Local News

မိုးက်ေ႐ႊကိုယ္ စစ္အရာရွိေဟာင္း ျမန္မာစီးပြားေရးသံမႉးေက်ာ္ဆန္း က စစ္ေကာင္စီကို မယုံၾကည္၍ ထြက္ေျပး

မိုးက်ေ႐ႊကိုယ္ စစ္အရာရွိေဟာင္း ျမန္မာစီးပြားေရးသံမႉးေက်ာ္ဆန္း ေနျပည္ ေတာ္ မျပန္ဘဲ ေတာင္အာဖရိကႏိုင္ငံမွ ထြက္ေျပး၊ စစ္တပ္အရာရွိေဟာင္းက စစ္ေကာင္စီကို မယုံၾကည္၍ ထြက္ေျပးျခင္းျဖစ္ၿပီး သတင္းမေပါက္ၾကားရန္ အုပ္ထား

ရန္ကုန္၊ ဇြန္ ၉

ေတာင္အာဖရိကႏိုင္ငံမွ မိုးက်ေ႐ႊကိုယ္ စစ္အရာရွိေဟာင္း ျမန္မာစီးပြားေရးသံမႉးေက်ာ္ဆန္းသည္ တာဝန္ၿပီးဆုံးခ်ိန္ ေနျပည္ေတာ္သို႔ စစ္ေကာင္စီက ျပန္လည္ေခၚယူရာတြင္ မျပန္ေတာ့ဘဲ ထြက္ေျပးသြားေၾကာင္း ေနျပည္ေတာ္ ဝန္ထမ္းအသိုင္းအဝိုင္းထံမွ သိရွိရသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက စီးပြားေရးသံမႉးမ်ားကို ႏိုင္ငံတကာသို႔ ေစလႊတ္လ်က္ရွိရာ စစ္အရာရွိေဟာင္း မိုးက်ေ႐ႊကိုယ္ ဒုၫႊန္ၾကားေရးမႉး ေက်ာ္ဆန္းသည္ ေတာင္အာဖရိကႏိုင္ငံတြင္ စီးပြားေရးသံမႉးအျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိေၾကာင္း၊ ၃ ႏွစ္ျပည့္ခ်ိန္တြင္ ေနျပည္ေတာ္သို႔ ျပန္လည္ ေခၚယူေသာအခါ မျပန္ေတာ့ဘဲ ထြက္ေျပး ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း သိရွိရသည္။

“စစ္ေကာင္စီရဲ႕လက္ပါးေစ မိုးက်ေ႐ႊကိုယ္၊ စီးပြားေရးသံမႉးရဲ႕ လုပ္ရပ္ေၾကာင့္ စစ္ေကာင္စီကို ထပ္မံအရွက္ရေစခဲ့ပါတယ္။ စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာနက စီးပြားေရးသံမႉးေတြကို ၃ႏွစ္တစ္ႀကိမ္ တာဝန္ထမ္းေဆာင္ဖို႔ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကို ေစလႊတ္လ်က္ရွိပါတယ္။ အခု ၃ႏွစ္ျပည့္လို႔ ျမန္ မာႏိုင္ငံကိုျပန္ပီး မူလတာဝန္ေတြကို ဆက္လက္ထမ္းေဆာင္ရဖို႔ ျပန္ရမယ့္ အခ်ိန္လည္း ျဖစ္ပါတယ္။

အဲဒီမွာ ေတာင္အာဖရိကႏိုင္ငံမွာ စီးပြားေရးသံမႉးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဒုတိယၫႊန္ၾကားေရးမႉး၊ ဦးေက်ာ္ဆန္း ဆိုသူဟာ ျမန္မာႏိုင္ငံကို ျပန္လည္ဝင္ေရာက္ျခင္းမရွိဘူး။ ေက်ာ္ဆန္းက စစ္ဗိုလ္ေဟာင္း ဌာနမိုးက်ေ႐ႊကိုယ္ အရာရွိျဖစ္ပါတယ္” ဟု ေနျပည္ေတာ္ဝန္ထမ္းသတင္းရင္းျမစ္က ေျပာသည္။

စစ္ေကာင္စီအေနျဖင့္ အသစ္ထပ္မံေစလႊတ္မည့္ စီးပြားေရးသံမႉးမ်ားကို ေ႐ြး ခ်ယ္ရာတြင္ အရည္အခ်င္းရွိသည္ျဖစ္ေစ၊ အရည္အခ်င္းမရွိသည္ျဖစ္ေစ စစ္အာဏာရွင္ကို က်ိဳးႏြံမည့္ လက္ပါးေစ စစ္ဗိုလ္ေဟာင္း မိုးက်ေ႐ႊကိုယ္ အရာရွိမ်ားကိုသာ ေ႐ြးခ်ယ္ေစလႊတ္ရန္ စီမံေနခ်ိန္တြင္ ယင္းကဲ့သို႔ ထြက္ေျပးမႈ ျဖစ္ ပြားျခင္းျဖစ္သည္။

“စစ္တပ္ထဲက လူက စစ္တပ္ကို မယုံၾကည္လို႔ လုပ္သြားတာဆိုေတာ့ ဒီသတင္းကို အုပ္ထားပုံလည္းရပါတယ္၊ စစ္တပ္က ဒီအခ်ိန္မွာ အရွက္ရစရာေတြမ်ားေနတာဆိုေတာ့ စီးပြားေရးသံမႉးအေနနဲ႔ ေနာက္ထပ္ကိုယ္စားျပဳလႊတ္မယ့္ မိုးက်ေ႐ႊကိုယ္ေတြအတြက္ပါ စစ္အာဏာရွင္က မ်က္ခုံးလႈပ္ေနၿပီး။

ႏိုင္ငံတကာသံ႐ုံးေတြမွာ CDMကိစၥ ၿငိမ္သြားၿပီးမွ အခုအရပ္သားဝန္ထမ္းကမဟုတ္ဘဲ မိုးက်ေ႐ႊကိုယ္က စစ္တပ္ကို အာခံတာဆိုေတာ့ အာဏာရွင္ရဲ႕အရႈိက္ကို ထိေစတာအမွန္ပဲ” ဟု ေနျပည္ေတာ္ဝန္ထမ္းသတင္းရင္းျမစ္က ေျပာဆိုသည္။

မိုးကျရွှေကိုယ် စစ်အရာရှိဟောင်း မြန်မာစီးပွားရေးသံမှူးကျော်ဆန်း နေပြည် တော် မပြန်ဘဲ တောင်အာဖရိကနိုင်ငံမှ ထွက်ပြေး၊ စစ်တပ်အရာရှိဟောင်းက စစ်ကောင်စီကို မယုံကြည်၍ ထွက်ပြေးခြင်းဖြစ်ပြီး သတင်းမပေါက်ကြားရန် အုပ်ထား

ရန်ကုန်၊ ဇွန် ၉

တောင်အာဖရိကနိုင်ငံမှ မိုးကျရွှေကိုယ် စစ်အရာရှိဟောင်း မြန်မာစီးပွားရေးသံမှူးကျော်ဆန်းသည် တာဝန်ပြီးဆုံးချိန် နေပြည်တော်သို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူရာတွင် မပြန်တော့ဘဲ ထွက်ပြေးသွားကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီးပွားရေးသံမှူးများကို နိုင်ငံတကာသို့ စေလွှတ်လျက်ရှိရာ စစ်အရာရှိဟောင်း မိုးကျရွှေကိုယ် ဒုညွှန်ကြားရေးမှူး ကျော်ဆန်းသည် တောင်အာဖရိကနိုင်ငံတွင် စီးပွားရေးသံမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ၃ နှစ်ပြည့်ချိန်တွင် နေပြည်တော်သို့ ပြန်လည် ခေါ်ယူသောအခါ မပြန်တော့ဘဲ ထွက်ပြေး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

“စစ်ကောင်စီရဲ့လက်ပါးစေ မိုးကျရွှေကိုယ်၊ စီးပွားရေးသံမှူးရဲ့ လုပ်ရပ်ကြောင့် စစ်ကောင်စီကို ထပ်မံအရှက်ရစေခဲ့ပါတယ်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက စီးပွားရေးသံမှူးတွေကို ၃နှစ်တစ်ကြိမ် တာဝန်ထမ်းဆောင်ဖို့ နိုင်ငံတော်တော်များများကို စေလွှတ်လျက်ရှိပါတယ်။ အခု ၃နှစ်ပြည့်လို့ မြန် မာနိုင်ငံကိုပြန်ပီး မူလတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရဖို့ ပြန်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။

အဲဒီမှာ တောင်အာဖရိကနိုင်ငံမှာ စီးပွားရေးသံမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်ဆန်း ဆိုသူဟာ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ခြင်းမရှိဘူး။ ကျော်ဆန်းက စစ်ဗိုလ်ဟောင်း ဌာနမိုးကျရွှေကိုယ် အရာရှိဖြစ်ပါတယ်” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီအနေဖြင့် အသစ်ထပ်မံစေလွှတ်မည့် စီးပွားရေးသံမှူးများကို ရွေး ချယ်ရာတွင် အရည်အချင်းရှိသည်ဖြစ်စေ၊ အရည်အချင်းမရှိသည်ဖြစ်စေ စစ်အာဏာရှင်ကို ကျိုးနွံမည့် လက်ပါးစေ စစ်ဗိုလ်ဟောင်း မိုးကျရွှေကိုယ် အရာရှိများကိုသာ ရွေးချယ်စေလွှတ်ရန် စီမံနေချိန်တွင် ယင်းကဲ့သို့ ထွက်ပြေးမှု ဖြစ် ပွားခြင်းဖြစ်သည်။

“စစ်တပ်ထဲက လူက စစ်တပ်ကို မယုံကြည်လို့ လုပ်သွားတာဆိုတော့ ဒီသတင်းကို အုပ်ထားပုံလည်းရပါတယ်၊ စစ်တပ်က ဒီအချိန်မှာ အရှက်ရစရာတွေများနေတာဆိုတော့ စီးပွားရေးသံမှူးအနေနဲ့ နောက်ထပ်ကိုယ်စားပြုလွှတ်မယ့် မိုးကျရွှေကိုယ်တွေအတွက်ပါ စစ်အာဏာရှင်က မျက်ခုံးလှုပ်နေပြီး။

နိုင်ငံတကာသံရုံးတွေမှာ CDMကိစ္စ ငြိမ်သွားပြီးမှ အခုအရပ်သားဝန်ထမ်းကမဟုတ်ဘဲ မိုးကျရွှေကိုယ်က စစ်တပ်ကို အာခံတာဆိုတော့ အာဏာရှင်ရဲ့အရှိုက်ကို ထိစေတာအမှန်ပဲ” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။