Local News




စစ်ဇုံနယ်မြေထဲ လူလုံးပြစည်းရုံးရေးလုပ်ဖို့မတိုက်တွန်းဘူး ညွှန်ကြားချက်လည်းမပေးဖူးဘူးစစ်တပ် အာဏာသိမ်းတာကို ထောက်ခံတဲ့USDP ကို ပြည်သူ မကြည်မလင်ဖြစ်ချိန်မေ-သချင် အချိုးပြေပြေနေကြပါလို့ ဥက္ကဌဦးသန်းဌေးက ဗဟိုကော်မတီအစည်းအဝေးမှာပြော


C8News

ရန်ကုန်၊ဇွန်(၁၀)







ဖ-င်ယားပြီး မြှောက်ပေးတုန်းမြှောက်ပေးအခုမှကြောက်နေတဲ့ ဥက္ကဌဦးသန်းဌေးကျောက်တိုင် ဖြစ်သွားတဲ့ USDP ပါတီဝင်နဲ့ကျန်နေသေးတဲ့ USDP ပါတီဝင်အတွက်

USDP ဥက္ကဌဦးသန်းဌေး အပြတ်ပြောပါပီအခုအချိန်မှာ အသက်ရှင်ကျန်ရေးကသာအဓိကကျတာဖြစ်လို့ သတိထားနေကြပါတဲ့

စစ်ဇုံနယ်မြေထဲ လူလုံးပြစည်းရုံးရေးလုပ်ဖို့မတိုက်တွန်းဘူး ညွှန်ကြားချက်လည်းမပေးဖူးဘူူးစစ်တပ် အာဏာသိမ်းတာကို ထောက်ခံတဲ့USDP ကို ပြည်သူ မကြည်မလင်ဖြစ်ချိန်မေ-သချင် အချိုးပြေပြေနေကြပါလို့ ဥက္ကဌဦးသန်းဌေးက ဗဟိုကော်မတီအစည်းအဝေးမှာပြော

အခုအချိန်မှာ အသက်ရှင်ကျန်ရစ်ရေးသာ အဓိကကျတယ်လို့ USDP ပါတီဝင်တွေကို ဦးသန်းဌေး သတိပေး

C8News

ရန်ကုန်၊ဇွန်(၁၀)

လက်ရှိမြန်မာနိုင်ငံအတွင်းက အခြေအနေတွေကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်တွေအနေနဲ့ အခုအခြေအနေမှာ အသက်ရှင်နေထိုင်း ကသာအဓိကကျတယ်လို့ ပါတီဥက္ကဌ ဦးသန်းဌေး ကပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ရဲ့ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးမှာ သူကပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ အသက်ရှင်ကျန်ရစ်ရေးသာ အဓိကကျတာကြောင့် လုံခြုံရေးသတိနဲ့ လှုပ်ရှားသွားလာနေထိုင်ကြဖို့လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုမရှိတဲ့နေရာမှာ ရပ်ကွက်ထဲ လူလုံးပြပြီး စည်းရုံးရေးလုပ်ဖို့ ဘယ်တုန်းကမှ မတိုက်တွန်းပါဘူး၊ ညွှန်ကြားချက်လည်းမပေးပါဘူး လို့သူကပြောဆိုခဲ့ပါတယ်။

စစ်တပ်ကအာဏာသိမ်းတာကို အားပေးထောက်ခံတဲ့ နိုင်ငံရေးပါတီတခုအနေနဲ့ USDP ပါတီကို ပြည်သူတွေက အမြင်မကြည်လင် ဖြစ်နေချိန်မှာ အရင်အစိုးရ (NLD) ကြောင့်အခုလိုဖြစ်နေရတာဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။

” ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရပါတီက အနိုင်ရလိုမှုအတွက် ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ကျင့်ဝတ်တွေကို မဲဆန္ဒနယ်နေရာ အနှံ့အပြားမှာ ကျူးလွန်ခဲ့တာကြောင့် ဥပဒေနဲ့အညီ အခုလိုအခြေအနေတွေ ပေါ်ပေါက်လာတာဖြစ်တယ်” လို့သူကပြောပါတယ်။

လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် USDP ပါတီဝင် တစ်ထောင်ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။