Local News

ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းမွ စစ္ေကာင္စီခန႔္ ရာအိမ္မႉး ဟိန္းမင္းလတ္ႏွင့္

ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းမွ စစ္ေကာင္စီခန႔္ ရာအိမ္မႉး ဟိန္းမင္းလတ္ႏွင့္ သာေကတမွ ရာအိမ္မႉးေအာင္ႀကီး ပစ္ခတ္ခံရၿပီး ေသဆုံး ၊ စမ္းေခ်ာင္း ပဒုမၼာလမ္း တြင္ ဗုံးေပါက္ကြဲ

ရန္ကုန္၊ ဇြန္ ၁၀

ရန္ကုန္တိုင္း ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္ ၅၅ ရပ္ကြက္ ဝနဝသီလမ္းတြင္ ရာအိမ္မႉး ဟိန္းမင္းလတ္ကို အမည္မသိ ေသနတ္သမားမ်ားက ယေန႔ ဇြန္လ ၁ဝ ရက္ေန႔ မြန္းလြဲ ၂ နာရီခန႔္တြင္ ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီး ေသဆုံးခဲ့ေၾကာင္း ေဒသ ခံ ျပည္သူမ်ားထံမွ သိရသည္။

ေသဆုံးသူ ဟိန္းမင္းလတ္သည္ ဝမ္းဗိုက္ကို ေသနတ္က်ည္ ၄ ခ်က္ထိမွန္ကာ ေဆး႐ုံး၌ ကုသမႈ ခံယူေနစဥ္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

” ေတာင္ဒဂုံ ၅၅ ရပ္ကြက္ ဝနဝသီလမ္းက ရာအိမ္မႉး ဟိန္းမင္းလတ္ မြန္းလြဲ ၂ နာရီေလာက္က ပစ္ခတ္ခံရတယ္။ ၄ ခ်က္ပစ္ခံရတာ သူက စခေတြေခၚရင္ တုတ္ေတြ ဘာေတြကိုင္ပီး စစ္ေခြးေတြ ေနာက္ကလိုက္ လက္ညိဳးလိုက္ထိုးတဲ့ ဒလန္ေကာင္ သူက အရင္က ဆိုင္ကယ္ ကယ္ရီဆြဲတယ္။ ရာအိမ္မႉး ျဖစ္သြားေတာ့ ၂ လုံးေရာင္းတဲ့ အလုပ္ ေျပာင္းလုပ္ေနတဲ့ေကာင္ အခုေတာ့ ပစ္ခံရၿပီ” ဟု ေဒသခံျပည္သူ တစ္ဦးက ေျပာဆိုသည္။

ရာအိမ္မႉး ဟိန္းမင္းလတ္ကို Freedom From Fear Youthsက ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။ အလားတူ ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊ ၇ အေရွ႕ရပ္ကြက္တြင္ ယမန္ေန႔ည ၈ နာရီအခ်ိန္ ဘီယာဆိုင္မွျပန္လာသည့္ စစ္ေကာင္စီခန႔္ ရာအိမ္မႈးေအာင္ႀကီး ေသနတ္ျဖင့္ ၃ ခ်က္ပစ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။

ထို႔ျပင္ ဇြန္လ ၁၀ ရက္ေန႔ ညေန ၆န ာရီေက်ာ္အခ်ိန္ စမ္းေခ်ာင္းၿမိဳန႔ယ္၊ ပဒုမၼာလမ္း၊ Cuba Bar အနီးတြင္ PDF – Sanchaung က ေဖာက္ခြဲမႈ ျပဳလုပ္ခဲ့ေၾကာင္း PDF – Sanchaung က သတင္းထုတ္ျပန္ထားသည္။

စမ္းေခ်ာင္းၿမိဳ႕နယ္၊ ပဒုမၼာလမ္းအတြင္းရွိ Bar မ်ားတြင္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ထုတ္ကုန္ ဘီယာ၊ အရက္မ်ား ေရာင္းခ်ေနျခင္း ႏွင့္ လာေရာက္ေပ်ာ္ပါးၾကသူမ်ားကို အသိေပးေသာ အေနျဖင့္ ေဖာက္ခြဲျခင္းျဖစ္ေၾကာင္း၊

အမ်ားျပည္သူမ်ားကို ထိခိုက္မည္ကိုစိုးရိမ္သျဖင့္ ထိခိုက္မႈနည္းပါးေသာေနရာတြင္၌သာ ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း၊ ေနာက္ေနာင္တြင္လည္း စစ္တပ္ထုတ္ ကုန္ ဘီယာႏွင့္အရက္မ်ား ေရာင္းခ်ေနေသာ ဆိုင္မ်ားအား အဓိကထား တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

ပဒုမၼာလမ္းအတြင္း ေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ စမ္းေခ်ာင္းလမ္းႏွင့္ ပဒုမၼာလမ္းကို စစ္တပ္က ပိတ္ဆို႔၍ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။

ဒဂုံမြို့သစ်တောင်ပိုင်းမှ စစ်ကောင်စီခန့် ရာအိမ်မှူး ဟိန်းမင်းလတ်နှင့် သာကေတမှ ရာအိမ်မှူးအောင်ကြီး ပစ်ခတ်ခံရပြီး သေဆုံး ၊ စမ်းချောင်း ပဒုမ္မာလမ်း တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဇွန် ၁၀

ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ၅၅ ရပ်ကွက် ဝနဝသီလမ်းတွင် ရာအိမ်မှူး ဟိန်းမင်းလတ်ကို အမည်မသိ သေနတ်သမားများက ယနေ့ ဇွန်လ ၁ဝ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသ ခံ ပြည်သူများထံမှ သိရသည်။

သေဆုံးသူ ဟိန်းမင်းလတ်သည် ဝမ်းဗိုက်ကို သေနတ်ကျည် ၄ ချက်ထိမှန်ကာ ဆေးရုံး၌ ကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” တောင်ဒဂုံ ၅၅ ရပ်ကွက် ဝနဝသီလမ်းက ရာအိမ်မှူး ဟိန်းမင်းလတ် မွန်းလွဲ ၂ နာရီလောက်က ပစ်ခတ်ခံရတယ်။ ၄ ချက်ပစ်ခံရတာ သူက စခတွေခေါ်ရင် တုတ်တွေ ဘာတွေကိုင်ပီး စစ်ခွေးတွေ နောက်ကလိုက် လက်ညိုးလိုက်ထိုးတဲ့ ဒလန်ကောင် သူက အရင်က ဆိုင်ကယ် ကယ်ရီဆွဲတယ်။ ရာအိမ်မှူး ဖြစ်သွားတော့ ၂ လုံးရောင်းတဲ့ အလုပ် ပြောင်းလုပ်နေတဲ့ကောင် အခုတော့ ပစ်ခံရပြီ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

ရာအိမ်မှူး ဟိန်းမင်းလတ်ကို Freedom From Fear Youthsက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၇ အရှေ့ရပ်ကွက်တွင် ယမန်နေ့ည ၈ နာရီအချိန် ဘီယာဆိုင်မှပြန်လာသည့် စစ်ကောင်စီခန့် ရာအိမ်မှုးအောင်ကြီး သေနတ်ဖြင့် ၃ ချက်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၁၀ ရက်နေ့ ညနေ ၆န ာရီကျော်အချိန် စမ်းချောင်းမြိုန့ယ်၊ ပဒုမ္မာလမ်း၊ Cuba Bar အနီးတွင် PDF – Sanchaung က ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း PDF – Sanchaung က သတင်းထုတ်ပြန်ထားသည်။

စမ်းချောင်းမြို့နယ်၊ ပဒုမ္မာလမ်းအတွင်းရှိ Bar များတွင် အကြမ်းဖက် စစ်ကောင်စီ၏ ထုတ်ကုန် ဘီယာ၊ အရက်များ ရောင်းချနေခြင်း နှင့် လာရောက်ပျော်ပါးကြသူများကို အသိပေးသော အနေဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း၊

အများပြည်သူများကို ထိခိုက်မည်ကိုစိုးရိမ်သဖြင့် ထိခိုက်မှုနည်းပါးသောနေရာတွင်၌သာ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင်တွင်လည်း စစ်တပ်ထုတ် ကုန် ဘီယာနှင့်အရက်များ ရောင်းချနေသော ဆိုင်များအား အဓိကထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပဒုမ္မာလမ်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စမ်းချောင်းလမ်းနှင့် ပဒုမ္မာလမ်းကို စစ်တပ်က ပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။