စစ္ကိုင္းတိုင္းကို ထိန္းခ်ဳပ္ဖို႔ စစ္တပ္က စိတ္ကူးယဥ္လို႔ေတာင္ မရဘူးဆိုတဲ့ ဗိုလ္နဂါး
ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ (MRDA) ကို ဦးေဆာင္ေနသည့္ ဗိုလ္နဂါး / CJ
ျမန္မာႏိုင္ငံအလယ္ပိုင္း စစ္ကိုင္းတိုင္းသည္ ေတာ္လွန္ေရးစုဖြဲ႕မႈအင္အား အေကာင္းဆုံးေဒသ ျဖစ္လာသည္ႏွင့္အမွ် စစ္ေကာင္စီတပ္မ်ားကလည္း ပိုမို ဖိအားေပး ထိုးစစ္ဆင္လ်က္ ရွိသည္။
စစ္ကိုင္းတိုင္းတြင္ ၂၀၂၂ ဇန္နဝါရီလဆန္းပိုင္းကတည္းက တိုက္ပြဲမ်ား ေတာက္ေလွ်ာက္ ျဖစ္ပြားေနခဲ့ၿပီး စစ္ေကာင္စီ တပ္မ်ားက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) မ်ား ရွိမည္ထင္သည့္ ႐ြာတိုင္းကို ေမႊေႏွာက္ မီးရႈိ႕ျခင္း၊ ေဒသခံ မ်ား အား သတ္ျဖတ္ျခင္းတို႔ေၾကာင့္ မီးရႈိ႕ဖ်က္ဆီးခံရသည့္ ေက်း႐ြာ၊ လူေနအိမ္ အေရအတြက္ႏွင့္ သတ္ျဖတ္ခံရမႈမ်ားမွာ ေန႔စဥ္ ျမင့္တက္လာေနသည္။
ထိုသို႔အေျခအေနတြင္ စစ္ကိုင္းတိုင္းအေျခစိုက္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား အေနျဖင့္ မည္သို႔ တုံ႔ျပန္ ေဆာင္႐ြက္ ေနသည္ကို သိႏိုင္ရန္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ (MRDA) ကို ဦးေဆာင္ေနသည့္ ဗိုလ္နဂါးႏွင့္ ဧရာဝတီ မွ ဆက္သြယ္ ေမးျမန္းထားပါသည္။
ေမး ။ ။ ဒီလေတြထဲမွာ စစ္ေကာင္စီအေနနဲ႔ စစ္ကိုင္းတိုင္းက ႐ြာေတြကို ေတာက္ေလွ်ာက္ မီးရႈိ႕ေနတာ ေတြ႕ရတယ္။ သူတို႔က တ႐ြာဝင္တ႐ြာထြက္ ႐ြာတိုင္းကို ရႈိ႕ေနတာမ်ိဳးလား။
ေျဖ ။ ။ ဘုတလင္နယ္ထဲမွာဆိုရင္ က်ေနာ္တို႔နဲ႔ တိုက္ပြဲမျဖစ္ခင္ကတည္းက ဆက္တိုက္ ရႈိ႕သြားေနတာ။ ၃ ႐ြာ ကို ရႈိ႕ၿပီးၿပီဆိုလို႔ သြားတိုက္တာ။ သူတို႔ ရႈိ႕ၿပီးထြက္သြားခ်ိန္ က်ေနာ္တို႔ ေရာက္ေတာ့ ႐ြာထဲကို ဝင္ၾကည့္တဲ့အခါ ေသတၱာ ေတြ၊ အိမ္ေတြ အကုန္လုံး ႐ိုက္ခြဲဖြင့္ထားတာ။ လက္ဝတ္ရတနာထည့္တဲ့ ဘူးေတြကအစ။
ေဒသခံေတြက ေၾကာက္အားလန႔္အားနဲ႔ ေျပးရေတာ့ အားလုံး ယူမသြားႏိုင္ဘူး ဒါကို စစ္ေကာင္စီတပ္က စိတ္ႀကိဳက္ ေမႊေႏွာက္ၿပီး အကုန္ယူၿပီးမွ မီးရႈိ႕သြားတာ။ သူခိုးတေယာက္လို ခိုးေၾကာက္ခိုးဝွက္ မဟုတ္ဘူး။ အုပ္စုလိုက္ႀကီး လက္နက္ကိုင္ခိုးၾကတာ။
က်ေနာ္တို႔ ျဖတ္သြားရာ လမ္းတေလွ်ာက္မွာ စိတ္ပ်က္ ဝမ္းနည္းစရာေကာင္းေလာက္ေအာင္ ႐ြာပ်က္ႀကီးေတြ ျမင္ ေနရတယ္။ ျပည္သူေတြက ကိုယ့္ေျမေလးကိုယ္ ျခစ္ျခစ္ကုတ္ကုတ္ လုပ္စားၿပီး ႏွစ္ရွည္လမ်ား စုထားရတာေတြကို အခ်ိန္တိုအတြင္း ရက္ရက္စက္စက္ မီးရႈိ႕ဖ်က္ဆီးပစ္တယ္။ ျပည္သူေတြက သြားစရာေနစရာ မရွိေတာ့ ေတာထဲေတာင္ ထဲပဲ ေနၾကရတယ္၊ အေဆာက္အအုံ ေကာင္း ေကာင္းေဆာက္လို႔ မရဘူး။ ႐ြာေတြကို ရႈိ႕လို႔ ေတာထဲတဲေလးေတြနဲ႔ ေနၾကရေတာ့လည္း သူတို႔နဲ႔ႀကဳံရင္ မီးရႈိ႕သြားတာပဲ။
ဘယ္ေနရာမွ ျပည္သူေတြ အတည္တက်ေနလို႔မရဘူး။ စိတ္ပ်က္စရာေကာင္းတယ္။ မိုးကလည္း က်လာၿပီ။ ဒါေၾကာင့္ က်ေနာ္တို႔က ေတာ္လွန္ေရးကို ေလာေနရတာ။
တာဝန္မသိတတ္တဲ့လူေတြက ဒီကိစၥကို မ်က္ႏွာလႊဲၿပီးေတာ့ သူတို႔ စီးပြားေရးပဲ အာ႐ုံစိုက္ေနႏိုင္ေပမယ့္ ဒီလူယုတ္မာ ေတြရဲ႕ လက္ခ်က္ကို ကြင္းကြင္းကြက္ကြက္ ျမင္ထားၿပီးသား။ လိုင္းေပၚမွာ ေတြ႕ေနတာထက္ ဆိုးတယ္။ ဒီလူယုတ္မာ ေတြ ေအာက္မွာ က်ေနာ္တို႔ တိုင္းျပည္ကို က်ေနာ္တို႔ အသက္ရွင္လ်က္ မထားဘူး။ ရေအာင္ကယ္မယ္။
ေမး ။ ။ စစ္ကိုင္းတိုင္းထဲမွာ ဒီလို စစ္ေကာင္စီ မီးရႈိ႕မႈေတြကို တားဆီးဖို႔ ဗိုလ္နဂါးတို႔အဖြဲ႕က အထူးအဖြဲ႕ ဖြဲ႕မယ္လို႔လည္း ၾကားသိထားရပါတယ္။ ဟုတ္ပါသလား။
ေျဖ ။ ။ ဟုတ္တယ္။ အၾကမ္းဖ်င္းေတာ့ အင္အား ၁၅၀ ေလာက္ မွန္းထားတယ္။ တခ်ိဳ႕ကို စစ္ေရးနဲ႔ ပတ္သက္တဲ့ အေတြ႕အႀကဳံေတြယူဖို႔ လႊတ္ထားတယ္။ ေျမျပင္အေတြ႕အႀကဳံ အားေကာင္းတဲ့သူေတြကို အထူးေလ့က်င့္ေနတာေတြ လည္း ရွိတယ္။ ခန႔္မွန္းတာေတာ့ ၁၅၀ ေလာက္ တပ္ခ်င္တာ။ ဒါေပမဲ့ ေငြေၾကးက လူ ၁၀၀ ကို ေဒၚလာ ၄ သိန္းေက်ာ္ ေလာက္ က်ေနေတာ့ ႏိုင္သေလာက္နဲ႔ပဲ လုပ္လိုက္ရတာေပါ့ဗ်ာ။
အဲဒါကို က်ေနာ္ ၂ ပတ္အတြင္း ရွာရမယ္။ ေဒၚလာ ၂ သိန္းခြဲက အေရးေပၚ လိုအပ္ေနတယ္။ ေလာေလာဆယ္က ၂ သိန္း နီးနီးေလာက္ ရွိတယ္။ လက္နက္ကေတာ့ရၿပီဆိုပါေတာ့။ ေငြျပည့္စုံရင္ ေငြေခ်ဖို႔ပဲ ရွိေတာ့တာ။ အထူး တပ္ဖြဲ႕ ေတြက လက္နက္တင္မကဘူး ယူနီေဖာင္းဝယ္ေပးမယ္။ တျခားလိုအပ္တဲ့ ကာကြယ္ေရးပစၥည္းေတြ စီစဥ္ေပးမယ္။
အေရးႀကဳံရင္ ႀကဳံသလို အထူးတပ္ဖြဲ႕ေတြ အေနနဲ႔ ေလ့က်င့္ၿပီးသင္တန္းက လႊတ္လိုက္တာနဲ႔ သူတို႔ေတြက ျပည္သူ႔ အတြက္ တိုက္ပြဲၾကားမွာပဲ ျဖတ္သန္းရမယ္ဆိုတာ အသိေပးထားၿပီး သူတို႔ ႏွလုံးသားထဲ ႐ိုက္သြင္းထားၿပီးသား ျဖစ္ တယ္ အဲ့ေတာ့ ျပည္သူကို ကာကြယ္ဖို႔ ႀကဳံရာက်ရာ ထမ္းေဆာင္ရမယ္။ က်ေနာ့္အေနနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ ေတြနဲ႔ တိုင္ပင္ၿပီးေတာ့ လိုအပ္ရင္လႊတ္မယ္။
အကူညီလိုလို႔ ေတာင္းတယ္ဆိုရင္လည္း လက္လွမ္းမီသေလာက္ အဲဒီအဖြဲ႕က သြားတိုက္မယ္။ ဒီအဖြဲ႕က အင္အား အေနနဲ႔လည္း ရပ္တန႔္ေနမွာ မဟုတ္ဘူး။ လုပ္ငန္းအေနနဲ႔ ရပ္တန႔္ေနမွာ မဟုတ္ဘူး။ ေရွ႕တိုးႏိုင္သေလာက္ တိုးမယ္။ က်ေနာ္ ေျခလွမ္းလွမ္းေနႏိုင္သေ႐ြ႕ အဲဒါက အကန႔္အသတ္ မရွိဘူး။ အားလုံးအတြက္ပါ။
ေမး ။ ။ လက္နက္ အခက္အခဲနဲ႔ လက္နက္ရရွိမႈက ဘယ္ေလာက္ အေရးႀကီးသလဲ။
ေျဖ ။ ။ လက္နက္ အခက္အခဲက အဖြဲ႕တိုင္းမွာ ရွိေနတယ္။ ဒီေနရာမွာ အတၱဆန္တာေတာ့ မဟုတ္ဘူး။ က်ေနာ္က ေတာ့ အဖြဲ႕ေလးေတြကို တတ္ႏိုင္သမွ် သိန္း ၁၀၊ ၂၀၊ ၃၀ ခြဲ ခြဲၿပီးေတာ့ လႉေပးတယ္။ လက္နက္ရရွိမႈကိုေတာ့ က်ေနာ္ အဖြဲ႕ကို ေဇာင္းေပးႀကိဳးစားတယ္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ဆီက ေတာင္းေပးရမွာဆိုရင္ အားလုံးကို လက္နက္တပ္ဆင္ေပးဖို႔ ေအာ္ခဲ့ဖူး တယ္။ က်ေနာ္ကေတာ့ အင္အားကိုလည္း ရသေလာက္ ခ်ဲ႕ထြင္တယ္။ လက္နက္ကိုလည္း အဆင္ေျပသေလာက္ တပ္ဆင္ေပးတယ္။ အဖြဲ႕တိုင္းကေတာ့ လက္နက္ လိုအပ္ေနၾကတာပါပဲ။ အဲဒီေတာ့ နီးစပ္ရာနီးစပ္ရာ ဝိုင္းကူေပးၾကပါ။ က်ေနာ္တို႔လည္း တတ္ႏိုင္သမွ် ရွာေနပါတယ္။
လက္နက္ အခက္အခဲက ေတာ္ေတာ္ရွိတယ္။ အခု တူမီးကေန ေမာင္းျပန္ ကိုင္ႏိုင္ၿပီ။ ဒါကလည္း ျပည္သူေတြ လႉ တဲ့ေငြနဲ႔ တပ္ေပးထားတာနဲ႔အမွ် တန္ေအာင္လည္း ၿမိဳ႕နယ္ေတာ္ေတာ္ မ်ားမ်ားမွာ က်ေနာ့္အဖြဲ႕ေတြ အလုပ္ လုပ္ ေနပါတယ္။ ၿမိဳ႕နယ္ျခားေတြကေန က်ေနာ္တို႔အဖြဲ႕ကို ဝင္လာတာေတြလည္း ရွိတယ္။ အင္အား မ်ားလာတာနဲ႔အမွ် အခက္အခဲေတြ အမ်ားႀကီး ရွိတယ္။ ေတာ္လွန္ေရးက မၿပီးေသးဘူး။ မၿပီးေသးေတာ့ လက္နက္ကိုင္ တိုက္ေနရဦးမယ့္ အခ်ိန္မွာ လက္နက္မပါဘဲနဲ႔ ေတာ္လွန္ေရးက ခရီးမေပါက္ႏိုင္ဘူး။
ေမး ။ ။ NUG နဲ႔ လက္နက္ေထာက္ပံ့မႈ ေဆြးေႏြးတာကေရာ ဘယ္အဆင့္အထိ ေရာက္သြားၿပီလဲ။
ေျဖ ။ ။ သူတို႔ကလည္း အဆင္ေျပေအာင္ လုပ္ေပးပါမယ္လို႔ ေျပာထားတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ေပးဖို႔ရာ ေမွ်ာ္ လင့္ေနဆဲပါ။ ေပးမယ္လို႔လည္း ထင္ပါတယ္။ က်ေနာ္တို႔က NUG မပါခင္ကတည္းက ဒီေတာ္လွန္ေရးကို လုပ္ေနတာ ေနာက္ NUG ကို ကိုယ့္အစိုးရလို႔ သေဘာထားၿပီး ပူးေပါင္းလုပ္ေဆာင္တယ္။ NUG က က်ေနာ္တို႔ ေခါင္းေဆာင္ ျဖစ္ ေနၿပီ။ သူတို႔က ဒါကို တာဝန္ယူၿပီး လုပ္ေနတာျဖစ္ေတာ့ က်ေနာ္တို႔ရဲ႕ တပ္ရင္း ၄ ရင္းကို တင္ျပထားတယ္။
ထုံးစံအရ သူတို႔ရဲ႕ တပ္ရင္းေတြ ျဖစ္သြားၿပီဆိုရင္ သူတို႔ တာဝန္ယူရေတာ့မယ္။ အဲဒီ ၄ ရင္းစာလုံး မတတ္ႏိုင္ဘူး။ ဒါကို က်ေနာ္တို႔က ေတာ္လွန္ေရး အစကတည္းက လမ္းေဖာက္ခဲ့တယ္၊ အခုထိလည္း လုပ္ေနတာဆိုေတာ့ က်ေနာ္တို႔ ေနာက္က လူေတြေတာင္ ရေနၿပီဆိုေတာ့ က်ေနာ္တို႔လည္း ရခ်င္တယ္။
က်ေနာ့္မွာ အလႉေငြ ေတြနဲ႔ လက္နက္ဝယ္တာေတြ ရွိေနေပမယ့္လည္း အင္အားက ေတာ္ေတာ္မ်ားမ်ားကို ျဖန႔္ က်က္ၿပီးေတာ့ အလုပ္လုပ္ေနတာ။ က်ေနာ္တို႔က အသိအမွတ္ျပဳ လက္တြဲေပးထားမွေတာ့ MOD အေနနဲ႔ တင္ထားတဲ့ ၄ ရင္း မဟုတ္ေတာင္မွ တပ္ရင္း ၁ ရင္းစာ တပ္ဆင္ေပးသင့္တယ္။ အဲဒါကို ေတာင္းဆိုထားပါတယ္။ က်ေနာ္တို႔ ေစာင့္ၾကည့္ေနပါတယ္။
ေမး ။ ။ လက္ရွိမွာ တိုက္ပြဲေတြ အေျခအေနကေရာ ဘယ္လို ရွိပါသလဲ။
ေျဖ ။ ။ ကနီဘက္ တိုက္ပြဲ အေျခအေနကေတာ့ ေမ ၂၀ ေလာက္ကတည္းက ျဖစ္ေနတာ။ ျမစ္ေၾကာင္းက ဆင္း လာမယ့္ ေက်ာက္စိမ္း သေဘၤာေတြအတြက္ ဒီဘက္မွာ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြ လႊတ္တယ္။ က်ေနာ္တို႔ ဘက္ကလည္း တပ္ဖြဲ႕တခု လႊတ္ထားၿပီးေတာ့ တန္ျပန္ ေျပာက္က်ားထိုးစစ္ ဆင္ေနတယ္။ ေနာက္တဖြဲ႕ အင္အား ထပ္ တိုးၿပီးေတာ့လည္း လႊတ္ၿပီးၿပီ။ ကနီကေန ဘုတလင္ဘက္ကမ္းမွာ အိမ္ေတြ မီးရႈိ႕ေနတယ္ဆိုေတာ့ သြားတိုက္ေသး တယ္။ ကနီ-မင္းကင္းအဆက္ထိ သေဘၤာေတြ ဆင္းလာတဲ့အခ်ိန္မွာ တိုက္ပြဲ ျဖစ္ခဲ့ေသးတယ္။ ပုလဲ မွာလည္း ထိေတြ႕ တိုက္ပြဲေတြ ျဖစ္တယ္။
ေမး ။ ။ စစ္ကိုင္းတိုင္းထဲမွာ စစ္ေကာင္စီတပ္က ဘယ္ၿမိဳ႕နယ္ေတြကို ပိုဖိေနလဲ။
ေျဖ ။ ။ ဒီမိုးတြင္းမွာ စစ္ကိုင္းရဲ႕ ေျမျပန႔္ေဒသေတြကို ပိုပစ္မွတ္ထားလာတယ္လို႔ ယူဆတယ္။ ကနီ၊ ယင္းမာပင္၊ ပုလဲ အဲဒီလိုေနရာေတြ ေျမာင္၊ ေခ်ာင္ဦး စတဲ့ ေနရာေတြလည္းပါတယ္။ ဒီပဲယင္း၊ ဝက္လက္၊ ခင္ဦး၊ တန႔္ဆည္ ဘက္ ေတြေရာ တိုက္ပြဲ ျဖစ္ေနတယ္။ဒါေပမဲ့ သူတို႔ ေျမျပန႔္ေဒသေတြကိုေတာ့ ပိုအားစိုက္တယ္။ တိုက္ပြဲမွာေတာ့ ျပည္သူ႔ေတာ္လွန္ေရး တပ္ဖြဲ႕ေတြက ျပည္သူၾကားကေန ထြက္လာတဲ့လူဆိုေတာ့ တိုက္ပြဲရဲ႕ အေနအထားက အားသာတယ္။ ကိုယ့္နယ္ေျမ ကိုယ္ဆိုေတာ့ ပိုင္တယ္။ သတင္းဦးတယ္။ က်ေနာ္တို႔က ေျပာက္က်ားအစစ္။
က်ဴးေက်ာ္လာတဲ့ ရန္သူကို ေခ်ာင္းေျမာင္း တိုက္ခိုက္ ရတာမ်ိဳးဆိုေတာ့ က်ေနာ္တို႔က အသာစီးရတယ္။ အထိအခိုက္ မရွိတာေတာ့ မဟုတ္ဘူး။ နည္းနည္းပဲ ရွိတယ္ေပါ့။
ရန္သူကေတာ့ ထုံးစံအတိုင္းေပါ့။ စစ္တိုက္လို႔မႏိုင္ရင္ ျပည္သူေတြကို ဒုကၡေပးတာပဲ။ ျပည္သူေတြကေတာ့ အထိနာ တာေပါ့။ ဒါေပမဲ့ ဒါက မလုပ္လို႔ မရတဲ့ ေတာ္လွန္ေရး။ ျပည္သူေတြကို ဒုကၡေပးမွာေၾကာက္လို႔ က်ေနာ္တို႔က မတိုက္ ျပန္ရင္လည္း သူတို႔က တတိုင္းျပည္လုံးကို သူတို႔အလိုက် လက္ဝါးႀကီး အုပ္ၾကေတာ့မွာ။ ဒီအထိနာမႈေတြကို ၾကည့္ၿပီး လက္တြန႔္ေနလို႔ မရေတာ့ဘူး။ က်ေနာ္တို႔က ေသၿပီးသားဘဝ ျဖစ္ေနၿပီ။ ဒီေတာ္လွန္ေရးၿပီးရင္ ျပန္လည္ရွင္သန္ဖို႔ပဲ ရွိေတာ့တယ္။ တိုက္ပြဲမွာေတာ့ က်ေနာ္တို႔ အသာစီးရတယ္။ မဆီမဆိုင္ မီးရႈိ႕ဖ်က္ဆီးတာေတြေၾကာင့္ ျပည္သူေတြ ကေတာ့ အထိနာၾကတယ္။
ေမး ။ ။ အခု စစ္ကိုင္းတိုင္းမွာ စစ္ေကာင္စီ အသုံးျပဳေနတဲ့ နည္းဗ်ဴဟာ၊ မဟာဗ်ဴေတြအေပၚမွာ ဘယ္လို သုံးသပ္ ခ်င္ပါသလဲ။ အခု ေတာက္ေလွ်ာက္ ထိုးစစ္ဆင္ေနတဲ့အခ်ိန္မွာ စစ္ကိုင္းကို ဘယ္အတိုင္းအတာအထိ စစ္ေကာင္စီက ထိန္းခ်ဳပ္သြားတာမ်ိဳး ရွိႏိုင္လဲ။
ေျဖ ။ ။ သူတို႔ ဗ်ဴဟာကေတာ့ ေအာက္တန္းအက်ဆုံးအဆင့္ကို ေရာက္ရွိသြားၿပီ။ လက္နက္အေကာင္းေတြ ကိုင္ တယ္။ တင့္ကား၊ လက္နက္ႀကီး၊ အေျမာက္ေတြ သုံးတယ္။ ဒါလည္း မႏိုင္ဘူး။ မႏိုင္ရင္ ႐ြာေတြကို မီးရႈိ႕တယ္။ အဲဒါက သူတို႔ရဲ႕ ဗ်ဴဟာပဲ။ သူတို႔ ဗ်ဴဟာကေတာ့ ကမာၻမွာ ေအာက္တန္းအက်ဆုံး ဇီး႐ိုးေအာက္ကေန အႏုတ္ေတာင္ျပေနတဲ့ ဗ်ဴဟာလို႔ပဲ သတ္မွတ္တယ္။
သူတို႔ စစ္ကိုင္းကို မေျပာနဲ႔ ျမန္မာတျပည္လုံး ထိန္းခ်ဳပ္လို႔ မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေနျပည္ေတာ္မွာ ေတာင္မွ ေပါက္ကြဲမႈေတြ၊ တိုက္ခိုက္မႈေတြ ရွိေနတယ္။ ေလာေလာဆယ္ အင္အား အဆမတန္သုံးေနလို႔၊ အရက္စက္ဆုံး အလုပ္ေတြ လုပ္ေနလို႔ ခဏေလး ၿငိမ္သြားတာပဲ ရွိလိမ့္မယ္။
ဘယ္ေနရာကိုမွ သူတို႔ မထိန္းခ်ဳပ္ႏိုင္ေသးဘူး။ သူတို႔ စခန္းအတြင္းေတာင္ သူတို႔ မထိန္းခ်ဳပ္ႏိုင္ေသးဘူး။ စစ္ကိုင္းကို ထိန္းခ်ဳပ္ဖို႔ စစ္တပ္က စိတ္ကူးယဥ္လို႔ေတာင္ မရဘူး။ က်ေနာ္တို႔ အလုံးစုံ မရေသးဘူး ဆိုရင္ေတာင္ သူတို႔ နည္း နည္းမွ မရေစရဘူး။ စစ္ကိုင္းဆိုတာ ေတာ္လွန္ေရးကို ႐ြပ္႐ြပ္ခြၽံခြၽံ လုပ္ေနတဲ့ ေနရာတိုင္းက လူပီသတဲ့လူေတြ စုေန ၾကတာဗ်။ လူ႔ဗာလေတြေနတဲ့ ၿမိဳ႕ေတြသာ ထိုက္သင့္အားေလ်ာ္စြာ သူတို႔ ထိန္းခ်ဳပ္လို႔ ရခ်င္ရလိမ့္မယ္။ ျပတ္သားတဲ့ ေတာ္လွန္ေရးသမားေတြ ရွိေနတဲ့ ေနရာမ်ိဳးမွာေတာ့ သူတို႔ ထိန္းခ်ဳပ္လို႔ မရဘူး။
ေမး ။ ။ မၾကာမီ မိုးက်ေတာ့မယ္ဆိုေတာ့ မိုးက်လာရင္ စစ္ကိုင္းတိုင္းထဲက စစ္ေရးအေျခအေနကေရာ ဘယ္လို ျဖစ္လာႏိုင္လဲ။
ေျဖ ။ ။ ရွင္းရွင္းေျပာရရင္ စစ္ေရးအေျခအေနက က်ေနာ္တို႔ ျပည္သူလူထုအတြက္ အားတက္စရာေပါ့။ က်ေနာ္တို႔ ေျမျပင္ေတာ္လွန္ေရးသမားေတြအတြက္ အသာစီးဘက္ ေရာက္လာေတာ့မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မိုးေလက်တဲ့ အခ်ိန္က သူတို႔အတြက္ ေလေၾကာင္းကူဖို႔ မလြယ္တဲ့အခ်ိန္။ လမ္းပန္းဆက္သြယ္ေရးေကာင္းတဲ့ ေနရာေတြကလြဲရင္ သူတို႔ အေနနဲ႔ ထိုးေဖာက္ဝင္ေရာက္လို႔ မလြယ္တဲ့အခ်ိန္။
အဲဒီလိုအခ်ိန္မွာ ဒီဘက္ကို စခန္းအေျခစိုက္ေလးေတြ လုပ္ထားရင္လည္း သူတို႔လူေတြ ေသဖို႔ရာ လႊတ္ေပး ထားတာမ်ိဳးပဲ ျဖစ္လိမ့္မယ္။ မလြဲမေသြ မိုးတြင္းေရာက္လာရင္ေတာ့ သူတို႔ ေနာက္ကို ျပန္ဆုတ္ရမယ္။ မဆုတ္ ရင္လည္း သူတို႔ အေသခံဖို႔ ပို႔ထားတာနဲ႔ အတူတူပဲ။ မိုးတြင္းကေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္ေနတဲ့ကာလလို႔ ေျပာရမွာပဲ။By ဧရာဝတီ
စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူးဆိုတဲ့ ဗိုလ်နဂါး
မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို ဦးဆောင်နေသည့် ဗိုလ်နဂါး / CJ
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းသည် တော်လှန်ရေးစုဖွဲ့မှုအင်အား အကောင်းဆုံးဒေသ ဖြစ်လာသည်နှင့်အမျှ စစ်ကောင်စီတပ်များကလည်း ပိုမို ဖိအားပေး ထိုးစစ်ဆင်လျက် ရှိသည်။
စစ်ကိုင်းတိုင်းတွင် ၂၀၂၂ ဇန်နဝါရီလဆန်းပိုင်းကတည်းက တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီ တပ်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ရှိမည်ထင်သည့် ရွာတိုင်းကို မွှေနှောက် မီးရှို့ခြင်း၊ ဒေသခံ များ အား သတ်ဖြတ်ခြင်းတို့ကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ၊ လူနေအိမ် အရေအတွက်နှင့် သတ်ဖြတ်ခံရမှုများမှာ နေ့စဉ် မြင့်တက်လာနေသည်။
ထိုသို့အခြေအနေတွင် စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် မည်သို့ တုံ့ပြန် ဆောင်ရွက် နေသည်ကို သိနိုင်ရန် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို ဦးဆောင်နေသည့် ဗိုလ်နဂါးနှင့် ဧရာဝတီ မှ ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ဒီလတွေထဲမှာ စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းက ရွာတွေကို တောက်လျှောက် မီးရှို့နေတာ တွေ့ရတယ်။ သူတို့က တရွာဝင်တရွာထွက် ရွာတိုင်းကို ရှို့နေတာမျိုးလား။
ဖြေ ။ ။ ဘုတလင်နယ်ထဲမှာဆိုရင် ကျနော်တို့နဲ့ တိုက်ပွဲမဖြစ်ခင်ကတည်းက ဆက်တိုက် ရှို့သွားနေတာ။ ၃ ရွာ ကို ရှို့ပြီးပြီဆိုလို့ သွားတိုက်တာ။ သူတို့ ရှို့ပြီးထွက်သွားချိန် ကျနော်တို့ ရောက်တော့ ရွာထဲကို ဝင်ကြည့်တဲ့အခါ သေတ္တာ တွေ၊ အိမ်တွေ အကုန်လုံး ရိုက်ခွဲဖွင့်ထားတာ။ လက်ဝတ်ရတနာထည့်တဲ့ ဘူးတွေကအစ။
ဒေသခံတွေက ကြောက်အားလန့်အားနဲ့ ပြေးရတော့ အားလုံး ယူမသွားနိုင်ဘူး ဒါကို စစ်ကောင်စီတပ်က စိတ်ကြိုက် မွှေနှောက်ပြီး အကုန်ယူပြီးမှ မီးရှို့သွားတာ။ သူခိုးတယောက်လို ခိုးကြောက်ခိုးဝှက် မဟုတ်ဘူး။ အုပ်စုလိုက်ကြီး လက်နက်ကိုင်ခိုးကြတာ။
ကျနော်တို့ ဖြတ်သွားရာ လမ်းတလျှောက်မှာ စိတ်ပျက် ဝမ်းနည်းစရာကောင်းလောက်အောင် ရွာပျက်ကြီးတွေ မြင် နေရတယ်။ ပြည်သူတွေက ကိုယ့်မြေလေးကိုယ် ခြစ်ခြစ်ကုတ်ကုတ် လုပ်စားပြီး နှစ်ရှည်လများ စုထားရတာတွေကို အချိန်တိုအတွင်း ရက်ရက်စက်စက် မီးရှို့ဖျက်ဆီးပစ်တယ်။ ပြည်သူတွေက သွားစရာနေစရာ မရှိတော့ တောထဲတောင် ထဲပဲ နေကြရတယ်၊ အဆောက်အအုံ ကောင်း ကောင်းဆောက်လို့ မရဘူး။ ရွာတွေကို ရှို့လို့ တောထဲတဲလေးတွေနဲ့ နေကြရတော့လည်း သူတို့နဲ့ကြုံရင် မီးရှို့သွားတာပဲ။
ဘယ်နေရာမှ ပြည်သူတွေ အတည်တကျနေလို့မရဘူး။ စိတ်ပျက်စရာကောင်းတယ်။ မိုးကလည်း ကျလာပြီ။ ဒါကြောင့် ကျနော်တို့က တော်လှန်ရေးကို လောနေရတာ။
တာဝန်မသိတတ်တဲ့လူတွေက ဒီကိစ္စကို မျက်နှာလွှဲပြီးတော့ သူတို့ စီးပွားရေးပဲ အာရုံစိုက်နေနိုင်ပေမယ့် ဒီလူယုတ်မာ တွေရဲ့ လက်ချက်ကို ကွင်းကွင်းကွက်ကွက် မြင်ထားပြီးသား။ လိုင်းပေါ်မှာ တွေ့နေတာထက် ဆိုးတယ်။ ဒီလူယုတ်မာ တွေ အောက်မှာ ကျနော်တို့ တိုင်းပြည်ကို ကျနော်တို့ အသက်ရှင်လျက် မထားဘူး။ ရအောင်ကယ်မယ်။
မေး ။ ။ စစ်ကိုင်းတိုင်းထဲမှာ ဒီလို စစ်ကောင်စီ မီးရှို့မှုတွေကို တားဆီးဖို့ ဗိုလ်နဂါးတို့အဖွဲ့က အထူးအဖွဲ့ ဖွဲ့မယ်လို့လည်း ကြားသိထားရပါတယ်။ ဟုတ်ပါသလား။
ဖြေ ။ ။ ဟုတ်တယ်။ အကြမ်းဖျင်းတော့ အင်အား ၁၅၀ လောက် မှန်းထားတယ်။ တချို့ကို စစ်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေယူဖို့ လွှတ်ထားတယ်။ မြေပြင်အတွေ့အကြုံ အားကောင်းတဲ့သူတွေကို အထူးလေ့ကျင့်နေတာတွေ လည်း ရှိတယ်။ ခန့်မှန်းတာတော့ ၁၅၀ လောက် တပ်ချင်တာ။ ဒါပေမဲ့ ငွေကြေးက လူ ၁၀၀ ကို ဒေါ်လာ ၄ သိန်းကျော် လောက် ကျနေတော့ နိုင်သလောက်နဲ့ပဲ လုပ်လိုက်ရတာပေါ့ဗျာ။
အဲဒါကို ကျနော် ၂ ပတ်အတွင်း ရှာရမယ်။ ဒေါ်လာ ၂ သိန်းခွဲက အရေးပေါ် လိုအပ်နေတယ်။ လောလောဆယ်က ၂ သိန်း နီးနီးလောက် ရှိတယ်။ လက်နက်ကတော့ရပြီဆိုပါတော့။ ငွေပြည့်စုံရင် ငွေချေဖို့ပဲ ရှိတော့တာ။ အထူး တပ်ဖွဲ့ တွေက လက်နက်တင်မကဘူး ယူနီဖောင်းဝယ်ပေးမယ်။ တခြားလိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ စီစဉ်ပေးမယ်။
အရေးကြုံရင် ကြုံသလို အထူးတပ်ဖွဲ့တွေ အနေနဲ့ လေ့ကျင့်ပြီးသင်တန်းက လွှတ်လိုက်တာနဲ့ သူတို့တွေက ပြည်သူ့ အတွက် တိုက်ပွဲကြားမှာပဲ ဖြတ်သန်းရမယ်ဆိုတာ အသိပေးထားပြီး သူတို့ နှလုံးသားထဲ ရိုက်သွင်းထားပြီးသား ဖြစ် တယ် အဲ့တော့ ပြည်သူကို ကာကွယ်ဖို့ ကြုံရာကျရာ ထမ်းဆောင်ရမယ်။ ကျနော့်အနေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ တိုင်ပင်ပြီးတော့ လိုအပ်ရင်လွှတ်မယ်။
အကူညီလိုလို့ တောင်းတယ်ဆိုရင်လည်း လက်လှမ်းမီသလောက် အဲဒီအဖွဲ့က သွားတိုက်မယ်။ ဒီအဖွဲ့က အင်အား အနေနဲ့လည်း ရပ်တန့်နေမှာ မဟုတ်ဘူး။ လုပ်ငန်းအနေနဲ့ ရပ်တန့်နေမှာ မဟုတ်ဘူး။ ရှေ့တိုးနိုင်သလောက် တိုးမယ်။ ကျနော် ခြေလှမ်းလှမ်းနေနိုင်သရွေ့ အဲဒါက အကန့်အသတ် မရှိဘူး။ အားလုံးအတွက်ပါ။
မေး ။ ။ လက်နက် အခက်အခဲနဲ့ လက်နက်ရရှိမှုက ဘယ်လောက် အရေးကြီးသလဲ။
ဖြေ ။ ။ လက်နက် အခက်အခဲက အဖွဲ့တိုင်းမှာ ရှိနေတယ်။ ဒီနေရာမှာ အတ္တဆန်တာတော့ မဟုတ်ဘူး။ ကျနော်က တော့ အဖွဲ့လေးတွေကို တတ်နိုင်သမျှ သိန်း ၁၀၊ ၂၀၊ ၃၀ ခွဲ ခွဲပြီးတော့ လှူပေးတယ်။ လက်နက်ရရှိမှုကိုတော့ ကျနော် အဖွဲ့ကို ဇောင်းပေးကြိုးစားတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီက တောင်းပေးရမှာဆိုရင် အားလုံးကို လက်နက်တပ်ဆင်ပေးဖို့ အော်ခဲ့ဖူး တယ်။ ကျနော်ကတော့ အင်အားကိုလည်း ရသလောက် ချဲ့ထွင်တယ်။ လက်နက်ကိုလည်း အဆင်ပြေသလောက် တပ်ဆင်ပေးတယ်။ အဖွဲ့တိုင်းကတော့ လက်နက် လိုအပ်နေကြတာပါပဲ။ အဲဒီတော့ နီးစပ်ရာနီးစပ်ရာ ဝိုင်းကူပေးကြပါ။ ကျနော်တို့လည်း တတ်နိုင်သမျှ ရှာနေပါတယ်။
လက်နက် အခက်အခဲက တော်တော်ရှိတယ်။ အခု တူမီးကနေ မောင်းပြန် ကိုင်နိုင်ပြီ။ ဒါကလည်း ပြည်သူတွေ လှူ တဲ့ငွေနဲ့ တပ်ပေးထားတာနဲ့အမျှ တန်အောင်လည်း မြို့နယ်တော်တော် များများမှာ ကျနော့်အဖွဲ့တွေ အလုပ် လုပ် နေပါတယ်။ မြို့နယ်ခြားတွေကနေ ကျနော်တို့အဖွဲ့ကို ဝင်လာတာတွေလည်း ရှိတယ်။ အင်အား များလာတာနဲ့အမျှ အခက်အခဲတွေ အများကြီး ရှိတယ်။ တော်လှန်ရေးက မပြီးသေးဘူး။ မပြီးသေးတော့ လက်နက်ကိုင် တိုက်နေရဦးမယ့် အချိန်မှာ လက်နက်မပါဘဲနဲ့ တော်လှန်ရေးက ခရီးမပေါက်နိုင်ဘူး။
မေး ။ ။ NUG နဲ့ လက်နက်ထောက်ပံ့မှု ဆွေးနွေးတာကရော ဘယ်အဆင့်အထိ ရောက်သွားပြီလဲ။
ဖြေ ။ ။ သူတို့ကလည်း အဆင်ပြေအောင် လုပ်ပေးပါမယ်လို့ ပြောထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပေးဖို့ရာ မျှော် လင့်နေဆဲပါ။ ပေးမယ်လို့လည်း ထင်ပါတယ်။ ကျနော်တို့က NUG မပါခင်ကတည်းက ဒီတော်လှန်ရေးကို လုပ်နေတာ နောက် NUG ကို ကိုယ့်အစိုးရလို့ သဘောထားပြီး ပူးပေါင်းလုပ်ဆောင်တယ်။ NUG က ကျနော်တို့ ခေါင်းဆောင် ဖြစ် နေပြီ။ သူတို့က ဒါကို တာဝန်ယူပြီး လုပ်နေတာဖြစ်တော့ ကျနော်တို့ရဲ့ တပ်ရင်း ၄ ရင်းကို တင်ပြထားတယ်။
ထုံးစံအရ သူတို့ရဲ့ တပ်ရင်းတွေ ဖြစ်သွားပြီဆိုရင် သူတို့ တာဝန်ယူရတော့မယ်။ အဲဒီ ၄ ရင်းစာလုံး မတတ်နိုင်ဘူး။ ဒါကို ကျနော်တို့က တော်လှန်ရေး အစကတည်းက လမ်းဖောက်ခဲ့တယ်၊ အခုထိလည်း လုပ်နေတာဆိုတော့ ကျနော်တို့ နောက်က လူတွေတောင် ရနေပြီဆိုတော့ ကျနော်တို့လည်း ရချင်တယ်။
ကျနော့်မှာ အလှူငွေ တွေနဲ့ လက်နက်ဝယ်တာတွေ ရှိနေပေမယ့်လည်း အင်အားက တော်တော်များများကို ဖြန့် ကျက်ပြီးတော့ အလုပ်လုပ်နေတာ။ ကျနော်တို့က အသိအမှတ်ပြု လက်တွဲပေးထားမှတော့ MOD အနေနဲ့ တင်ထားတဲ့ ၄ ရင်း မဟုတ်တောင်မှ တပ်ရင်း ၁ ရင်းစာ တပ်ဆင်ပေးသင့်တယ်။ အဲဒါကို တောင်းဆိုထားပါတယ်။ ကျနော်တို့ စောင့်ကြည့်နေပါတယ်။
မေး ။ ။ လက်ရှိမှာ တိုက်ပွဲတွေ အခြေအနေကရော ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကနီဘက် တိုက်ပွဲ အခြေအနေကတော့ မေ ၂၀ လောက်ကတည်းက ဖြစ်နေတာ။ မြစ်ကြောင်းက ဆင်း လာမယ့် ကျောက်စိမ်း သင်္ဘောတွေအတွက် ဒီဘက်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ လွှတ်တယ်။ ကျနော်တို့ ဘက်ကလည်း တပ်ဖွဲ့တခု လွှတ်ထားပြီးတော့ တန်ပြန် ပြောက်ကျားထိုးစစ် ဆင်နေတယ်။ နောက်တဖွဲ့ အင်အား ထပ် တိုးပြီးတော့လည်း လွှတ်ပြီးပြီ။ ကနီကနေ ဘုတလင်ဘက်ကမ်းမှာ အိမ်တွေ မီးရှို့နေတယ်ဆိုတော့ သွားတိုက်သေး တယ်။ ကနီ-မင်းကင်းအဆက်ထိ သင်္ဘောတွေ ဆင်းလာတဲ့အချိန်မှာ တိုက်ပွဲ ဖြစ်ခဲ့သေးတယ်။ ပုလဲ မှာလည်း ထိတွေ့ တိုက်ပွဲတွေ ဖြစ်တယ်။
မေး ။ ။ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်က ဘယ်မြို့နယ်တွေကို ပိုဖိနေလဲ။
ဖြေ ။ ။ ဒီမိုးတွင်းမှာ စစ်ကိုင်းရဲ့ မြေပြန့်ဒေသတွေကို ပိုပစ်မှတ်ထားလာတယ်လို့ ယူဆတယ်။ ကနီ၊ ယင်းမာပင်၊ ပုလဲ အဲဒီလိုနေရာတွေ မြောင်၊ ချောင်ဦး စတဲ့ နေရာတွေလည်းပါတယ်။ ဒီပဲယင်း၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည် ဘက် တွေရော တိုက်ပွဲ ဖြစ်နေတယ်။ဒါပေမဲ့ သူတို့ မြေပြန့်ဒေသတွေကိုတော့ ပိုအားစိုက်တယ်။ တိုက်ပွဲမှာတော့ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေက ပြည်သူကြားကနေ ထွက်လာတဲ့လူဆိုတော့ တိုက်ပွဲရဲ့ အနေအထားက အားသာတယ်။ ကိုယ့်နယ်မြေ ကိုယ်ဆိုတော့ ပိုင်တယ်။ သတင်းဦးတယ်။ ကျနော်တို့က ပြောက်ကျားအစစ်။
ကျူးကျော်လာတဲ့ ရန်သူကို ချောင်းမြောင်း တိုက်ခိုက် ရတာမျိုးဆိုတော့ ကျနော်တို့က အသာစီးရတယ်။ အထိအခိုက် မရှိတာတော့ မဟုတ်ဘူး။ နည်းနည်းပဲ ရှိတယ်ပေါ့။
ရန်သူကတော့ ထုံးစံအတိုင်းပေါ့။ စစ်တိုက်လို့မနိုင်ရင် ပြည်သူတွေကို ဒုက္ခပေးတာပဲ။ ပြည်သူတွေကတော့ အထိနာ တာပေါ့။ ဒါပေမဲ့ ဒါက မလုပ်လို့ မရတဲ့ တော်လှန်ရေး။ ပြည်သူတွေကို ဒုက္ခပေးမှာကြောက်လို့ ကျနော်တို့က မတိုက် ပြန်ရင်လည်း သူတို့က တတိုင်းပြည်လုံးကို သူတို့အလိုကျ လက်ဝါးကြီး အုပ်ကြတော့မှာ။ ဒီအထိနာမှုတွေကို ကြည့်ပြီး လက်တွန့်နေလို့ မရတော့ဘူး။ ကျနော်တို့က သေပြီးသားဘဝ ဖြစ်နေပြီ။ ဒီတော်လှန်ရေးပြီးရင် ပြန်လည်ရှင်သန်ဖို့ပဲ ရှိတော့တယ်။ တိုက်ပွဲမှာတော့ ကျနော်တို့ အသာစီးရတယ်။ မဆီမဆိုင် မီးရှို့ဖျက်ဆီးတာတွေကြောင့် ပြည်သူတွေ ကတော့ အထိနာကြတယ်။
မေး ။ ။ အခု စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ အသုံးပြုနေတဲ့ နည်းဗျူဟာ၊ မဟာဗျူတွေအပေါ်မှာ ဘယ်လို သုံးသပ် ချင်ပါသလဲ။ အခု တောက်လျှောက် ထိုးစစ်ဆင်နေတဲ့အချိန်မှာ စစ်ကိုင်းကို ဘယ်အတိုင်းအတာအထိ စစ်ကောင်စီက ထိန်းချုပ်သွားတာမျိုး ရှိနိုင်လဲ။
ဖြေ ။ ။ သူတို့ ဗျူဟာကတော့ အောက်တန်းအကျဆုံးအဆင့်ကို ရောက်ရှိသွားပြီ။ လက်နက်အကောင်းတွေ ကိုင် တယ်။ တင့်ကား၊ လက်နက်ကြီး၊ အမြောက်တွေ သုံးတယ်။ ဒါလည်း မနိုင်ဘူး။ မနိုင်ရင် ရွာတွေကို မီးရှို့တယ်။ အဲဒါက သူတို့ရဲ့ ဗျူဟာပဲ။ သူတို့ ဗျူဟာကတော့ ကမ္ဘာမှာ အောက်တန်းအကျဆုံး ဇီးရိုးအောက်ကနေ အနုတ်တောင်ပြနေတဲ့ ဗျူဟာလို့ပဲ သတ်မှတ်တယ်။
သူတို့ စစ်ကိုင်းကို မပြောနဲ့ မြန်မာတပြည်လုံး ထိန်းချုပ်လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်မှာ တောင်မှ ပေါက်ကွဲမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိနေတယ်။ လောလောဆယ် အင်အား အဆမတန်သုံးနေလို့၊ အရက်စက်ဆုံး အလုပ်တွေ လုပ်နေလို့ ခဏလေး ငြိမ်သွားတာပဲ ရှိလိမ့်မယ်။
ဘယ်နေရာကိုမှ သူတို့ မထိန်းချုပ်နိုင်သေးဘူး။ သူတို့ စခန်းအတွင်းတောင် သူတို့ မထိန်းချုပ်နိုင်သေးဘူး။ စစ်ကိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူး။ ကျနော်တို့ အလုံးစုံ မရသေးဘူး ဆိုရင်တောင် သူတို့ နည်း နည်းမှ မရစေရဘူး။ စစ်ကိုင်းဆိုတာ တော်လှန်ရေးကို ရွပ်ရွပ်ချွံချွံ လုပ်နေတဲ့ နေရာတိုင်းက လူပီသတဲ့လူတွေ စုနေ ကြတာဗျ။ လူ့ဗာလတွေနေတဲ့ မြို့တွေသာ ထိုက်သင့်အားလျော်စွာ သူတို့ ထိန်းချုပ်လို့ ရချင်ရလိမ့်မယ်။ ပြတ်သားတဲ့ တော်လှန်ရေးသမားတွေ ရှိနေတဲ့ နေရာမျိုးမှာတော့ သူတို့ ထိန်းချုပ်လို့ မရဘူး။
မေး ။ ။ မကြာမီ မိုးကျတော့မယ်ဆိုတော့ မိုးကျလာရင် စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေကရော ဘယ်လို ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ ရှင်းရှင်းပြောရရင် စစ်ရေးအခြေအနေက ကျနော်တို့ ပြည်သူလူထုအတွက် အားတက်စရာပေါ့။ ကျနော်တို့ မြေပြင်တော်လှန်ရေးသမားတွေအတွက် အသာစီးဘက် ရောက်လာတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးလေကျတဲ့ အချိန်က သူတို့အတွက် လေကြောင်းကူဖို့ မလွယ်တဲ့အချိန်။ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ နေရာတွေကလွဲရင် သူတို့ အနေနဲ့ ထိုးဖောက်ဝင်ရောက်လို့ မလွယ်တဲ့အချိန်။
အဲဒီလိုအချိန်မှာ ဒီဘက်ကို စခန်းအခြေစိုက်လေးတွေ လုပ်ထားရင်လည်း သူတို့လူတွေ သေဖို့ရာ လွှတ်ပေး ထားတာမျိုးပဲ ဖြစ်လိမ့်မယ်။ မလွဲမသွေ မိုးတွင်းရောက်လာရင်တော့ သူတို့ နောက်ကို ပြန်ဆုတ်ရမယ်။ မဆုတ် ရင်လည်း သူတို့ အသေခံဖို့ ပို့ထားတာနဲ့ အတူတူပဲ။ မိုးတွင်းကတော့ ကျနော်တို့ မျှော်လင့်နေတဲ့ကာလလို့ ပြောရမှာပဲ။By ဧရာဝတီ