Local News

KTV မွာ ေကာင္မေလးလုရင္းနဲ႔ ေထြအုပ္ဝန္ထမ္းမ်ားကို စစ္ေကာင္စီတပ္က ဗ်င္း

စစ္ေကာင္စီတပ္က ေထြအုပ္ဝန္ထမ္းမ်ားကို KTV တြင္ ဝင္ေရာက္႐ိုက္ႏွက္၊ လက္ဖက္ရည္ ဆိုင္ထိုင္ေနေသာ ျပည္သူအခ်ိဳ႕ကိုလည္း အေၾကာင္းမဲ့႐ိုက္ႏွက္

ဧရာဝတီတိုင္း လပြတၱာၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္သားမ်ားက ဇြန္လ ၉ ရက္ေန႔ ညပိုင္းတြင္ လက္ဖက္ ရည္ဆိုင္ထိုင္ေနသည့္ ျပည္သူ႔အခ်ိဳ႕ကိုအေၾကာင္းမဲ့ဝင္ေရာက္႐ိုက္ႏွက္ခဲ့ၿပီး KTV တစ္ခုကိုလည္းဝင္ ေရာက္ရမ္းကားကာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွဝန္ထမ္းမ်ားကို ႐ိုက္ႏွက္ခဲ့ေၾကာင္း သိရသည္။

ဇြန္လ ၉ ရက္ေန႔ ည၉နာရီခန႔္တြင္ လပြတၱာၿမိဳ႕ ဩဘာလမ္းရွိ ဝင္းဝင္းေတာက္လက္ဖက္ရည္ဆိုင္အတြင္း လက္ဖက္ရည္ေသာက္ေနသူ လူငယ္ေလးဦးကို စစ္ေကာင္စီတပ္က ကင္းလွည့္လာစဥ္ အေၾကာင္းမဲ့ ဝင္ေရာက္႐ိုက္ႏွက္ခဲ့ၿပီး ဆိုင္အတြင္းရွိ စားပြဲခုံကိုအခ်ိဳ႕ကိုပါ ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ ည ၁၁ နာရီခန႔္တြင္ လပြတၱာၿမိဳ႕ သုံးမိုင္ၿမိဳ႕သစ္တြင္ ဖြင့္လွစ္ထားသည့္ ေလွႀကီး KTV ကိုလည္း ဝင္ေရာက္ရမ္းကားကာ ဆိုင္အတြင္း သီခ်င္းဆိုေနသည့္ ေထြအုပ္ဝန္ထမ္းအခ်ိဳ႕ႏွင့္ ျပည္သူအခ်ိဳ႕ကို အေၾကာင္းမဲ့ ႐ိုက္ႏွက္ခဲ့ေၾကာင္း သိရသည္။

“စစ္သားေတြက မူးေနၾကတယ္။ ည ၉ နာရီေလာက္မွာ ဝင္းဝင္းေတာက္လက္ဖက္ရည္ဆိုင္မွာလည္း မျပန္ေသးဘူးလားဆိုၿပီးေတာ့ ဝင္႐ိုက္တယ္။ အဲဒီဆိုင္ပိုင္ရွင္က ႀကံ့ဖြံကပါ။ တစ္ဆိုင္လုံးကို ျပႆနာ ရွာေနတာ ဆိုင္ရွင္က မတားရဲဘူး။ ေျခေထာက္နဲ႔ပါ ကေလးေတြကို ကန္တာ။ ၿပီးေတာ့ အဲဒီေကာင္ေတြ သုံးမိုင္ကိုသြားၿပီး ဆက္ေမႊေနတာ။

KTV ကိုသြားတာမွာ ေကာင္မေလးလုရင္းနဲ႔လို႔ေျပာတယ္ ေထြအုပ္က ေကာင္ေတြကို ႐ိုက္လည္း႐ိုက္တယ္၊ ကန္လည္းကန္တယ္။ တစ္ေယာက္က အေရးေပၚအျဖစ္ ေဆး႐ုံ တင္ထားရတယ္။ အရပ္သား ၃ေယာက္ကိုလည္း ဖမ္းသြားတယ္”ဟု လပြတၱာၿမိဳ႕ခံတစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္မ်ားသည္ လပြတၱာၿမိဳ႕ေပၚသို႔ လာေရာက္ေစ်းေရာင္းခ်သူ ေစ်းသည္မ်ားအား အေၾကာင္း မဲ့႐ိုက္ႏွက္ဖမ္းဆီးၿပီး ေငြေၾကးေတာင္းခံျခင္းမ်ား မၾကာခဏလုပ္ေဆာင္ေလ့ရွိၿပီး၊

စိတ္က်န္းမာေရး မေကာင္းသူအမ်ိဳးသားတစ္ဦးကိုလည္း ႐ိုက္ႏွက္သတ္ျဖတ္ကာ ၁၃ မိုင္တြင္ အေလာင္းစြန႔္ပစ္ခဲ့သည့္ ျဖစ္စဥ္မ်ားလည္း လုပ္ေဆာင္ခဲ့ဖူးသည္။

#Mizzima

စစ်ကောင်စီတပ်က ထွေအုပ်ဝန်ထမ်းများကို KTV တွင် ဝင်ရောက်ရိုက်နှက်၊ လက်ဖက်ရည် ဆိုင်ထိုင်နေသော ပြည်သူအချို့ကိုလည်း အကြောင်းမဲ့ရိုက်နှက်

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင် စစ်ကောင်စီတပ်သားများက ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင် လက်ဖက် ရည်ဆိုင်ထိုင်နေသည့် ပြည်သူ့အချို့ကိုအကြောင်းမဲ့ဝင်ရောက်ရိုက်နှက်ခဲ့ပြီး KTV တစ်ခုကိုလည်းဝင် ရောက်ရမ်းကားကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့ ည၉နာရီခန့်တွင် လပွတ္တာမြို့ ဩဘာလမ်းရှိ ဝင်းဝင်းတောက်လက်ဖက်ရည်ဆိုင်အတွင်း လက်ဖက်ရည်သောက်နေသူ လူငယ်လေးဦးကို စစ်ကောင်စီတပ်က ကင်းလှည့်လာစဉ် အကြောင်းမဲ့ ဝင်ရောက်ရိုက်နှက်ခဲ့ပြီး ဆိုင်အတွင်းရှိ စားပွဲခုံကိုအချို့ကိုပါ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ည ၁၁ နာရီခန့်တွင် လပွတ္တာမြို့ သုံးမိုင်မြို့သစ်တွင် ဖွင့်လှစ်ထားသည့် လှေကြီး KTV ကိုလည်း ဝင်ရောက်ရမ်းကားကာ ဆိုင်အတွင်း သီချင်းဆိုနေသည့် ထွေအုပ်ဝန်ထမ်းအချို့နှင့် ပြည်သူအချို့ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“စစ်သားတွေက မူးနေကြတယ်။ ည ၉ နာရီလောက်မှာ ဝင်းဝင်းတောက်လက်ဖက်ရည်ဆိုင်မှာလည်း မပြန်သေးဘူးလားဆိုပြီးတော့ ဝင်ရိုက်တယ်။ အဲဒီဆိုင်ပိုင်ရှင်က ကြံ့ဖွံကပါ။ တစ်ဆိုင်လုံးကို ပြဿနာ ရှာနေတာ ဆိုင်ရှင်က မတားရဲဘူး။ ခြေထောက်နဲ့ပါ ကလေးတွေကို ကန်တာ။ ပြီးတော့ အဲဒီကောင်တွေ သုံးမိုင်ကိုသွားပြီး ဆက်မွှေနေတာ။

KTV ကိုသွားတာမှာ ကောင်မလေးလုရင်းနဲ့လို့ပြောတယ် ထွေအုပ်က ကောင်တွေကို ရိုက်လည်းရိုက်တယ်၊ ကန်လည်းကန်တယ်။ တစ်ယောက်က အရေးပေါ်အဖြစ် ဆေးရုံ တင်ထားရတယ်။ အရပ်သား ၃ယောက်ကိုလည်း ဖမ်းသွားတယ်”ဟု လပွတ္တာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် လပွတ္တာမြို့ပေါ်သို့ လာရောက်ဈေးရောင်းချသူ ဈေးသည်များအား အကြောင်း မဲ့ရိုက်နှက်ဖမ်းဆီးပြီး ငွေကြေးတောင်းခံခြင်းများ မကြာခဏလုပ်ဆောင်လေ့ရှိပြီး၊

စိတ်ကျန်းမာရေး မကောင်းသူအမျိုးသားတစ်ဦးကိုလည်း ရိုက်နှက်သတ်ဖြတ်ကာ ၁၃ မိုင်တွင် အလောင်းစွန့်ပစ်ခဲ့သည့် ဖြစ်စဉ်များလည်း လုပ်ဆောင်ခဲ့ဖူးသည်။

#Mizzima