Local News

ဗိုလ္ႀကီး သက္ေဇာ္ထြန္းက “ဘာႀကံ့ခိုင္ေရးလဲ -ီး ႀကံခိုင္ေရး” ဟု ဆိုကာ

ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္၊ နႏၲိေက်း႐ြာအုပ္စုမွ ႀကံဖြတ္ပါတီ ဝင္ ေဇာ္ဦးကို စစ္တပ္မွ ဗိုလ္ႀကီး သက္ေဇာ္ထြန္းႏွင့္တပ္ၾကပ္ ႀကီးမင္းသိန္းတို႔က ဖမ္းဆီးၿပီး လက္ျပန္ႀကိဳးတုပ္ ႐ိုက္ႏွက္မႈ ျဖစ္ပြားေၾကာင္း ေဒသသတင္းရင္းျမစ္တခ်ိဳ႕က ေျပာသည္။

ဇြန္လ ၄ ရက္ေန႔လွည္းကူးၿမိဳ႕နယ္ နႏၲိေက်း႐ြာအုပ္စုရွိ ႀကံ့ခိုင္ေရးပါတီဝင္ ေဇာ္ဦးသည္ ေနအိမ္တြင္ ရပ္ေက်းႀကံ့ဖြတ္ပါတီ ဥကၠဌေအးသူဇာျမင့္၊ ပါတီဝင္ ခိုင္ေဇာ္တို႔ ႏွင့္အတူ ရွိေနစဥ္ စစ္သား ၅ ဦးလာေရာက္ကာ ေဇာ္ဦးကို လက္ျပန္ ႀကိဳးတုပ္ဖမ္းဆီးေခၚေဆာင္ၿပီး ႀကီးေလးႀကီးလမ္းရွိ ရကသလမ္းဆုံဂိတ္တြင္ ထိုးႀကိတ္႐ိုက္ႏွက္ခဲ့ေၾကာင္း သိရွိရသည္။

ႀကံ့ဖြတ္ပါတီဝင္ ေဇာ္ဦးကို ဖမ္းဆီးရာတြင္ စစ္သား ၅ ဦးက ဗိုလ္ႀကီးသက္ေဇာ္ထြန္းက ေခၚခိုင္းသည္ဟု ဆိုကာ ေဇာ္ဦးကို ဖမ္းဆီးေခၚသြားျခင္းျဖစ္ၿပီး ဂိတ္တဲထဲသို႔ ေရာက္ခ်ိန္တြင္ တပ္ၾကပ္ႀကီး မင္းသိန္းက ေဇာ္ဦး၏ ပါးႏွင့္ နားအုံကို ျဖတ္႐ိုက္ျခင္း၊ ရင္ဘတ္ကို ထိုးႀကိတ္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ဗိုလ္ႀကီး သက္ေဇာ္ထြန္းကလည္း “မင္းတို႔ ႀကံ့ခိုင္ေရးက ေကာင္ေတြ လုပ္ခ်င္ေနတာ ၾကာၿပီ ဘာႀကံ့ခိုင္ေရးလဲ -ီး ႀကံ့ခိုင္ေရး၊ ဘာျပည္ခိုင္ၿဖိဳးလဲ -ီးျပည္ခိုင္ၿဖိဳး -ီးပဲ။ မင္းတို႔ ျပည္ခိုင္ၿဖိဳးက ျပည္သူ လူထု အုံႂကြေအာင္ လုပ္ေနတာ” ဟု ႀကံဖြတ္ပါတီဝင္ ေဇာ္ဦးကို ထပ္မံ ထိုးႀကိတ္ေၾကာင္း သိရွိရသည္။

ႀကံ့ဖြတ္ရပ္ေက်းပါတီ ဥကၠဌ ေဒၚေအးသူဇာျမင့္ ၊ ႀကံ့ဖြတ္ပါတီဝင္ ခိုင္ေဇာ္ႏွင့္ ႐ြာသား ၅ ဦးတို႔က တပ္ထဲသို႔ လိုက္၍ ေဇာ္ဦးကို ျပန္လႊတ္ေပးရန္ ေျပာဆိုေသာ္ လည္း စစ္တပ္က လာေရာက္သည့္ ႐ြာသားတစ္ဦး၏ ရင္ဘတ္ကို လက္ သီး ျဖင့္ထိုးကာ ျပန္လႊတ္လိုက္ေၾကာင္း သိရွိရသည္။

ယင္းေန႔ မြန္းလြဲ ၂ နာရီအခ်ိန္တြင္ ႀကံ့ဖြတ္ပါတီဝင္ ခိုင္ေဇာ္အိမ္သို႔ တပ္ ၾကပ္ႀကီး မင္းသိန္းအပါအဝင္ စစ္သား ၄ ဦး ေရာက္ရွိ လာၿပီး ႀကံ့ဖြတ္ပါတီဝင္ ခိုင္ေဇာ္ကို ဖမ္းဆီးကာ ကင္းတဲတြင္ မတ္တတ္ရပ္ခိုင္းေၾကာင္း၊ ညေန ၄ နာရီမွသာ ဖမ္းဆီးထားသူ ၂ ဦးစလုံးကို ျပန္လႊတ္ေပးလိုက္ေၾကာင္း ၊

အဆိုပါျဖစ္စဥ္တြင္ ထိုးႀကိတ္ခံလိုက္ရသည့္ ႀကံ့ဖြတ္ပါတီဝင္မ်ားက ဇြန္လ ၆ ရက္ေန႔တြင္ ၎တို႔ကို ႐ိုက္ႏွက္ေသာ စစ္ဗိုလ္ႏွင့္ စစ္သားမ်ားကို အေရးယူေပးရန္ စစ္တပ္ကို တိုင္ၾကားမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။

Photo- Agency။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စုမှ ကြံဖွတ်ပါတီ ဝင် ဇော်ဦးကို စစ်တပ်မှ ဗိုလ်ကြီး သက်ဇော်ထွန်းနှင့်တပ်ကြပ် ကြီးမင်းသိန်းတို့က ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ် ရိုက်နှက်မှု ဖြစ်ပွားကြောင်း ဒေသသတင်းရင်းမြစ်တချို့က ပြောသည်။

ဇွန်လ ၄ ရက်နေ့လှည်းကူးမြို့နယ် နန္တိကျေးရွာအုပ်စုရှိ ကြံ့ခိုင်ရေးပါတီဝင် ဇော်ဦးသည် နေအိမ်တွင် ရပ်ကျေးကြံ့ဖွတ်ပါတီ ဥက္ကဌအေးသူဇာမြင့်၊ ပါတီဝင် ခိုင်ဇော်တို့ နှင့်အတူ ရှိနေစဉ် စစ်သား ၅ ဦးလာရောက်ကာ ဇော်ဦးကို လက်ပြန် ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်ပြီး ကြီးလေးကြီးလမ်းရှိ ရကသလမ်းဆုံဂိတ်တွင် ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီဝင် ဇော်ဦးကို ဖမ်းဆီးရာတွင် စစ်သား ၅ ဦးက ဗိုလ်ကြီးသက်ဇော်ထွန်းက ခေါ်ခိုင်းသည်ဟု ဆိုကာ ဇော်ဦးကို ဖမ်းဆီးခေါ်သွားခြင်းဖြစ်ပြီး ဂိတ်တဲထဲသို့ ရောက်ချိန်တွင် တပ်ကြပ်ကြီး မင်းသိန်းက ဇော်ဦး၏ ပါးနှင့် နားအုံကို ဖြတ်ရိုက်ခြင်း၊ ရင်ဘတ်ကို ထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဗိုလ်ကြီး သက်ဇော်ထွန်းကလည်း “မင်းတို့ ကြံ့ခိုင်ရေးက ကောင်တွေ လုပ်ချင်နေတာ ကြာပြီ ဘာကြံ့ခိုင်ရေးလဲ -ီး ကြံ့ခိုင်ရေး၊ ဘာပြည်ခိုင်ဖြိုးလဲ -ီးပြည်ခိုင်ဖြိုး -ီးပဲ။ မင်းတို့ ပြည်ခိုင်ဖြိုးက ပြည်သူ လူထု အုံကြွအောင် လုပ်နေတာ” ဟု ကြံဖွတ်ပါတီဝင် ဇော်ဦးကို ထပ်မံ ထိုးကြိတ်ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ရပ်ကျေးပါတီ ဥက္ကဌ ဒေါ်အေးသူဇာမြင့် ၊ ကြံ့ဖွတ်ပါတီဝင် ခိုင်ဇော်နှင့် ရွာသား ၅ ဦးတို့က တပ်ထဲသို့ လိုက်၍ ဇော်ဦးကို ပြန်လွှတ်ပေးရန် ပြောဆိုသော် လည်း စစ်တပ်က လာရောက်သည့် ရွာသားတစ်ဦး၏ ရင်ဘတ်ကို လက် သီး ဖြင့်ထိုးကာ ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကြံ့ဖွတ်ပါတီဝင် ခိုင်ဇော်အိမ်သို့ တပ် ကြပ်ကြီး မင်းသိန်းအပါအဝင် စစ်သား ၄ ဦး ရောက်ရှိ လာပြီး ကြံ့ဖွတ်ပါတီဝင် ခိုင်ဇော်ကို ဖမ်းဆီးကာ ကင်းတဲတွင် မတ်တတ်ရပ်ခိုင်းကြောင်း၊ ညနေ ၄ နာရီမှသာ ဖမ်းဆီးထားသူ ၂ ဦးစလုံးကို ပြန်လွှတ်ပေးလိုက်ကြောင်း ၊

အဆိုပါဖြစ်စဉ်တွင် ထိုးကြိတ်ခံလိုက်ရသည့် ကြံ့ဖွတ်ပါတီဝင်များက ဇွန်လ ၆ ရက်နေ့တွင် ၎င်းတို့ကို ရိုက်နှက်သော စစ်ဗိုလ်နှင့် စစ်သားများကို အရေးယူပေးရန် စစ်တပ်ကို တိုင်ကြားမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

Photo- Agency။