ရန္ကုန္ရွိ စစ္တပ္ ေထာက္တိုင္ ကေမာၻဇဘဏ္၏ ATM စက္ ၂ လုံး ေဖာက္ခြဲ တိုက္ခိုက္ခံရ ၊ ေျမာက္ဒဂုံ၊ အေရွ႕ဒဂုံ၊ သာေကတ၊ ေျမာက္ဥကၠလာ၊ မရမ္းကုန္းတို႔တြင္ ယခုည ဗုံးမ်ားေပါက္ကြဲ
ရန္ကုန္၊ ဇြန္ ၉
ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္ႏွင့္ အင္းစိန္း လမ္းမႏွင့္ ပါရမီလမ္းေထာင့္ရွိ စစ္တပ္ ေထာက္တိုင္ ကေမာၻဇဘဏ္၏ ATM စက္ ၂ လုံးကို ၿမိဳ႕ျပ ေျပာက္က်ား တပ္ဖြဲ႕မ်ားက ဇြန္လ ၈ ရက္ႏွင့္ ၉ ရက္ေန႔တို႔တြင္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း Civil Guerrilla Force – YGN တပ္ဖြဲ႕ထံမွ သိရသည္။
ဇြန္လ ၈ ရက္ေန႔တြင္ လႈိင္သာယာၿမိဳ႕နယ္ ေ႐ႊကမ္းသာယာ အိမ္ယာရွိ KBZ ဘဏ္ ATM စက္ႏွင့္ ဘဏ္ဝင္ေပါက္ကို နံနက္ ၉ နာရီခန႔္တြင္လည္းေကာင္း၊ ဇြန္လ ၉ ရက္ေန႔တြင္အင္းစိန္း လမ္းမႏွင့္ ပါရမီလမ္းေထာင့္ရွိ KBZ ဘဏ္ ATM စက္မ်ားကို ည ၉ နာရီခန႔္တြင္ လည္းေကာင္း Civil Guerrilla Force – YGN ႏွင့္ Southern Division PDF တို႔က ပူးေပါင္း ေဖာက္ခြဲ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ေဖာက္ခြဲ တိုက္ခိုက္ ရျခင္းသည္ ကေမာၻဇဘဏ္ အေနျဖင့္ ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ေထာက္ပို႔မ်ား၏ ေငြအေကာင့္မ်ားအား စစ္ေကာင္စီ အလိုက် ပိတ္သိမ္းျခင္း၊ အျပစ္မရွိေသာ ျပည္သူလူထု၏ ေငြအေကာင့္မ်ားကို တရားမဝင္ ပိတ္ဆို႔၍ ျပည္သူပိုင္ ေငြမ်ားအား ဂုတ္ေသြးစုပ္ သိမ္းယူျခင္း၊ အျပစ္မဲ့ ျပည္သူမ်ား၏ ေငြေၾကး မိသားစု ဘဝမ်ား ပ်က္ဆီးရျခင္ေၾကာင့္ စစ္ေရး ပစ္မွတ္အျဖစ္ ေဖာက္ခြဲ တိုက္ခိုက္ရျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈတြင္ ျပည္သူလူထု ထိခိုက္မည္ကို စိုးရိမ္ေသာေၾကာင့္ ျပင္းအားနည္းသည့္ ပစၥည္းမ်ားျဖင့္သာ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး ပိုမို ျပင္းထန္ေသာ စစ္ေရး တိုက္ခိုက္မႈမ်ားကို ထပ္မံ ျပဳလုပ္မည္ျဖစ္ေသာေၾကာင့္ ျပည္သူလူထု အေနျဖင့္ ကေမာၻဇဘဏ္၌ ေငြအပ္ရန္၊ ေငြလႊဲရန္ သြားေရာက္ျခင္းမ်ားကို ေရွာင္ရွားေပးၾကရန္ Civil Guerrilla Force – YGN တပ္ဖြဲ႕ထံမွ ထုတ္ျပန္ထားသည္။
ယေန႔ညပိုင္းတြင္ ေျမာက္ဒဂုံ အေရွ႕ဒဂုံ ေျမာက္ဥကၠလာ မရမ္းကုန္း သာေကတႏွင့္ လႈိင္ၿမိဳ႕နယ္မ်ားတြင္ ေပါက္ကြဲမႈႏွင့္ ပစ္ခတ္မႈမ်ားျဖစ္ေပၚခဲ့ေၾကာင္းသိရပါသည္။
ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပအ၀ိုင္းတြင္ ယေန႔ ည ၈ နာရီ ၄၃ မိနစ္ ၊ ေျမာက္ဥကၠလာၿမိဳ႕နယ္အျခားေနရာတြင္လည္းေကာင္း ဗုံးေပါက္ကြဲၿပီး ေျမာက္ဥကၠလာပအဝိုင္း၊ ေက်ာက္ေရတြင္း တံတားထိ ကားမ်ား ပိတ္ဆို႔စစ္ေဆးေနေၾကာင္း သိရွိရသည္။
ရန်ကုန်ရှိ စစ်တပ် ထောက်တိုင် ကမ္ဘောဇဘဏ်၏ ATM စက် ၂ လုံး ဖောက်ခွဲ တိုက်ခိုက်ခံရ ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ သာကေတ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်းတို့တွင် ယခုည ဗုံးများပေါက်ကွဲ
ရန်ကုန်၊ ဇွန် ၉
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် အင်းစိန်း လမ်းမနှင့် ပါရမီလမ်းထောင့်ရှိ စစ်တပ် ထောက်တိုင် ကမ္ဘောဇဘဏ်၏ ATM စက် ၂ လုံးကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Civil Guerrilla Force – YGN တပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၈ ရက်နေ့တွင် လှိုင်သာယာမြို့နယ် ရွှေကမ်းသာယာ အိမ်ယာရှိ KBZ ဘဏ် ATM စက်နှင့် ဘဏ်ဝင်ပေါက်ကို နံနက် ၉ နာရီခန့်တွင်လည်းကောင်း၊ ဇွန်လ ၉ ရက်နေ့တွင်အင်းစိန်း လမ်းမနှင့် ပါရမီလမ်းထောင့်ရှိ KBZ ဘဏ် ATM စက်များကို ည ၉ နာရီခန့်တွင် လည်းကောင်း Civil Guerrilla Force – YGN နှင့် Southern Division PDF တို့က ပူးပေါင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖောက်ခွဲ တိုက်ခိုက် ရခြင်းသည် ကမ္ဘောဇဘဏ် အနေဖြင့် တော်လှန်ရေးအဖွဲ့များနှင့် ထောက်ပို့များ၏ ငွေအကောင့်များအား စစ်ကောင်စီ အလိုကျ ပိတ်သိမ်းခြင်း၊ အပြစ်မရှိသော ပြည်သူလူထု၏ ငွေအကောင့်များကို တရားမဝင် ပိတ်ဆို့၍ ပြည်သူပိုင် ငွေများအား ဂုတ်သွေးစုပ် သိမ်းယူခြင်း၊ အပြစ်မဲ့ ပြည်သူများ၏ ငွေကြေး မိသားစု ဘဝများ ပျက်ဆီးရခြင်ကြောင့် စစ်ရေး ပစ်မှတ်အဖြစ် ဖောက်ခွဲ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူလူထု ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ပြင်းအားနည်းသည့် ပစ္စည်းများဖြင့်သာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပိုမို ပြင်းထန်သော စစ်ရေး တိုက်ခိုက်မှုများကို ထပ်မံ ပြုလုပ်မည်ဖြစ်သောကြောင့် ပြည်သူလူထု အနေဖြင့် ကမ္ဘောဇဘဏ်၌ ငွေအပ်ရန်၊ ငွေလွှဲရန် သွားရောက်ခြင်းများကို ရှောင်ရှားပေးကြရန် Civil Guerrilla Force – YGN တပ်ဖွဲ့ထံမှ ထုတ်ပြန်ထားသည်။
ယနေ့ညပိုင်းတွင် မြောက်ဒဂုံ အရှေ့ဒဂုံ မြောက်ဥက္ကလာ မရမ်းကုန်း သာကေတနှင့် လှိုင်မြို့နယ်များတွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပအဝိုင်းတွင် ယနေ့ ည ၈ နာရီ ၄၃ မိနစ် ၊ မြောက်ဥက္ကလာမြို့နယ်အခြားနေရာတွင်လည်းကောင်း ဗုံးပေါက်ကွဲပြီး မြောက်ဥက္ကလာပအဝိုင်း၊ ကျောက်ရေတွင်း တံတားထိ ကားများ ပိတ်ဆို့စစ်ဆေးနေကြောင်း သိရှိရသည်။