Local News

စစ္ေကာင္စီမွ ဆီေရာင္းခ်သူမ်ားကို အစည္းအေဝးေခၚၿပီးေနာက္ ဆီဆိုင္အားလုံး အေရာင္းရပ္နားသြား

စစ္ေကာင္စီမွ ဆီေရာင္းခ်သူမ်ားကို အစည္းအေဝးေခၚၿပီးေနာက္ ဆီဆိုင္အားလုံး အေရာင္းရပ္နားသြား

ေက်ာ္လင္း/ဧရာဝတီတိုင္းမ္

ေမာ္ကြၽန္း၊ ဇြန္လ ၉ ရက္

ဧရာဝတီတိုင္း၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ စစ္ေကာင္စီက ယမန္ေန႔ ဇြန္လ ၈ ရက္ေန႔ည ၁၂ နာရီအခ်ိန္တြင္ စက္သုံးဆီေရာင္းခ်သူမ်းအားအား ေခၚယူကာ အစည္းအေဝးျပဳလုပ္ခဲ့ၿပီးေနာက္ ယေန႔မနက္တြင္ ဆီဆိုင္အားလုံး အေရာင္းရပ္နားသြား၍ စက္သုံးဆီဝယ္မရေတာ့ဘူးလို႔ ေဒသခံမ်ားထံမွသိရပါတယ္။

ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ စစ္ေကာင္စီက အစည္းအေဝးမွာ စက္သုံးဆီေရာင္းခ်သူမ်ားအား မည္ကဲသို႔ ေျပာဆိုခဲ့သည္ကို မသိရေသာ္လည္း ယေန႔မနက္မွစ၍ ဒီဇယ္၊ ဓါတ္ဆီ မ်ား ဝယ္မရေတာ့ျဖစ္တယ္လို႔ ၿမိဳ႕ခံအခ်ိဳ႕က ဆိုပါတယ္။

” မနက္က်မွ ဆိုင္ကယ္ ဓာတ္ဆီလိုက္ထည့္လို႔ ေရာင္းတဲ့ဆိုင္ တစ္ဆိုင္မွမရွိတာကို သိရတယ္။ အမလဲ ကမ္းနားဘက္ကိုေျပးသြားဝယ္တာေပါ့ ပိုဆိုးပါတယ္။ ေတာက လာတဲ့စက္ေလွ လိုင္းေကာင္ေတြ ဆီဝယ္မရလို႔ ဘယ္လို႐ြာျပန္ရမွန္းေတာင္မသိျဖစ္ေနၾကတယ္။

တစ္ၿမိဳ႕လုံးကို ေရာင္းမယ့္ဆိုင္မရွိေတာ့တာကို ဘာျဖစ္တာလဲလို႔ ေမးၾကည့္ေတာ့။ ၿမိဳ႕နယ္႐ုံးမွာညကအစည္းအေဝးေခၚလို႔ ၿပီးေတာ့ မေရာင္းရဲကေတာ့တာလို႔ သိရတယ္”ဟု ၿမိဳခံ အမ်ိဳးသမီးတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

ဧရာဝတီတိုင္းက ၿမိဳ႕ႀကီးေတြမွာ စက္သုံးဆီတစ္လီတာကို က်ပ္ ၂၇၀၀ ဝန္းက်င္ အထိ ေပးဝယ္ေနရၿပီး အကန္႔အသတ္နဲ႔သာ ေရာင္းခ်ေနတာျဖစ္တယ္လို႔ ေဒသခံမ်ားထံမွ သိရပါတယ္။

Ayeyarwaddy_Times

စစ်ကောင်စီမှ ဆီရောင်းချသူများကို အစည်းအဝေးခေါ်ပြီးနောက် ဆီဆိုင်အားလုံး အရောင်းရပ်နားသွား

ကျော်လင်း/ဧရာဝတီတိုင်းမ်

မော်ကျွန်း၊ ဇွန်လ ၉ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် စက်သုံးဆီရောင်းချသူမျးအားအား ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ယနေ့မနက်တွင် ဆီဆိုင်အားလုံး အရောင်းရပ်နားသွား၍ စက်သုံးဆီဝယ်မရတော့ဘူးလို့ ဒေသခံများထံမှသိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီက အစည်းအဝေးမှာ စက်သုံးဆီရောင်းချသူများအား မည်ကဲသို့ ပြောဆိုခဲ့သည်ကို မသိရသော်လည်း ယနေ့မနက်မှစ၍ ဒီဇယ်၊ ဓါတ်ဆီ များ ဝယ်မရတော့ဖြစ်တယ်လို့ မြို့ခံအချို့က ဆိုပါတယ်။

” မနက်ကျမှ ဆိုင်ကယ် ဓာတ်ဆီလိုက်ထည့်လို့ ရောင်းတဲ့ဆိုင် တစ်ဆိုင်မှမရှိတာကို သိရတယ်။ အမလဲ ကမ်းနားဘက်ကိုပြေးသွားဝယ်တာပေါ့ ပိုဆိုးပါတယ်။ တောက လာတဲ့စက်လှေ လိုင်းကောင်တွေ ဆီဝယ်မရလို့ ဘယ်လိုရွာပြန်ရမှန်းတောင်မသိဖြစ်နေကြတယ်။

တစ်မြို့လုံးကို ရောင်းမယ့်ဆိုင်မရှိတော့တာကို ဘာဖြစ်တာလဲလို့ မေးကြည့်တော့။ မြို့နယ်ရုံးမှာညကအစည်းအဝေးခေါ်လို့ ပြီးတော့ မရောင်းရဲကတော့တာလို့ သိရတယ်”ဟု မြိုခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧရာဝတီတိုင်းက မြို့ကြီးတွေမှာ စက်သုံးဆီတစ်လီတာကို ကျပ် ၂၇၀၀ ဝန်းကျင် အထိ ပေးဝယ်နေရပြီး အကန့်အသတ်နဲ့သာ ရောင်းချနေတာဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

Ayeyarwaddy_Times