Local News

ကမာၻ႔ဘဏ္ကျမန္မာ့စီးပြား​ေရးအ​ေျခအ​ေနကိုမခန္႔မွန္းတတ္ေတာ့

ကမာၻ႔ဘဏ္ကျမန္မာ့စီးပြား​ေရးအ​ေျခအ​ေနကိုမခန္႔မွန္းတတ္ေတာ့

●စစ္တပ္အာဏာသိမ္းထား​​ေသာ ၂၀၂၁တြင္စီးပြား​ေရး ၁၈ ရာခိုင္ႏႈန္းက်ဆင္းခဲ့ၿပီးမ​ေသခ်ာမ​ေရရာမႈမ်ားျမင့္မားေန၍ စီးပြား​ေရးခန္႔မွန္းတြက္ခ်က္မႈကို အာရွပစိဖိတ္တြင္ျမန္မာတစ္ႏိုင္ငံတည္းကိုခ်န္လွပ္

​ေစာ​ေႏြဦး /People’s Spring

စစ္တပ္အာဏာသိမ္းထားသည့္တစ္ႏွစ္ေက်ာ္အတြင္းမေသခ်ာမေရရာမႈမ်ား ျမင့္မားလာ၍ ျမန္မာႏိုင္ငံ၏ စီးပြားေရးအေျခအေနကိုခန႔္မွန္းႏိုင္စြမ္းမရွိေတာ့ေၾကာင္း ကမာၻ႔ဘဏ္က ထုတ္ျပန္လိုက္သည္။

ကမာၻ႔ဘဏ္ ၂၀၂၂ ဇြန္တြင္ ႏွစ္စဥ္ထုတ္ျပန္ေနသည့္ ကမာၻ႔စီးပြားေရးအလားအလာခန႔္မွန္းခ်က္တြင္ ယခုလို ဆိုထားျခင္းျဖစ္သည္။

အာဆီယံႏိုင္ငံမ်ားအတြင္း ၂၀၂၂ခုႏွစ္အတြင္း စီးပြားေရးတိုးတက္မႈမ်ားရွိသည္ဟုဆိုထားေသာ္လည္း ျမန္မာႏိုင္ငံအတြက္ ၂၀၂၂ခုႏွစ္စတင္ၿပီး စီးပြားေရးအေျခအေနမ်ားကိုခန႔္မွန္းႏိုင္စြမ္းမရွိေတာ့ျခင္းျဖစ္ေၾကာင္း ကမာၻ႔ဘဏ္က​ေဖာ္ျပထားသည္။

ျမန္မာ့စီးပြားေရးသည့္ ၂၀၂၁ခုႏွစ္အတြင္း စီးပြားေရးက်ဆင္းႏႈန္းသည္ ၁၈ ရာခိုင္ႏႈန္းရွိခဲ့သည္ဟုလည္းတြက္ခ်က္​ေဖာ္ျပထားသည္။ သို႔ေသာ္လည္း ၂၀၂၂မွစတင္ၿပီး ျမန္မာ့စီးပြားေရးကို ကမာၻ႔ဘဏ္က ခန႔္မွန္းျခင္းမရွိေတာ့ေပ။ ထိုျဖစ္ရပ္သည္ အာရွ ပစိဖိတ္ႏိုင္ငံမ်ားအတြင္း တစ္ခုတည္းေသာႏိုင္ငံျဖစ္သည္ဟုလည္း ကမာၻ႔ဘဏ္ကထုတ္ျပန္သည္။

“စစ္ေကာင္စီရဲ႕ တင္းၾကပ္ၿပီး မတည္ၿငိမ္တဲ့ မူဝါဒေတြေၾကာင့္ စီးပြားေရးက အနိမ့္ဆုံးကို က်ဆင္းသြားတာပါတယ္”ဟု စီးပြားေရးအတိုင္ပင္ခံကုမၸဏီတစ္ခုမွ မန္ေနးဂ်င္းဒါ႐ိုက္တာ တစ္ဦးကေျပာသည္။

ေဒၚလာအ​ေပၚကန႔္သတ္မႈ၊ ဆက္သြယ္ေရးကြန္ယက္ကိုထိန္းခ်ဳပ္ႏွင့္ ႏိုင္ငံတြင္း က်ယ္ျပန႔္လာသည့္ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ျမန္မာ့စီးပြားေရးသည္ ေၾကာက္စရာေကာင္းမြန္ေလာက္ေအာင္ ပ်က္စီးသြားေၾကာင္း ၎ကဆက္​ေျပာသည္။

၂၀၂၂ခုႏွစ္တြင္ ကမာၻ႔ဘဏ္က ထိုင္းႏိုင္ငံကို ၂ ဒႆမ ၉ ရာခိုင္ႏႈန္း၊ ဗီယက္နမ္ကို ၅ ဒႆမ ၉ ႏွင့္ ကေမာၻဒီယားႏိုင္ငံကို ၄ ဒသမ ၅ ရာခိုင္ႏႈန္းတိုးတက္မည္ဟုခန္႔မွန္းထားသည္။

စစ္တပ္အာဏာသိမ္းမႈေၾကာင့္ စီးပြားေရးက်လာၿပီး ႏိုင္ငံအတြင္းအလုပ္လက္မဲ့ျပသနာ၊ ဝင္ေငြဆုံးရႈံးသည့္ဒဏ္၊ က်န္းမာေရးႏွင့္အစားအေသာက္ မလုံေလာက္သည့္ ဒဏ္မ်ားကို ျပည္သူမ်ားခံစားေနရသည္ဟုလည္း ကမာၻ႔ဘဏ္ကသုံးသပ္ထားသည္။

လူထုေႏြဦး

ကမ္ဘာ့ဘဏ်ကမြန်မာ့စီးပွားရေးအခြေအနေကိုမခန့်မှန်းတတ်တော့

●စစ်တပ်အာဏာသိမ်းထားသော ၂၀၂၁တွင်စီးပွားရေး ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးမသေချာမရေရာမှုများမြင့်မားနေ၍ စီးပွားရေးခန့်မှန်းတွက်ချက်မှုကို အာရှပစိဖိတ်တွင်မြန်မာတစ်နိုင်ငံတည်းကိုချန်လှပ်

စောနွေဦး /People’s Spring

စစ်တပ်အာဏာသိမ်းထားသည့်တစ်နှစ်ကျော်အတွင်းမသေချာမရေရာမှုများ မြင့်မားလာ၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကိုခန့်မှန်းနိုင်စွမ်းမရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ဘဏ် ၂၀၂၂ ဇွန်တွင် နှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်တွင် ယခုလို ဆိုထားခြင်းဖြစ်သည်။

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟုဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ခုနှစ်စတင်ပြီး စီးပွားရေးအခြေအနေများကိုခန့်မှန်းနိုင်စွမ်းမရှိတော့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကဖော်ပြထားသည်။

မြန်မာ့စီးပွားရေးသည့် ၂၀၂၁ခုနှစ်အတွင်း စီးပွားရေးကျဆင်းနှုန်းသည် ၁၈ ရာခိုင်နှုန်းရှိခဲ့သည်ဟုလည်းတွက်ချက်ဖော်ပြထားသည်။ သို့သော်လည်း ၂၀၂၂မှစတင်ပြီး မြန်မာ့စီးပွားရေးကို ကမ္ဘာ့ဘဏ်က ခန့်မှန်းခြင်းမရှိတော့ပေ။ ထိုဖြစ်ရပ်သည် အာရှ ပစိဖိတ်နိုင်ငံများအတွင်း တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည်။

“စစ်ကောင်စီရဲ့ တင်းကြပ်ပြီး မတည်ငြိမ်တဲ့ မူဝါဒတွေကြောင့် စီးပွားရေးက အနိမ့်ဆုံးကို ကျဆင်းသွားတာပါတယ်”ဟု စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။

ဒေါ်လာအပေါ်ကန့်သတ်မှု၊ ဆက်သွယ်ရေးကွန်ယက်ကိုထိန်းချုပ်နှင့် နိုင်ငံတွင်း ကျယ်ပြန့်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာ့စီးပွားရေးသည် ကြောက်စရာကောင်းမွန်လောက်အောင် ပျက်စီးသွားကြောင်း ၎င်းကဆက်ပြောသည်။

၂၀၂၂ခုနှစ်တွင် ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံကို ၂ ဒဿမ ၉ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၅ ဒဿမ ၉ နှင့် ကမ္ဘောဒီယားနိုင်ငံကို ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟုခန့်မှန်းထားသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျလာပြီး နိုင်ငံအတွင်းအလုပ်လက်မဲ့ပြသနာ၊ ဝင်ငွေဆုံးရှုံးသည့်ဒဏ်၊ ကျန်းမာရေးနှင့်အစားအသောက် မလုံလောက်သည့် ဒဏ်များကို ပြည်သူများခံစားနေရသည်ဟုလည်း ကမ္ဘာ့ဘဏ်ကသုံးသပ်ထားသည်။

လူထုနွေဦး