Local News

(၁၂)ႀကိမ္ေျမာက္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ဝန္ႀကီးအဆင့္အစည္းအေဝး စစ္ေကာင္စီ တက္ေရာက္ခြင့္မရျပန္

(၁၂)ႀကိမ္ေျမာက္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ဝန္ႀကီးအဆင့္အစည္းအေဝး စစ္ေကာင္စီ တက္ေရာက္ခြင့္မရျပန္

ေစာေႏြဦး/People’s Spring

(၁၂)ႀကိမ္ေျမာက္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ဝန္ႀကီးအဆင့္အစည္းအေဝးကို စစ္ေကာင္စီကိုယ္စားလွယ္အဖြဲ႕အား တက္ေရာက္ခြင့္မျပဳေၾကာင္း World Trade Organization (WTO) က အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)ထံ အေၾကာင္းၾကားခဲ့သည္။

အဆိုပါ (၁၂)ႀကိမ္ေျမာက္ ဝန္ႀကီးအဆင့္အစည္းအေဝးကို ဂ်နီဗာၿမိဳ႕တြင္ ဇြန္လ၁၂ ရက္မွ ၁၅ ရက္အထိ က်င္းပမည္ျဖစ္ၿပီး စစ္ေကာင္စီသည္ ျမန္မာႏိုင္ငံကိုယ္စားျပဳအစိုးရမဟုတ္ေသာေၾကာင့္ ကိုယ္စားျပဳတက္ခြင့္မရျခင္းျဖစ္သည္ဟု WTOက ဆိုသည္။

အဆိုပါအစည္းအေဝးကို စစ္ေကာင္စီဘက္မွ ကိုယ္စားလွယ္ သုံးဦးတက္ေရာက္ရန္ တင္ျပခဲ့ေသာ္လည္း NUGဘက္မွ ကန႔္ကြက္ခဲ့ၿပီးေနာက္ စစ္ေကာင္စီကိုယ္စားလွယ္ကို တက္ေရာက္ခြင့္မျပဳခဲ့ရန္ WTOက ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

WTO၏ ဝန္ႀကီးအဆင့္အစည္းအေဝးကို စစ္ေကာင္စီဝန္ႀကီး ေဒါက္တာပြင့္ဆန္း၊ အၿမဲတမ္းအတြင္းဝန္ဦးမင္းမင္ႏွင့္ ၫြန႔္ၾကားေရးမႉးဦးညီညီေအာင္တို႔ တက္ေရာက္ရန္ စစ္ေကာင္စီက စာရင္းသြင္းထားျခင္းျဖစ္သည္။

အဆိုပါ WTO ဝန္ႀကီးအဆင့္အစည္းအေဝးသည္ ၂၀၂၁ ႏိုဝင္ဘာ ၃၀ ရက္မွ ဒီဇင္ဘာ ၃ ရက္အထိ က်င္းပရန္စီစဥ္ခဲ့ေသာ္လည္း ကိုဗစ္-၁၉ ကပ္ေရာဂါအေျခအေနမ်ားေၾကာင့္ ေႏွာင့္ေႏွးခဲ့ရျခင္းျဖစ္သည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ယမန႔္ႏွစ္ WTOအစည္းအေဝးကိုလည္း စစ္ေကာင္စီကိုယ္စားလွယ္ဘက္မွ စစ္ေကာင္စီဝန္ႀကီး ေဒါက္တာပြင့္ဆန္းတက္ေရာက္ရန္ စာရင္းေပးခဲ့ေသာ္လည္း WTOဘက္က ပထမအႀကိမ္ပယ္ခ်ခဲ့သည္။ ယခုပယ္ခ်မႈသည္ ဒုတိယအႀကိမ္ျဖစ္သည္။

ယမန္ႏွစ္ စက္တင္ဘာက ကုလသမဂၢအေထြေထြညီလာခံတြင္ စစ္ေကာင္စီကိုယ္စားလွယ္ကို တက္ေရာက္ခြင့္မျပဳေၾကာင္း ကုလသမဂၢကဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။ စစ္ေကာင္စီသည္ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအစည္းအေဝးမ်ားတြင္ ႏိုင္ငံကိုယ္စားျပဳခြင့္မွာ လက္ရွိအခ်ိန္ထိ မရရွိေသးေပ။

(၁၂)ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေး စစ်ကောင်စီ တက်ရောက်ခွင့်မရပြန်

စောနွေဦး/People’s Spring

(၁၂)ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အား တက်ရောက်ခွင့်မပြုကြောင်း World Trade Organization (WTO) က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ အကြောင်းကြားခဲ့သည်။

အဆိုပါ (၁၂)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ဂျနီဗာမြို့တွင် ဇွန်လ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စစ်ကောင်စီသည် မြန်မာနိုင်ငံကိုယ်စားပြုအစိုးရမဟုတ်သောကြောင့် ကိုယ်စားပြုတက်ခွင့်မရခြင်းဖြစ်သည်ဟု WTOက ဆိုသည်။

အဆိုပါအစည်းအဝေးကို စစ်ကောင်စီဘက်မှ ကိုယ်စားလှယ် သုံးဦးတက်ရောက်ရန် တင်ပြခဲ့သော်လည်း NUGဘက်မှ ကန့်ကွက်ခဲ့ပြီးနောက် စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုခဲ့ရန် WTOက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

WTO၏ ဝန်ကြီးအဆင့်အစည်းအဝေးကို စစ်ကောင်စီဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်နှင့် ညွန့်ကြားရေးမှူးဦးညီညီအောင်တို့ တက်ရောက်ရန် စစ်ကောင်စီက စာရင်းသွင်းထားခြင်းဖြစ်သည်။

အဆိုပါ WTO ဝန်ကြီးအဆင့်အစည်းအဝေးသည် ၂၀၂၁ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကြောင့် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ယမန့်နှစ် WTOအစည်းအဝေးကိုလည်း စစ်ကောင်စီကိုယ်စားလှယ်ဘက်မှ စစ်ကောင်စီဝန်ကြီး ဒေါက်တာပွင့်ဆန်းတက်ရောက်ရန် စာရင်းပေးခဲ့သော်လည်း WTOဘက်က ပထမအကြိမ်ပယ်ချခဲ့သည်။ ယခုပယ်ချမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာက ကုလသမဂ္ဂအထွေထွေညီလာခံတွင် စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုကြောင်း ကုလသမဂ္ဂကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစည်းအဝေးများတွင် နိုင်ငံကိုယ်စားပြုခွင့်မှာ လက်ရှိအချိန်ထိ မရရှိသေးပေ။