ၆ လခန့် ဆေးစွဲနေခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။

အဆိုပါ တပ်သားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဝန်ခံထွက်ဆိုချက် ဗီဒီယိုကို သပြေအေးဆရာတော် ဗိုလ်သံမဏိက ယနေ့ ထုတ်ပြန်သည်။

တပ်သား ဝေမိုးသူသည် ရွှေဘို လေ့ကျင့်ရေး ၈ မှ သင်တန်းဆင်းဖြစ်ပြီး ကလေးမြို့ တကက ၁၀ တွင် ရောက်စဉ် ၆ လခန့် ဘိန်းဖြူ သုံးစွဲခဲ့ကြောင်း ၎င်းက ဝန်ခံထွက်ဆိုသည်။

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များထံ ရောက်ရှိနေစဉ် နေရေးထိုင်ရေးအဆင်ပြေကြောင်းနှင့် စစ်ကောင်စီလက်အောက်မှ စစ်သားများအနေဖြင့် အမြန်ဆုံး CDM ပြုလုပ်ကာ ပြည်သူနှင့် ပူးပေါင်းသင့်ကြောင်း တပ်သား ဝေမိုးသူက ပြောသည်။