Local News

ေရစႀကိဳ ဆင္ျဖဴရွင္တံတားဂိတ္စခန္းကို PDF က ဝင္တိုက္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ ဦ

ေရစႀကိဳ ဆင္ျဖဴရွင္တံတားဂိတ္စခန္းကို PDF က ဝင္တိုက္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ ဦးေသဆုံးကာ ၁ ဦးအရွင္ဖမ္းမိ၊ လက္နက္အမ်ားအျပား သိမ္းဆည္းရမိ

ရန္ကုန္၊ ဇြန္ ၉

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္၊ ဆင္ျဖဴရွင္တံတားဂိတ္စခန္းကို PDF က ဝင္တိုက္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ ဦးေသဆုံးကာ ၁ ဦးအရွင္ဖမ္းမိ၊ လက္နက္အမ်ားအျပား သိမ္းဆည္းရမိေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-ေရစႀကိဳက သတင္းထုတ္ျပန္သည္။

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-ေရစႀကိဳၿမိဳ႕နယ္၊ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-ၿမိဳင္ၿမိဳ႕နယ္၊ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-ဆားလင္းႀကီးၿမိဳ႕နယ္ (Salingyi Special Task Force) ညီေနာင္မဟာမိတ္ ( ၃ )ၿမိဳ႕နယ္ ပူးေပါင္း၍

ေရစႀကိဳၿမိဳ႕နယ္ ဆင္ျဖဴရွင္တံတားဂိတ္စခန္းအား ယေန႔ေန႔လည္ ၁၂ နာရီမွ ၁ နာရီထိ တစ္နာရီၾကာတိုက္ပြဲဆင္ႏြဲပီးေအာင္ျမင္စြာသိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ ဦးေသဆုံးၿပီး ၁ ဦးအရွင္ဖမ္းမိေၾကာင္း၊ အမ်ားအျပားထိခိုက္ဒဏ္ရာျဖင့္ ထြက္ေျပးသြားၾကေၾကာင္း၊ G-3 ၄ လက္ ၊ အူစီ ၃ လက္ ၊ေျခာက္လုံးျပဴး ၁ လက္ ႏွင့္ က်ည္ဆန္ ၁၀၀၀ ၊

ဆိုင္ကယ္ ၄ စီး၊ ေငြသား သိန္းတစ္ရာ့တစ္ဆယ္ ၊ဗုံးသီး ၁ လုံး သိမ္းဆည္းရမိပီး ဂိတ္စခန္းကိုမီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရွိရသည္။

ရေစကြို ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDF က ဝင်တိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ၊ လက်နက်အများအပြား သိမ်းဆည်းရမိ

ရန်ကုန်၊ ဇွန် ၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDF က ဝင်တိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မဟာမိတ် ( ၃ )မြို့နယ် ပူးပေါင်း၍

ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားဂိတ်စခန်းအား ယနေ့နေ့လည် ၁၂ နာရီမှ ၁ နာရီထိ တစ်နာရီကြာတိုက်ပွဲဆင်နွဲပီးအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကြောင်း၊ အများအပြားထိခိုက်ဒဏ်ရာဖြင့် ထွက်ပြေးသွားကြကြောင်း၊ G-3 ၄ လက် ၊ အူစီ ၃ လက် ၊ခြောက်လုံးပြူး ၁ လက် နှင့် ကျည်ဆန် ၁၀၀၀ ၊

ဆိုင်ကယ် ၄ စီး၊ ငွေသား သိန်းတစ်ရာ့တစ်ဆယ် ၊ဗုံးသီး ၁ လုံး သိမ်းဆည်းရမိပီး ဂိတ်စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။