Local News

ဆင္ျဖဴရွင္တံတားဂိတ္ စခန္းကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားသိမ္းပိုက္ (႐ုပ္သံ)

ေရစႀကိဳၿမိဳ႕နယ္ရွိ ဆင္ျဖဴရွင္တံတားဂိတ္ စခန္းကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားသိမ္းပိုက္ (႐ုပ္သံ)

ေရစႀကိဳ၊ ဇြန္ ၁၀

လူငယ့္ေခတ္

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္ရွိဆင္ျဖဴရွင္ တံတားဂိတ္စခန္းကို ေတာ္လွန္ေရးတပ္ဖြဲ႕ ၃ ဖြဲ႕ မွ မေန႔က ဇြန္ ၉ ရက္တြင္ ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီး ေအာင္ျမင္စြာသိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ျပည္ သူ႔ကာကြယ္ေရးတပ္ဖြဲ႕-ၿမိဳင္ၿမိဳ႕နယ္ မွ သိရသည္။

” ကြၽန္ေတာ္တို႔ဖက္အက်ဆုံးမရွိခဲ့ဘဲသိမ္း ႏိုင္ခဲ့တယ္။ စခေတြဖက္က သုံးေကာင္ ေသတယ္။ လက္နက္ေတြခဲယမ္းေတြလည္းသိမ္းရမိပါတယ္ ” ဟု ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕-ၿမိဳင္ ​ ၿမိဳ႕နယ္မွ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ေျပာသည္။

အဆိုပါတိုက္ခိုက္မႈကို ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕-ၿမိဳင္ ​ၿမိဳ႕နယ္၊ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-​ေရစႀကိဳၿမိဳ႕ နယ္၊ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-ဆားလင္းႀကီးၿမိဳ႕နယ္ (Salingyi Special Task Force) ညီေနာင္မဟာမိတ္ ( ၃ )ၿမိဳ႕နယ္ပူးေပါင္း တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

တိုက္ပြဲၾကာျမင့္ခ်ိန္ ၁နာရီၾကာတိုက္ခိုက္ခဲ့ၿပီးေနာက္ စခန္းသိမ္းႏိုင္ခဲ့ၿပီး အၾကမ္းဖက္ စစ္ ေကာင္စီဖက္မွ သုံးဦးေသဆုံးကာ ဒဏ္ရာအမ်ားအျပားျဖင့္ ထြက္ေျပးသြားသူမ်ားရွိၿပီး အရွင္တစ္ဦးဖမ္းမိခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-ၿမိဳင္ ​ၿမိဳ႕နယ္က ယေန႔ ထုတ္ျပန္ ထားသည္။

အဆိုပါ ဆင္ျဖဴရွင္တံတားဂိတ္စခန္းအား မွ G-3 ( ၄ ) လက္ ၊ အူစီ ( ၃ ) လက္ ၊ေျခာက္လုံးျပဴး ( ၁ )လက္ ႏွင့္ က်ည္ ( ၁၀၀၀ ) ၊ဆိုင္ကယ္ ( ၄) စီး၊ ေငြသားသိန္းတစ္ရာ့ တစ္ဆယ္၊ ဗုံးသီး (၁) လုံး သိမ္းဆည္းရမိၿပီး ဂိတ္စခန္းကိုမီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

Video-ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ -ၿမိဳင္ၿမိဳ႕နယ္

ရေစကြိုမြို့နယ်ရှိ ဆင်ဖြူရှင်တံတားဂိတ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက် (ရုပ်သံ)

ရေစကြို၊ ဇွန် ၁၀

လူငယ့်ခေတ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိဆင်ဖြူရှင် တံတားဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့ မှ မနေ့က ဇွန် ၉ ရက်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် မှ သိရသည်။

” ကျွန်တော်တို့ဖက်အကျဆုံးမရှိခဲ့ဘဲသိမ်း နိုင်ခဲ့တယ်။ စခတွေဖက်က သုံးကောင် သေတယ်။ လက်နက်တွေခဲယမ်းတွေလည်းသိမ်းရမိပါတယ် ” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-မြိုင် မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-မြိုင် မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့ နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မဟာမိတ် ( ၃ )မြို့နယ်ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲကြာမြင့်ချိန် ၁နာရီကြာတိုက်ခိုက်ခဲ့ပြီးနောက် စခန်းသိမ်းနိုင်ခဲ့ပြီး အကြမ်းဖက် စစ် ကောင်စီဖက်မှ သုံးဦးသေဆုံးကာ ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးသွားသူများရှိပြီး အရှင်တစ်ဦးဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင် မြို့နယ်က ယနေ့ ထုတ်ပြန် ထားသည်။

အဆိုပါ ဆင်ဖြူရှင်တံတားဂိတ်စခန်းအား မှ G-3 ( ၄ ) လက် ၊ အူစီ ( ၃ ) လက် ၊ခြောက်လုံးပြူး ( ၁ )လက် နှင့် ကျည် ( ၁၀၀၀ ) ၊ဆိုင်ကယ် ( ၄) စီး၊ ငွေသားသိန်းတစ်ရာ့ တစ်ဆယ်၊ ဗုံးသီး (၁) လုံး သိမ်းဆည်းရမိပြီး ဂိတ်စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Video-ပြည်သူ့ကာကွယ်ရေးတပ်မတော် -မြိုင်မြို့နယ်