Local News

ႀကံ့ခိုင္ေရးပါတီတြင္း ေခါင္းေဆာင္သစ္ေျပာင္းလဲေရး အကြဲအၿပဲျဖစ္ေန

ပါတီဥကၠ႒သက္တမ္း ေက်ာ္လြန္ေနၿပီျဖစ္ေသာ ဦးသန္းေဌး၏ေနရာတြင္ လူသစ္အစားထိုးရန္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (ႀကံ့ခိုင္ေရးပါတီ) ၏ ထိပ္ပိုင္းေခါင္းေဆာင္အခ်ိဳ႕ႏွင့္ ပါတီတြင္း လိုလားမႈမ်ားရွိေနသည္ဟု သိရသည္။

စစ္ဗိုလ္ခ်ဳပ္ေဟာင္းအမ်ားစု ဦးေဆာင္မႈျဖင့္ ဖြဲ႕စည္းထားသည့္ ႀကံ့ခိုင္ေရးပါတီ၏ ဥကၠ႒သက္တမ္းမွာ ငါးႏွစ္ျဖစ္ေသာ္လည္း လက္ရွိပါတီဥကၠ႒ ဦးသန္းေဌးမွာ ၂၀၁၆ ခုႏွစ္ကတည္းက တာဝန္ယူထားသူ ျဖစ္သည္။

ဗိုလ္မႉးခ်ဳပ္ေဟာင္း ဦးသန္းေဌးကို သေဘာက်သည့္အစုအဖြဲ႕ႏွင့္ သေဘာမက်သည့္အစုအဖြဲ႕ဟူ၍ ပါတီတြင္း ႏွစ္ျခမ္းကြဲေနေၾကာင္း က်ယ္က်ယ္ျပန႔္ျပန႔္ သတင္းထြက္ေပၚေနၿပီး မင္းကင္းေမာင္ျမင့္ဟု လူသိမ်ားသည့္ ႀကံ့ခိုင္ေရးပါတီဗဟိုေကာ္မတီဝင္ ဦးေမာင္ျမင့္ကလည္း ေခါင္းေဆာင္အသစ္ကို ေမွ်ာ္လင့္ေနေၾကာင္း ယေန႔ ဇြန္ ၉ ရက္တြင္ Myanmar Now ကို ေျပာသည္။

“ဒါထက္ပိုၿပီးေတာ့ ေခါင္းေဆာင္မႈေပးႏိုင္မဲ့သူမ်ိဳးကို ကြၽန္ေတာ္တို႔က ေမွ်ာ္လင့္တယ္၊ ဒါပဲ” ဟု မင္းကင္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္းလည္းျဖစ္သူ ဦးေမာင္ျမင့္က ဆိုသည္။

“အားမရဘူးေပါ့။ အားမရဘူးဆိုတာ ျပည္ခိုင္ၿဖိဳးပါတီက ႏိုင္ငံရဲ႕အနာဂတ္ကို အဆုံးအျဖတ္ေပးႏိုင္တဲ့ ေနရာမွာ တာဝန္ယူရမဲ့ပါတီႀကီးတစ္ခုျဖစ္တယ္။ ဒါေပမဲ့လည္း ပါတီက လက္ရွိ ႀကဳံေတြ႕ေနရတဲ့၊ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို ေဖာက္မထြက္ႏိုင္ဘူးေပါ့။ က်စ္က်စ္လ်စ္လ်စ္နဲ႔ လုပ္ႏိုင္တဲ့၊ အေတြ႕အႀကဳံလည္းရွိတဲ့ ေခါင္းေဆာင္ဆိုလို႔ရွိရင္ ပိုေကာင္းမယ္” ဟု လက္ရွိပါတီဥကၠ႒ ဦးသန္းေဌး၏ ေခါင္းေဆာင္မႈႏွင့္ ပတ္သက္ၿပီး ဦးေမာင္ျမင့္က ေဝဖန္သည္။

၎ကိုယ္တိုင္အသုံးျပဳသည့္ ေဖ့စ္ဘြတ္အေကာင့္တြင္လည္း “ညံ့ဖ်င္းတဲ့ ေခါင္းေဆာင္မႈေအာက္မွာ ေတာက္ေျပာင္တဲ့ပါတီ ျဖစ္မလာႏိုင္ပါဘူး” ဟုလည္း ေရးသားထားသည္။

ႀကံ့ခိုင္ေရးပါတီ၏ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းအရ ငါးႏွစ္လွ်င္တစ္ႀကိမ္ ညီလာခံက်င္းပ၍ ဥကၠ႒အပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္မ်ား၊ ပါတီဗဟိုေကာ္မတီမ်ား၊ အလုပ္အမႈေဆာင္မ်ား အဆင့္ဆင့္ ျပန္လည္ေ႐ြးခ်ယ္ရသည္။

ကိုဗစ္ႏွင့္ စစ္အာဏာသိမ္းမႈေၾကာင့္ ၂၀၂၁ ခုႏွစ္တြင္ က်င္းပရမည့္ ပါတီညီလာခံ က်င္းပႏိုင္ျခင္း မရွိသျဖင့္ ပါတီစည္းမ်ဥ္းတခ်ိဳ႕ကို ျပင္ဆင္ျခင္းျဖင့္ ၎၏ ဥကၠ႒သက္တမ္းကို အသက္ဆက္ရန္ ဦးသန္းေဌးက ႀကိဳးပမ္းေနေၾကာင္း ႀကံ့ေရးေရးပါတီႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ေနျပည္ေတာ္ရွိ ပါတီဌာနခ်ဳပ္တြင္ ယမန္ေန႔က က်င္းပသည့္ ဗဟိုေကာ္မတီအစည္းအေဝး အဖြင့္မိန႔္ခြန္းတြင္လည္း “အေျခအေနအရ ဖြဲ႕စည္းပုံစည္းမ်ဥ္း ျပင္ဆင္ခဲ့တာေတြ၊ ျဖည့္စြက္ခဲ့တာေတြ ရွိပါတယ္။ အဲဒီ ျပင္ဆင္၊ ျဖည့္စြက္ခ်က္ေတြကို ဒီအစည္းအေဝးမွာ တင္ျပထားပါတယ္” ဟု ဦးသန္းေဌးက ေျပာၾကားခဲ့သည္။

ထိုျပင္ဆင္ခ်က္မ်ားကို အတည္ျပဳေပးရန္ အစည္းအေဝးတြင္ ေျပာသြားေသာ္လည္း မည္သည့္စည္းမ်ဥ္းမ်ားကို ျပင္ဆင္သည္ကိုမူ တိတိပပ ေျပာမသြားေပ။

“ညီလာခံသက္တမ္းတို႔ဘာတို႔ ျပင္သလားမသိဘူး။ ညီလာခံသက္တမ္းျပင္ရင္ ဥကၠ႒သက္တမ္းျပင္သလို ျဖစ္သြားတာေပါ့” ဟု ႀကံ့ခိုင္ေရးပါတီေခါင္းေဆာင္အဆက္ဆက္ႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။

အမည္မေဖာ္လိုေသာ ထိုနီးစပ္သူမွာ သမၼတ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ အစိုးရထိပ္တန္းတာဝန္ရွိသူတစ္ဦး ျဖစ္ခဲ့သူလည္းျဖစ္သည္။​

ဦးသန္းေဌးသည္ ပါတီဥကၠ႒ရာထူးမွ အနားမယူလိုသည့္အတြက္ ထိုကိစၥႏွင့္ ပတ္သက္ၿပီး ႀကံ့ခိုင္ေရးပါတီကို အသက္သြင္းခဲ့သည့္ စစ္အာဏာရွင္ေဟာင္းျဖစ္သူ ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း ဦးသန္းေ႐ႊထံ လယ္ဆည္ဝန္ႀကီးေဟာင္း ဦးျမင့္လႈိင္အပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္အခ်ိဳ႕က တိုင္ၾကားထားသည္ဟု အမည္မေဖာ္လိုသည့္ ပါတီႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

စစ္ဗိုလ္ခ်ဳပ္ေဟာင္းတစ္ဦးျဖစ္သူ ဦးေမာင္ျမင့္ကမူ ၎အေနျဖင့္ ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္းသန္းေ႐ႊထံ တိုင္ၾကားထားျခင္းမရွိဟု ျငင္းဆိုသည္။

သို႔ေသာ္ ဦးသန္းေဌးအေနျဖင့္ ၎တစ္ဦးတည္းသေဘာထားျဖင့္ လုပ္ခ်င္တိုင္းလုပ္မည္ဆိုလွ်င္ က်န္ထိပ္ပိုင္းေခါင္းေဆာင္မ်ားက လက္ခံမည္မဟုတ္ဟု ဆိုသည္။

“ကြၽန္ေတာ္တို႔က ပါတီတြင္းဒီမိုကေရစီကို က်င့္သုံးတာျဖစ္လို႔ သူ(ဦးသန္းေဌး) လုပ္ခ်င္တိုင္းလုပ္လို႔ မရဘူး။ ဒါေသခ်ာတယ္။ လုပ္ထုံးလုပ္နည္းေတြကို ေက်ာ္လြန္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔အားလုံးကလည္း အေတြ႕အႀကဳံရွိတဲ့သူေတြ၊ ဝါႀကီးတဲ့သူေတြျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ လုပ္ခ်င္တိုင္းလုပ္တာကို လက္ခံမွာ မဟုတ္ဘူး” ဟု ဦးေမာင္ျမင့္က ေျပာသည္။

“(ပါတီ) ရဲ႕ စည္းမ်ဥ္းေတြက ပြင့္ပြင့္လင္းေျပာရလို႔ရွိရင္ အျပန္အလွန္ထိန္းညႇိမႈ Check and Balance နဲ႔ လုပ္ထားတာ။ အဲ့လိုလုပ္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ လုပ္ခ်င္တိုင္းလုပ္မယ္ဆိုရင္ သူ (ဦးသန္းေဌး) က အာဏာရွင္ျဖစ္သြားမွာေပါ့”

အသက္ ၆၄ ႏွစ္အ႐ြယ္ ဦးေမာင္ျမင့္သည္ ၂၀၁၀ ႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ၎ ႏွစ္ႀကိမ္ဆက္တိုက္ အႏိုင္ရရွိခဲ့သည့္ မင္းကင္းၿမိဳ႕နယ္၌ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္ရာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီကို ရႈံးနိမ့္ခဲ့သည္။

တပ္မေတာ္အရာရွိေဟာင္း ဦးေမာင္ျမင့္သည္ စစ္အစိုးရလက္ထက္ ႏိုင္ငံျခားေရးဒုဝန္ႀကီး၊ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ အလုပ္သမားဝန္ႀကီးႏွင့္ စက္မႈဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

ယမန္ေန႔ႏွင့္ ယေန႔ ႏွစ္ရက္ၾကာ က်င္းပေနသည့္ ႀကံ့ခိုင္ေရးပါတီဗဟိုေကာ္မတီအစည္းအေဝးတြင္မူ ပါတီေခါင္းေဆာင္ပိုင္း အေျပာင္းအလဲျပဳလုပ္ႏိုင္ဖြယ္မရွိဟု ဦးေမာင္ျမင့္၏ ေျပာၾကားခ်က္အရ သိရသည္။

ႀကံ့ခိုင္ေရးပါတီ ဥကၠ႒သစ္ျဖစ္လာဖြယ္ရွိသည္ဟု ေရပန္းစားေနသူမွာ လက္ရွိ စစ္ေကာင္စီ၏ လဝကဝန္ႀကီးျဖစ္သူ ရဲခ်ဳပ္ေဟာင္း ဦးခင္ရီ ျဖစ္သည္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ရန္ကုန္တိုင္း၊ ဆိတ္ႀကီးခေနာင္တိုၿမိဳ႕နယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ႀကံ့ခိုင္ေရးပါတီ၏ လက္ရွိ ဒုတိယဥကၠ႒တစ္ဦးလည္းျဖစ္သူ ဦးခင္ရီသည္ NLD ပါတီကို ရႈံးနိမ့္ခဲ့သည္။

တိုင္းႏွင့္ ျပည္နယ္အသီးသီးရွိ ဗဟိုေကာ္မတီဝင္ ၄၀၀ ဦးခန႔္ တက္ေရာက္ေနသည့္ ႀကံ့ခိုင္ေရးပါတီထိပ္သီးအစည္းအေဝးကို ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ပါတီဌာနခ်ဳပ္တြင္ က်င္းပေနၿပီး စစ္တပ္က အတြင္းစည္းလုံၿခဳံေရး ခ်ေပးထားသည္။

ရည္႐ြယ္ခ်က္ ငါးခ်က္ျဖင့္ လက္ရွိက်င္းပေနသည့္ အစည္းအေဝးတြင္ အနီးကပ္ဆုံးက်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရေရးလည္း ပါဝင္သည္ဟု USDP ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒၚယဥ္မင္းျမင့္ေဆြက Myanmar Now ကို ယမန္ေန႔တြင္ ေျပာထားသည္။

အာဏာသိမ္းစစ္ေကာင္စီကလည္း လာမည့္ ၂၀၂၃ ခုႏွစ္တြင္ ေ႐ြးေကာက္ပြဲက်င္းပေပးမည္ဟု ေလသံပစ္ထားေသာေၾကာင့္ စစ္ေကာင္စီ၏ ထိုေ႐ြးေကာက္ပြဲတြင္ ႀကံ့ခိုင္ေရးပါတီေနျဖင့္ အႏိုင္ရရန္ ႀကိဳးပမ္းေနျခင္း ျဖစ္သည္။

ႀကံ့ခိုင္ေရးပါတီေခါင္းေဆာင္မ်ားအေနျဖင့္ ေခါင္းေဆာင္အေျပာင္းအလဲလုပ္ရန္ တက္ႂကြေနပုံရေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးသန္းစိုးႏိုင္က ဆိုသည္။

“တစ္ေကာင္တည္းေျပးလို႔ ျမင္းလိုပဲ အႏိုင္ရမွာ ေသခ်ာတယ္လို႔ ေမွ်ာ္လင့္ၾကပုံရပါတယ္။ သူတို႔ရဲ႕ အနာဂတ္ႏိုင္ငံေရးကံၾကမၼာ၊ လူမႈေရးကံၾကမၼာ၊ စီးပြားေရးကံၾကမၼာ သူတို႔ဘဝကံၾကမၼာ အားလုံးကလည္းပဲ စစ္ေကာင္စီရဲ႕ တိုင္းျပည္အာဏာသုံးရပ္ ခ်ဳပ္ထိန္းႏိုင္မႈအေပၚမွာ တည္ရွိေနတဲ့အခါက်ေတာ့ ပုံေအာၾကမွာ”

ႀကံ့ခိုင္ေရးပါတီသည္ အစိုးရဖြဲ႕ႏိုင္ေရးအတြက္ အေရးပါသည့္ ျပည္ေထာင္စုလႊတ္ေတာ္ေနရာမ်ားအနက္ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတြင္ ၄၁ ေနရာ အႏိုင္ရခဲ့ေသာ္လည္း ဦးသန္းေဌး ပါတီဥကၠ႒တာဝန္ယူၿပီး ယွဥ္ၿပိဳင္ခဲ့သည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္မူ ၃၃ ေနရာသာ အႏိုင္ရခဲ့သည္။

ဗိုလ္မႉးခ်ဳပ္ေဟာင္း ဦးသန္းေဌးသည္ စစ္အစိုးရက ဦးေဆာင္က်င္းပခဲ့သည့္ ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ ျမန္ေအာင္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသည္။

သူသည္ စစ္အစိုးရလက္ထက္တြင္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးျဖစ္ခဲ့ဖူးသည္။ ထို႔ေနာက္ ၂၀၁၀ ေ႐ြးေကာက္ပြဲအၿပီး သမၼတဦးသိန္းစိန္လက္ထက္တြင္ စြမ္းအင္ဝန္ႀကီးအျဖစ္ ၂၀၁၁ မွ ၂၀၁၃၊ ရထားပို႔ေဆာင္ေရးဝန္ႀကီးအျဖစ္ ၂၀၁၃ မွ ၂၀၁၅ အထိ တာဝန္ယူဖူးသည့္ ဦးသန္းေဌးသည္ ၂၀၁၆ တြင္ ႀကံ့ခိုင္ေရးပါတီဥကၠ႒ ျဖစ္လာခဲ့သည္။

သန္းေခါင္ယံအာဏာသိမ္းပြဲဟု လူသိမ်ားသည့္ ၂၀၁၅ ခုႏွစ္၊ ဩဂုတ္ ၁၂ရက္ ညတြင္ ႀကံ့ခိုင္ေရးပါတီ ဥကၠ႒တာဝန္ယူေနသူ စစ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရဦးေ႐ႊမန္းကို ျဖဳတ္ခ်ကာ ဗိုလ္ခ်ဳပ္ေဟာင္း ဦးေဌးဦးကို ဥကၠ႒တင္ေျမာက္ခဲ့ဖူးသည္။

ႀကံ့ခိုင္ေရးပါတီ ဥကၠ႒အျဖစ္ ဦးသန္းေဌး၊ ဒုဥကၠ႒ (၁) ဦးျမတ္ဟိန္း၊ ဒုဥကၠ႒ (၂) ဦးခင္ရီ၊ ဒုဥကၠ႒ (၃) ဦးလွထြန္းတို႔က တာဝန္ယူထားသည္။ အေထြေထြအတြင္းေရးမႉးမွာ ဦးသက္ႏိုင္ဝင္း ျဖစ္သည္။ source-ျမန္မာေနာင္း

ပါတီဥက္ကဋ္ဌသက်တမ်း ကျော်လွန်နေပြီဖြစ်သော ဦးသန်းဌေး၏နေရာတွင် လူသစ်အစားထိုးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ပါတီတွင်း လိုလားမှုများရှိနေသည်ဟု သိရသည်။

စစ်ဗိုလ်ချုပ်ဟောင်းအများစု ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌသက်တမ်းမှာ ငါးနှစ်ဖြစ်သော်လည်း လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှာ ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ယူထားသူ ဖြစ်သည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေးကို သဘောကျသည့်အစုအဖွဲ့နှင့် သဘောမကျသည့်အစုအဖွဲ့ဟူ၍ ပါတီတွင်း နှစ်ခြမ်းကွဲနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေပြီး မင်းကင်းမောင်မြင့်ဟု လူသိများသည့် ကြံ့ခိုင်ရေးပါတီဗဟိုကော်မတီဝင် ဦးမောင်မြင့်ကလည်း ခေါင်းဆောင်အသစ်ကို မျှော်လင့်နေကြောင်း ယနေ့ ဇွန် ၉ ရက်တွင် Myanmar Now ကို ပြောသည်။

“ဒါထက်ပိုပြီးတော့ ခေါင်းဆောင်မှုပေးနိုင်မဲ့သူမျိုးကို ကျွန်တော်တို့က မျှော်လင့်တယ်၊ ဒါပဲ” ဟု မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ ဦးမောင်မြင့်က ဆိုသည်။

“အားမရဘူးပေါ့။ အားမရဘူးဆိုတာ ပြည်ခိုင်ဖြိုးပါတီက နိုင်ငံရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ နေရာမှာ တာဝန်ယူရမဲ့ပါတီကြီးတစ်ခုဖြစ်တယ်။ ဒါပေမဲ့လည်း ပါတီက လက်ရှိ ကြုံတွေ့နေရတဲ့၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖောက်မထွက်နိုင်ဘူးပေါ့။ ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်နိုင်တဲ့၊ အတွေ့အကြုံလည်းရှိတဲ့ ခေါင်းဆောင်ဆိုလို့ရှိရင် ပိုကောင်းမယ်” ဟု လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး ဦးမောင်မြင့်က ဝေဖန်သည်။

၎င်းကိုယ်တိုင်အသုံးပြုသည့် ဖေ့စ်ဘွတ်အကောင့်တွင်လည်း “ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ တောက်ပြောင်တဲ့ပါတီ ဖြစ်မလာနိုင်ပါဘူး” ဟုလည်း ရေးသားထားသည်။

ကြံ့ခိုင်ရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ငါးနှစ်လျှင်တစ်ကြိမ် ညီလာခံကျင်းပ၍ ဥက္ကဋ္ဌအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ၊ ပါတီဗဟိုကော်မတီများ၊ အလုပ်အမှုဆောင်များ အဆင့်ဆင့် ပြန်လည်ရွေးချယ်ရသည်။

ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပရမည့် ပါတီညီလာခံ ကျင်းပနိုင်ခြင်း မရှိသဖြင့် ပါတီစည်းမျဉ်းတချို့ကို ပြင်ဆင်ခြင်းဖြင့် ၎င်း၏ ဥက္ကဋ္ဌသက်တမ်းကို အသက်ဆက်ရန် ဦးသန်းဌေးက ကြိုးပမ်းနေကြောင်း ကြံ့ရေးရေးပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ယမန်နေ့က ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေး အဖွင့်မိန့်ခွန်းတွင်လည်း “အခြေအနေအရ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ခဲ့တာတွေ၊ ဖြည့်စွက်ခဲ့တာတွေ ရှိပါတယ်။ အဲဒီ ပြင်ဆင်၊ ဖြည့်စွက်ချက်တွေကို ဒီအစည်းအဝေးမှာ တင်ပြထားပါတယ်” ဟု ဦးသန်းဌေးက ပြောကြားခဲ့သည်။

ထိုပြင်ဆင်ချက်များကို အတည်ပြုပေးရန် အစည်းအဝေးတွင် ပြောသွားသော်လည်း မည်သည့်စည်းမျဉ်းများကို ပြင်ဆင်သည်ကိုမူ တိတိပပ ပြောမသွားပေ။

“ညီလာခံသက်တမ်းတို့ဘာတို့ ပြင်သလားမသိဘူး။ ညီလာခံသက်တမ်းပြင်ရင် ဥက္ကဋ္ဌသက်တမ်းပြင်သလို ဖြစ်သွားတာပေါ့” ဟု ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အဆက်ဆက်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အမည်မဖော်လိုသော ထိုနီးစပ်သူမှာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရထိပ်တန်းတာဝန်ရှိသူတစ်ဦး ဖြစ်ခဲ့သူလည်းဖြစ်သည်။

ဦးသန်းဌေးသည် ပါတီဥက္ကဋ္ဌရာထူးမှ အနားမယူလိုသည့်အတွက် ထိုကိစ္စနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီကို အသက်သွင်းခဲ့သည့် စစ်အာဏာရှင်ဟောင်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေထံ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့က တိုင်ကြားထားသည်ဟု အမည်မဖော်လိုသည့် ပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးမောင်မြင့်ကမူ ၎င်းအနေဖြင့် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေထံ တိုင်ကြားထားခြင်းမရှိဟု ငြင်းဆိုသည်။

သို့သော် ဦးသန်းဌေးအနေဖြင့် ၎င်းတစ်ဦးတည်းသဘောထားဖြင့် လုပ်ချင်တိုင်းလုပ်မည်ဆိုလျှင် ကျန်ထိပ်ပိုင်းခေါင်းဆောင်များက လက်ခံမည်မဟုတ်ဟု ဆိုသည်။

“ကျွန်တော်တို့က ပါတီတွင်းဒီမိုကရေစီကို ကျင့်သုံးတာဖြစ်လို့ သူ(ဦးသန်းဌေး) လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ဒါသေချာတယ်။ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်မယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံးကလည်း အတွေ့အကြုံရှိတဲ့သူတွေ၊ ဝါကြီးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုပ်ချင်တိုင်းလုပ်တာကို လက်ခံမှာ မဟုတ်ဘူး” ဟု ဦးမောင်မြင့်က ပြောသည်။

“(ပါတီ) ရဲ့ စည်းမျဉ်းတွေက ပွင့်ပွင့်လင်းပြောရလို့ရှိရင် အပြန်အလှန်ထိန်းညှိမှု Check and Balance နဲ့ လုပ်ထားတာ။ အဲ့လိုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် လုပ်ချင်တိုင်းလုပ်မယ်ဆိုရင် သူ (ဦးသန်းဌေး) က အာဏာရှင်ဖြစ်သွားမှာပေါ့”

အသက် ၆၄ နှစ်အရွယ် ဦးမောင်မြင့်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်း နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သည့် မင်းကင်းမြို့နယ်၌ ၂၀၂၀ ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ရှုံးနိမ့်ခဲ့သည်။

တပ်မတော်အရာရှိဟောင်း ဦးမောင်မြင့်သည် စစ်အစိုးရလက်ထက် နိုင်ငံခြားရေးဒုဝန်ကြီး၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အလုပ်သမားဝန်ကြီးနှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ယမန်နေ့နှင့် ယနေ့ နှစ်ရက်ကြာ ကျင်းပနေသည့် ကြံ့ခိုင်ရေးပါတီဗဟိုကော်မတီအစည်းအဝေးတွင်မူ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်နိုင်ဖွယ်မရှိဟု ဦးမောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ်ဖြစ်လာဖွယ်ရှိသည်ဟု ရေပန်းစားနေသူမှာ လက်ရှိ စစ်ကောင်စီ၏ လဝကဝန်ကြီးဖြစ်သူ ရဲချုပ်ဟောင်း ဦးခင်ရီ ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ဆိတ်ကြီးခနောင်တိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကြံ့ခိုင်ရေးပါတီ၏ လက်ရှိ ဒုတိယဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သူ ဦးခင်ရီသည် NLD ပါတီကို ရှုံးနိမ့်ခဲ့သည်။

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဗဟိုကော်မတီဝင် ၄၀၀ ဦးခန့် တက်ရောက်နေသည့် ကြံ့ခိုင်ရေးပါတီထိပ်သီးအစည်းအဝေးကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပါတီဌာနချုပ်တွင် ကျင်းပနေပြီး စစ်တပ်က အတွင်းစည်းလုံခြုံရေး ချပေးထားသည်။

ရည်ရွယ်ချက် ငါးချက်ဖြင့် လက်ရှိကျင်းပနေသည့် အစည်းအဝေးတွင် အနီးကပ်ဆုံးကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရေးလည်း ပါဝင်သည်ဟု USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက Myanmar Now ကို ယမန်နေ့တွင် ပြောထားသည်။

အာဏာသိမ်းစစ်ကောင်စီကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု လေသံပစ်ထားသောကြောင့် စစ်ကောင်စီ၏ ထိုရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီနေဖြင့် အနိုင်ရရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များအနေဖြင့် ခေါင်းဆောင်အပြောင်းအလဲလုပ်ရန် တက်ကြွနေပုံရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“တစ်ကောင်တည်းပြေးလို့ မြင်းလိုပဲ အနိုင်ရမှာ သေချာတယ်လို့ မျှော်လင့်ကြပုံရပါတယ်။ သူတို့ရဲ့ အနာဂတ်နိုင်ငံရေးကံကြမ္မာ၊ လူမှုရေးကံကြမ္မာ၊ စီးပွားရေးကံကြမ္မာ သူတို့ဘဝကံကြမ္မာ အားလုံးကလည်းပဲ စစ်ကောင်စီရဲ့ တိုင်းပြည်အာဏာသုံးရပ် ချုပ်ထိန်းနိုင်မှုအပေါ်မှာ တည်ရှိနေတဲ့အခါကျတော့ ပုံအောကြမှာ”

ကြံ့ခိုင်ရေးပါတီသည် အစိုးရဖွဲ့နိုင်ရေးအတွက် အရေးပါသည့် ပြည်ထောင်စုလွှတ်တော်နေရာများအနက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၄၁ နေရာ အနိုင်ရခဲ့သော်လည်း ဦးသန်းဌေး ပါတီဥက္ကဋ္ဌတာဝန်ယူပြီး ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ၃၃ နေရာသာ အနိုင်ရခဲ့သည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေးသည် စစ်အစိုးရက ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မြန်အောင်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

သူသည် စစ်အစိုးရလက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့ဖူးသည်။ ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် စွမ်းအင်ဝန်ကြီးအဖြစ် ၂၀၁၁ မှ ၂၀၁၃၊ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ် ၂၀၁၃ မှ ၂၀၁၅ အထိ တာဝန်ယူဖူးသည့် ဦးသန်းဌေးသည် ၂၀၁၆ တွင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

သန်းခေါင်ယံအာဏာသိမ်းပွဲဟု လူသိများသည့် ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၁၂ရက် ညတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတာဝန်ယူနေသူ စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ဖြုတ်ချကာ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးကို ဥက္ကဋ္ဌတင်မြောက်ခဲ့ဖူးသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေး၊ ဒုဥက္ကဋ္ဌ (၁) ဦးမြတ်ဟိန်း၊ ဒုဥက္ကဋ္ဌ (၂) ဦးခင်ရီ၊ ဒုဥက္ကဋ္ဌ (၃) ဦးလှထွန်းတို့က တာဝန်ယူထားသည်။ အထွေထွေအတွင်းရေးမှူးမှာ ဦးသက်နိုင်ဝင်း ဖြစ်သည်။ source-မြန်မာနောင်း