Local News

သီရိလကၤာေနာက္လိုက္မယ့္စစ္ေကာင္စီ

သီရိလကၤာေနာက္လိုက္မယ့္စစ္ေကာင္စီ

တနသၤာရီတိုင္း ေကာ့ေသာင္းၿမိ့ုနယ္ထဲ

ဆီဆိုင္တခ့်ိဳအဖမ္းခံရၿပီး လိုင္စင္မရွိတဲ့ဆိုင္ေတြ ဖမ္းမယ္ဆိုတဲ့သတင္းေၾကာင့္

ဆီဆိုင္ငယ္ေလးေတြအားလုံး ႐ုတ္တရက္ပိတ္ခ်လိုက္လို႔ အခက္ေတြ႕ေနတယ္လို႔The Tanintharyi Times မွာေဖာ္ျပ

လက္ရွိမွာ ဆီဆိုင္ႀကီးသုံးဆိုင္ပဲဖြင့္ထားၿပီး

အကန႔္အသတ္နဲ႔ေရာင္းေပးေနလို႔ ျပည္သူမ်ားတန္းစီဝယ္ယူေနၾကရတယ္လို႔ သိရၿပီးေတာ့

ဆီဆိုင္ႀကီးမွာ 92 တလီတာ 2400 က်ပ္95 တလီတာ 2500 က်ပ္ ေဈးရွိေသာ္လည္း

ဆီဆိုင္ငယ္ေတြမွာ တလီတာ 5000 က်ပ္ထိေပးဝယ္ေနရတယ္လို႔ ေဒသခံေတြက ေျပာတယ္

2500 × 4.5 = 11250 က်ပ္(တဂါလံေဈး)

5000 × 4.5 = 22500 က်ပ္( တဂါလံေဈး)

ဒီဆီေဈးနဲ႔ ဒီတိုင္းျပည္ မပ်က္ေသးတာအံ့ၾသမိ

သိပ္မၾကာခင္ သီရိလကၤာေနာက္ မွီတန္ေကာင္းရဲ႕

@@

ေကာ့ေသာင္းမွာ ဆီဆိုင္အားလုံးနီးပါးပိတ္လိုက္လို႔ ေဒသခံေတြအခက္ေတြ႕

တနသၤာရီတိုင္းမ္၊ ဇြန္ ၉

ေကာ့ေသာင္းၿမိဳ႕မွာ ဒီေန႔မနက္ ဆီဆိုင္ေတြ အားလုံးနီးပါး႐ုတ္တရက္ ပိတ္ခ်လိုက္လို႔ အခက္ေတြ႕ေနတယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။ ဆီဆိုင္တခ်ိဳ႕အဖမ္းခံရတာနဲ႔အတူ လိုင္စင္မရွိတဲ့ဆိုင္ေတြ ဖမ္းမယ္ဆိုတဲ့သတင္းေၾကာင့္ ဆီဆိုင္ငယ္ေတြအားလုံးပိတ္လိုက္တာျဖစ္တယ္လို႔သိရပါတယ္။

လက္ရွိမွာ ဆီဆိုင္ႀကီးသုံးဆိုင္ပဲဖြင့္လွစ္ထားၿပီးအကန္႔အသတ္နဲ႔ေရာင္းေပးေနလို႔ ျပည္သူေတြတန္းစီဝယ္ယူေနၾကရပါတယ္။

“ေကာ့ေသာင္းၿမိဳ႕က ဆီဆိုင္ေတြက ေမွာင္ခိုသြင္းတာ‌ေရာ တရားဝင္သြင္းတာေရာ ရႈပ္ေနတာ” လို႔ ၿမိဳ႕ခံတစ္ဦးက တနသၤာရီတိုင္းမ္ ကို ေျပာပါတယ္။

ေကာ့ေသာင္းၿမိဳ႕မွာ မေန႔ကအထိ ၉၂ တစ္လီတာကို၂၄၀၀ က်ပ္၊ ၉၅ တစ္လီတာကို၂၅၀၀ ေစ်းရွိခဲ့ၿပီး ဆီဆိုင္ေတြပိတ္လိုက္ရလို႔ ဆိုင္ႀကီးေတြမွာေတာ့ ဆီေစ်း ထိုးတက္သြားတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။

ဆီဆိုင္ငယ္ေလးတခ်ိဳ႕ကေတာ့ ဆီတစ္လီတာဘူးကို ငါးေထာင္က်ပ္အထိေစ်းတင္ေရာင္းေနတာေတြရွိေနတယ္လို႔ ၿမိဳ႕ခံတစ္ဦးေျပာပါတယ္။

အခုလိုမ်ိဳးကေမာက္ကမအေျခအေနေၾကာင့္ ဆီေစ်းေတြတက္လာႏိုင္တယ္ဆိုတဲ့သတင္းေတြလည္းထြက္ေပၚေနပါတယ္။

The Tanintharyi Times

သီရိလင်္ကာနောက်လိုက်မယ့်စစ်ကောင်စီ

တနင်္သာရီတိုင်း ကော့သောင်းမြိ့ုနယ်ထဲ

ဆီဆိုင်တခ့ျိုအဖမ်းခံရပြီး လိုင်စင်မရှိတဲ့ဆိုင်တွေ ဖမ်းမယ်ဆိုတဲ့သတင်းကြောင့်

ဆီဆိုင်ငယ်လေးတွေအားလုံး ရုတ်တရက်ပိတ်ချလိုက်လို့ အခက်တွေ့နေတယ်လို့The Tanintharyi Times မှာဖော်ပြ

လက်ရှိမှာ ဆီဆိုင်ကြီးသုံးဆိုင်ပဲဖွင့်ထားပြီး

အကန့်အသတ်နဲ့ရောင်းပေးနေလို့ ပြည်သူများတန်းစီဝယ်ယူနေကြရတယ်လို့ သိရပြီးတော့

ဆီဆိုင်ကြီးမှာ 92 တလီတာ 2400 ကျပ်95 တလီတာ 2500 ကျပ် ဈေးရှိသော်လည်း

ဆီဆိုင်ငယ်တွေမှာ တလီတာ 5000 ကျပ်ထိပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောတယ်

2500 × 4.5 = 11250 ကျပ်(တဂါလံဈေး)

5000 × 4.5 = 22500 ကျပ်( တဂါလံဈေး)

ဒီဆီဈေးနဲ့ ဒီတိုင်းပြည် မပျက်သေးတာအံ့သြမိ

သိပ်မကြာခင် သီရိလင်္ကာနောက် မှီတန်ကောင်းရဲ့

@@

ကော့သောင်းမှာ ဆီဆိုင်အားလုံးနီးပါးပိတ်လိုက်လို့ ဒေသခံတွေအခက်တွေ့

တနင်္သာရီတိုင်းမ်၊ ဇွန် ၉

ကော့သောင်းမြို့မှာ ဒီနေ့မနက် ဆီဆိုင်တွေ အားလုံးနီးပါးရုတ်တရက် ပိတ်ချလိုက်လို့ အခက်တွေ့နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဆီဆိုင်တချို့အဖမ်းခံရတာနဲ့အတူ လိုင်စင်မရှိတဲ့ဆိုင်တွေ ဖမ်းမယ်ဆိုတဲ့သတင်းကြောင့် ဆီဆိုင်ငယ်တွေအားလုံးပိတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ဆီဆိုင်ကြီးသုံးဆိုင်ပဲဖွင့်လှစ်ထားပြီးအကန့်အသတ်နဲ့ရောင်းပေးနေလို့ ပြည်သူတွေတန်းစီဝယ်ယူနေကြရပါတယ်။

“ကော့သောင်းမြို့က ဆီဆိုင်တွေက မှောင်ခိုသွင်းတာ‌ရော တရားဝင်သွင်းတာရော ရှုပ်နေတာ” လို့ မြို့ခံတစ်ဦးက တနင်္သာရီတိုင်းမ် ကို ပြောပါတယ်။

ကော့သောင်းမြို့မှာ မနေ့ကအထိ ၉၂ တစ်လီတာကို၂၄၀၀ ကျပ်၊ ၉၅ တစ်လီတာကို၂၅၀၀ ဈေးရှိခဲ့ပြီး ဆီဆိုင်တွေပိတ်လိုက်ရလို့ ဆိုင်ကြီးတွေမှာတော့ ဆီဈေး ထိုးတက်သွားတာမျိုးတော့ မရှိသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။

ဆီဆိုင်ငယ်လေးတချို့ကတော့ ဆီတစ်လီတာဘူးကို ငါးထောင်ကျပ်အထိဈေးတင်ရောင်းနေတာတွေရှိနေတယ်လို့ မြို့ခံတစ်ဦးပြောပါတယ်။

အခုလိုမျိုးကမောက်ကမအခြေအနေကြောင့် ဆီဈေးတွေတက်လာနိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

The Tanintharyi Times