Local News

စစ္တပ္က ၂ ႀကိမ္မီးရႈိ႕လိုက္တဲ့ စစ္ကိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း၊ ဗိုလ္ခ်ဳပ္သာေအးရဲ႕ ေခ်ာင္း၀ႀကီးေက်း႐ြာမွ သာေအးညီမအိမ္ပါ ျပာက်

စစ္တပ္က ၂ ႀကိမ္မီးရႈိ႕လိုက္တဲ့ ဘုတလင္ရွိ စစ္ကိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း၊ ဗိုလ္ခ်ဳပ္ေဟာင္း သာေအးရဲ႕ ေခ်ာင္း၀ႀကီးေက်း႐ြာမွ သာေအးညီမအိမ္ပါ ျပာက်

ရန္ကုန္၊ ဇြန္ ၉

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာခ႐ိုင္ ဘုတလင္ၿမိဳ႕နယ္မွာ အရင္ဗိုလ္ခ်ဳပ္ေဟာင္း သာေအး႐ြာျဖစ္တဲ့ ေခ်ာင္းဝႀကီးေက်း႐ြာကို ဇြန္လ ၆ ရက္ေန႔ စစ္ေကာင္ စီတပ္ေတြက ဒုတိယအႀကိမ္ ထပ္မံမီးရႈိ႕ခံခဲ့ရၿပီး သာေအးရဲ႕ ညီမ ေဒၚျမျမအိမ္ပါ မီး ေလာင္ ကြၽမ္းသြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဇြန္လ ၆ ရက္ေန႔ ညေနပိုင္းအထိ မီးရႈိ႕ခံခဲ့ရတဲ့ေခ်ာင္းဝႀကီးေက်း႐ြာမွာ မီးမၿငိမ္းသတ္ႏိုင္ေသးသလို ေဒသခံ႐ြာသားေတြကေတာ့ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔လည္းဆိုပါတယ္။

“ညေနပိုင္းမွာ က်ေနာ္႐ြာထဲကို ေရာက္သြားတယ္။ မီးကမၿငိမ္းေသးဘူး။႐ြာသားေတြကေတာ့ ေျပးကုန္ၾကၿပီး။ယခင္တိုင္းမႈးဗိုလ္ခ်ဳပ္သာေအး႐ြာေပါ့ဗ်ာ။ သာေအးမကလို႔ သာေအးအေဖအိမ္ျဖစ္ပါေစ။အကုန္သာရႈိ႕ဆိုၿပီး စစ္ေကာင္စီတပ္က ေျပာၾကတယ္တဲ့။အခုေတာ့ သာေအးညီမအိမ္ပါ မီးထဲပါသြားၿပီ။ဒါေရာဆိုရင္ ဒုတိယအႀကိမ္ ထပ္ၿပီး မီးရႈိ႕ခံခဲ့ရတာပါ “လို႔ ေဒသခံတစ္ဉီးက ေျပာပါတ ယ္။

မီးမရႈိ႕ခင္ အရင္ဗိုလ္ခ်ဳပ္သာေအးရဲ႕ ညီမျဖစ္သူအိမ္ထဲမွာ ဗိုလ္ခ်ဳပ္သာေအးရဲ႕ ဓာတ္ပုံကို ခ်ိတ္ဆြဲထားေပမယ့္လည္း မီးရႈိ႕သြားေၾကာင္း၊ ညီမျဖစ္သူမွာ ေဒသခံ႐ြာသားမ်ားႏွင့္အတူ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔လည္း ေျပာပါတယ္။

ေခ်ာင္းဝႀကီးေက်း႐ြာ မီးေလာင္ဆုံးရႈံးမႈ ပက္သက္ၿပီး အိမ္ေျခကိုေတာ့ လက္တေလာမွာ အတည္မျပဳႏိုင္ေသးသလို ဒီေန႔မွာေတာ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီၾကားမွာ တိုက္ပြဲျဖစ္ခဲ့တာလို႔ မရွိခဲ့ဘူးလို႔လည္းဆိုပါတယ္။

ဘုတလင္ၿမိဳ႕နယ္မွာ မၾကာခဏဆိုသလို စစ္ေကာင္စီတပ္နဲ႔ေဒသခံကာ ကြယ္ေရးတပ္ဖြဲ႕ေတြၾကား မၾကာခဏဆိုသလို ထိေတြ႕တိုက္ပြဲေတြျဖစ္ပြားေနတယ္လို႔လည္း သိရပါတယ္။

ေမလ ၁၈ ရက္ေန႔ စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕နယ္မွာ စစ္ကိုင္းတိုင္းဝန္ႀကီး ခ်ဳပ္ေဟာင္း၊ အၿငိမ္းစားဗိုလ္ခ်ဳပ္ သာေအး၏ ေမြးရပ္ေျမ သာယာကုန္း၊ေခ်ာင္းဝႀကီးေက်း႐ြာကို ပထမအႀကိမ္ မီးရႈိ႕ဖ်က္ဆီးတဲ့အတြက္ သာေအးရဲ႕ ညီမျဖစ္သူ အပါအဝင္ အမ်ိဳးေတြနဲ႔ ႀကံ့ခိုင္ေရးပါတီဝင္ေတြ ႐ြာလုံးကြၽတ္ ထြက္ေျပးခဲ့ရပါတယ္။

စစ္ကိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း၊ ဗိုလ္ခ်ဳပ္ေဟာင္း သာေအးရဲ႕ ညီမျဖစ္သူ အပ်ိဳ ႀကီးေဒၚျမျမက ေက်း႐ြာမွ စြန႔္ခြာ၍ ေဆြမ်ိဳးမ်ားရွိရာ ဘုတလင္တြင္ ေျပာင္းေ႐ႊ႕စစ္ေဘးေရွာင္ေနသည္မွာ ၄ လနီးပါးရွိလာၿပီျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

Video credit – ကနီၿမိဳ႕နယ္ေတာ္လွန္ေရးအင္အားစုး

စစ်တပ်က ၂ ကြိမ်မီးရှို့လိုက်တဲ့ ဘုတလင်ရှိ စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း သာအေးရဲ့ ချောင်းဝကြီးကျေးရွာမှ သာအေးညီမအိမ်ပါ ပြာကျ

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဘုတလင်မြို့နယ်မှာ အရင်ဗိုလ်ချုပ်ဟောင်း သာအေးရွာဖြစ်တဲ့ ချောင်းဝကြီးကျေးရွာကို ဇွန်လ ၆ ရက်နေ့ စစ်ကောင် စီတပ်တွေက ဒုတိယအကြိမ် ထပ်မံမီးရှို့ခံခဲ့ရပြီး သာအေးရဲ့ ညီမ ဒေါ်မြမြအိမ်ပါ မီး လောင် ကျွမ်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့ ညနေပိုင်းအထိ မီးရှို့ခံခဲ့ရတဲ့ချောင်းဝကြီးကျေးရွာမှာ မီးမငြိမ်းသတ်နိုင်သေးသလို ဒေသခံရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းဆိုပါတယ်။

“ညနေပိုင်းမှာ ကျနော်ရွာထဲကို ရောက်သွားတယ်။ မီးကမငြိမ်းသေးဘူး။ရွာသားတွေကတော့ ပြေးကုန်ကြပြီး။ယခင်တိုင်းမှုးဗိုလ်ချုပ်သာအေးရွာပေါ့ဗျာ။ သာအေးမကလို့ သာအေးအဖေအိမ်ဖြစ်ပါစေ။အကုန်သာရှို့ဆိုပြီး စစ်ကောင်စီတပ်က ပြောကြတယ်တဲ့။အခုတော့ သာအေးညီမအိမ်ပါ မီးထဲပါသွားပြီ။ဒါရောဆိုရင် ဒုတိယအကြိမ် ထပ်ပြီး မီးရှို့ခံခဲ့ရတာပါ “လို့ ဒေသခံတစ်ဉီးက ပြောပါတ ယ်။

မီးမရှို့ခင် အရင်ဗိုလ်ချုပ်သာအေးရဲ့ ညီမဖြစ်သူအိမ်ထဲမှာ ဗိုလ်ချုပ်သာအေးရဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားပေမယ့်လည်း မီးရှို့သွားကြောင်း၊ ညီမဖြစ်သူမှာ ဒေသခံရွာသားများနှင့်အတူ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။

ချောင်းဝကြီးကျေးရွာ မီးလောင်ဆုံးရှုံးမှု ပက်သက်ပြီး အိမ်ခြေကိုတော့ လက်တလောမှာ အတည်မပြုနိုင်သေးသလို ဒီနေ့မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။

ဘုတလင်မြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်နဲ့ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

မေလ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကိုင်းတိုင်းဝန်ကြီး ချုပ်ဟောင်း၊ အငြိမ်းစားဗိုလ်ချုပ် သာအေး၏ မွေးရပ်မြေ သာယာကုန်း၊ချောင်းဝကြီးကျေးရွာကို ပထမအကြိမ် မီးရှို့ဖျက်ဆီးတဲ့အတွက် သာအေးရဲ့ ညီမဖြစ်သူ အပါအဝင် အမျိုးတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပါတယ်။

စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း သာအေးရဲ့ ညီမဖြစ်သူ အပျို ကြီးဒေါ်မြမြက ကျေးရွာမှ စွန့်ခွာ၍ ဆွေမျိုးများရှိရာ ဘုတလင်တွင် ပြောင်းရွှေ့စစ်ဘေးရှောင်နေသည်မှာ ၄ လနီးပါးရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Video credit – ကနီမြို့နယ်တော်လှန်ရေးအင်အားစုး