Local News

နားကပ္ထက္ ေသနတ္က အေရးႀကီးပါတယ္ ဆိုတဲ့ ၿမိဳင္သူေတြ

နားကပ္ထက္ ေသနတ္က အေရးႀကီးပါတယ္

ၿမိဳင္၊ ဇြန္၁၀၊ ၂၀၂၂။

မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္မွာ ဒီကေန႔ ညေနျပဳလုပ္တဲ့ ညေနဆည္းဆာ သပိတ္စစ္ေၾကာင္းကို လုံၿခဳံေရးလိုက္ပါေဆာင္႐ြက္ေပးတဲ့ PDF အဖြဲ႕ကို သပိတ္မွာပါဝင္တဲ့ ျပည္သူေတြက နားကပ္ေတြ နားကြင္းေတြ ခြၽတ္ၿပီး လႉဒါန္းခဲ့ၾကပါတယ္။

ၿမိဳင္ၿမိဳ႕နယ္က ေက်း႐ြာတခုမွာ ျပဳလုပ္တဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရး ညေနဆည္းဆာသပိတ္ကို ၿမိဳင္PDF တဖြဲ႕ျဖစ္တဲ့ MVRF က လုံၿခဳံေရးအေနနဲ႔ တပ္ဦးကေန လိုက္ပါခဲ့ၾကၿပီး ဆႏၵထုန္ေဖာ္ခဲ့ၾကတယ္လို႔ ေျပာပါတယ္။

” ျပည္သူေတြက နားကပ္ထက္ေသနတ္က အေရးႀကီးတယ္လို႔ သူတို႔ခံယူလို႔ လႉဒါန္းတယ္လို႔က်ေနာ္ျမင္တယ္၊ ျပည္သူေတြကမိမိတိုအထြဋ္အျမတ္ထားတဲ့ နားကြင္းေတြ နားကပ္ေတြကိုေတာင္မွ ခြၽတ္ၿပီးေတာ့လႉတယ္ဆိုတာဟာ က်ေနာ္တို႔ျပည္သူ႔ကာကြယ္ေရးတပ္ေတြအတြက္ အင္မတန္မွ အားတတ္ရပါတယ္၊

က်ေနာ္တို႔ျပည္သူ႔ကာကြယ္ေရးလုပ္တဲ့လုပ္ငန္းေတြမွာ အက်ိဳးရွိမဲ့ေနရာမွာ သုံးသြားမွာပါ” လို႔ MVRF ဥကၠဌ ဦးေအာင္ေဇယ်ကေျပာပါတယ္။

ျပည္သူ အင္အား ၁၀၀ နီးပါးပါဝင္တဲ့ သပိတ္စစ္ေၾကာင္းကေန ေငြသား ၆သိန္းနဲ႔ နားကြင္း နားကပ္ ၂၁ရံတို႔ကို ေတာ္လွန္ေရးအတြက္ အေထာက္အပံ့အျဖစ္ လႉဒါန္းလိုက္တယ္လို႔ သိရပါတယ္၊

#ေျမလတ္အသံ

နားကပ်ထက် သေနတ်က အရေးကြီးပါတယ်

မြိုင်၊ ဇွန်၁၀၊ ၂၀၂၂။

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဒီကနေ့ ညနေပြုလုပ်တဲ့ ညနေဆည်းဆာ သပိတ်စစ်ကြောင်းကို လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးတဲ့ PDF အဖွဲ့ကို သပိတ်မှာပါဝင်တဲ့ ပြည်သူတွေက နားကပ်တွေ နားကွင်းတွေ ချွတ်ပြီး လှူဒါန်းခဲ့ကြပါတယ်။

မြိုင်မြို့နယ်က ကျေးရွာတခုမှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ်ကို မြိုင်PDF တဖွဲ့ဖြစ်တဲ့ MVRF က လုံခြုံရေးအနေနဲ့ တပ်ဦးကနေ လိုက်ပါခဲ့ကြပြီး ဆန္ဒထုန်ဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။

” ပြည်သူတွေက နားကပ်ထက်သေနတ်က အရေးကြီးတယ်လို့ သူတို့ခံယူလို့ လှူဒါန်းတယ်လို့ကျနော်မြင်တယ်၊ ပြည်သူတွေကမိမိတိုအထွဋ်အမြတ်ထားတဲ့ နားကွင်းတွေ နားကပ်တွေကိုတောင်မှ ချွတ်ပြီးတော့လှူတယ်ဆိုတာဟာ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် အင်မတန်မှ အားတတ်ရပါတယ်၊

ကျနော်တို့ပြည်သူ့ကာကွယ်ရေးလုပ်တဲ့လုပ်ငန်းတွေမှာ အကျိုးရှိမဲ့နေရာမှာ သုံးသွားမှာပါ” လို့ MVRF ဥက္ကဌ ဦးအောင်ဇေယျကပြောပါတယ်။

ပြည်သူ အင်အား ၁၀၀ နီးပါးပါဝင်တဲ့ သပိတ်စစ်ကြောင်းကနေ ငွေသား ၆သိန်းနဲ့ နားကွင်း နားကပ် ၂၁ရံတို့ကို တော်လှန်ရေးအတွက် အထောက်အပံ့အဖြစ် လှူဒါန်းလိုက်တယ်လို့ သိရပါတယ်၊

#မြေလတ်အသံ