Local News

အသက္ ၇၀ ေက်ာ္ မိခင္အိုကို သားျဖစ္သူက ေပါက္ျပားနဲ႔႐ို-က္သ-တ္

အသက္ ၇၀ ေက်ာ္ မိခင္အိုကို သားျဖစ္သူက ေပါက္ျပားနဲ႔႐ိုက္သ-တ္မႈ ျဖစ္ပြား

မြန္ျပည္နယ္၊သထုံၿမိဳ၊ေပၚေတာ္မူေက်း႐ြာအုပ္စု၊ဂ်ိဳင္းေက်း႐ြာတြင္ ဇြန္ ၈ ရက္ညပိုင္းက စိတ္ေဝဒနာခံစားေနရသည့္ သားျဖစ္သူမွမိခင္အရင္းျဖစ္သူအား ေပါက္ျပားျဖင့္႐ိုက္သတ္ခဲ့၍ ေသဆုံးသြားကာ သားျဖစ္သူပါေသြးလန္႔၍ထပ္မံေသဆုံးသြားခဲ့ေၾကာင္း အၾကင္နာတြဲလက္လူမႈကူညီေရးအသင္းမွ သိရသည္။

ယင္းေန႔ည ၁ နာရီခန္႔က စိတ္ေဝဒနာခံစားေနရသည့္ ဦးျမင့္ေဆြ(၅၀)ႏွစ္သည္ တစ္အိမ္တည္းေနသည့္ မိခင္အရင္းျဖစ္သူ ေဒၚေငြရင္(၇၄)ႏွစ္အား ေပါက္ျပားျဖင့္႐ိုက္သတ္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္အိမ္တြင္ ေအာ္ဟစ္သံမ်ားၾကားသျဖင့္ ပတ္ဝန္းက်င္ေနသူမ်ားမွလာေရာက္ကူညီရာ မိ ခင္ျဖစ္သူေဒၚေငြရင္မွာ ေပါက္ျပားျဖင့္႐ိုက္ခံရသည့္ ဒဏ္ရာမ်ားရရွိကာအခင္းျဖစ္ေနရာ၌ ေသ ဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ စိတ္ေဝဒနာျဖစ္ေနတဲ့သားကိုႀကိဳးနဲ႔တုတ္ထားတာေတြ႕တယ္ ေသသြားတဲ့သူ႔အေမအ ေလာင္းကိုသယ္ထုတ္ၿပီးေတာ့ သူ႔ကိုသြားၾကည့္တဲ့အခ်ိန္ သူပါေသေနၿပီ”ဟု အၾကင္နာတြဲလက္လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

ေသဆုံးသြားသည့္ သားအမိ ၂ ဦး၏ ႐ုပ္အေလာင္းမ်ားအား အၾကင္နာတြဲလက္လူမႈကူညီေရးအသင္းကားျဖင့္ သထုံျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးခဲ့ကာ သက္ဆိုင္ရာရဲစခန္းမွ ေသမႈေသခင္းဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

“ေသမႈေသခင္းဖြင့္ထားပါတယ္ ေပါက္ ျပားနဲ႔႐ိုက္သတ္ခဲ့တဲ့ ကိုျမင့္ေဆြကိုေတာ့ လူ သတ္မႈနဲ႔ပါထပ္ဖြင့္ထားတယ္”ျဖစ္စဥ္အား လိုက္ပါကူ ညီေပးခဲ့သည့္ ဂ်ိဳင္းေက်း႐ြာမွ႐ြာသားတစ္ဦးကေျပာသည္။

အသက် ၇၀ ကျော် မိခင်အိုကို သားဖြစ်သူက ပေါက်ပြားနဲ့ရိုက်သ-တ်မှု ဖြစ်ပွား

မွန်ပြည်နယ်၊သထုံမြို၊ပေါ်တော်မူကျေးရွာအုပ်စု၊ဂျိုင်းကျေးရွာတွင် ဇွန် ၈ ရက်ညပိုင်းက စိတ်ဝေဒနာခံစားနေရသည့် သားဖြစ်သူမှမိခင်အရင်းဖြစ်သူအား ပေါက်ပြားဖြင့်ရိုက်သတ်ခဲ့၍ သေဆုံးသွားကာ သားဖြစ်သူပါသွေးလန့်၍ထပ်မံသေဆုံးသွားခဲ့ကြောင်း အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သိရသည်။

ယင်းနေ့ည ၁ နာရီခန့်က စိတ်ဝေဒနာခံစားနေရသည့် ဦးမြင့်ဆွေ(၅၀)နှစ်သည် တစ်အိမ်တည်းနေသည့် မိခင်အရင်းဖြစ်သူ ဒေါ်ငွေရင်(၇၄)နှစ်အား ပေါက်ပြားဖြင့်ရိုက်သတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အိမ်တွင် အော်ဟစ်သံများကြားသဖြင့် ပတ်ဝန်းကျင်နေသူများမှလာရောက်ကူညီရာ မိ ခင်ဖြစ်သူဒေါ်ငွေရင်မှာ ပေါက်ပြားဖြင့်ရိုက်ခံရသည့် ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်သွားတော့ စိတ်ဝေဒနာဖြစ်နေတဲ့သားကိုကြိုးနဲ့တုတ်ထားတာတွေ့တယ် သေသွားတဲ့သူ့အမေအ လောင်းကိုသယ်ထုတ်ပြီးတော့ သူ့ကိုသွားကြည့်တဲ့အချိန် သူပါသေနေပြီ”ဟု အကြင်နာတွဲလက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသွားသည့် သားအမိ ၂ ဦး၏ ရုပ်အလောင်းများအား အကြင်နာတွဲလက်လူမှုကူညီရေးအသင်းကားဖြင့် သထုံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကာ သက်ဆိုင်ရာရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“သေမှုသေခင်းဖွင့်ထားပါတယ် ပေါက် ပြားနဲ့ရိုက်သတ်ခဲ့တဲ့ ကိုမြင့်ဆွေကိုတော့ လူ သတ်မှုနဲ့ပါထပ်ဖွင့်ထားတယ်”ဖြစ်စဥ်အား လိုက်ပါကူ ညီပေးခဲ့သည့် ဂျိုင်းကျေးရွာမှရွာသားတစ်ဦးကပြောသည်။