Local News

ထမင္းပို႔၊ ဟင္းပို႔မွသည္ ေရွ႕တန္းေပ်ာ္ CDM ရဲသားႀကီး ဂ်ိဳးေလး

ထမင္းပို႔၊ ဟင္းပို႔မွသည္ ေရွ႕တန္းေပ်ာ္ CDM ရဲသားႀကီး ဂ်ိဳးေလး

ရန္ကုန္၊ ဇြန္ (၉)လူငယ့္ေခတ္

ျမဴႏွင္းမ်ားေဝေနသည့္ ေဆာင္းမနက္ခင္းတစ္ခု၌ အသက္ (၂၀) ခန႔္အ႐ြယ္ ရဲတပ္သားတစ္ဦး စိုးရိမ္ထိတ္လန႔္မႈမ်ားျဖင့္ ရဲစခန္းဝန္းအတြင္းမွ ထြက္လာသည္။
၎ထြက္လာသည့္ေနရာက ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ ယာဒိုရဲကင္း။

သူႏွင့္အတူပါလာသည္က တစ္ၿမိဳ႕နယ္လုံးရွိ ရဲတပ္ဖြဲ႕ဝင္မ်ားအနက္ စုစုေပါင္း (၃) လက္တည္းသာရွိသည့္ စက္ေသနတ္မ်ားအနက္က (၁) လက္ႏွင့္အတူ ဒါဇင္ႏွင့္ခ်ီသည့္ က်ည္ဆံမ်ား။

ထိုလူငယ္ရဲတပ္သားမွာ ဂ်ိဳးေလး (ေခၚ) ကိုျပည့္ၿဖိဳးလင္းျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ (၂) ရက္ေန႔မနက္တြင္ ရဲကင္းစခန္းကို စြန႔္ခြာ၍ ျပည္သူႏွင့္ပူးေပါင္းရန္ ၎၏ CDM ခရီးရွည္ကို စတင္ခဲ့ျခင္းျဖစ္သည္။

“သယ္လာရတုန္းက မလြယ္ဘူး၊ ကိုယ့္ကို စစ္တပ္ကေတြ႕ရင္ ပစ္မွာလည္းေၾကာက္တယ္။ ရဲေတြက အေနာက္က လိုက္ပစ္မွာလည္း ေၾကာက္တယ္”ဟု ဂ်ိဳးေလးက ေျပာျပသည္။

ထိုေသနတ္ကို ရဲစခန္း၌လူမရွိသည့္အခ်ိန္ႏွင့္ကိုက္၍ ယူေဆာင္ကာ ေတာင္ေပၚတက္ေျပးခဲ့ျခင္းျဖစ္ၿပီး သယ္ယူရသည္မွာ ေလးလြန္းသည့္အတြက္ ၎အတြက္ အျခားမည္သည့္ပစၥည္းမွ် မယူေဆာင္ႏိုင္ခဲ့ေပ။ႏွင္းတစိုစိုျဖင့္ေျပးခဲ့ရျခင္းေၾကာင့္ လမ္း၌ဖိနပ္ျပတ္ခဲ့ၿပီး ေျခတုံးလုံးျဖင့္ ဆက္ေျပးခဲ့ရကာ စုစုေပါင္း အခ်ိန္ (၂) နာရီခြဲေက်ာ္ ၾကာျမင့္ခဲ့သည္။

“လမ္းမွာ ဖာလာပင္ေတြနဲ႔ ဆူးပင္ေတြနဲ႔ အမ်ားႀကီး။ ကြၽန္ေတာ္ဒီေရာက္ေတာ့ ေျခေထာက္ထဲကေန ဆူးေတြထုတ္တာ အေခ်ာင္း (၃၀) ေက်ာ္တယ္”ဟု ဂ်ိဳးေလးက ရယ္ေမာလ်က္ျပန္ေျပာျပသည္။

ယခုကဲ့သို႔ျပန္ေျပာျပေနသည့္ ဂ်ိဳးေလးသည္ ၎ (၉)တန္းေအာင္ၿပီးေနာက္ ရဲတပ္ဖြဲ႕သို႔ဝင္ေရာက္ခဲ့ၿပီး ရဲတပ္ဖြဲ႕အတြင္းမွပင္ ဆယ္တန္းေျဖဆိုကာ တကၠသိုလ္ဆက္တက္မည္ဟု ရည္မွန္းထားခဲ့သည္။

တကၠသိုလ္မွ ဘြဲ႕ရၿပီးခ်ိန္ ရဲတပ္ဖြဲ႕မွထြက္ၿပီး ကိုယ္ပိုင္စီးပြားေရးလုပ္ရန္ ရည္မွန္းထားခဲ့ေသာ္လည္း ၎ဝင္ၿပီးသိပ္မၾကာမီ စစ္တပ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏အာဏာ႐ူးမႈေၾကာင့္ အိပ္မက္မ်ားမွာ ေနထြက္လာခ်ိန္ ေပ်ာက္ကြယ္ရသည့္ ျမဴႏွင္းမ်ားသဖြယ္ျဖစ္ခဲ့ရသည္။

မင္းေအာင္လႈိင္အာဏာသိမ္းၿပီးေနာက္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ျပည္သူလူထုကို ႏွိပ္စက္သတ္ျဖတ္မႈ အမ်ားအျပားျဖစ္လာသည္ကို ဂ်ိဳးေလးအေနျဖင့္ မၾကည့္ရက္ႏိုင္ေတာ့။

ထို႔ေၾကာင့္ ကရင္နီ(ကယား)ျပည္နယ္အေျခစိုက္ ေတာ္လွန္ေရးအဖြဲ႕တစ္ခုျဖစ္သည့္ Karenni Generation Z (KGZ) အဖြဲ႕ႏွင့္ႀကိဳတင္ခ်ိတ္ဆက္ၿပီး CDM စဝင္ခဲ့သည္။

၂၀၂၁ ေဆာင္းတြင္းမနက္ခင္းက စခန္းကိုစြန႔္ခြာလာခ်ိန္ ေၾကာက္စိတ္မ်ားရွိခဲ့သည့္ ဂ်ိဳးေလးသည္ (KGZ) အဖြဲ႕ ထံေရာက္ၿပီးေနာက္ ထိုေၾကာက္စိတ္မ်ားေပ်ာက္ကာ ေရွ႕တန္းသို႔ပင္ထြက္ခ်င္ေနခဲ့သည္ဟု ဆိုသည္။KGZ သို႔ ၎ဝင္ေရာက္ခ်ိန္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြ သိန္း (၃၀) ရရွိခဲ့သည္။

“သူက CDM ဆိုေတာ့ အစပိုင္းသူကို ခဏေလး ထိန္းသိမ္းထားတယ္ေပါ့။ တစ္လ၊ ႏွစ္လေလာက္ၾကာေတာ့ယုံၾကည္မႈ နည္းနည္းပါးပါးရလာေတာ့ ကြၽန္ေတာ္တို႔ သူ႔ကို ေရွ႕တန္းေတြဘာေတြပို႔တယ္”ဟု KGZ အဖြဲ႕၏ ဒုတိယအတြင္းေရးမႉး ဗိုလ္ေစာက ဂ်ိဳးေလးဝင္လာပုံအေၾကာင္း ေျပာျပသည္။

ထို႔ေနာက္ ဂ်ိဳးေလးအေနျဖင့္ ေရွ႕တန္းစစ္ေျမျပင္သို႔ ေထာက္ပို႔ တပ္သားအျဖစ္ စတင္ဝင္ေရာက္ခဲ့သည္။“ကြၽန္ေတာ္ေရွ႕တန္းစလိုက္ရတုန္းကေတာ့ ေသနတ္လည္းမရွိဘူးေပါ့ဗ်ာ။ က်ည္ဆံလြယ္အိတ္ေလး လြယ္ၿပီးေတာ့ သူတို႔ပစ္ေန၊ ခတ္ေနတဲ့ ေရွ႕တန္းအထိ က်ည္ဆံေတြသြားပို႔တယ္၊ ေရသြားပို႔တယ္၊ ထမင္းေတြသြားပို႔တယ္”ဟု ဂ်ိဳးေလးက ေျပာသည္။

ေရွ႕တန္းစထြက္ၿပီးေနာက္ ဆရာသမားျဖစ္သူတို႔၏ သင္ျပမႈမ်ားေၾကာင့္ တိုက္ပြဲမ်ားအတြင္း စႏိုက္ပါျဖင့္ပါ ပစ္ခတ္မႈမ်ား လုပ္လာႏိုင္ခဲ့သည္။ေရွ႕တန္းအတြက္ ေထာက္ပို႔လုပ္လာခဲ့သူအေနျဖင့္ လက္ရွိအခ်ိန္တြင္ တိုက္ပြဲမ်ားစြာကို ဆင္ႏႊဲခဲ့ၿပီး တိုက္ပြဲမည္မွ်ဆင္ႏႊဲခဲ့သည္ကို ေရတြက္ရန္မလြယ္ကူေတာ့ဟု ဆိုသည္။

“ကြၽန္ေတာ္ခံယူခ်က္ကေတာ့ ျပည္သူလူထုကိုထိတာကို နည္းနည္းေလမွမႀကိဳက္ဘူး၊ အရင္တုန္းကေတာ့ မသိခဲ့ဘူးေပါ့။ ဒီကယားျပည္နယ္ KGZ အဖြဲ႕ထဲကိုစေရာက္ေတာ့ အိမ္ေတြကိုမီးရႈိ႕တယ္၊ ျပည္သူလူထုကို အေၾကာင္းမဲ့သတ္ျဖတ္တယ္။ ပိုၿပီးေတာ့စိတ္နာတယ္ဗ်ာ၊ ပိုၿပီးေတာ့ နာက်ည္းတယ္ စစ္တပ္ကို”ဟု ၎က ေျပာသည္။

၎ႀကဳံေတြ႕ခဲ့ရသည့္ တိုက္ပြဲမ်ားအနက္ နာရီႏွင့္ခ်ီသည့္ တိုက္ပြဲႀကီးမ်ား၊ ဒီးေမာ့ဆိုရဲစခန္းကို တိုက္ခိုက္သည့္ တိုက္ပြဲမ်ားအျပင္ အျခားတိုက္ပြဲႀကီးမ်ားကိုလည္း ဝင္ႏႊဲခဲ့သည္ဟု အားရစြာေျပာျပသည္။တိုက္ပြဲမ်ားအတြင္း ၎ယူေဆာင္လာခဲ့သည့္ ၿမိဳ႕နယ္အတြင္း (၃) လက္သာရွိသည့္ စစ္ေကာင္စီရဲတပ္ဖြဲ႕၏ စက္ေသနတ္ကလည္း အက်ိဳးအင္မတန္ရွိလွသည္။

“ဒီစက္လက္က ပြဲတစ္ပြဲလုံးကို ထိန္းႏိုင္တဲ့အေနအထားဗ်”ဟု ဂ်ိဳးေလးက ေျပာသည္။လက္ရွိအခ်ိန္၌ ၎ကို ေတာ္လွန္ေရးရဲေဘာ္မ်ားက အခ်င္းခ်င္း ဂ်ိဳးေလးဟု မေခၚဘဲ CDM ဟုသာ ေခၚၾကသည္။

CDM လုပ္လာၿပီးမွ အၾကမ္းဖက္စစ္ေကာင္စီတပ္ကိုအျမစ္ျဖတ္ခ်င္ၿပီး ေရွ႕တန္းထြက္ခ်င္လြန္းလွသည့္ ဂ်ိဳးေလးအေနျဖင့္ အသည္းႏွလုံးမာလြန္းလွသူမဟုတ္ေပ။
မိခင္ျဖစ္သူမွာ ဆုံးပါးသြားၿပီး ဖခင္သာရွိေတာ့သူျဖစ္သည့္၎အတြက္ ေရွ႕တန္းတစ္ေနရာ၌ေတြ႕ခဲ့ၿပီး တေကာက္ေကာက္လိုက္လာသည့္ ေခြးေပါက္ေလး (၃) ေကာင္ကို စခန္းသို႔ ေခၚယူေမြးစားခဲ့သည္။ထိုေခြးေလးမ်ားကိုလည္း ဂ်က္ကီ၊ မဲလုံးႏွင့္ ဗထူးဟူ၍ နာမည္ေပးခဲ့သည္။

ထိုကဲ့သို႔ သူစိမ္းေခြးေလးမ်ားကိုပင္ ခ်စ္ျမတ္ႏိုးသည့္ ဂ်ိဳးေလးအတြက္ ရင္းႏွီးခဲ့သည့္ ဆရာႏွင့္ ရဲေဘာ္မ်ား မ်က္စိေရွ႕၌ပင္ ေသဆုံး၊ ထိခိုက္မႈမ်ားရွိခဲ့ျခင္းေၾကာင့္ ဝမ္းနည္းပက္လက္ ျဖစ္ခဲ့ရသည္။“ဒီလိုအေျခအေနမ်ိဳးေတြက်ေတာ့လည္း ကိုယ့္တိုင္းရင္းသား၊ ကိုယ့္လူမ်ိဳးေတြအတြက္ တာဝန္ေက်သြားတယ္လို႔ သေဘာထားၿပီး ေျဖသိမ့္တယ္ဗ်”ဟု ဝမ္းနည္းစြာျဖင့္ ထစ္ထစ္ေငါ့ေငါ့ ျပန္လည္ ေျဖၾကားခဲ့သည္။

၎စိတ္ပါဝင္စားသည္မွာ စက္ပစၥည္းမ်ား ျပဳျပင္၊ တပ္ဆင္ရျခင္းျဖစ္ၿပီး ေတာ္လွန္ေရးၿပီးလွ်င္ ၎မိသာစုႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျပန္ေနခ်င္သည္ဟု ဆိုသည္။ထိုကဲ့သို႔ စက္ပစၥည္းမ်ား ျပဳျပင္ရသည္ကို ဝါသနာပါသည့္ ဂ်ိဳးေလးသည္ အဖြဲ႕အတြင္း ေရာက္သည့္အခ်ိန္ စက္ပစၥည္းျပင္ရသည္ထက္ ေရွ႕တန္းထြက္ခ်င္သည့္စိတ္က ပိုမ်ားေနေသာေၾကာင့္ ေရွ႕တန္းသို႔သာ ဆက္တိုက္ထြက္ေနသည္။

“ကြၽန္ေတာ္က စစ္ေကာင္စီ အျမစ္ျမန္ျမန္ျပတ္ႏိုင္ဖို႔က ပိုအေရးႀကီးတယ္ထင္လို႔ ေရွ႕တန္းမွာ သြားလာလႈပ္ရွားၿပီးေတာ့ ေရွ႕တန္းမွာပဲအေနမ်ားတယ္”ဟု ဂ်ိဳးေလးက ေျပာသည္။ယခု အင္တာဗ်ဴးေျဖခ်ိန္၌လည္း ၎ေရွ႕တန္းမွ ျပန္ေရာက္၍ အနားရေနသည့္အခ်ိန္ျဖစ္ေသာေၾကာင့္ ေျဖခြင့္ရျခင္းျဖစ္သည္ဟု ဆိုသည္။
“KGZ အဖြဲ႕နဲ႔ သူနဲ႔လည္း အျပည့္အဝယုံၾကည္မႈရွိတယ္ေပါ့ေနာ္။ တိုက္ပြဲဝင္တဲ့အေနအထားကေတာ့ ေကာင္းတယ္။ KGZ အဖြဲ႕သားေတြနဲ႔လည္း အတူတူေပါ့ အဲလိုအေနအထားေတာ့ ရွိတယ္”ဟု KGZ ၏ ဒုတိယအတြင္းေရးမႉး ဗိုလ္ေစာက ဂ်ိဳးေလးအေပၚ ၎၏ အျမင္ကို ေျပာသည္။

ထိုကဲ့သို႔ အဖြဲ႕သားမ်ားႏွင့္ ယုံၾကည္မႈ၊ အျပန္အလွန္နားလည္စိတ္မ်ားရွိခဲ့ေသာ္လည္း အေထြးဆုံးသားျဖစ္သည့္ ၎ကို အမ(၃) ေယာက္၊ အကို (၃) ေယာက္က CDM လုပ္ၿပီးေနာက္ အဆက္အသြယ္မလုပ္ေတာ့ေပ။“သူတို႔က ကြၽန္ေတာ္ CDM လုပ္တာ သေဘာမက်ၾကဘူး၊ အဲေတာ့ ဘယ္သူမွ အဆက္အသြယ္ မလုပ္ၾကေတာ့ဘူး”ဟု ဂ်ိဳးေလးက ေျပာသည္။

သို႔ေသာ္လည္း ၎က ျပည္သူဘက္မွရပ္တည္၍ CDM လုပ္ရန္ရည္႐ြယ္ထားသူမ်ားႏွင့္ ျပည္သူမ်ားကို ယခုကဲ့သို႔ တိုက္တြန္းထားသည္။“CDM မလုပ္ေသးတဲ့ ညီအကိုေတြအားလုံး၊ CDM အျမန္ဆုံးလုပ္ေပးၾကပါလို႔ ေတာင္းဆိုခ်င္ပါတယ္။ ကြၽန္ေတာ္တို႔က ျပည္သူလူထုကို အားကိုးၿပီးေနေနရတာဆိုေတာ့ ဒီထက္မကေပါ့ေနာ္ မည္သည့္အဖြဲ႕ကိုမဆို တတ္ႏိုင္သမွ် ပါဝင္ေပးၾကပါလို႔ ျပည္သူလူထုကို ေတာင္းဆိုခ်င္ပါတယ္ဗ်”

ထမင်းပို့၊ ဟင်းပို့မှသည် ရှေ့တန်းပျော် CDM ရဲသားကြီး ဂျိုးလေး

ရန်ကုန်၊ ဇွန် (၉)လူငယ့်ခေတ်

မြူနှင်းများဝေနေသည့် ဆောင်းမနက်ခင်းတစ်ခု၌ အသက် (၂၀) ခန့်အရွယ် ရဲတပ်သားတစ်ဦး စိုးရိမ်ထိတ်လန့်မှုများဖြင့် ရဲစခန်းဝန်းအတွင်းမှ ထွက်လာသည်။
၎င်းထွက်လာသည့်နေရာက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုရဲကင်း။

သူနှင့်အတူပါလာသည်က တစ်မြို့နယ်လုံးရှိ ရဲတပ်ဖွဲ့ဝင်များအနက် စုစုပေါင်း (၃) လက်တည်းသာရှိသည့် စက်သေနတ်များအနက်က (၁) လက်နှင့်အတူ ဒါဇင်နှင့်ချီသည့် ကျည်ဆံများ။

ထိုလူငယ်ရဲတပ်သားမှာ ဂျိုးလေး (ခေါ်) ကိုပြည့်ဖြိုးလင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မနက်တွင် ရဲကင်းစခန်းကို စွန့်ခွာ၍ ပြည်သူနှင့်ပူးပေါင်းရန် ၎င်း၏ CDM ခရီးရှည်ကို စတင်ခဲ့ခြင်းဖြစ်သည်။

“သယ်လာရတုန်းက မလွယ်ဘူး၊ ကိုယ့်ကို စစ်တပ်ကတွေ့ရင် ပစ်မှာလည်းကြောက်တယ်။ ရဲတွေက အနောက်က လိုက်ပစ်မှာလည်း ကြောက်တယ်”ဟု ဂျိုးလေးက ပြောပြသည်။

ထိုသေနတ်ကို ရဲစခန်း၌လူမရှိသည့်အချိန်နှင့်ကိုက်၍ ယူဆောင်ကာ တောင်ပေါ်တက်ပြေးခဲ့ခြင်းဖြစ်ပြီး သယ်ယူရသည်မှာ လေးလွန်းသည့်အတွက် ၎င်းအတွက် အခြားမည်သည့်ပစ္စည်းမျှ မယူဆောင်နိုင်ခဲ့ပေ။နှင်းတစိုစိုဖြင့်ပြေးခဲ့ရခြင်းကြောင့် လမ်း၌ဖိနပ်ပြတ်ခဲ့ပြီး ခြေတုံးလုံးဖြင့် ဆက်ပြေးခဲ့ရကာ စုစုပေါင်း အချိန် (၂) နာရီခွဲကျော် ကြာမြင့်ခဲ့သည်။

“လမ်းမှာ ဖာလာပင်တွေနဲ့ ဆူးပင်တွေနဲ့ အများကြီး။ ကျွန်တော်ဒီရောက်တော့ ခြေထောက်ထဲကနေ ဆူးတွေထုတ်တာ အချောင်း (၃၀) ကျော်တယ်”ဟု ဂျိုးလေးက ရယ်မောလျက်ပြန်ပြောပြသည်။

ယခုကဲ့သို့ပြန်ပြောပြနေသည့် ဂျိုးလေးသည် ၎င်း (၉)တန်းအောင်ပြီးနောက် ရဲတပ်ဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့အတွင်းမှပင် ဆယ်တန်းဖြေဆိုကာ တက္ကသိုလ်ဆက်တက်မည်ဟု ရည်မှန်းထားခဲ့သည်။

တက္ကသိုလ်မှ ဘွဲ့ရပြီးချိန် ရဲတပ်ဖွဲ့မှထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ရန် ရည်မှန်းထားခဲ့သော်လည်း ၎င်းဝင်ပြီးသိပ်မကြာမီ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏အာဏာရူးမှုကြောင့် အိပ်မက်များမှာ နေထွက်လာချိန် ပျောက်ကွယ်ရသည့် မြူနှင်းများသဖွယ်ဖြစ်ခဲ့ရသည်။

မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်မှု အများအပြားဖြစ်လာသည်ကို ဂျိုးလေးအနေဖြင့် မကြည့်ရက်နိုင်တော့။

ထို့ကြောင့် ကရင်နီ(ကယား)ပြည်နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Karenni Generation Z (KGZ) အဖွဲ့နှင့်ကြိုတင်ချိတ်ဆက်ပြီး CDM စဝင်ခဲ့သည်။

၂၀၂၁ ဆောင်းတွင်းမနက်ခင်းက စခန်းကိုစွန့်ခွာလာချိန် ကြောက်စိတ်များရှိခဲ့သည့် ဂျိုးလေးသည် (KGZ) အဖွဲ့ ထံရောက်ပြီးနောက် ထိုကြောက်စိတ်များပျောက်ကာ ရှေ့တန်းသို့ပင်ထွက်ချင်နေခဲ့သည်ဟု ဆိုသည်။KGZ သို့ ၎င်းဝင်ရောက်ချိန် ဂုဏ်ပြုချီးမြှင့်ငွေ သိန်း (၃၀) ရရှိခဲ့သည်။

“သူက CDM ဆိုတော့ အစပိုင်းသူကို ခဏလေး ထိန်းသိမ်းထားတယ်ပေါ့။ တစ်လ၊ နှစ်လလောက်ကြာတော့ယုံကြည်မှု နည်းနည်းပါးပါးရလာတော့ ကျွန်တော်တို့ သူ့ကို ရှေ့တန်းတွေဘာတွေပို့တယ်”ဟု KGZ အဖွဲ့၏ ဒုတိယအတွင်းရေးမှူး ဗိုလ်စောက ဂျိုးလေးဝင်လာပုံအကြောင်း ပြောပြသည်။

ထို့နောက် ဂျိုးလေးအနေဖြင့် ရှေ့တန်းစစ်မြေပြင်သို့ ထောက်ပို့ တပ်သားအဖြစ် စတင်ဝင်ရောက်ခဲ့သည်။“ကျွန်တော်ရှေ့တန်းစလိုက်ရတုန်းကတော့ သေနတ်လည်းမရှိဘူးပေါ့ဗျာ။ ကျည်ဆံလွယ်အိတ်လေး လွယ်ပြီးတော့ သူတို့ပစ်နေ၊ ခတ်နေတဲ့ ရှေ့တန်းအထိ ကျည်ဆံတွေသွားပို့တယ်၊ ရေသွားပို့တယ်၊ ထမင်းတွေသွားပို့တယ်”ဟု ဂျိုးလေးက ပြောသည်။

ရှေ့တန်းစထွက်ပြီးနောက် ဆရာသမားဖြစ်သူတို့၏ သင်ပြမှုများကြောင့် တိုက်ပွဲများအတွင်း စနိုက်ပါဖြင့်ပါ ပစ်ခတ်မှုများ လုပ်လာနိုင်ခဲ့သည်။ရှေ့တန်းအတွက် ထောက်ပို့လုပ်လာခဲ့သူအနေဖြင့် လက်ရှိအချိန်တွင် တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ပြီး တိုက်ပွဲမည်မျှဆင်နွှဲခဲ့သည်ကို ရေတွက်ရန်မလွယ်ကူတော့ဟု ဆိုသည်။

“ကျွန်တော်ခံယူချက်ကတော့ ပြည်သူလူထုကိုထိတာကို နည်းနည်းလေမှမကြိုက်ဘူး၊ အရင်တုန်းကတော့ မသိခဲ့ဘူးပေါ့။ ဒီကယားပြည်နယ် KGZ အဖွဲ့ထဲကိုစရောက်တော့ အိမ်တွေကိုမီးရှို့တယ်၊ ပြည်သူလူထုကို အကြောင်းမဲ့သတ်ဖြတ်တယ်။ ပိုပြီးတော့စိတ်နာတယ်ဗျာ၊ ပိုပြီးတော့ နာကျည်းတယ် စစ်တပ်ကို”ဟု ၎င်းက ပြောသည်။

၎င်းကြုံတွေ့ခဲ့ရသည့် တိုက်ပွဲများအနက် နာရီနှင့်ချီသည့် တိုက်ပွဲကြီးများ၊ ဒီးမော့ဆိုရဲစခန်းကို တိုက်ခိုက်သည့် တိုက်ပွဲများအပြင် အခြားတိုက်ပွဲကြီးများကိုလည်း ဝင်နွှဲခဲ့သည်ဟု အားရစွာပြောပြသည်။တိုက်ပွဲများအတွင်း ၎င်းယူဆောင်လာခဲ့သည့် မြို့နယ်အတွင်း (၃) လက်သာရှိသည့် စစ်ကောင်စီရဲတပ်ဖွဲ့၏ စက်သေနတ်ကလည်း အကျိုးအင်မတန်ရှိလှသည်။

“ဒီစက်လက်က ပွဲတစ်ပွဲလုံးကို ထိန်းနိုင်တဲ့အနေအထားဗျ”ဟု ဂျိုးလေးက ပြောသည်။လက်ရှိအချိန်၌ ၎င်းကို တော်လှန်ရေးရဲဘော်များက အချင်းချင်း ဂျိုးလေးဟု မခေါ်ဘဲ CDM ဟုသာ ခေါ်ကြသည်။

CDM လုပ်လာပြီးမှ အကြမ်းဖက်စစ်ကောင်စီတပ်ကိုအမြစ်ဖြတ်ချင်ပြီး ရှေ့တန်းထွက်ချင်လွန်းလှသည့် ဂျိုးလေးအနေဖြင့် အသည်းနှလုံးမာလွန်းလှသူမဟုတ်ပေ။
မိခင်ဖြစ်သူမှာ ဆုံးပါးသွားပြီး ဖခင်သာရှိတော့သူဖြစ်သည့်၎င်းအတွက် ရှေ့တန်းတစ်နေရာ၌တွေ့ခဲ့ပြီး တကောက်ကောက်လိုက်လာသည့် ခွေးပေါက်လေး (၃) ကောင်ကို စခန်းသို့ ခေါ်ယူမွေးစားခဲ့သည်။ထိုခွေးလေးများကိုလည်း ဂျက်ကီ၊ မဲလုံးနှင့် ဗထူးဟူ၍ နာမည်ပေးခဲ့သည်။

ထိုကဲ့သို့ သူစိမ်းခွေးလေးများကိုပင် ချစ်မြတ်နိုးသည့် ဂျိုးလေးအတွက် ရင်းနှီးခဲ့သည့် ဆရာနှင့် ရဲဘော်များ မျက်စိရှေ့၌ပင် သေဆုံး၊ ထိခိုက်မှုများရှိခဲ့ခြင်းကြောင့် ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရသည်။“ဒီလိုအခြေအနေမျိုးတွေကျတော့လည်း ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးတွေအတွက် တာဝန်ကျေသွားတယ်လို့ သဘောထားပြီး ဖြေသိမ့်တယ်ဗျ”ဟု ဝမ်းနည်းစွာဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြန်လည် ဖြေကြားခဲ့သည်။

၎င်းစိတ်ပါဝင်စားသည်မှာ စက်ပစ္စည်းများ ပြုပြင်၊ တပ်ဆင်ရခြင်းဖြစ်ပြီး တော်လှန်ရေးပြီးလျှင် ၎င်းမိသာစုနှင့် ပျော်ပျော်ရွှင်ရွှင်ပြန်နေချင်သည်ဟု ဆိုသည်။ထိုကဲ့သို့ စက်ပစ္စည်းများ ပြုပြင်ရသည်ကို ဝါသနာပါသည့် ဂျိုးလေးသည် အဖွဲ့အတွင်း ရောက်သည့်အချိန် စက်ပစ္စည်းပြင်ရသည်ထက် ရှေ့တန်းထွက်ချင်သည့်စိတ်က ပိုများနေသောကြောင့် ရှေ့တန်းသို့သာ ဆက်တိုက်ထွက်နေသည်။

“ကျွန်တော်က စစ်ကောင်စီ အမြစ်မြန်မြန်ပြတ်နိုင်ဖို့က ပိုအရေးကြီးတယ်ထင်လို့ ရှေ့တန်းမှာ သွားလာလှုပ်ရှားပြီးတော့ ရှေ့တန်းမှာပဲအနေများတယ်”ဟု ဂျိုးလေးက ပြောသည်။ယခု အင်တာဗျူးဖြေချိန်၌လည်း ၎င်းရှေ့တန်းမှ ပြန်ရောက်၍ အနားရနေသည့်အချိန်ဖြစ်သောကြောင့် ဖြေခွင့်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“KGZ အဖွဲ့နဲ့ သူနဲ့လည်း အပြည့်အဝယုံကြည်မှုရှိတယ်ပေါ့နော်။ တိုက်ပွဲဝင်တဲ့အနေအထားကတော့ ကောင်းတယ်။ KGZ အဖွဲ့သားတွေနဲ့လည်း အတူတူပေါ့ အဲလိုအနေအထားတော့ ရှိတယ်”ဟု KGZ ၏ ဒုတိယအတွင်းရေးမှူး ဗိုလ်စောက ဂျိုးလေးအပေါ် ၎င်း၏ အမြင်ကို ပြောသည်။

ထိုကဲ့သို့ အဖွဲ့သားများနှင့် ယုံကြည်မှု၊ အပြန်အလှန်နားလည်စိတ်များရှိခဲ့သော်လည်း အထွေးဆုံးသားဖြစ်သည့် ၎င်းကို အမ(၃) ယောက်၊ အကို (၃) ယောက်က CDM လုပ်ပြီးနောက် အဆက်အသွယ်မလုပ်တော့ပေ။“သူတို့က ကျွန်တော် CDM လုပ်တာ သဘောမကျကြဘူး၊ အဲတော့ ဘယ်သူမှ အဆက်အသွယ် မလုပ်ကြတော့ဘူး”ဟု ဂျိုးလေးက ပြောသည်။

သို့သော်လည်း ၎င်းက ပြည်သူဘက်မှရပ်တည်၍ CDM လုပ်ရန်ရည်ရွယ်ထားသူများနှင့် ပြည်သူများကို ယခုကဲ့သို့ တိုက်တွန်းထားသည်။“CDM မလုပ်သေးတဲ့ ညီအကိုတွေအားလုံး၊ CDM အမြန်ဆုံးလုပ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့က ပြည်သူလူထုကို အားကိုးပြီးနေနေရတာဆိုတော့ ဒီထက်မကပေါ့နော် မည်သည့်အဖွဲ့ကိုမဆို တတ်နိုင်သမျှ ပါဝင်ပေးကြပါလို့ ပြည်သူလူထုကို တောင်းဆိုချင်ပါတယ်ဗျ”