Local News

စာသင္ေက်ာင္းထဲဗုံးေတြ႕ကိစၥ ဖုံးဖိထားလို႔ လူစုလူေဝးျဖစ္ကာ ေက်ာင္းတက္ေရာက္သူနည္းပါး

စာသင္ေက်ာင္းထဲဗုံးေတြ႕ကိစၥ ဖုံးဖိထားလို႔ လူစုလူေဝးျဖစ္ကာ ေက်ာင္းတက္ေရာက္သူနည္းပါး

ေအာင္လံ၊ ဇြန္ ၉၊ ၂၀၂၂။

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ ေအာင္လံၿမိဳ႕နယ္၊ အမွတ္ ၂ အေျခခံပညာအထက္တန္းေက်ာင္း (အထက-၂) ေက်ာင္းဝန္းအတြင္းမွာ ဇြန္လ ၉ ရက္ ဒီကေန႔မနက္ပိုင္းက မေပါက္ကြဲေသးတဲ့ ဗုံးတလုံးေတြ႕ရွိခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေအာင္လံၿမိဳ႕၊ ဘိုကုန္းရပ္ကြက္မွာရွိတဲ့ အ.ထ.က ၂ စာသင္ေက်ာင္းမွာ မနက္ ၁၀ နာရီေလာက္က မေပါက္ကြဲေသးတဲ့ဗုံးကိုေတြ႕ရွိခဲ့ၿပီး၊ ၿမိဳ႕နယ္စစ္ေကာင္စီက ဖုံးဖိထားခဲ့လို႔ စာသင္ေက်ာင္းေရွ႕မွာ လူစုလူေဝး ျဖစ္ေပၚခဲ့တယ္လို႔ ဆိုပါတယ္။

စာသင္ေက်ာင္းထဲ ဗုံးေတြ႕တယ္ဆိုတာ ရပ္ကြက္က လူေတြကတဆင့္တဆင့္ၾကားၿပီး သူတို႔ကေလးေတြရွိေတာ့စိတ္ပူၿပီး ေက်ာင္းေရွ႕ကိုသြားၾကတာ။ ေက်ာင္းေရွ႕ေရာက္ေတာ့ ဗုံးမဟုတ္ဘူ ဘာညာနဲ႔ စစ္ေကာင္စီကလူေတြနဲ႔ ေက်ာင္းကလူေတြေျပာတာ။

ရပ္ကြက္ကေတာ့ မေက်နပ္ဘူး။ ေက်ာင္းေရွ႕မွာ႐ုတ္ ႐ုတ္သဲသဲေတြေတာ့ျဖစ္သြားေသးတယ္ လို႔ ၿမိဳ႕ခံတဦးက ေျမလတ္အသံကို ေျပာပါတယ္။

အဲ့ဒီလိုျဖစ္ပြားၿပီးတဲ့ေနာက္ ဒီကေန႔ေန႔လည္ပိုင္းမွာေတာ့ ေက်ာင္းသားမိဘေတြက ေက်ာင္းကိုမလႊတ္ေတာ့လို႔ ေက်ာင္းတက္ေရာက္သူ မရွိသေလာက္ နည္းပါးသြားတယ္လို႔ သူကဆက္ေျပာပါတယ္။

ေအာင္လံၿမိဳ႕မွာ အထက္တန္းေက်ာင္း ၃ ေက်ာင္းအပါအဝင္ အေျခခံပညာေက်ာင္းအမ်ားအျပားရွိတာျဖစ္ၿပီးေတာ့ ေက်ာင္းစဖြင့္တဲ့ ဇြန္လပထမအပတ္ ၂ ရက္ ၃ ရက္သာ စစ္ေကာင္စီက အထက္ တန္းေက်ာင္းေတြကို လုံၿခဳံေရးေစာင့္ေပးၿပီး ဒုတိယအပတ္ကစလို႔ စာသင္ေက်ာင္းေတြမွာ လုံၿခဳံေရး ေစာင့္ေပးတာမ်ိဳးမရွိေတာ့ဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

#ေျမလတ္အသံ

စာသင်ကျောင်းထဲဗုံးတွေ့ကိစ္စ ဖုံးဖိထားလို့ လူစုလူဝေးဖြစ်ကာ ကျောင်းတက်ရောက်သူနည်းပါး

အောင်လံ၊ ဇွန် ၉၊ ၂၀၂၂။

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း (အထက-၂) ကျောင်းဝန်းအတွင်းမှာ ဇွန်လ ၉ ရက် ဒီကနေ့မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ ဗုံးတလုံးတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောင်လံမြို့၊ ဘိုကုန်းရပ်ကွက်မှာရှိတဲ့ အ.ထ.က ၂ စာသင်ကျောင်းမှာ မနက် ၁၀ နာရီလောက်က မပေါက်ကွဲသေးတဲ့ဗုံးကိုတွေ့ရှိခဲ့ပြီး၊ မြို့နယ်စစ်ကောင်စီက ဖုံးဖိထားခဲ့လို့ စာသင်ကျောင်းရှေ့မှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းထဲ ဗုံးတွေ့တယ်ဆိုတာ ရပ်ကွက်က လူတွေကတဆင့်တဆင့်ကြားပြီး သူတို့ကလေးတွေရှိတော့စိတ်ပူပြီး ကျောင်းရှေ့ကိုသွားကြတာ။ ကျောင်းရှေ့ရောက်တော့ ဗုံးမဟုတ်ဘူ ဘာညာနဲ့ စစ်ကောင်စီကလူတွေနဲ့ ကျောင်းကလူတွေပြောတာ။

ရပ်ကွက်ကတော့ မကျေနပ်ဘူး။ ကျောင်းရှေ့မှာရုတ် ရုတ်သဲသဲတွေတော့ဖြစ်သွားသေးတယ် လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီလိုဖြစ်ပွားပြီးတဲ့နောက် ဒီကနေ့နေ့လည်ပိုင်းမှာတော့ ကျောင်းသားမိဘတွေက ကျောင်းကိုမလွှတ်တော့လို့ ကျောင်းတက်ရောက်သူ မရှိသလောက် နည်းပါးသွားတယ်လို့ သူကဆက်ပြောပါတယ်။

အောင်လံမြို့မှာ အထက်တန်းကျောင်း ၃ ကျောင်းအပါအဝင် အခြေခံပညာကျောင်းအများအပြားရှိတာဖြစ်ပြီးတော့ ကျောင်းစဖွင့်တဲ့ ဇွန်လပထမအပတ် ၂ ရက် ၃ ရက်သာ စစ်ကောင်စီက အထက် တန်းကျောင်းတွေကို လုံခြုံရေးစောင့်ပေးပြီး ဒုတိယအပတ်ကစလို့ စာသင်ကျောင်းတွေမှာ လုံခြုံရေး စောင့်ပေးတာမျိုးမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

#မြေလတ်အသံ